June 25, 2017

သင်္ချာမေးခွန်းမှားယွင်းမှုအပေါ် Facebook တွင် ဝေဖန်ထောက်ပြမှုများရှိနေ

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာဘာသာရပ် မေးခွန်းမပြည့်စုံမှု တွေရှိနေကြောင်းကို လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ဝေဖန်ထောက်ပြမှုတွေရှိနေခဲ့ပါတယ်။

သင်္ချာဘာသာရပ် မေးခွန်း(ပြည်တွင်း) မှာ အမှတ် ၂၄မှတ်ဖိုး မှားယွင်းခဲ့မှုနဲ့ပတ်သက်ပြီး “မပူနဲ့၊ မပူနဲ့။ နစ်နာမှုတို့ ဘာတို့ ဘယ်သူမှ မရှိဘူး” လို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က မတ်လ ၁၅ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ပြောကြားခဲ့တယ်လို့ မဇ္ဈိမသတင်းစာမှာ ဖော်ပြပါရှိပါတယ်။
သင်္ချာ ဘာသာရပ်မေးခွန်းမှာ မေးခွန်း ပုံစံ မပြည့်စုံတာကြောင့် ကျောင်းသားများ အခက်တွေ့ခဲ့ပါတယ်။ အမှတ်ပေးရာမှာ နစ်နာမှုမရှိစေရန် ဆောင်ရွက်မှာဖြစ်တဲ့အတွက် စာစစ်မှူးချုပ်တွေ သဘောတူပါက ဖြေဆိုသူ

အားလုံးကို အမှတ်ပေး မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ကြောင်းကို 7 Day News ဂျာနယ် မှာ ဖော်ပြထားပါတယ်။
မေးခွန်းအမှတ်စဉ် ၂၄ သုံးမှတ်တန် မေးခွန်းအမှတ်စဉ် ၄ နဲ့ ငါးမှတ်တန်မေးခွန်း ၇ (အေနှင့်ဘီ) ၊ အမှတ်စဉ် ၈ (အေနှင့်ဘီ)တို့မှာ စုစုပေါင်းအမှတ် ၂၄ မှတ်ဖိုးပေးထားချက် မပြည့်စုံမှု ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

//ambient pc code