September 26, 2017

လူသားတို့၏ ဖြစ်တည်မှုကို ပြောင်းလဲစေခဲ့သော ထိပ်တန်းနည်းပညာရေစီး ၁၀ မျိုး

၂၀၁၆ ခုနှစ်မှစပြီး သိပ်မကြာခင် အချိန်အထိ သိပ္ပံနဲ့ နည်းပညာရပ်ဆိုင်ရာ ဖြစ်ထွန်းပေါ်ပေါက်မှုတွေကို ၅၂ ပတ်စာ စောင့်ကြည့်လေ့လာခဲ့ပြီးနောက် ၎င်းတို့အထဲမှ လက်ရှိကမ္ဘာကို ပြောင်းလဲစေနိုင်တဲ့ အကြောင်းအရာတွေကို စုဆောင်းဖော်ပြ ပေးလိုက်တာ ဖြစ်ပါတယ်။

၁။ ကမ္ဘာနဲ့မြန်နှုန်းမြှင့် ဆက်သွယ်မယ်

၂၀၁၀ ခုနှစ်မှာတော့ ၁.၈ ဘီလီယံ ပမာဏရှိတဲ့ လူများဟာ အင်တာနက်နဲ့ ချိတ်ဆက်ခဲ့ပြီး ဖြစ်ကြပါတယ်။ လက်ရှိအချိန်မှာတော့ ၃ ဘီလီယံအထိ ရောက်ရှိခဲ့ပါပြီ။ ၂၀၂၀-၂၀၁၅ ခုနှစ်တွေ ရောက်တဲ့အခါမှာတော့ ချိတ်ဆက်တဲ့ အရေအတွက် ပမာဏဟာ များပြားလာမှာဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းနီးပါက ချိတ်ဆက်လာပါလိမ့်မယ်။ အဲဒါက ၈ ဘီလီယံအထိ ရှိလာနိုင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်ဆုနှစ်တွေအတွင်း ချိတ်ဆက်ခဲ့တဲ့ အချိန်တုန်းက အမြန်နှုန်းနဲ့ လက်ရှိခေတ် အမြန်နှုန်းက အတော်ကိုကွဲပြား လာပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တစ်စက္ကန့်ကို အနည်းဆုံး 1MB နဲ့အထက်ရှိပါတယ်။ အချက်အလက် သိုလှောင်နိုင်မှုနဲ့ ကွန်ပျူတာတွေရဲ့ စွမ်းဆောင်နိုင်စွမ်းတွေက အရှိန်အဟုန်နဲ့ အတော်ကို တိုးလာတယ်လို့ ပြောနိုင်ပါတယ်။

Google ရဲ့ 5G ဆိုလာ drone အင်တာနက် ဝန်ဆောင်မှု

Skybender လို့ခေါ်တဲ့ Google ရဲ့ပရောဂျက်ဟာ drone (မောင်းသူမဲ့လေယာဉ်) နဲ့ 5G အင်တာနက် ဝန်ဆောင်မှုကိုပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ သတင်းအရတော့ နေရောင်ခြည် စွမ်းအင်သုံး drone တွေကို အမေရိကန်နိုင်ငံ မက္ကဆီကိုသစ် (New Mexico) မှာ လေထုထဲကနေ အင်တာနက် ဝန်ဆောင်မှုပေးဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။ Drone တည်နေရာကနေ မိုင် ၄၀ ပတ်လည်အထိကို 4G ဝန်ဆောင်မှု ပေးနိုင်ကြောင်း သိရပါတယ်။

Facebook ရဲ့ ဆိုလာ Drone အင်တာနက်ဝန်ဆောင်မှု

Facebook ဟာ Google လိုပဲ နေရောင်ခြည် စွမ်းအင်သုံး Drone တွေနဲ့ အင်တာနက်ကို ဖြန်ချိဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

VIAST ရဲ့1 Teabit အင်တာနက် ဝန်ဆောင်မှု

ViaSat လို့ခေါ်တဲ့ အမေရိကန် အခြေဆိုက် ဂြိုဟ်တုကုမ္ပဏီက လေယာဉ်တွေ၊ ပင်လယ်ရပ်ခြား ကူးသန်းနေတဲ့ ရေယာဉ်တွေနဲ့ ဝေးလံ တဲ့ဒေသတွေအတွက် ဂြိုဟ်တုသုံးလုံးကို အသုံးပြုပြီး တစ်စက္ကန့်ကို 1 terabit အမြန်နှုန်းရှိတဲ့ အင်တာနက် ဆက်သွယ်မှုကို ပေးအပ်နိုင်ရန် ကြိုးပမ်းနေပါတယ်။ ၂၀၁၇ အစောပိုင်းမှာပေးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Elon Musk ရဲ့ ၄၄၂၅ အင်တာနက် ဝန်ဆောင်မှု

Space X တည်ထောင်သူ Elon Musk မှ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် ဒိုမိန်းအတွက် ကမ္ဘာပတ်လမ်းနဲ့ အနီးဆုံးဂြိုဟ်တုပတ်လမ်း ၄,၄၂၅ ကနေ တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်တဲ့ Broadband စနစ်ကို တည်ထောင်ဖို့ ဒီနှစ်ထဲမှာ အဆိုပြုထားပါတယ်။

ကန်ဒေါ်လာ ၁.၂ ဘီလီယံသုံးမယ့် 900-Satellite စနစ်

ကမ္ဘာပတ်လမ်း အနိမ့်ဆုံးနေရာက ဂြိုဟ်တုတွေကို အသုံးပြုပြီး တစ်ကမ္ဘာလုံးကို အင်တာနက် ဝန်ဆောင်မှုပေးမယ့် 900-Satellite စနစ်ကို ၂၀၁၉ ခုနှစ်မှာမြင်တွေ့ရတော့မှာဖြစ်ပြီး ဒီအတွက် ကန်ဒေါ်လာ ၁.၂ ဘီလီယံ သုံးစွဲမှာ ဖြစ်ပါတယ်။

၂။ နေရောင်ခြည်/ပြည့်ဖြိုးမြဲစွမ်းအင်တို့က ကျောက်မီးသွေးထက် သက်သာတယ်

၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကနေ တင်ပြချက်အရ နေနဲ့လေစွမ်းအင်တွေ ကုန်ကျစရိတ် တူညီလာပြီး ရုပ်ကြွင်း လောင်စာတွေထက် ပိုမိုသက်သာလာကြကာ နိုင်ငံပေါင်း ၃၀ ထက် မနည်းပိုသုံးလာတယ်လို့ ဆိုပါတယ်။ နေနဲ့လေ စွမ်းအင်တွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ပိုမိုကျဆင်းလာပါတယ်။ လက်ရှိနှစ် အနည်းငယ်အတွင်းမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ ၃ ပုံနှစ်ပုံက သုံးစွဲလာကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီအချက်ဟာ လူသားသမိုင်း တစ်လျှောက်မှာ အရေးပါလှတဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး ၂၀၁၆ ဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင် နှစ်တစ်နှစ်ဖြစ်ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုဟာ ယခင်နှစ်က ၂၈၆ ဘီလီယံရှိခဲ့ပါတယ်။

အံ့သြဖွယ် တွေ့ရတာကတော့ အိန္ဒိယမှာ ၂၀၂၂ ကိုရောက်တဲ့အခါမှာ နေရောင်ခြည် စွမ်းအင်ကနေ ၁၀၀ gigawatts ထက်ပိုတဲ့ လျှပ်စစ်စွမ်းအင်တွေ ထုတ်လုပ်နိုင်မှာကို တွေ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ မြောက်အမေရိကမှာရှိတဲ့ အကြီးဆုံး ကျောက်မီးသွေးစက်ရုံကို ယခုအခါမှာ နေရောင်ခြည်သုံး ကွင်းပြင်အဖြစ် ဖန်တီးပြောင်းလဲ နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ကင်းဒန်းမှာတော့ ဆိုလာကနေ လျှပ်စစ်ထုတ်လုပ်မှုဟာ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်မှုထက် ပထမဆုံး အကြိမ်အဖြစ် ဒီနှစ်ထဲမှာ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

ကျောက်မီးသွေးက ထုတ်ပြီးပြန်မထွက်ဘူး

ကျောက်မီးသွေး စက်မှုလုပ်ငန်း နယ်ပယ်ဟာ အမေရိကန်နိုင်ငံစွမ်းအင် ထုတ်လုပ်မှုအတွက် အသက်ကျောရိုးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီစွမ်းအင်ဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်တဲ့ နေနဲ့ရေတို့ထက် အရင်ဆုံးပျောက်ကွယ် သွားနိုင်ပါတယ်။ လက်ရှိ အမေရိကန်နိုင်ငံမှာရှိတဲ့ ကျောက်မီးသွေးတွင်းတွေဟာ ထုတ်လုပ်နိုင်စွမ်းတွေ ကျဆင်းလာနေတာကို တွေ့ရမှာဖြစ်ပါတယ်။ တက္ကဆက်က ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံမှာ ၂၀၁၅ ခုနှစ်က ၃၉ ရာခိုင်နှုန်းအထိ စွမ်းအင်ထုတ်လုပ်နိုင်ပေမယ့် ၂၀၁၆ မှာတော့ ၂၄.၈ ရာခိုင်နှုန်းအထိသာ ထုတ်နိုင်ပါတော့တယ်။ Google က ၂၀၁၇ ခုနှစ်မှာ ၎င်းရဲ့တစ်ကမ္ဘာလုံးက စီးပွားရေး လုပ်ငန်းတွေမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို သုံးစွဲမယ်လို့ ပြောထားပါတယ်။

၃။ ကင်ဆာနဲ့ ရောဂါတွေရဲ့အဆုံးသတ်

သိပ္ပံနဲ့သုတေသန ပညာရှင်တွေက ရောဂါတွေနဲ့ ကင်ဆာကို တိုက်ထုတ်နိုင်မယ့် နည်းလမ်းကို ၂၀၁၆ ခုနှစ်ထဲမှာ တွေ့ရှိခဲ့ကြပါတယ်။ လူတွေရဲ့ကိုယ်ခံစွမ်းအားကို အဆင့်မြှင့်ပေးလိုက်ပြီး သတ်မှတ်ထားတဲ့ တိုက်ခိုက်မယ့် ကင်ဆာဆဲလ်ကနေ ဆဲလ်တချို့ကို ဖယ်ရှားခြင်း၊ တည်းဖြတ်ခြင်း၊ ပြင်ဆင်ခြင်းတွေလုပ်ပြီး အလုပ်လုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းအရ လူနာ ၉၄ ရာခိုင်နှုန်းကို စမ်းသပ်တဲ့အခါ ကောင်းစွာအလုပ် လုပ်တာတွေကရပြီး သွေးကင်ဆာသမား ၈၀ ရာခိုင်နှုန်းကျော်မှာ ကောင်းမွန်စွာ တုံ့ပြန်တာကို တွေ့ရပါတယ်။

CRISPR-Cas9 လို့ခေါ်တဲ့ ဒီနည်းပညာဟာ ယခင်က လုပ်ခဲ့တဲ့ DNA တည်းဖြတ်မှုထက် ပိုမိုမြန်ဆန် တိကျမှုရှိသလို ဈေးလည်းပိုပြီး ပေါပါတယ်။ ဒီနည်းလမ်းကို သိပ္ပံနဲ့မျိုးရိုးဗီဇ ပညာရှင်သုတေသီတွေက တွေ့ရှိခဲ့တာဖြစ်ပြီး DNA sequence ထဲမှာ ဖယ်ရှာခြင်း၊ တည်းဖြတ်ခြင်းနှင့် အစားထိုးပြင်ဆင် ခြင်းတွေပြုလုပ်တဲ့ နည်းလမ်းကို CRISPR-Cas9 နည်း
ပညာလို့ခေါ်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ Sichuan တက္ကသိုလ်က သိပ္ပံပညာရှင် တစ်စုဟာ CRISPR-Cas9 gene-editing နည်းပညာကို အသုံးပြုပြီး အစာအိမ်ကင်ဆာ ခံစားနေရတဲ့ လူနာကို ကုသခဲ့ကြပါတယ်။ ပင်ဆီဘေးနီးယားဆေး တက္ကသိုလ်ကျောင်းမှ ပညာရှင်များက Immune ဆဲလ်ကို တိုးတက်ကောင်းမွန်စေရန် ပြင်ဆင်ပြီး ကွဲပြားတဲ့ ကင်ဆာရောဂါလူနာ ၁၈ ဦးကို CRISPR-Cas9  နည်းပညာဖြင့် ချဉ်းကပ်ကုသ ပေးခဲ့ပါတယ်။

ပထမဆုံးအဖြစ် ဟားဗတ်က္ကသိုလ်မှ ဆဲလ်သုတေနသနက ကြွက်မှာဆွဲကပ်နေတဲ့ ရောဂါပိုးတွေကို သုတ်သင်ဖို့အတွက် တီထွင်ထားတဲ့
ဆဲလ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ လူတွေအတွက်လည်း ဒီနည်းလမ်းက အောင်မြင်နိုင်မယ်လို့ ယူဆရပါတယ်။

Temple တက္ကသိုလ်က NeuroAIDS စင်တာမှာရှိတဲ့ သိပ္ပံပညာရှင်တွေက သက်ရှိတိရစ္ဆာန်တွေကနေ  HIV genes တွေကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ကြပါတယ်။ ဒါဟာ ၅၀ ရာခိုင်နှုန်းလောက် တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။

CRISPR နည်းလမ်းနဲ့ ကြွက်တွေမှာ ခံစားနေရတဲ့ သွေးနီဥ အစီအစဉ် မကျခြင်းဖြစ်စေတဲ့ sickle cell တွေကို အပြည့်အဝ ဖယ်ရှားနိုင်ခဲ့ပါတယ်။ အဆိုပါနည်းလမ်းနဲ့ ကုသမှုကို မကြာမီမှာ အမေရိကန်နိုင်ငံမှာရှိတဲ့ ဒီရောဂါဆွဲကပ်နေတဲ့ လူပေါင်းတစ်သိန်းကို ကုသနိုင်တော့မှာ ဖြစ်ပါတယ်။

၎။ လူ့သက်တမ်းတွေကို တိုးလာမယ်

၂၀၁၆ ခုနှစ်မှာ သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်ဖို့အတွက် ကုမ္ပဏီတွေက ငွေကြေးဘီလီယံနဲ့ချီပြီး သုတေသန ပြုလုပ်ဖို့အတွက် ကုန်ကျခံနေတာ တွေ့ရပါတယ်။ သက်တမ်း ရှည်ကြာဖို့အတွက် သုတေသနပြုချက်တွေထဲက ထွက်ပေါ်လာတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

သက်တမ်း နှစ် ၅၀၀ နေထိုင်နိုင်တဲ့ငါးမန်း

Greenland ငါးမန်းတွေက သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀၀ ကြာ နေထိုင်နိုင်တယ်ဆိုတာကို ဒီနှစ်မှာရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ ဒါကတော့ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ငါးမန်းမျိုးစိတ် ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားတွန့်လာမှုကို အရေပြားသုတေသီတွေက ပြန်လည်ကောင်းမွန်စေမယ့် နည်းလမ်းတွေကို ရှာဖွေခဲ့ကြပြီး လူငယ်ပုံစံအတိုင်း ပြန်လည်နုပျိုစေဖို့ လုပ်ဆောင်ရာမှာ ၃၀ ရာခိုင်နှုန်းအထိ အောင်မြင်မှု ရရှိခဲ့ကြပါတယ်။ နောက်ထပ် ၁၀ နှစ်နီးပါး ကြာခဲ့ရင်တော့ ဒီနည်းပညာကို လူတွေကြားထဲ ချပြသုံးစွဲ လာနိုင်ပါလိမ့်မယ်။

ဆဲလ်အချို့ဖယ်ရင် အသက် ၂၅ ရာခိုင်နှုန်းပိုရှည်မယ်

ဆေးပညာဂျာနယ် တစ်ခုမှာ ဖော်ပြချက်အရ ဇီဝဗေဒပညာရှင် Darren Baker နဲ့ Jan Van Deursen တို့က stagnant cell တွေကို ဘယ်ရှားလိုက်ခြင်းဟာ ကြွက်တွေကို မူရင်းသက်တမ်းရဲ့ ၂၅ ရာခိုင်နှုန်း ပိုမိုရှည်စေတာကို တွေ့ရကြောင်း သိရပါတယ်။

၅။ Stem cell များနှင့် မမျှော်လင့်တဲ့ အောင်မြင်ခြင်း

Steam cell တွေဟာ ကိုယ်ခန္ဓာရဲ့ ပြန်လည်မွေးဖွားပေးတဲ့ အင်ဂျင်တွေဖြစ်ပါတယ်။ ဒီဆဲလ်က ရောဂါပိုးတွေကို ကာကွယ်ဖို့နဲ့ လူ့သက်တမ်းကို ပိုမိုတိုးတက်စေဖို့အတွက် အထောက်အကူ ပြုပါတယ်။ အောက်ပါအချက် ၃ ခုက Stem ဆဲလ်အတွက် ပြုလုပ်ခဲ့တဲ့ သုတေသနတွေထဲက မမျှော်လင့်တဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။

အိုဆာကာတက္ကသိုလ်မှ ဇီဝဗေဒပညာရှင် Kohji Nisida က လူသားမျက်လုံးတွေဟာ သဘာဝအတိုင်း အသစ်ပြန်ဖြစ်နိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လူသားရဲ့အရွယ်ရောက်ပြီးတဲ့ ရိုးရှင်းတဲ့ အရေပြားကနေ မျက်လုံးကို ပြန်ဖြစ်အောင် လုပ်ဆောင်နိုင်တာကို တွေ့ရတာပဲ ဖြစ်ပါတယ်။

လေဖြတ်နေသူကို လမ်းလျှောက်စေနိုင်တဲ့ Stem ဆဲလ်

စတန်းဖို့ဒ်တက္ကသိုလ်မှ လေဖြတ်နေသူ ၁၈ ဦးကို Stem ဆဲလ်နဲ့ လက်တွေ့ စမ်းသပ်ချက်အရ လူ ၇ ဦးဟာ သိသိသာသာကို တိုးတက်ကောင်းမွန်လာတာ တွေ့ကြရပါတယ်။ ဒီလိုကုသမှုက အာရုံကြောရောဂါတွေဖြစ်တဲ့ အဲလ်ဇိုင်းမား၊ ပါကင်ဆန်နဲ့ Lou Gehrig လို ရောဂါတွေအတွက်လည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Paralyzse ဝေဒနာရှင်တွေကို စိတ်ချမ်းသာစေတယ်

USC ရဲ့ USC Neurorestoration စင်တာနဲ့ Keck Medicine တို့က ဆရာဝန်တွေဟာ paralyzse ရောဂါ လက်ရှိဖြစ်နေတဲ့ ၂၁ နှစ်အရွယ် လူငယ်ကို Stem ဆဲလ်ထိုးပြီး စမ်းသပ်ခဲ့ပါတယ်။ ဒီလိုစမ်းသပ်ပြီးလို့ ၃ လအကြာမှာ လူငယ်ရဲ့လက်နှစ်ဖက်စလုံး ပြန်လည်လှုပ်ရှား လာနိုင်တာကို တွေ့ရပါတယ်။

၆။  အလိုအလျောက် မောင်းနှင်စနစ်သုံး ကားစနစ်တို့ရဲ့နှစ် ၂၀၁၆

Google, Tesla နဲ့ Uber တို့ကဦးဆောင်ပြီး ကားကုမ္ပဏီတိုင်းလိုလိုက အလိုအလျောက် မောင်းနှင်းနိုင်တဲ့ ကားတွေတီထွင် လာကြပါတယ်။ ဒီအချက်ဟာ ယခု ၁၀ စုနှစ်အတွင်း ကြီးမားတဲ့ တိုးတက်ပြောင်းလဲလာမှုပဲ ဖြစ်ပါတယ်။

Uber က အလိုအလျောက် မောင်းနှင်နိုင်တဲ့ကားကို  ဆန်ဖရန်စ္စကိုရှိ လမ်းတွေပေါ်မှာ မောင်းနှင်စမ်းသပ် ခဲ့ပါတယ်။ ယခုနှစ်မှာ စတင်ပြီး အလိုအလျောက် မောင်းနှင်တဲ့ကားနဲ့ လူတင်နိုင်ပြီ ဖြစ်ပါတယ်။

Google ရဲ့Waymo

Google က အလိုအလျောက် မောင်းနှင်နိုင်တဲ့ကားကို တီထွင်နေတာကြာပါပြီ၊ လက်ရှိမှာတော့  Waymo ဆိုတဲ့ အမည်နဲ့ ရှိနေပါတယ်။

Google နဲ့ Chrysler တို့ပေါင်းထားတဲ့ကား

Google နဲ့ Chysler တို့ပေါင်းပြီး Semi-autonomus (တစ်ဝက် အလိုအလျောက် မောင်းနှင်စနစ်) ပါ ဗန်ကားကို ၂၀၁၇ ခုနှစ် အကုန်မှာ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

ကားပိုင်ဆိုင်မှု အဆုံးသတ်စေမယ့် အလိုအလျောက်စနစ်

Tesla နဲ့ BMW အမှုဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ John Zimmer က အလိုအလျောက် မောင်းနှင်စနစ်ပါ ကားတွေက နောင် ၅ နှစ်အတွင်းမှာ ကားပိုင်ဆိုင်မှုကို အဆုံးသတ်စေလိမ့်မယ်လို့ ဆိုထားပါတယ်။ ၂၀၂၅ ခုနှစ်လောက်မှာ ဖြစ်လာလိမ့်မယ်လို့ Lyft တည်ထောင်သူနဲ့  ဥက္ကဋ္ဌဖြစ်တဲ့ John Zimmer ကပြောပါတယ်။

၇။ Drone နဲ့ ကားပျံတို့လာချေပြီ

လူသားတွေရဲ့လိုအပ်ချက်အရ Drone (စီးနင်းမောင်းနှင်သူမဲ့လေယာဉ်) တွေထွက်လာခဲ့ပါပြီး။ ဒီယာဉ်တွေက  ပစ္စည်းပို့တာ၊ ကောင်းကင်ဓာတ်ပုံ/ဗီဒီယိုရိုက်တာနဲ့ မြေတိုင်းတာတွေ လုပ်နေတဲ့အပြင် ယခုအခါမှာ လူတွေကို ပို့ဆောင်တာတွေပါ လုပ်လာနိုင်ကြ ပါတော့မယ်။ ဒီအချက်ဟာ ပို့ဆောင်ရေး နည်းပညာမှာ အရေးပါလာပါတယ်။ ဒီအပြင် ကားလမ်းမပေါက်တဲ့ နေရာတွေမှာ သွားလာနိုင်ဖို့နဲ့ ကားလမ်းကြောင့် စိတ်ရှုပ်နေသူတွေကို ဝန်ဆောင်မှုပေးဖို့ မိုးပျံကားတွေလည်း လာပါတော့မယ်။

Amazon Prime Air ကပစ္စည်းပို့နေပြီ

Amazon ရဲ့ Prime Air က ယူနိုက်တက်ကင်းဒန်းမှာ ပထမဆုံး ပစ္စည်းပို့ခဲ့ပါတယ်။ ၂၀၁၇ ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ဖို့ Amazon ကမျှော်လင့် ထားပါတယ်။

7-11 ကုန်စုံဆိုင်က ဦးဆောင်နေ

ကုန်စုံဆိုင်တစ်ခုဖြစ်တဲ့ 7-11 က ၂၀၁၆ ခုနှစ်မှာ drone ၁၇ စီးနဲ့ ကုန်ပစ္စည်းတွေ ပို့ခဲ့ပြီး ပြိုင်ဘက်ဖြစ်တဲ့ Amazon ကို နောက်ကျကျန်စေ
ခဲ့ပါတယ်။

Mercedes က Drone နဲ့ပို့ဆောင်မှုအတွက် ဒေါ်လာ သန်း ၅၀၀ သုံးမယ်

Mercedas-Benz နဲ့ Drone startup လုပ်ငန်းဖြစ်တဲ့ Matternet တို့က Vision Van လို့အမည်ရတဲ့ ကားတစ်မျိုးကို ထုတ်လုပ်ဖို့ ပုံဖော်နေကြပါတယ်။ ဒီကားရဲ့ခေါင်မိုးပေါ်မှာ Matternet ရဲ့ M2 Drone တွေ ရပ်နားနိုင်မှာ ဖြစ်ပါတယ်။

Uber က ကားပျံတွေသုံးမယ်

ကမ္ဘာ့နာမည်ကျော် ပို့ဆောင်ရေးကုမ္ပဏီ Uber က မိုးပျံကားတွေကို ဒီနှစ်အတွင်းမှာ အသုံးပြုမိတ်ဆက် သွားမှာဖြစ်ပြီး အမည်ကို  Uber Elevate လို့ ပေးထားကြောင်း သိရပါတယ်။

၈။ AI (ဉာဏ်ရည်တု) ဆီသို့

Artificial Intelligence (AI) လို့ လူသိများတဲ့ ဉာဏ်ရည်တုစနစ် တိုးတက်လာမှုက လူသားအတွက် အခွင့်အလမ်းများစွာ ပေးနေပါတယ်။ AI ကတိကျစွာ တွက်ချက်နိုင်ပြီး မေးလာသမျှကို ပြန်ဖြေနိုင်အောင် လုပ်နိုင်လာပါတယ်။

သင့်အနေနဲ့  အစောဆုံး AI က သင့် iPhone ထဲက Siri ဒါမှမဟုတ် IBM ရဲ့ Watson supercomputer လို့ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုတယ်ဆိုတာ သင်တွေ့လာမှာပါ။

Nvidia ရဲ့ ကွန်ပျူတာချစ်(ပ်)

Tesla P100 လို့ခေါ်တဲ့ Transister ၁၅ ဘီလီယံပါတဲ့ ချစ်(ပ်) ကို Nvidia ကတီထွင်ခဲ့ပြီး AI နည်းပညာမှာ နက်နက်နဲနဲလေ့လာဖို့ ထုတ်လုပ်လိုက်ပါတယ်။ ဒီလိုအဆင့်မြင့် hardware တွေက AI ဖွံ့ဖြိုးမှုအတွက် အလွန်ကို အရေးပါလှပါတယ်။

AI က နှုတ်ခမ်းကို ဖတ်နိုင်တယ်

အောက်စဖို့ဒ်က LipNet လို့ခေါ်တဲ့ နှုတ်ခမ်းလှုပ်ရှားမှုကိုဖတ်ပြီး စာသားတွေစီနိုင်တဲ့ AI ကိုထုတ်လိုက်ပါတယ်။ LipNet ဟာ လူသား
တစ်ယောက်ရဲ့ နှုတ်ခမ်းဖတ်ပြီး ဘာသာပြန်တဲ့ ဘယ်စက်ထက်မဆို ပိုမိုတိကျတယ်လို့ သိရပါတယ်။

Microsoft ရဲ့ စကားပြော မှတ်သားမှု နည်းပညာက လူထက်ပိုကောင်းတယ်

Microsoft ရဲ့စကားပြော မှတ်သားမှု နည်းပညာဟာ စကားတွေကို ပြန်ရေးရာမှာ လူသားတွေ မှားတတ်တာထက်ကို ပိုမိုအမှားကင်းစင်တယ် ဆိုတာတွေ့ရပါတယ်။ အမှားအယွင်းက ၅.၉ ရာခိုင်နှုန်းသာ ရှိပါတယ်။

AI က လူသားလေယာဉ်မှူးကို လေထဲမှာပြိုင်

အမေရိကန်လေတပ်က လေယာဉ်မှူးဟောင်းကို ရေးစွဲထားတဲ့ ALPHA လို့ခေါ်တဲ့ လေယာဉ်မောင်း AI ဆော့ဖ်ဝဲနဲ့ ယှဉ်ပြိုင်ပြီး လေယာဉ်မောင်းနှင်စေခဲ့ရာ လူသားလေယာဉ်မှူးက AI ဆော့ဖ်ဝဲကို ရုံးနိမ့်ခဲ့ပါတယ်။

၉။ သိပ္ပံနှင့် အာကာသ

၂၀၁၆ ခုနှစ်မှာ သိပ္ပံပညာဆိုင်ရာတွေ့ရှိမှု အသစ်တွေထဲမှာ ရူပဗေဒဆိုင်ရာ အခြေခံသစ်တွေကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ဂြိုဟ်သစ်တွေ တွေ့ရှိတာ၊ လူသားတွေ နေထိုင်လို့ရမယ့် ကမ္ဘာနဲ့တူနဲ့ ဂြိုဟ်တွေတွေ့တာက ထူးခြားမှု တစ်ခုပါပဲ။

၁၀။ အာကာသလေကြောင်း သွားလာမှု စီးပွားရေး

အာကာသထဲကို သိပ္ပံပညာအတွက် စူးစမ်းလေ့လာမှု မဟုတ်ဘဲ ငွေကြေးတတ်နိုင်တဲ့လူတိုင်း အပျော်သဘော သွားနိုင်အောင် လုပ်ဆောင်ပေးလာ နိုင်တာကလည်း လူသားတွေအတွက် ထူးခြားမှုတစ်ခုပါပဲ။

လကမ္ဘာကို သွားနိုင်ပြီဖြစ်သလို SpaceX တည်ထောင်သူ Elon Musk က အင်္ဂါဂြိုဟ်ကို ၂၀၂၅ ခုနှစ်မှာ လူထည့်သွင်းပြီး လွှတ်တင်ဖို့ရှိကြောင်း ပြောကြားထားပါတယ်။

Ref: novaconsulting