September 19, 2017

ရှားပါး Pokemon ဖမ်းမိပြီးနောက် အမျိုးသားတစ်ဦး နှလုံးရောဂါဖြင့် သေဆုံး

အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ Pokemon Go စမတ်ဖုန်းဂိမ်းမှာ ရှားပါး monster တစ်ကောင်ကို ဖမ်းမိပြီးတဲ့နောက် သေဆုံးသွားခဲ့ပါတယ်။

သူဟာ စင်ကာပူနိုင်ငံမှာ Lapras monster တစ်ကောင်ကို ဖမ်းမိပြီးတဲ့နောက် နှလုံးရောဂါနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။

သူဟာ Marina Bay Sands တစ်ဝိုက်မှာ Pokemon တွေကို ရှာဖွေလေ့ရှိတယ်လို့ ကွယ်လွန်သူရဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးက ပြောပါတယ်။

အဲ့ဒီအမျိုးသားဟာ စိတ်အားထက်သန်တဲ့ Pokemon Go ကစားသူတစ်ယောက်ဖြစ်ပြီး level 28 ကို ရောက်ရှိထားကာ Pokemon အမျိုးအစား ၂၀၀ ကျော် ဖမ်းမိထားတယ်လို့ သိရပါတယ်။

Ref: Mirror