October 20, 2017

ရာသက်ပန် Member ကတ်အဖြစ်သုံးနိုင်မယ့် ဈေးဝယ်ကတ်အား City Mart စီစဉ်

City Mart မှာဈေး0ယ်လို့ရှိရင် အဖွဲ့0င် (Member) ကတ်အဖြစ် အသုံးပြုနိုင်မယ့် Card တစ်မျိုးကို စီစဉ်နေတယ်လို့ City Mart Holdings ရဲ့ CEO ဒေါ်0င်း0င်းတင့်က ပြောပါတယ်။

အခုလက်ရှိ အသုံးပြုနေတဲ့ဈေးဝယ်ကတ်ပုံစံမျိုး မဟုတ်ဘူးလို့သိရပါတယ်။ လာမယ့်နှစ်ဆန်းမှာစတင် မိတ်ဆက်သွားမှာဖြစ်ပြီး အဲဒီကတ်အသစ်ကိုတော့ Application ကနေတစ်ဆင့်ပဲဖြစ်ဖြစ်၊ ကတ်ချည်း ပဲဖြစ်ဖြစ် ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ “ဈေးဝယ်သူအမြောက်အမြား၊ စားသုံးသူ အမြောက်အမြားကို ကျွန်မတို့က ဝန်ဆောင်မှုတွေ စပေးနိုင်ပြီ၊ အဲဒီစားသုံးသူတွေပေးတဲ့ ဝန်ဆောင်မှုထဲမှာ Member Card ပုံစံမျိုးကို ကျွန်မတို့အခုထက်ထိ သေသေချာချာ မလုပ်ခဲ့ရသေးဘူး၊ အခုက Member Card ပုံစံမျိုးနဲ့ ကျွန်မတို့က လုပ်မှာပါ” လို့ပြောပါတယ်။

သမားရိုးကျအဖွဲ့ဝင်ကတ် မဟုတ်ဘဲနဲ့ ကိုယ်ဈေးဝယ်တဲ့အပေါ်မှာ ထပ်ဆောင်လက်ဆောင်လျှော့ဈေးရမယ့် အစီအစဉ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဈေးဝယ်သူတွေအနေနဲ့ App ကိုဒေါင်းလုပ်ပြုလုပ်ပြီး တော့ Member အဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ “သမားရိုးကျ Member Card မဟုတ်ဘဲနဲ့ ဝယ်တဲ့အပေါ်မှာ Point တွေရမယ်၊ အဲဒီ Point တွေအပေါ်မှာလက် ဆောင်တွေရမယ်၊ အဲဒီ Point တွေ လက်ဆောင်တွေကို မိုဘိုင်းဖုန်းကနေပြီးတော့ ချိတ်နိုင်မယ်၊ ပြီးတော့ မိုဘိုင်းဖုန်းကနေပြီးတော့ တစ်ဆင့်ဈေးဝယ်သူတွေ ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေ၊ ဘယ်လိုပစ္စည်းမျိုးတွေကိုတော့ဖြင့် အခုနောက်ဆုံးပေါ်နေပြီ၊ ဘယ်လိုပစ္စည်းမျိုးတွေကို လျှော့ဈေးအနေနဲ့ ရောင်းချပေးနေပြီ၊ အဲလိုမျိုးပရိုမိုးရှင်းတွေကိုလည်း ကျွန်မတို့ Run လုပ်နိုင်မယ်၊ ဈေးဝယ်သူတစ်ယောက်ချင်းစီရဲ့အကြိုက်အလိုက်ကိုလည်း ပရိုမိုးရှင်းလုပ်နိုင်မယ်၊ အဲလိုပုံစံမျိုးနဲ့ ဝယ်နိုင်မယ့်ကတ်ကို ကျွန်မတို့လုပ်ဆောင်နေပါတယ်။ Application Based ရော Card Based ရော ဈေးဝယ်သူကြိုက်နှစ်သက်တဲ့ ပုံစံနဲ့သုံးလို့ရပါတယ်၊ အဲဒါက Life Time Card ပါ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

-ထွန်းထွန်း