December 11, 2017

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုသိပ္ပံပွဲခင်း ကျင်းပ

e
e
e

ရန်ကုန် တက္ကသိုလ်ရာပြည့် အကြို သိပ္ပံပွဲခင်း ၂၀၁၇ ကို ဒီဇင်ဘာလ ၇ ရက်က ရန်ကုန်တက္ကသိုလ် အပန်းဖြေ ရိပ်သာ RC ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သိပံ္ပပွဲခင်းမှာ ရန်ကုန်တက္ကသိုလ် ဘာသာရပ်ဌာန အသီးသီးမှ သုတေသနပြခန်းများ၊ ဒဂုံတက္ကသိုလ်၊ သုတေ သနနှင့် ဆန်းသစ်တီထွင်မှု ဦးစီးဌာနအပါအဝင် နည်းပညာကုမ္ပဏီများမှ သုတေသန စက်ပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပြသသောပြခန်းများ ပါဝင်ပြသထားပါတယ်။

သိပံ္ပပွဲခင်းမှာ စုစုပေါင်းပြခန်း (၄၈) ခန်းအပြင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများ၏ Science Project (၃၇) ခန်းကိုလည်း ပါဝင်ပြသထားပါတယ်။ ဒီပွဲကိုဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

-ဝေဝေ