April 22, 2018

မၾကာခင္မွာ Gmail ကုိဒီဇိုင္းပုိင္း ျပင္ဆင္မယ္လို႔သိရ

[ Zawgyi ]

ဒီေန႔မွာ Google က Gmail ဗားရွင္းတစ္မ်ိဳးကို ျဖန္႔ခ်ိမယ္လို႔ G Suite သုံးစြဲသူေတြကို အီးေမးလ္ေပးပုိ႔ အသိေပးခဲ့ပါတယ္။ အီးေမးလ္မွာ သုံးစြဲသူေတြကိုပဲ အသိေပးတဲ့ လ်ိဳ႕ဝွက္ျဖစ္တယ္လို႔ ေဖာ္ျပထားေပမယ့္ ေနရာအႏွံ႔အျပားမွာ ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။ အခုဆိုရင္ Google အေနနဲ႔ TNW ကို Gmail ဗားရွင္းသစ္နဲ႔ ပတ္သက္ၿပီး အတည္ျပဳခဲ့ပါတယ္။

G Suite အီးေမးလ္အတြက္ အဓိက feature ေတြကို အဆင့္ျမႇင့္တင္ေပးမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ ဝက္ဘ္ေပၚမွာ Gmail အတြက္ သပ္ရပ္ဆန္းသစ္တဲ့ ဒီဇိုင္းကို အသုံးျပဳၿပီး Google Calendar လိုမ်ိဳး G Suite app ေတြကုိ Gmail အတြင္း အလြယ္တကူအသုံးျပဳႏိုင္လို႔ သိရပါတယ္။ ဝက္ဘ္ဆိုက္ေပၚမွာ မိုဘိုင္းလိုမ်ိဳး Smart Reply လညး္ပါဝင္လာသလို Offline ေထာက္ပံ့မႈ၊ inbox ထဲေမးလ္ေတြ ျပန္လည္ ေဖာ္ထုတ္ေပးတာနဲ႔ အီးေမးလ္ေတြကို snooze ျပဳလုပ္ႏိုင္မယ္လုိ႔ Google ကေျပာခဲ့ပါတယ္။

အဲဒီ feature ေတြကို G Suite သုံးစြဲသူေတြအတြက္ Early Adopter Program (EAP) မွာပါဝင္သူေတြ အရင္ဆုံးရရွိမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ တစ္ကုိယ္ေရသုံး Gmail account ေတြဆီကိုလညး္ အဲဒီ feature ေတြေထာက္ပံ့သြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheNextWeb

==============

[ Unicode ]

မကြာခင်မှာ Gmail ကိုဒီဇိုင်းပိုင်း ပြင်ဆင်မယ်လို့ သိရ

==============

ဒီနေ့မှာ Google က Gmail ဗားရှင်းတစ်မျိုးကို ဖြန့်ချိမယ်လို့ G Suite သုံးစွဲသူတွေကို အီးမေးလ်ပေးပို့ အသိပေးခဲ့ပါတယ်။ အီးမေးလ်မှာ သုံးစွဲသူတွေကိုပဲ အသိပေးတဲ့ လျို့ဝှက်ဖြစ်တယ်လို့ ဖော်ပြထားပေမယ့် နေရာအနှံ့အပြားမှာ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အခုဆိုရင် Google အနေနဲ့ TNW ကို Gmail ဗားရှင်းသစ်နဲ့ ပတ်သက်ပြီး အတည်ပြုခဲ့ပါတယ်။

G Suite အီးမေးလ်အတွက် အဓိက feature တွေကို အဆင့်မြှင့်တင်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဝက်ဘ်ပေါ်မှာ Gmail အတွက် သပ်ရပ်ဆန်းသစ်တဲ့ ဒီဇိုင်းကို အသုံးပြုပြီး Google Calendar လိုမျိုး G Suite app တွေကို Gmail အတွင်း အလွယ်တကူအသုံးပြုနိုင်လို့ သိရပါတယ်။ ဝက်ဘ်ဆိုက်ပေါ်မှာ မိုဘိုင်းလိုမျိုး Smart Reply လညး်ပါဝင်လာသလို Offline ထောက်ပံ့မှု၊ inbox ထဲမေးလ်တွေ ပြန်လည် ဖော်ထုတ်ပေးတာနဲ့ အီးမေးလ်တွေကို snooze ပြုလုပ်နိုင်မယ်လို့ Google ကပြောခဲ့ပါတယ်။

အဲဒီ feature တွေကို G Suite သုံးစွဲသူတွေအတွက် Early Adopter Program (EAP) မှာပါဝင်သူတွေ အရင်ဆုံးရရှိမယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရေသုံး Gmail account တွေဆီကိုလညး် အဲဒီ feature တွေထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheNextWeb