July 15, 2018

မွတ္ပံုတင္အႀကီးတန္း အင္ဂ်င္နီယာလက္မွတ္ အင္ဂ်င္နီယာအဆင့္ ဆန္းစစ္ခ်က္ ေရးေျဖစာေမးပြဲ အပုိင္း ၁ က်င္းပမည္

[ Zawgyi ]

မွတ္ပံုတင္အႀကီးတန္း အင္ဂ်င္နီယာလက္မွတ္ (Registered Senior Engineer) အင္ဂ်င္နီယာအဆင့္ ဆန္းစစ္ခ်က္ ေရးေျဖစာေမးပြဲ အပုိင္း ၁ ကုိ စက္တင္ဘာလ ၉ ရက္မွာ က်င္းပသြားမယ္လုိ႔ ထုတ္ျပန္ေၾကညာထားပါတယ္။

စာေမးပြဲကို နံနက္ ၉ နာရီခြဲမွ ၁၁ နာရီခြဲ အထိလည္းေကာင္း၊ ေန႔လယ္ ၁ နာရီခြဲ မွ ညေန ၃ နာရီခြဲ အထိ လည္းေကာင္း က်င္းပသြားမွာပါ။ စာေမးပြဲကို B.E ဘြဲ႕ရၿပီး A.E.C လက္မွတ္ေလွ်ာက္ထားၿပီးသူေတြ၊ B.Tech ဘြဲ႕ရၿပီး လုပ္သက္ ၁၂ ႏွစ္ႏွင့္ အထက္ရွိသူေတြ၊ A.G.T.I လက္မွတ္ရရွိၿပီး လုပ္သက္ ၁၅ ႏွစ္ႏွင့္ အထက္ ရွိသူေတြ၊ R.E လက္မွတ္ရရွိၿပီးသူေတြ ေျဖဆိုရန္ ေလွ်ာက္ထားႏုိင္ပါတယ္။ စာေမးပြဲဝင္ခြင့္ေၾကးကို KBZ ဘဏ္ ေငြစာရင္းအမွတ္ ၂၃၅-၃၀၄-၂၃၅၀၀၀၄၀၀၀၁ သို႔ ေပးသြင္းႏုိင္ၿပီး ေလွ်ာက္လႊာနဲ႔အတူ ေငြသြင္းခ်လန္မိတၱဴ ၂ ေစာင္၊ ဘြဲ႕လက္မွတ္မိတၱဴ ၁ ေစာင္၊ မွတ္ပံုတင္ မိတၱဴ ၁ ေစာင္၊ ဓာတ္ပံု ၂ ပံုနဲ႔ R.S.E စာရင္းသြင္း ေငြသြင္းခ်လန္မိတၱဴ (R.S.E ေလွ်ာက္ထားၿပီးသူမ်ား) တစ္ေစာင္နဲ႔အတူ ပူးတြဲတင္ျပလ်က္ ေလွ်ာက္ထားၾကရမွာျဖစ္ပါတယ္။

စာစစ္ဌာနေတြအျဖစ္ ရန္ကုန္စာစစ္ဌာနနဲ႔ ျမန္မာအင္ဂ်င္နီယာအသင္း႐ံုးခြဲ တည္ရွိရာ ၿမိဳ႕ေတြမွာ က်င္းပေပးမွာျဖစ္ပါတယ္။ ေလွ်ာက္လႊာေတြကုိ ၾသဂုတ္လ ၁၇ ရက္ ေနာက္ဆံုးထားကာ ျမန္မာႏုိင္ငံ အင္ဂ်င္နီယာေကာင္စီ႐ံုးခ်ဳပ္ သို႔မဟုတ္ သက္ဆုိင္ရာ ျမန္မာႏုိင္ငံ အင္ဂ်င္နီယာအသင္း ႐ံုးခြဲေတြမွာ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ေလွ်ာက္လႊာေတြကို ဒီေနရာမွာ ရယူႏုိင္ၿပီး အေသးစိတ္ကို ဖုန္း-၀၁-၇၀၃၂၇၅၊ ၀၉၇၆၇၃၇၇၅၈၃ နဲ႔ အီးေမးလ္ [email protected] ကုိ ဆက္သြယ္ စံုစမ္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာလက်မှတ် (Registered Senior Engineer) အင်ဂျင်နီယာအဆင့် ဆန်းစစ်ချက် ရေးဖြေစာမေးပွဲ အပိုင်း ၁ ကို စက်တင်ဘာလ ၉ ရက်မှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

စာမေးပွဲကို နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲ အထိလည်းကောင်း၊ နေ့လယ် ၁ နာရီခွဲ မှ ညနေ ၃ နာရီခွဲ အထိ လည်းကောင်း ကျင်းပသွားမှာပါ။ စာမေးပွဲကို B.E ဘွဲ့ရပြီး A.E.C လက်မှတ်လျှောက်ထားပြီးသူတွေ၊ B.Tech ဘွဲ့ရပြီး လုပ်သက် ၁၂ နှစ်နှင့် အထက်ရှိသူတွေ၊ A.G.T.I လက်မှတ်ရရှိပြီး လုပ်သက် ၁၅ နှစ်နှင့် အထက် ရှိသူတွေ၊ R.E လက်မှတ်ရရှိပြီးသူတွေ ဖြေဆိုရန် လျှောက်ထားနိုင်ပါတယ်။ စာမေးပွဲဝင်ခွင့်ကြေးကို KBZ ဘဏ် ငွေစာရင်းအမှတ် ၂၃၅-၃၀၄-၂၃၅၀၀၀၄၀၀၀၁ သို့ ပေးသွင်းနိုင်ပြီး လျှောက်လွှာနဲ့အတူ ငွေသွင်းချလန်မိတ္တူ ၂ စောင်၊ ဘွဲ့လက်မှတ်မိတ္တူ ၁ စောင်၊ မှတ်ပုံတင် မိတ္တူ ၁ စောင်၊ ဓာတ်ပုံ ၂ ပုံနဲ့ R.S.E စာရင်းသွင်း ငွေသွင်းချလန်မိတ္တူ (R.S.E လျှောက်ထားပြီးသူများ) တစ်စောင်နဲ့အတူ ပူးတွဲတင်ပြလျက် လျှောက်ထားကြရမှာဖြစ်ပါတယ်။

စာစစ်ဌာနတွေအဖြစ် ရန်ကုန်စာစစ်ဌာနနဲ့ မြန်မာအင်ဂျင်နီယာအသင်းရုံးခွဲ တည်ရှိရာ မြို့တွေမှာ ကျင်းပပေးမှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို သြဂုတ်လ ၁၇ ရက် နောက်ဆုံးထားကာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံးချုပ် သို့မဟုတ် သက်ဆိုင်ရာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ရုံးခွဲတွေမှာ လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို ဒီနေရာမှာ ရယူနိုင်ပြီး အသေးစိတ်ကို ဖုန်း-၀၁-၇၀၃၂၇၅၊ ၀၉၇၆၇၃၇၇၅၈၃ နဲ့ အီးမေးလ် [email protected] ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-သန္တာ