မ်က္ႏွာျပင္ကေန ကုိယ္ထည္အခ်ိဳး ၉၀ ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး selfie ကင္မရာ 24MP ပါဝင္လာတဲ့ Vivo X21i

[Zawgyi]

ဓာတ္ပုံမ်ားစြာ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ Vivo x21i ကို အခုအခါ တ႐ုတ္ႏိုင္ငံမွာ တရားဝင္မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။

Vivo X21i ဟာ Vivo X21 ရဲ႕ဒီဇိုင္းအျပင္ hardware နဲ႔ feature ေတြနဲ႔လည္း နီးစပ္မႈရွိပါတယ္။ Vivo X21i ရဲ႕ အေျပာင္းအလဲတခ်ိဳ႕ကေတာ့ X21 ကလို Snapdragon 660 အသုံးမျပဳထားဘဲ MediaTek ရဲ႕ Helio P60 အသုံးျပဳထားၿပီး ေရွ႕ကင္မရာကို 12MP ကေန 24MP အထိျမႇင့္တင္ခဲ့ပါတယ္။ ။ Vivo အေနနဲ႔ X21i စမတ္ဖုန္းကို selfie အသားေပးစမတ္ဖုန္းအျဖစ္ ဖန္တီးခဲ့ပါတယ္။

X21i စမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္က ၆.၂၈ လက္မ (႐ုပ္ထြက္အရည္အေသြး 1080x 2280) ျဖစ္ၿပီး 19:9 aspect ratio နဲ႔ Super AMOLED display အျပင္ ကိုယ္ထည္အခ်ိဳးကို ၉၀.၃ ရာခုိင္ႏႈန္းအထိ တုိးခ်ဲ႕ဖို႔ ထိပ္ဘက္မွာ notch တစ္ခု ထည့္သြင္းခဲ့ပါတယ္။ ဖုန္းရဲ႕ ထိပ္ဘက္နဲ႔ ေဘးဘက္က ေဘးေဘာင္ေတြကိုေတာ့ မေတြ႕ျမင္ရသေလာက္ပါပဲ။

Vivo X21i ကုိ ေမာ္ဒယ္ႏွစ္မ်ိဳး ထုတ္လုပ္ထားပါတယ္။ အဲဒီေမာ္ဒယ္ႏွစ္ခုက 6GB+ 64GB နဲ႔ 4GB+ 128GB ျဖစ္ၿပီး ထူးဆန္းတာက ေဈးႏႈန္းက အတူတူပဲျဖစ္ပါတယ္။ ဖုန္းရဲ႕ dual-camera setup ေအာက္မွာ fingerprint reader ထည့္သြင္းထားပါတယ္။ Dual-camera မွာေတာ့ AI scene detection နဲ႔ 12MP sensor ႏွစ္ခု ပါဝင္လာပါတယ္။

ကင္မရာက အသားအေရ အေနအထားနဲ႔ လိင္အမ်ိဳးစားကို ခြဲျခားသိႏိုင္သလို ပတ္ဝန္းက်င္ကုိ ခြဲျခားေပးႏိုင္ၿပီး အသင့္ေတာ္ဆုံး filter ကုိလည္း အသုံးျပဳေပးႏိုင္ပါတယ္။ Vivo X21i မွာ ဘက္ထရီ 3,425mAh ပါဝင္ၿပီး FunTouch OS 4.0 နဲ႔ Android 8.1 Oreo ကို တစ္ပါတည္း ထည့္သြင္းေပးထားပါတယ္။


X21i ေမာ္ဒယ္ႏွစ္မ်ိဳးစလုံးကို တ႐ုတ္ႏိုင္ငံမွာ ေမလ ၁၉ ရက္ကစၿပီး ၄၂၅ ေဒၚလာနဲ ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။ အနီ၊ အျဖဴနဲ႔ အနက္ဆုိၿပီး အေရာင္သုံးေရာင္ ထုတ္လုပ္ထားပါတယ္။

စိုးထက္
Ref: GSMArena

===========

[Unicode]

ဓာတ်ပုံများစွာ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ Vivo x21i ကို အခုအခါ တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Vivo X21i ဟာ Vivo X21 ရဲ့ဒီဇိုင်းအပြင် hardware နဲ့ feature တွေနဲ့လည်း နီးစပ်မှုရှိပါတယ်။ Vivo X21i ရဲ့ အပြောင်းအလဲတချို့ကတော့ X21 ကလို Snapdragon 660 အသုံးမပြုထားဘဲ MediaTek ရဲ့ Helio P60 အသုံးပြုထားပြီး ရှေ့ကင်မရာကို 12MP ကနေ 24MP အထိမြှင့်တင်ခဲ့ပါတယ်။ ။ Vivo အနေနဲ့ X21i စမတ်ဖုန်းကို selfie အသားပေးစမတ်ဖုန်းအဖြစ် ဖန်တီးခဲ့ပါတယ်။

X21i စမတ်ဖုန်းရဲ့ မျက်နှာပြင်က ၆.၂၈ လက်မ (ရုပ်ထွက်အရည်အသွေး 1080x 2280) ဖြစ်ပြီး 19:9 aspect ratio နဲ့ Super AMOLED display အပြင် ကိုယ်ထည်အချိုးကို ၉၀.၃ ရာခိုင်နှုန်းအထိ တိုးချဲ့ဖို့ ထိပ်ဘက်မှာ notch တစ်ခု ထည့်သွင်းခဲ့ပါတယ်။ ဖုန်းရဲ့ ထိပ်ဘက်နဲ့ ဘေးဘက်က ဘေးဘောင်တွေကိုတော့ မတွေ့မြင်ရသလောက်ပါပဲ။

Vivo X21i ကို မော်ဒယ်နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ အဲဒီမော်ဒယ်နှစ်ခုက 6GB+ 64GB နဲ့ 4GB+ 128GB ဖြစ်ပြီး ထူးဆန်းတာက ဈေးနှုန်းက အတူတူပဲဖြစ်ပါတယ်။ ဖုန်းရဲ့ dual-camera setup အောက်မှာ fingerprint reader ထည့်သွင်းထားပါတယ်။ Dual-camera မှာတော့ AI scene detection နဲ့ 12MP sensor နှစ်ခု ပါဝင်လာပါတယ်။

ကင်မရာက အသားအရေ အနေအထားနဲ့ လိင်အမျိုးစားကို ခွဲခြားသိနိုင်သလို ပတ်ဝန်းကျင်ကို ခွဲခြားပေးနိုင်ပြီး အသင့်တော်ဆုံး filter ကိုလည်း အသုံးပြုပေးနိုင်ပါတယ်။ Vivo X21i မှာ ဘက်ထရီ 3,425mAh ပါဝင်ပြီး FunTouch OS 4.0 နဲ့ Android 8.1 Oreo ကို တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။

X21i မော်ဒယ်နှစ်မျိုးစလုံးကို တရုတ်နိုင်ငံမှာ မေလ ၁၉ ရက်ကစပြီး ၄၂၅ ဒေါ်လာနဲ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အနီ၊ အဖြူနဲ့ အနက်ဆိုပြီး အရောင်သုံးရောင် ထုတ်လုပ်ထားပါတယ်။

စိုးထက်
Ref: GSMArena