September 19, 2017

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ရင် မှုန်ရီတုန်ဝါးတဲ့ ဓာတ်ပုံတွေ ဘယ်တော့မှ ထပ်မရိုက်မိအောင် ဘယ်လိုလုပ်မလဲ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံတွေ ရိုက်ခဲ့တာဟာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ပုံကောင်းကောင်းလေး ရိုက်ခဲ့ပြီး သေသေချာချာ အရောင်တွေ ပြန်ချိန်တဲ့ အချိန်ကျမှ မမျှော်မှန်းထားတဲ့ မှုန်ရီတုန်ဝါးနေတာကို တွေ့လိုက်ရတဲ့အခါ စိတ်ပျက်သွားတာမျိုးကို ကြုံဖူးကြမှာပါ။ အဲလိုဖြစ်ရတာဟာ မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ အချို့ ဆောင်ရန်ရှောင်ရန် ကိစ္စလေး မသိထားလို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုပြောပြမယ့် အကြောင်းအရာကတော့ မှုန်ရီတုန်ဝါးနေတာတွေ ဘယ်လိုဖြစ်တတ်တယ်ဆိုတာနဲ့ ဘယ်လိုဖြေ ရှင်းရတယ်ဆိုတာကို ရေးသားပေးသွားမှာဖြစ်ပါတယ်။

ပြဿနာ (၁) သင့်ရဲ့ဓာတ်ပုံဟာ Focus မမိခြင်း

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ထားတဲ့အခါမှာ အများစုအဖြစ်များတဲ့ အကြောင်းပြချက်က ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံက Focus မမိဘဲဖြစ်နေတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ Focus မမိတာက ကိုယ်ရိုက်ထားတဲ့ အဓိကအရေးကြီးတာတွေက မပြတ်သားဘဲ ဝါးနေပြီး အခြားမလိုချင်တာတွေက ပြတ်သားနေတာမျိုးဖြစ်ပါတယ်။ အဲလိုမဟုတ်ရင် ပုံထဲမှာရှိတာတွေ အကုန်ဝါးနေပြီး Focus မပြတ်သားတာမျိုးလည်း ဖြစ်ပါတယ်။

အပေါ်ကပုံမှာဆိုရင် Foreground ရဲ့ပုံရိပ်တွေဟာ ပြတ်သားနေပြီး အခြားနေရာတွေမှာ မပြတ်သားလို့ ပြည့်စုံတဲ့ ဓာတ်ပုံဖြစ်မနေပါဘူး။ ပုံထဲမှာပါဝင်တဲ့ Foreground မှာ ရှိနေပန်သီးတွေဟာ Focus ပြတ်သား တဲ့နေရာမှာရှိနေပါတယ်။ ပုံရိပ်တွေကလည်း ပြတ်သားနေပါတယ်။ တကယ့်အရေးကြီးတဲ့ လူပုံကတော့ ဝါးနေပြီး ပုံရိပ်ထဲမဝင်ဘဲ out of focus ဖြစ်နေပါတယ်။
မိုဘိုင်းဖုန်း user အများစုဓာတ်ပုံရိုက်တဲ့အခါ လုပ်တတ်တဲ့ အလေ့ အကျင့်က ဓာတ်ပုံရိုက်ပြီဆိုရင် focus ပြတ်ဖို့ ချိန်ညှိလေ့မရှိပါဘူး။ မိုဘိုင်းဖုန်းကင်မရာရဲ့လုပ်ဆောင်ပုံကပုံထဲမှာပေါ်နေတဲ့ ကျယ်ပြောလှတဲ့ တူညီတဲ့ အရာဝတ္ထုတွေကို Focus ပြတ်ဖို့အတွက် ပုံရိပ်ကိုအလျင် အမြန်ဖမ်းယူဖို့အတွက် ခက်ခဲလှပါတယ်။ အချို့ အစိတ်အပိုင်းတွေ ဟာ နီးနေတဲ့နေရာတွေမှာရှိပြီး အချို့ အစိတ်အပိုင်းတွေကခပ်လှမ်း လှမ်းနေရာမှာ ရှိနေတာမျိုးနဲ့ အဲလိုမှ မဟုတ်ရင် ကိုယ် focus လုပ်ထားတာက ချက်ချင်းဆိုသလို လှုပ်ရှားသွားတာမျိုးဆိုရင် အဲ့အချိန် ဓာတ်ပုံ ရိုက်လိုက်တာနဲ့ Focus out သွားတတ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Depth of field သေးငယ်တဲ့ ကင်မရာပါဝင်တဲ့ မိုဘိုင်းဖုန်းတွေမှာ အဲလိုမျိုးအဖြစ်မျိုး အဖြစ်များတာကို တွေ့ရပါတယ်။ Depth of field သေးငယ်တာဟာ large apature ဖွင့်ပြီး ရိုက်ကူးတဲ့အခါအတွက် အရမ်းကောင်းတယ်ဆိုပေမယ့် Focus ပြတ်သားဖို့အတွက်တော့ တော်တော်လေးဂရုစိုက်ရပါတယ်။

ဖြေရှင်းနည်း။ ။ Auto focus ပေါ် မှီခိုခြင်းကို ရပ်တန့်လိုက်ပါ။

အကောင်းဆုံးနည်းလမ်းကတော့ ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ Focus ကို ကိုယ်တိုင် အမြဲတမ်းမှတ်သားပေးပြီး ရိုက် ကူးခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဖုန်းနဲ့ ရိုက်ကူးတဲ့အခါမှာ ဖုန်းရဲ့ Screen ပေါ်မှာပေါ်နေတဲ့ ပုံရိပ်ထဲကမှ ကိုယ်ပြတ်သားလိုတဲ့ ပုံရိပ်ကို Tap လုပ်ပြီး ရွေးချယ်ရိုက်ကူးနိုင်ပါတယ်။

ဥပမာတစ်ခုအနေနဲ့ ပြရရင် အပေါ်မှာပြထားတဲ့ပုံဟာ Screen ရဲ့ Foreground မှာရှိတဲ့ တင်းနစ်ဘောလုံးကို Tap ပေးထားတဲ့အတွက် ဘောလုံးဟာ Focus ပြတ်သားနေတာတွေ့ရပါတယ်။ Focus ပြတ်သားတဲ့အတွက်ကြောင့် တင်းနစ်ဘောလုံးဟာ ပြတ်သားနေပြီး Background မှာရှိနေတဲ့ အဆောက်အဦဟာ ဝါးနေတာကို တွေ့ရပါတယ်။ တကယ်လို့ ကိုယ်က ဓာတ်ပုံကိုရိုက်တော့မယ်ဆိုရင် အရေးကြီးတယ်လို့ ထင်ရတဲ့ Subject ကို အပေါ်ကနည်းအတိုင်း Tap လုပ်ပြီး မှတ်သား ရိုက်ကူးနိုင်ပါတယ်။

တစ်ခါတစ်ရံမှာ ကိုယ်ကလိုချင်တဲ့ Focus ကို သေသေချာချာ Tap လုပ်ပြီး ရွေးချယ်ထားပေမယ့် Screen ထဲကို မထင်ထားတဲ့ အခြားအရာ ဝတ္ထုဖြတ်ဝင်လာရင်တော့ ဖုန်းက focus ရှုပ်ထွေးသွားပြီး ဘယ်ကို Focus ဖြတ်ရမှန်းမသိဘဲပုံတွေ ဝါးသွားတတ်ပါတယ်။

အဲလိုအမှားမျိုး ဖြစ်မယ်ဆိုရင်တော့ ဖုန်းမှာ Focus ပြန်ထောက်ပြီး ဓာတ်ပုံကို ပြန်ရိုက်နိုင်ပါတယ်။ အပေါ်ကပုံမှာတော့ မိန်းမတစ်ယောက်က ဓာတ်ပုံရိုက်မယ့် Frame ထဲကို ဝင်ရောက်လာပေမယ့် ဖုန်းကင်မရာက ဘယ်ကိုရိုက်ရမှန်းမသိဘဲ ရိုက်လိုက်ရင် အခုပုံမှာ ပြထားသလိုပဲ ဝါးနေတဲ့ ဓာတ်ပုံကိုပဲ ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဖုန်းကင်မရာရဲ့ Screen မှာ refocus ပေးလိုက်မယ်ဆိုရင် ပုံကောင်းတစ် ပုံကို ရရှိမှာပဲဖြစ်ပါတယ်။

iPhone နဲ့ အချို့ Android ဖုန်းတွေမှာ Auto focus ကို Lock လုပ်နိုင်တဲ့နည်းတွေလည်း ပါဝင်ပါတယ်။ ကိုယ်ရိုက်ကူးချင်တဲ့ ပိုပြီး ပြတ်သားချင်တဲ့ Subject ကို Screen ပေါ်မှာ နှစ်စက္ကန့်လောက် ဖိထားလိုက်မယ်ဆိုရင် AE/AF lock ဆိုတာလေး ပေါ်လာပြီး ကိုယ်ရိုက်ချင်တဲ့ Subject ကို Focus မပြတ်သွားအောင် Lock ချထားပါလိမ့်မယ်။

Focus ကို lock ချထားတဲ့အခါမှာ Screen ထဲကိုဝင်လာတဲ့ တစ်ခုခု ဝင်လာရင်တောင်မှ Focus ကို ပြောင်းလဲသွားမှာမဟုတ်ဘဲ Auto focus ကို Disable လုပ်ပေးထားမှာဖြစ်ပါတယ်။ တကယ်လို့မှ ပိုကောင်းတဲ့ Subject တစ်ခုပေါ်လာမယ်ဆိုရင် Lock လုပ်ထားကို Screen ပေါ် tap လုပ်ပြီး ပြန်ပြီး Focus ပြန်လုပ်နိုင်ပါတယ်။

ပြဿနာ (၂) ကင်မရာလှုပ်ရမ်းခြင်း

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးရင် နောက်ထပ် ကြုံတွေ့တတ်တဲ့ ပြဿနာက ကင်မရာလှုပ်ရမ်းလို့ ပုံကောင်းတွေမထွက်ခြင်းဘဲ ဖြစ်ပါတယ်။ အချို့ဖုန်းတွေ Shutter speed မြန်တယ်ဆိုပေမယ့် Low light အနေအထားတွေမှာဆိုရင်တော့ တော်တော်လေး သတိထားရတာကို တွေ့ရပါတယ်။ အချို့ အလင်းအားကောင်းနေတဲ့ အခြေအနေ မျိုးတွေမှာဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ အဆင်ပြေစေနိုင်ပေမယ့် အလင်းအားလျော့နည်းသွားရင် လက်ကိုငြိမ်အောင် ထိန်းသိမ်းပြီး ရိုက်ကူးရပါတယ်။

ဥပမာတစ်ခု ပေးရမယ်ဆိုရင်ဖြင့် အောက်မှာပြထားတဲ့ ဖုန်းနဲ့ ရိုက်ထားတဲ့ဓာတ်ပုံမှာဝါးနေတဲ့ပုံတစ်ပုံအဖြစ် တွေ့ရမှာပါ။ ဒီဓာတ်ပုံ ဟာ ကြည့်လိုက်တာနဲ့ ကင်မရာမငြိမ်လို့ ဝါးနေတယ်ဆိုတာကို ကြည့် လိုက်တာနဲ့ သိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံထဲမှာပါဝင်တဲ့ ပုံရိပ်တွေဖြစ်တဲ့ Foreground ကော Background နှစ်ခုလုံးပါ ဝါးနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ဖြေရှင်းနည်း။ ။ သင့်ရဲ့ဖုန်းကင်မရာကို ငြိမ်အောင်ထားပြီး ရိုက်ပါ။

ဖုန်းကင်မရာနဲ့ ရိုက်ကူးတဲ့အခါမှာ အရမ်းလှုပ်ရမ်းနေရင် ဘယ်လိုမှ ဓာတ်ပုံကောင်းတွေ ရနိုင်မှာမဟုတ်ဘူးဆိုတာအခြေခံအားဖြင့် သိရှိပြီး ဖြစ်မှာပါ။ ဖုန်းရဲ့ကင်မရာတွေဟာ Stability အတွက် အများကြီး အထောက်အပံ့ကောင်းကောင်း မပေးထားသလို Shutter Speed ကောင်းတဲ့ ဖုန်းကလည်း အနည်းစုသာဖြစ်ပါတယ်။ ညဘက်မှာ ရိုက် ကူးတဲ့အခါမှာပိုပြီး သတိထား ရိုက်ကူးရမှာဖြစ်လို့ လက်နဲ့ရိုက်ကူးတဲ့ ညဘက်ဓာတ်ပုံတွေဟာ ပုံမကောင်းတာများ ကြပါတယ်။ ဒါကြောင့် ဖုန်းနဲ့ ညဘက်ဓာတ်ပုံကောင်းတွေ ရိုက်ကူးချင်တယ် ဆိုရင်တော့ Tripod က အကောင်းဆုံးပဲ ဖြစ်ပါတယ်။ Tripod နဲ့ ရိုက်ကူးရင်တောင် Shutter ခလုတ်ကို လက်နဲ့မနှိပ်ဘဲ Timer 3 second လောက်ပေးပြီး ရိုက် ကူးခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

အမှောင်အား ကြီးနေတဲ့အချိန် ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာ မိုဘိုင်းဖုန်းကင်မရာက အလိုအလျောက် ပြုလုပ်ပေးတဲ့စနစ်မှာ အချို့သော ဖုန်းစနစ်တွေက အမှောင်ထဲမှာ ရိုက်ကူးလို့ကောင်းအောင် တီထွင် ဖန်တီးပေးထားကြပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေမှာ ပြီးပြည့်စုံ မှုကို မရရှိတတ်ကြပါဘူး။ မှောင်နေတဲ့ နေရာတွေ ရိုက်ကူးမယ်ဆိုရင် လက်နဲ့ပဲကိုင်ပြီး ရိုက်ကူးခြင်းကို အတတ်နိုင်ဆုံးရှောင်တာ အကောင်းဆုံးပါပဲ။ မိုဘိုင်းဖုန်းကို Tripod Stand တစ်ခုနဲ့ ထောင်ပြီး ရိုက်ကူးခြင်း က အကောင်းဆုံးဖြစ်သလို အဲ့လို Stand နဲ့ ရိုက်ကူးချိန်မှာ Exposure ကစားလို့ရတဲ့ Camera app တွေ ထည့်သုံးရင် ပိုကောင်းပါတယ်။ အဲဒါဆို ပိုလန်းတဲ့ ဓာတ်ပုံတွေရနိုင်မှာပါ။

ပြဿနာ (၃) ရွေ့လျားနေတဲ့ပုံတွေဟာဝေဝါးနေခြင်း (Motion Blur)

Camera shake လိုပါပဲ။ ဖုန်းရဲ့ကင်မရာက Shutter ဖွင့်ပြီးရိုက် ကူးလိုက်တဲ့အခါမှာ လှုပ်ရှားနေတဲ့ ပုံရိပ်တစ်ခုက ဝေဝါးသွားတဲ့ ပုံစံမျိုး
ပဲဖြစ်ပါတယ်။ ဒါပေမဲ့ Camera shake နဲ့ မတူညီတဲ့ အချက်တွေ တော့ရှိပါတယ်။ အဲဒါတွေက Motion blur ဟာ ရွေ့လျားနေတဲ့ Subject ပေါ်မှာပဲ ဝါးသွားတဲ့ ပုံရိပ်တွေကိုဖြစ်ပေါ်စေခြင်းပဲ ဖြစ်ပါတယ်။ Camera shake လိုမျိုးပဲ အလင်းရောင် အားနည်းတဲ့အခါမျိုး မှာ အလင်းအမှောင်မညီတဲ့ အခါမျိုးတွေပဲ Motion blur တွေဖြစ်ဖို့ များ စေတာကို တွေ့ရပါတယ်။

အပေါ်ကပုံမှာ Motion blur ဥပမာတစ်ခုပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံ ဟာဆိုရင် ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ခုဖြစ်ပြီး ပုံထဲမှာပါတဲ့ လူနှစ်ယောက်မှာ အနောက်ကရပ်နေတဲ့ လူမှာထင်ရှားနေပြီး ဒါပေမဲ့ သူရဲ့လှုပ်နေတဲ့လက်က ဝါးနေတာကို တွေ့ရပါတယ်။ နောက်ပြီးအရှေ့က လှုပ်နေတဲ့ လူကတော့ ရွေ့နေတဲ့လူဖြစ်တဲ့အတွက် ဝါးနေတာကို တွေ့ရပါတယ်။

ဖြေရှင်းနည်း။ ။ ရွေ့လျားနိုင်တာတွေ လျှော့ချရိုက်ကူးပါ။

Motion Blur ဖြစ်တဲ့အခါမှာ ဖြည့်ရှင်းနိုင်တဲ့ နည်းလမ်းတွေ အများအပြားရှိပါတယ်။ အဲ့ဒီထဲမှာမှ အလင်းအားများအောင် ဖန်တီး ရိုက်တာပဲဖြစ်ဖြစ် အလင်းကောင်းကောင်း ရတဲ့နေရာမှာ ရိုက်ကူးတဲ့ နည်းလမ်းတစ်ခုနဲ့ နောက်တစ်နည်းက ကိုယ်ရိုက်ကူးမယ့် Subject
ကို ငြိမ်နေအောင် အတတ်နိုင်ဆုံးထားပြီး ရိုက်ကူးတဲ့ နည်းလမ်းတွေ ဟာ အသုံးများတဲ့ နည်းလမ်းနှစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတ
လေမှာလည်း အခြေအနေကိုမူတည်ပြီး နည်းလမ်းအချို့ ထွက်လာနိုင်ပါသေးတယ်။

Camera Shake လိုမျိုးပဲ ရိုက်ကွင်းတစ်ခုတည်းကို မတူညီတဲ့ အမြင်တွေနဲ့ ရိုက်ကူးထားခြင်းဖြင့် Motion blur ကို လျှော့ချထားနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့များ မတော်တဆအနေနဲ့ ဓာတ်ပုံမှာ Motion Blur ဖြစ်နေတဲ့ ဓာတ်ပုံတွေ ပါဝင်လာခဲ့မယ်ဆိုရင် ပုံတွေများများ ရိုက်ကူးထားတဲ့အတွက် ပိုပြီးထင်ရှားပြီး ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရွေးချယ်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ motion blur နဲ့ camera shake နှစ်ခုစလုံးကို လျှော့ချတဲ့အခါမှာ အလင်းအမှောင်ပေါ်မှာလည်း အများကြီးမူတည်တာကို တွေ့ရပါတယ်။ အလင်းအားနည်းသွားတဲ့အခါမှာ ပုံတစ်ပုံကို ဖမ်းယူဖို့အတွက် Shutter က နှေးကွေးသွားရတာကြောင့် ဝါးတဲ့ပုံတွေ ထွက်လာမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖုန်းနဲ့ဓာတ်ပုံ ရိုက်တဲ့အခါမှာ Screen ပေါ်မှာ Subject ကို Tap လုပ်ပြီး ပေါ်လာတဲ့ Slide bar မှာ လက်ချောင်းနဲ့ up လုပ်ရင် Exposure ပွင့်လာပြီး အလင်းအား ကောင်းသွားမှာဖြစ်ပြီး Down လိုက်ရင် Exposure နည်းသွားတာကြောင့် မှောင်သွားမှာပဲ ဖြစ်ပါတယ်။ အဲလိုအခြေအနေမျိုးမှာ Exposure ဖွင့်ရိုက်ထားတဲ့ ဓာတ်ပုံဟာပိုပြီး ရုပ်ထွက်ပြတ်သားတာကို တွေ့ရပါတယ်။

-စည်သူ