September 19, 2017

မိုဘိုင်းဖုန်း Photography အတွက် အသုံးဝင်မည့် ဆက်စပ်ပစ္စည်းများ

REMAX MoonLight Spray
LED Selfie Spot

တန်ဖိုး- ၁၂,၀၀၀ ကျပ်
ဖုန်း-၀၉ ၂၅၉၉၁၁၉၀၀

Selfie ပုံရိုက်ရာတွင် အသုံးတည့်စေမည့် REMAX MoonLight Spray LED Selfie Spot မီးအိမ်ငယ်ဖြစ်သည်။ အလင်းရောင်အား နည်းသော နေရာများတွင် ရိုက်ကူးမည့်အခါ ပုံထွက်ကောင်းစေရန် အလင်းရောင် ၃ မျိုးဖြင့် အလင်းပေးနိုင်မည့်အပြင် နေ့ခင်းဘက် ရိုက်ကူးသည့်အခါတွင်လည်း အေးမြသောရေငွေ့များ ထုတ်ပေးနိုင်သည့် ရေဖျန်းစက်လည်း ပါဝင်သည်။

Aipai Spot Lamp & Selfie Lens Set

တန်ဖိုး – ၃၅,၅၀၀ကျပ်
ဖုန်း – ၀၁ ၅၀၀၁၆၆

ရှုခင်းများ၊ အလှဓာတ်ပုံများကို မြင်ကွင်းကျယ်ကျယ်နှင့် ရိုက်ကူးလိုသူများအတွက် ရိုက်ကွင်းအကျယ်အဝန်းကို 150 Degree
အထိ ထပ်မံချဲ့ပေးနိုင်မည့် Aipai Spot Lamp & Selfie Lens Set ဖြစ်သည်။ အဆ ၅၀ အထိ Zoom ချဲ့ပေးနိုင်မည့် Micro Lens မှန်
ဘီလူးတစ်ခုအပြင် Fisheyes Lens တစ်ခုလည်း ပါဝင်သည်။ Flash မီးအတွက် အထောက်အပံ့ လုပ်ပေးနိုင်သော Spot Lamp တစ်ခုလည်းပါဝင်ပြီး မီးအရောင်သုံးမျိုးနှင့် မီးအလင်းအမှောင်သုံးဆင့် စိတ်ကြိုက် ပြောင်းနိုင်မည်ဖြစ်သည်။

Monopod and Tripod w/ Bluetooth Shutter

တန်ဖိုး – ၁၉,၀၀၀
ဖုန်း – ၀၉ ၂၅၉၉၁၁၉၀၀

YUNTENG VCT-1688 သည် အလူမီနီယံ ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် Monopod and Tripod w/ Bluetooth ဖြစ်သည်။ Selfie Stick အဖြစ်သာမက Tripod အဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ Bluetooth စနစ်ဖြင့် ဖုန်းဖြင့် ချိတ်ဆက်ကာ ကင်မရာတပ်ဆင်ရိုက်ကူးနိုင်ပြီး Bluetooth Remote Shutter ခလုတ်ပါဝင်လာသည်။ Monopod and Tripod w/ Bluetooth Shutter ကို 134 Cm အမြင့်ထိ မြှင့်နိုင်မည်ဖြစ်သည်။

Handheld Gimbel Package

တန်ဖိုး- ၁၆၀,၀၀၀ ကျပ်
ဖုန်း – ၀၉ ၇၉၈၆၄၃၉၁၁

ဖုန်းဖြင့် Video နှင့် Photo များ မှတ်တမ်းတင် ရိုက်ကူးသည့်အခါ လက်မငြိမ်သောကြောင့် ရုပ်ထွက်မကောင်း ဖြစ်နေသူများအတွက် ဖုန်းတွင် တပ်ဆင် အသုံးပြုနိုင်မည့် Handheld Gimbel ဖြစ်သည်။ Follow Mode, Target Lock Mode, Tilt Up Down and Bluetooth သော Function များ ပါဝင်သည်။ Handheld Gimbel Package တွင် Rechargable Battery (၃လုံး) နှင့် Charger ပါဝင်သည်။

18X Phone Telephoto Lens

တန်ဖိုး- ၃၇,၈၀၀ ကျပ်
ဖုန်း- ၀၁ ၂၅၂၆၂၇၊ ၀၂ ၆၉၃၈၉

ဖုန်းနှင့် ဓာတ်ပုံများ ရိုက်ရာတွင် Zoom ကြီးကြီးဆွဲချင်သူများအတွက် အသစ်ရောက်ရှိလာသော 18X Phone Telephoto Lens တစ်မျိုးဖြစ်သည်။ 18X အထိ optical zoom ဆွဲပေးနိုင်သည့် အတွက် အဝေးမှ အရာဝတ္ထုများကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးယူနိုင်မည် ဖြစ်သည်။ အကွာအဝေး မီတာ ၃၀၀ အထိ ကြည်လင်ပြတ်သားစွာ ဆွဲယူရိုက်ကူးနိုင်မည် ဖြစ်သည်။ ဖုန်းအားလုံး
နီးပါးနှင့် အဆင်ပြေစွာ အသုံးပြုနိုင်သကဲ့သို့ Telephoto Lens တပ်ရာတွင်လည်း အဆင်ပြေစေရန် Clip ကို အရှင်လုပ်ပေးထားမည် ဖြစ်သည်။ အဝေးကပုံရိပ်များကို ရိုက်ယူရာတွင် ပိုမိုတည်ငြိမ်မှုရှိစေရန် Mini Tripod တစ်ခု ထည့်သွင်းပေးထားမည် ဖြစ်သည်။

Apexel APL-0.63WM 2 in 1 Phone Lens

တန်ဖိုး – ၂၀,၉၀၀ ကျပ်
ဖုန်း- ၀၁ ၂၅၂၆၂၇၊ ၀၉ ၉၁၀၃၉၂၀၆

သဘာဝ၏ အလှတရားများကို လှသည်ထက်ပိုလှအောင် ဖန်တီးချင်သူ (Phone Camera) Photographer များ နှစ်သက်နိုင်မည့် Apexel အမှတ်တံဆိပ် APL-0.63 WM မော်ဒယ် Micro+Wide 2 in 1Lens တစ်မျိုးဖြစ်သည်။ Lens မှာ Micro 12.5x ပါဝင်ပြီး Wide အတွက် 0.63 x ပါဝင်မည်ဖြစ်သည်။ 12.5x ရှိသော Micro Lens တွင် Micro ပုံရိပ်များအတွက် လေးလက်မ၊ ငါးလက်မအကွာကနေ အကြည်လင်ဆုံး Focus ဖြတ်ပေးနိုင်မည်ဖြစ်သည်။ 0.63x ရှိသည့် wide lens အစွမ်းကလည်း ဆွဲဆောင်မှုရှိသည့်အပြင် ဘေးဘောင်များ ၀ါးမသွားနိုင်သည့်အတွက် မိမိလိုချင်သည့် View ကို အပြည့်အ၀ အသုံးချခွင့် ရရှိနိုင်မည်ဖြစ်သည်။

Osmo 4K Camera Handheld Gimbal Stabilizer

တန်ဖိုး- ၅၉၀,၀၀၀ ကျပ်
ဖုန်း – ၀၁ ၃၈၂၈၆၈၊ ၃၉၂၄၃၁

Professional ဆန်ဆန် တည်ငြိမ်ပြတ်သားသော Video များကို မိမိစိတ်ကြိုက် ရိုက်ကူးနိုင်သည့် DJI ၏ ထုတ်ကုန်တစ်ခုဖြစ်သော Osmo 4K Camera Handheld Gimbal Stabilizer တစ်မျိုးဖြစ်သည်။ 3-axis Gimbal Stabilization နည်းပညာနှင့်အတူ ငြိမ်သက်ပြေပြစ်သည့် ပုံရိပ်များပါ Osmo မှာ ရရှိနိုင်ပြီး တခြား Intelligent Functions များနှင့် Mode လည်း ပါဝင်မည်ဖြစ်သည်။ မိမိဖုန်းကို လက်ဖြင့်ကိုင်ပြီး ရိုက်သကဲ့သို့ Video ရုပ်ထွက်တုန်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်သည်။ ခရီးသွားမှတ်တမ်းများ၊ လှုပ်ရှားမှုပုံရိပ်များကို X3(12 MP) ရှိသည့် Camera Lens ကို ထည့်သွင်းပေးထားပြီး တည်ငြိမ်ပြတ်သားသော 4K ရုပ်ထွက် Video များကိုလည်း မှတ်တမ်းတင်ထားနိုင်သော Portable Device တစ်ခုလည်း ဖြစ်သည်။

3 in1 Phone Lens

တန်ဖိုး- ၆,၅၀၀ ကျပ်
ဖုန်း – ၀၁ ၂၅၂၆၂၇၊ ၀၉ ၉၁၀၃၉၂၀၆

ဖုန်းနှင့်ဓာတ်ပုံ ရိုက်ကူးရာတွင် တွဲဖက်အသုံးပြုနိုင်သော MX 305 မော်ဒယ် 3 in 1 Phone lens တစ်မျိုး ဖြစ်သည်။ အဆောက်အအုံများနှင့် အိမ်ခန်းများကို Camera တစ်ကွက်တည်းပါအောင် ရိုက်ကူးနိုင်အောင် ကူညီအားဖြည့်ပေးမည့် 235 degree super fish eye lens ဖြစ်သည်။ တောတောင်ရေမြေနှင့် သဘာဝအလှတွေကို မြင်ကွင်းကျယ်ကျယ် ပေါ်အောင် အားဖြည့်ပေးမည့် 0.4x super wide Lens လည်း ပါဝင်မည်ဖြစ်ပြီး close up (micro) ပုံများ ရိုက်ကူးနိုင်ရန် ပံ့ပိုးပေးမည့် 19x micro lens သုံးမျိုး ပါဝင်သည့် Universal clip lens ဖြစ်သည်။ ဖုန်းအားလုံးနှင့် လွယ်ကူစွာ တပ်ဆင်အသုံးပြုနိုင်သည်။

Remax RM 501 Earphone

တန်ဖိုး – ၆,၀၀၀ ကျပ်
ဖုန်း-၀၉ ၇၇၄၀၃၀၆၂၀

သီချင်းကောင်းများကို နားဆင်လိုသူများအတွက် Bass သံထွက်ကောင်းမွန်ပြီး အသံထွက်ကောင်းမွန်သည့် Remax အမှတ်တံဆိပ် Earphone ဖြစ်သည်။ နားကြပ်ကို အကောင်းစား ပလတ်စတစ်ဖြင့် ပြုလုပ်ပေးထားပြီး ကြိုးကိုလည်း အကောင်းစား ဆီလီကွန် ရာဘာသားဖြင့် ပြုလုပ်ပေးထားသည်။ မိမိနားနှင့် အဆင်ပြေစေရန်အတွက် နားကြပ်စွပ်အပို နှစ်စုံပါဝင်ကာ အရောင်အနေဖြင့် အဖြူ၊ အနက်၊ မိုးပြာရောင်၊ ပန်းရောင်စသည့်ဖြင့် ရွေးချယ်ဝယ်ယူနိုင်သည်။

Wireless Mobile Phone Tripod

တန်ဖိုး – ၁၁,၉၀၀ ကျပ်
ဖုန်း – ၀၁ ၂၅၂၆၂၇၊ ၀၉ ၉၁၀၃၉၂၀၆

အားလပ်ရက်များတွင် အပြင်သွားရင်း၊ ခရီးထွက်ရင်း ဖုန်းနှင့် အလှအပ ရှုခင်းပုံများ ရိုက်ရန် စိတ်ကြိုက်အသုံးပြုနိုင်သည့် Selfie
tripod တစ်မျိုးဖြစ်သည်။ ပုံမှန်အသုံးပြုနေကျ Selfie stick တစ်ခုအနေနှင့် သာမကဘဲ Mobile phone tripod တစ်ခုအနေနှင့်ပါ အဆင်ပြေစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ဓာတ်ပုံရိုက်ဖို့အတွက် Bluetooth shooter လေး သပ်သပ်ထည့်သွင်း ပေးထားသည်။ Blue-
tooth shooter ကို Rechargeable battery နှင့် အသုံးပြုပေးထားပြီး အားကုန်ပါက micro 5 pin cable နှင့်လည်း အလွယ်တကူ အားပြန်သွင်းနိုင်မည် ဖြစ်သည်။ တစ်နာရီ အားသွင်းထားရုံဖြင့် အကြိမ် ၅၀၀ တိုင် ဓာတ်ပုံပြန် ရိုက်ကူးနိုင်မည် ဖြစ်သည်။ Standby အချိန်ကတော့ နာရီ ၁၀၀ ထားအသုံးပြုနိုင်သည်။ Selfie tripod အမြင့်အနေဖြင့် ၂၃၅-၁၀၀၅ မီလီမီတာ (သုံးပေခွဲခန့်) ရှိမည်ဖြစ်သည်။

Mobile Tripod

တန်ဖိုး – ၁၉,၀၀၀ ကျပ်
ဖုန်း-၀၉ ၉၅၂၀၀၈၉၈၉

Mobile Phone ဖြင့် အပျော်တမ်း ဓာတ်ပုံရိုက်ကူးကြသည့် သူများအတွက် အသုံးတည့်မည့် Yunteng အမှတ်တံဆိပ် Mobile Tripod ဖြစ်သည်။ Mobile Phone နှင့် Phablet များအဆင်ပြေပြေ တပ်ဆင် အသုံးပြုနိုင်မည်ဖြစ်သည်။ Tripod အရှည်ကို သုံးပေကျော်ကျော်အထိ ဆွဲဆန့်နိုင်ကာ Body ကို သတ္တုစပ်ဖြင့် တည်ဆောက်ပေးထားသည့်အတွက် ခိုင်ခံ့အကြမ်းခံသလို ပေါ့ပါးမှုလည်း ရှိသည့်အတွက် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်သည်။ Landscape နှင့် Wide View ရိုက်ကူးနိုင်ရန်အတွက် Tripod ကို အပေါ်အောက်လှည့်ချနိုင်သည်။

Baseus Double 3.5mm Jack

တန်ဖိုး – ၆,၅၀၀ ကျပ်
ဖုန်း – ၀၉ ၉၅၂၀၀၈၉၈၉

AUX Audio Port ပါဝင်သည့် မည်သည့် Device နှင့်မဆို ချိတ်ဆက်အသုံးပြုနိုင်သည့် Baseus အမှတ်တံဆိပ် Double Jack လေး
ဖြစ်သည်။ မိမိစမတ်ဖုန်းမှ သီချင်းများကို Speaker များနှင့် Headphone များတွင် ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ကြိုးအရှည်ကို မှာ 120 cm ရှိသည့်အတွက် လုံလောက်သည့် ကြိုးအရှည်ဖြစ်သည်။ Audio Cable ကြိုးကို ချည်သားဖြင့် ဖုံးအုပ်ပေးထားသည့်အတွက် အလွယ်တကူ ပြတ်ရှခြင်းကိုလည်း ကာကွယ်ပြီးသားဖြစ်သည်။

Rockspace P3 Series Powerbank

တန်ဖိုး – ၁၅,၅၀၀ ကျပ်
ဖုန်း – ၀၉ ၄၂၀၄၅၀၀၀၁

ခရီးသွားနေရင်း မိမိစမတ်ဖုန်းကို အားပြန်သွင်းနိုင်မည့် Rockspace အမှတ်တံဆိပ် P3 Series Powerbank ဖြစ်သည်။ Battery
6000 mAh ပါဝင်သည့်အတွက် စမတ်ဖုန်းနှစ်လုံးကို အားအပြည့် ပြန်လည်သွင်းနိုင်သည်။ USB Port တစ်ခုသာ ပါဝင်သည့်အတွက် ဖုန်းတစ်လုံးသာ အားပြန်သွင်းနိုင်သည်။ Quick Charge စနစ်ပါဝင်သည့်အတွက် Powerbank ကို အားပြန်သွင်းရာတွင်လည်း မြန်ဆန်သည်။ Powerbank ပေါ်ရှိ Battery Level ကို LED မီးသီးဖြင့် ဖော်ပြပေးထားပြီး ပါးလွှာပေါ့ပါးသည့်အတွက်
သယ်ဆောင်ရ လွယ်ကူသည်။

Selfie Spot Light

တန်ဖိုး – ၇,၅၀၀ ကျပ်
ဖုန်း – ၀၉ ၉၇၂၀၃၈၀၀၀

စမတ်ဖုန်းဖြင့် Selfie ဓာတ်ပုံရိုက်နှစ် သက်သူများအတွက် မီးအလင်းရောင် နည်းသည့်အချိန်များတွင် ရိုက်ကူးနိုင်မည့် Selfie Spot Light ဖြစ်သည်။ မီးလုံးပုံစံကို စက်ဝိုင်းပုံစံ ပြုလုပ်ပေးထားပြီး မီးလင်းအားကောင်းမွန်ကာ ဖုန်းတွင်တပ်ဆင်ဖို့အတွက် ဆီလီကွန်ကလစ် ပါဝင်သည်။

Bluetooth Wireless Keyboard

တန်ဖိုး – ၄၀,၀၀၀ ကျပ်
ဖုန်း – ၀၉ ၄၂၀၀၂၀ ၁၆၆

IOS နှင့် Android သုံးသူများအတွက် အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်မည့် Bluetooth Wireless Keyboard ဖြစ်သည်။ Bluetooth 3.0 ပါဝင်ကာ ၁၀ မီတာ ပတ်လည် အကွာအဝေးအသုံးပြုနိုင်သည်။ Keyboard မှာ သေးငယ်ပေါ့ပါးကာ အလေးချိန် ၁၅၅ ကီလိုဂရမ်သာ ရှိသည့်အတွက် အလွယ်တကူ သယ်ဆောင်နိုင်သည်။ USB ဖြင့် အားသွင်းရမည်ဖြစ်ကာ ၄ နာရီအားသွင်းပါက တစ်ရက်ခန့် အသုံးပြုနိုင်သည်။

Rock Space Bluetooth Headphone

တန်ဖိုး – ၃၇,၅၀၀ ကျပ်
ဖုန်း – ၀၉ ၇၇၄၀၃၀၆၂၀

သီချင်းကောင်းတွေကို နားဆင်လိုသည့် လူငယ်များအတွက် စတိုင်ကျကျနားထောင်နိုင်မည့် Rock Space အမှတ်တံဆိပ် Bluetooth Headphone ဖြစ်သည်။ နောက်ဆုံးပေါ် Bluetooth Version 4.1 ဖြစ်ပြီး အသံထွက်က Hi-Fi စနစ်ဖြစ်သည့်အတွက် အသံများကို ကြည်လင်ပြတ်သားစွာ နားဆင်နိုင်မည် ဖြစ်သည်။ သုံးနာရီကြာ အားအပြည့်သွင်းပြီးပါက ၅ နာရီကြာ နားဆင်နိုင်သည်။ နားကြပ်၏ ဘေးတွင် Next, Preview, Pause ခလုတ်ကို တပ်ဆင်ပေးထားသည့်အတွက် သီချင်းတွေကို ကျော်နိုင် နောက်ဆုတ်နိုင်သည်။

-ကောင်းမြတ်ထွန်း၊ အောင်သက်ကို၊ ဝေဝေ