December 12, 2017

မိုဘိုင်းဖုန်း ကင်မရာနဲ့ Golden Ratio Composition

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတာပဲဖြစ်ဖြစ်၊ DSLR တွေနဲ့ ဓာတ်ပုံ ရိုက်ကူးတာပဲဖြစ်ဖြစ် ဓာတ်ပုံပညာတွေထဲမှာ အဓိကကျတဲ့ Golden Ratio ကိုအခြေခံပြီး ရိုက်ကူးခြင်းက တကယ့်အဆင့်မီတဲ့ ပုံကောင်းတွေကို ရရှိစေနိုင်ပါတယ်။ ဘာကြောင့် Golden Ratio ကိုသုံးပြီး ရိုက်ကူးသင့် သလဲဆိုရင် လူတွေရဲ့ မျက်လုံးဟာ ဓာတ်ပုံကိုကြည့်ရှုတဲ့အခါမှာ ဓာတ်ပုံတွေကို မျဉ်းကြောင်းလေးကြောင်းနဲ့ အကွက်ချလိုက်ရင် မျဉ်းကြောင်းတွေ ဆုံမှတ်ကျတဲ့ နေရာလေးခုဟာ မျက်လုံးရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိတယ်လို့ သိပံ္ပပညာရှင်တွေရဲ့ စမ်းသပ်မှုအရ သိရပါတယ်။

ဒါကြောင့် ဓာတ်ပုံမှာ မိမိဖော်ပြလိုတဲ့ Subject ကို အဲဒီဆုံမှတ်တွေမှာ နေရာချထားမယ်ဆိုရင် လူတွေစိတ်မှာ အဲဒီ Subject ကိုပိုပြီး သတိထား မိတတ်ပါတယ်။ ဒါကြောင့် Professional ဓာတ်ပုံတွေမှာ Rule of Thirds ကိုလိုက်နာပြီး ရိုက်ကူးထားကြတာ များပါတယ်။

၁။ Landscapes ရိုက်ကူးရာမှာ Golden Ratio ကို ဘယ်လိုနေရာ ချမလဲ

ဖုန်းနဲ့ landscapes ရိုက်ကူးတဲ့အခါ Golden Ratio ကို ဘယ်နေ ရာတွေမှာ ဘယ်လိုနေရာချမလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Golden Ratio ကို Landscapes ဓာတ်ပုံတွေ မှာ နေရာချဖို့ တော်တော်လေး စိတ်ရှုပ်ထွေးစေပါတယ်။ Landscapes ဓာတ်ပုံတစ်ပုံဟာ လူရဲ့ မျက်စိအတွက် အာရုံစိုက်ဖို့ နေရာတွေက များပြားနေတဲ့အတွက်ကြောင့် Golden Ratio အတွက် မျက်စိဆုံမှတ်က ဝေဝါးစေပါတယ်။ ဒါကြောင့် Landscapes ဓာတ်ပုံတွေအတွက် Golden Ratio ကို နေရာချမယ်ဆိုရင် Horizontal လိုင်းဖြစ်နေတဲ့ နေရာတွေကို ရွေးချယ်ပြီး နေရာချပေးရမှာ ဖြစ်ပါတယ်။

အပေါ်ဘက်မှာ ပြထားတဲ့ ဓာတ်ပုံမှာ Foreground မှာရှိတဲ့ အရာတွေထက် ကောင်းကင်ကြီးက ပိုပြီးလှပနေတာကြောင့် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဒါကြောင့် လှပတဲ့ နေဝင်ဆည်းဆာ အလှကို အမိအရကိုပဲ ဓာတ်ပုံစရာက ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံကို လေ့လာကြည့်မယ်ဆိုရင် ဓာတ်ပုံမှာပါဝင်တဲ့ Horizontal Line ကို ပုံရဲ့ အောက်ဘက်မှာရှိတဲ့ Golden Ratio စုံမှတ်နေရာတွေမှာ ထားပြီး ရိုက်ကူးခဲ့တာ တွေ့ရ ပါလိမ့်မယ်။

အခုဓာတ်ပုံမှာတော့ Foreground မှာရှိနေတဲ့ သဲသောင်ပြင်က ရေစီးကြောင်းတွေဟာ ပိုမိုလှပနေတာကြောင့် Background ထက် ဦးစားပေးပြီး ဓာတ်ပုံဆရာက ရိုက်ကူးခဲ့ပါတယ်။ ဒီဓာတ်ပုံမှာ လေ့လာကြည့်မယ်ဆိုရင် Horizonal Line ကို အပေါ်ဘက်မှာရှိတဲ့ Golden Ratio နေရာမှာထားပြီး ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် Landscapes Photo တွေမှာ အဲ့လိုမျိုး Horizontal Line ဖြစ်နေတဲ့ Golden Ratio ဓာတ်ပုံတွေကို ရိုက်ကူးဖို့ဆိုရင် ပင်လယ်ကမ်းခြေအလှကို ရိုက်ကူးတဲ့ နေရာမှာပိုမို အသုံးပြုသင့်ပါတယ်။

၂။ အဓိက Subject ကို Golden Ratio ရဲ့ ဘယ်နားထားမလဲ

ဓာတ်ပုံတစ်ပုံကို ရိုက်ကူးတော့မယ်ဆိုရင် Landscape ဓာတ်ပုံ တွေမှာ လှပတဲ့ Main Subject နှစ်ခုတစ်ပြိုင်တည်း ရှိနေတတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ Golden Ratio ကို ဘယ်နေမှာထားပြီး ရိုက်ကူးရ မှန်းမသိတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ အချို့က ပုံ (၂) ပုံရိုက်လိုက် ကြပါတယ်။ အချို့သော ဓာတ်ပုံဆရာတွေက အဓိက Suject နှစ်ခုကို တစ်ပြိုင်တည်း တစ်ပုံတည်းမှာ ထည့်ရိုက်ကြပါတယ်။ အဲဒီလို ရိုက် ကြတဲ့အခါ Main Subject တွေကို Rule Of Thirds ထဲ ဝင်အောင်လို့ ဓာတ်ပုံရဲ့ Center ထဲမှာ မထည့်မရိုက်တော့ဘဲ Main Subject တွေကို Golden Ratio ရဲ့ ဆုံမှတ်နေရာတွေ အားလုံးမှာထားပြီး ရိုက်ကူး လိုက်ကြတာကို တွေ့ရပါတယ်။ အဲလို ရိုက်ကူးလိုက်တဲ့အချိန်မှာ ဓာတ်ပုံတစ်ပုံရဲ့ သဘာဝကျမှု Subject တွေရဲ့ ညီညွတ်မျှတမှုတွေဟာ ပိုမိုပေါ် လွင်သွားပြီး Subject ရဲ့ တင်ပြမှုစွမ်းအားဟာလည်း ကြွတက်လာစေမှာ ဖြစ်ပါတယ်။

အခုပြသထားတဲ့ ဓာတ်ပုံဟာဆိုရင် လှပတဲ့ နေရောင်အလှကို ဖော်ကျူးရိုက်ကူးထားတာပါ။ ဓာတ်ပုံဆရာက Main Subject ကို အောက်ဘက် ဖြစ်နေတဲ့ Golden ratio နေရာမှာ ထည့်သွင်းပြီး ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ မိုးကုပ်စက်ဝိုင်းကို ဝင်ရောက်တော့မယ့် နေရောင်ကို ဓာတ်ပုံရဲ့ အပေါ်ဘက်က top gridline နဲ့ ဘယ်ဘက် Gridline စုံမှတ်နေရာမှာ ထားရှိပြီး Subject ကို အောက်ဘက်ကို ထုတ်ပြီးရိုက်ကူး ခဲ့ပါတယ်။

ဒုတိယ ဓာတ်ပုံဟာဆိုရင်လည်း ကောင်းမွန်တဲ့ ဥပမာ တစ်ခုပဲဖြစ် ပါတယ်။ rule of Thirds position နှစ်ခုစလုံးကို ဦးစားပေးပြီး ရိုက်ကူး ထားတာလည်း ဖြစ်ပါတယ်။ အဓိက Subject ကို အောက်ဘက် Gridline နဲ့ ညဘက် Gridline စုံတဲ့နေရာမှာထားပြီး ရိုက်ကူးခဲ့သလို Horizontal ဖြစ် နေတဲ့နေရာကို အောက်ဘက်မှာထားပြီး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။

-စည်သူ