July 15, 2018

မိုဘိုင္းဖုန္းထဲမွာ မျဖစ္မေန ထည့္သင့္တဲ့ app မ်ား (2018 Edition)

[ Zawgyi ]

မိုဘိုင္းဖုန္းနဲ႔ ဓာတ္ပံု႐ိုက္ကူးၿပီးတဲ့အခါမွာ ကိုယ္႐ိုက္လိုက္တဲ့ ဓာတ္ပံုဟာ ၿပီးျပည့္စံုဖို႔ ခက္ခဲတာကို အၿမဲႀကံဳရေလ့ ရွိပါတယ္။ အဲ့ဒီအခ်ိန္မွာ အခ်ိဳ႕က ကြန္ပ်ဴတာမွာရွိတဲ့ ဓာတ္ပံု Editing Software ေတြနဲ႔ ျပဳျပင္ၾကသလို အခ်ိဳ႕က မိုဘိုင္းဖုန္းေပၚကေနပဲ photo editing လုပ္လို႔ရတဲ့ app ေတြ သံုးစြဲၿပီးေတာ့ ျပဳျပင္ၾကတာကို ေတြ႕ရပါတယ္။ ဒီလိုအခ်ိန္မွာ ဘယ္ app ေတြက သံုးလို႔ေကာင္းလဲဆိုတာ ေဝခြဲမရ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အခုသံုးေကာင္းႏိုင္တဲ့ App အခ်ိဳ႕ကို ေရြးခ်ယ္လို႔ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

Snapseed

ဖုန္းထဲကဓာတ္ပံုေတြကို Edit လုပ္ဖို႔ အေကာင္းဆံုး App ေတြထဲမွာ ပါဝင္တဲ့ App တစ္ခုပဲျဖစ္ပါတယ္။ သံုးစြဲရတာလည္း လြယ္ကူၿပီးေတာ့ မိမိ႐ိုက္ကူးထားတဲ့ ဓာတ္ပံုေတြကို အေကာင္းဆံုးေသာ ဓာတ္ပံုေတြကိုျဖစ္ေအာင္ ျပဳျပင္ႏိုင္တဲ့ Editing tool ေတာ္ေတာ္မ်ားမ်ား ပါဝင္တာကို ေတြ႕ရပါတယ္။ ပံုေတြကို အလင္းအေမွာင္ေတြခ်ိန္တာ၊ အေရာင္ခ်ိန္တာ၊ ျပတ္သားေအာင္ ျပဳျပင္တာေတြနဲ႔ ဓာတ္ပံုေတြ Crap ျဖတ္ေတာက္တဲ့အခါမွာ အေကာင္းဆံုးသံုးႏိုင္တဲ့ App လည္းျဖစ္ပါတယ္။ Filter ေပါင္း ၁၄ မ်ိဳးကို ႀကိဳက္ႏွစ္သက္သလို ေရြးခ်ယ္သံုးစြဲႏိုင္ပါတယ္။

TouchRetouch

မိုဘိုင္းဖုန္းနဲ႔ ႐ိုက္လိုက္တဲ့ ဓာတ္ပံုေတြထဲမွာ မလိုအပ္တဲ့ အရာဝတၳဳေလးေတြ ပါသြားတာကို ဖယ္ရွားဖို႔ အေကာင္းဆံုးနဲ႔ အလြယ္ကူဆံုး သံုးႏိုင္မယ့္ app တစ္ခုပဲျဖစ္ပါတယ္။ မိမိဖ်က္လိုတဲ့ အရာ၀တၳဳေပၚမွာ လက္ေခ်ာင္းေတြနဲ႔ ဝိုင္းလိုက္ရင္ အနီေရာင္ Selection တစ္ခုေပၚ လာမွာျဖစ္ပါတယ္။ ဒီလိုေပၚလာရင္ Start ဆိုတဲ့ Tap ကို ႏွိပ္လိုက္တာနဲ႔ ကိုယ္ဖယ္ရွားခ်င္တဲ့ အရာဝတၳဳကို အလိုအေလ်ာက္ ဖယ္ရွားေပးသြားမွာျဖစ္ၿပီး ေဘးနားမွာရွိတဲ့ area က အေရာင္ေတြ ၊အရာဝတၳဳေတြနဲ႔ တစ္သားတည္း ျဖစ္သြားေအာင္ ျပဳလုပ္ေပးသြားမွာပါ။

SKRWT

ဒီ app က distrotion ျဖစ္ေနတာေတြကို အေကာင္းဆံုး ခ်ိန္ညိႇေပးႏိုင္ေအာင္ ကူညီေပးမယ့္ app ျဖစ္သလို ဓာတ္ပံုပညာမွာ line ေတြရဲ႕ ထူးျခားမႈေတြကို အေကာင္းဆံုး ခ်ိန္ညိႇႏိုင္မယ့္ app တစ္ခုပဲျဖစ္ပါတယ္။ အေဆာက္အဦ ဓာတ္ပံုေတြ ၊ တံတားေတြကို အေကာင္းဆံုး တည့္မတ္ေပးႏိုင္မွာ ျဖစ္သလို အလိုအေလ်ာက္လည္း Crop လုပ္ေပးမွာပဲ ျဖစ္ပါတယ္။ ဓာတ္ပံုပညာမွာ line ေတြရဲ႕ တည့္မတ္မႈက အထူးအေရးႀကီးတာေၾကာင့္ ဒီ app က ေကာင္းေကာင္း အေထာက္အပံ့ေပးႏိုင္ေအာင္နဲ႔ အလြယ္ကူဆံုး သံုးႏိုင္ေအာင္ ဖန္တီးႏိုင္မွာပါ။

AfterFocus

DSLR ကင္မရာေတြမွာ ျမင္ေနၾကျဖစ္တဲ့ Depth of field ကို ဝါးေန ေအာင္ ႐ိုက္ကူးႏိုင္တဲ့ Camera ေတြ အခ်ိဳ႕ဖုန္းေတြမွာ ပါဝင္တဲ့အတြက္ Portrait ဓာတ္ပံုေကာင္းေကာင္းေတြ ရႏိုင္ေပမယ့္ အခ်ိဳ႕မပါတဲ့ ကင္မရာ ေတြအတြက္ကေတာ့ ဒီ Afterfocus app က Depth of Field ကို ဝါးၿပီး အေရွ႕မွ object ကို ထင္ရွားေစေအာင္ ကူညီေပးႏိုင္မွာ ျဖစ္ပါတယ္။ သူ႕မွာပါဝင္တဲ့ လုပ္ေဆာင္မႈေတြကလည္း သံုးစြဲသူေတြ အလြယ္တကူျဖစ္ေအာင္ အေကာင္းဆံုး ဖန္တီးေပးထားပါတယ္။ အသံုးျပဳတဲ့ပံုစံက ႐ိုက္ကူးထားတဲ့ ဓာတ္ပံုမွာ Foreground ကို လက္ေခ်ာင္နဲ႔ Selection တစ္ခုေပးလိုက္ရင္ အလိုအေလ်ာက္ Background က ဝါးသြားမွာျဖစ္ပါတယ္။

Superimpose

ဓာတ္ပံုပညာနဲ႔ မသက္ဆိုင္ေပမယ့္ ဓာတ္ပံုေတြကို Creation အေကာင္းဆံုးလုပ္ႏိုင္ App တစ္ခုပဲျဖစ္ပါတယ္။ ဓာတ္ပံုေတြေျမာက္ျမား စြာကို ေပါင္းစပ္ၿပီး အေကာင္းဆံုးေသာ ဖန္တီးထားတဲ့ ဓာတ္ပံုတစ္ပံုရရွိ လာေအာင္ ဖန္တီးႏိုင္တာကို ေတြ႕ရပါတယ္။ ဖန္တီးမႈတစ္ခုကို ျပဳလုပ္တဲ့အခါမွာ App မွာပါဝင္တဲ့ Layer ေတြ Masking ေတြနဲ႔ အလြယ္တကူ ရင္းႏွီးမႈမရွိႏိုင္ေပမယ့္ ဓာတ္ပံုတစ္ပံုကို ဖန္တီးေနရင္ မိနစ္အနည္းငယ္ၾကာတဲ့အခ်ိန္မွာ တကယ့္ကို ကၽြမ္းက်င္အဆင့္ ေရာက္သြားႏိုင္ပါတယ္။

VSCO

Filter ေတြ အမ်ားအျပားနဲ႔ edit လုပ္တဲ့အခါမွာ လူႀကိဳက္မ်ားတဲ့ app တစ္ခုပဲျဖစ္ပါတယ္။ ကင္မရာ ႐ိုက္ကူးတဲ့အခါမွာ filter ကို အသံုးျပဳႏိုင္ၿပီး Instagram လိုမ်ိဳး ဓာတ္ပံု sharing platform တစ္ခုကိုပါ ထည့္ေပးထားတာကို ေတြ႕ရပါတယ္။ ေျမာက္ျမားလွစြာေသာ Filter ေတြကို ေတြ႕ႏိုင္ၿပီး အသံုးျပဳရတာလည္း user friendly ျဖစ္ပါတယ္။ ဓာတ္ပံုေတြ edit လုပ္တဲ့အခါမွာ ရလာတဲ့ ဓာတ္ပံုက မတူညီတဲ့ အရသာတစ္ခုကို ခံစားရမွာျဖစ္ၿပီး ကိုယ့္ရဲ႕ မူလ႐ိုက္ကူးထားတဲ့ ဓာတ္ပံု နဲ႔ ေျပာင္းလဲသြားတဲ့ ကိုယ့္ရဲ႕ဓာတ္ပံုကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

Filterstorm Neue

Photo editing app က desktop computer ေတြမွာသံုးေနတဲ့ Lightroom နဲ႔ Photoshop ေတြလို သံုးစြဲႏိုင္ေအာင္ ဖန္တီးေပးထားတဲ့ app တစ္ခုပဲ ျဖစ္ပါတယ္။ Filterstrom Neue မွာ အလင္းအေမွာင္ေတြကို အဆင့္မီ ခ်ိန္ညိႇႏိုင္သလိုပဲ အေရာင္ေတြကို အေကာင္းဆံုး ခ်ိန္ညိႇႏိုင္ဖို႕ မိုဘိုင္းဖုန္းနဲ႔ သင့္ေတာ္ေအာင္ ဖန္တီးေပးထားတဲ့ အေရာင္ခ်ိန္ညိႇ Graph နည္းပညာ၊ ေတာက္ပမႈနဲ႔ ႐ုပ္ထြက္ေတြ ထင္ရွားေအာင္ ျပဳလုပ္ႏိုင္တဲ့ နည္းပညာကိုလည္း ထည့္သြင္းေပးထားပါတယ္။

-စည္သူ

[ Unicode ]

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးပြီးတဲ့အခါမှာ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံဟာ ပြီးပြည့်စုံဖို့ ခက်ခဲတာကို အမြဲကြုံရလေ့ ရှိပါတယ်။ အဲ့ဒီအချိန်မှာ အချို့က ကွန်ပျူတာမှာရှိတဲ့ ဓာတ်ပုံ Editing Software တွေနဲ့ ပြုပြင်ကြသလို အချို့က မိုဘိုင်းဖုန်းပေါ်ကနေပဲ photo editing လုပ်လို့ရတဲ့ app တွေ သုံးစွဲပြီးတော့ ပြုပြင်ကြတာကို တွေ့ရပါတယ်။ ဒီလိုအချိန်မှာ ဘယ် app တွေက သုံးလို့ကောင်းလဲဆိုတာ ဝေခွဲမရ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခုသုံးကောင်းနိုင်တဲ့ App အချို့ကို ရွေးချယ်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Snapseed

ဖုန်းထဲကဓာတ်ပုံတွေကို Edit လုပ်ဖို့ အကောင်းဆုံး App တွေထဲမှာ ပါဝင်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ သုံးစွဲရတာလည်း လွယ်ကူပြီးတော့ မိမိရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အကောင်းဆုံးသော ဓာတ်ပုံတွေကိုဖြစ်အောင် ပြုပြင်နိုင်တဲ့ Editing tool တော်တော်များများ ပါဝင်တာကို တွေ့ရပါတယ်။ ပုံတွေကို အလင်းအမှောင်တွေချိန်တာ၊ အရောင်ချိန်တာ၊ ပြတ်သားအောင် ပြုပြင်တာတွေနဲ့ ဓာတ်ပုံတွေ Crap ဖြတ်တောက်တဲ့အခါမှာ အကောင်းဆုံးသုံးနိုင်တဲ့ App လည်းဖြစ်ပါတယ်။ Filter ပေါင်း ၁၄ မျိုးကို ကြိုက်နှစ်သက်သလို ရွေးချယ်သုံးစွဲနိုင်ပါတယ်။

TouchRetouch

မိုဘိုင်းဖုန်းနဲ့ ရိုက်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာ မလိုအပ်တဲ့ အရာဝတ္ထုလေးတွေ ပါသွားတာကို ဖယ်ရှားဖို့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး သုံးနိုင်မယ့် app တစ်ခုပဲဖြစ်ပါတယ်။ မိမိဖျက်လိုတဲ့ အရာဝတ္ထုပေါ်မှာ လက်ချောင်းတွေနဲ့ ဝိုင်းလိုက်ရင် အနီရောင် Selection တစ်ခုပေါ် လာမှာဖြစ်ပါတယ်။ ဒီလိုပေါ်လာရင် Start ဆိုတဲ့ Tap ကို နှိပ်လိုက်တာနဲ့ ကိုယ်ဖယ်ရှားချင်တဲ့ အရာဝတ္ထုကို အလိုအလျောက် ဖယ်ရှားပေးသွားမှာဖြစ်ပြီး ဘေးနားမှာရှိတဲ့ area က အရောင်တွေ ၊အရာဝတ္ထုတွေနဲ့ တစ်သားတည်း ဖြစ်သွားအောင် ပြုလုပ်ပေးသွားမှာပါ။

SKRWT

ဒီ app က distrotion ဖြစ်နေတာတွေကို အကောင်းဆုံး ချိန်ညှိပေးနိုင်အောင် ကူညီပေးမယ့် app ဖြစ်သလို ဓာတ်ပုံပညာမှာ line တွေရဲ့ ထူးခြားမှုတွေကို အကောင်းဆုံး ချိန်ညှိနိုင်မယ့် app တစ်ခုပဲဖြစ်ပါတယ်။ အဆောက်အဦ ဓာတ်ပုံတွေ ၊ တံတားတွေကို အကောင်းဆုံး တည့်မတ်ပေးနိုင်မှာ ဖြစ်သလို အလိုအလျောက်လည်း Crop လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံပညာမှာ line တွေရဲ့ တည့်မတ်မှုက အထူးအရေးကြီးတာကြောင့် ဒီ app က ကောင်းကောင်း အထောက်အပံ့ပေးနိုင်အောင်နဲ့ အလွယ်ကူဆုံး သုံးနိုင်အောင် ဖန်တီးနိုင်မှာပါ။

AfterFocus

DSLR ကင်မရာတွေမှာ မြင်နေကြဖြစ်တဲ့ Depth of field ကို ဝါးနေ အောင် ရိုက်ကူးနိုင်တဲ့ Camera တွေ အချို့ဖုန်းတွေမှာ ပါဝင်တဲ့အတွက် Portrait ဓာတ်ပုံကောင်းကောင်းတွေ ရနိုင်ပေမယ့် အချို့မပါတဲ့ ကင်မရာ တွေအတွက်ကတော့ ဒီ Afterfocus app က Depth of Field ကို ဝါးပြီး အရှေ့မှ object ကို ထင်ရှားစေအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ လုပ်ဆောင်မှုတွေကလည်း သုံးစွဲသူတွေ အလွယ်တကူဖြစ်အောင် အကောင်းဆုံး ဖန်တီးပေးထားပါတယ်။ အသုံးပြုတဲ့ပုံစံက ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ Foreground ကို လက်ချောင်နဲ့ Selection တစ်ခုပေးလိုက်ရင် အလိုအလျောက် Background က ဝါးသွားမှာဖြစ်ပါတယ်။

Superimpose

ဓာတ်ပုံပညာနဲ့ မသက်ဆိုင်ပေမယ့် ဓာတ်ပုံတွေကို Creation အကောင်းဆုံးလုပ်နိုင် App တစ်ခုပဲဖြစ်ပါတယ်။ ဓာတ်ပုံတွေမြောက်မြား စွာကို ပေါင်းစပ်ပြီး အကောင်းဆုံးသော ဖန်တီးထားတဲ့ ဓာတ်ပုံတစ်ပုံရရှိ လာအောင် ဖန်တီးနိုင်တာကို တွေ့ရပါတယ်။ ဖန်တီးမှုတစ်ခုကို ပြုလုပ်တဲ့အခါမှာ App မှာပါဝင်တဲ့ Layer တွေ Masking တွေနဲ့ အလွယ်တကူ ရင်းနှီးမှုမရှိနိုင်ပေမယ့် ဓာတ်ပုံတစ်ပုံကို ဖန်တီးနေရင် မိနစ်အနည်းငယ်ကြာတဲ့အချိန်မှာ တကယ့်ကို ကျွမ်းကျင်အဆင့် ရောက်သွားနိုင်ပါတယ်။

VSCO

Filter တွေ အများအပြားနဲ့ edit လုပ်တဲ့အခါမှာ လူကြိုက်များတဲ့ app တစ်ခုပဲဖြစ်ပါတယ်။ ကင်မရာ ရိုက်ကူးတဲ့အခါမှာ filter ကို အသုံးပြုနိုင်ပြီး Instagram လိုမျိုး ဓာတ်ပုံ sharing platform တစ်ခုကိုပါ ထည့်ပေးထားတာကို တွေ့ရပါတယ်။ မြောက်မြားလှစွာသော Filter တွေကို တွေ့နိုင်ပြီး အသုံးပြုရတာလည်း user friendly ဖြစ်ပါတယ်။ ဓာတ်ပုံတွေ edit လုပ်တဲ့အခါမှာ ရလာတဲ့ ဓာတ်ပုံက မတူညီတဲ့ အရသာတစ်ခုကို ခံစားရမှာဖြစ်ပြီး ကိုယ့်ရဲ့ မူလရိုက်ကူးထားတဲ့ ဓာတ်ပုံ နဲ့ ပြောင်းလဲသွားတဲ့ ကိုယ့်ရဲ့ဓာတ်ပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Filterstorm Neue

Photo editing app က desktop computer တွေမှာသုံးနေတဲ့ Lightroom နဲ့ Photoshop တွေလို သုံးစွဲနိုင်အောင် ဖန်တီးပေးထားတဲ့ app တစ်ခုပဲ ဖြစ်ပါတယ်။ Filterstrom Neue မှာ အလင်းအမှောင်တွေကို အဆင့်မီ ချိန်ညှိနိုင်သလိုပဲ အရောင်တွေကို အကောင်းဆုံး ချိန်ညှိနိုင်ဖို့ မိုဘိုင်းဖုန်းနဲ့ သင့်တော်အောင် ဖန်တီးပေးထားတဲ့ အရောင်ချိန်ညှိ Graph နည်းပညာ၊ တောက်ပမှုနဲ့ ရုပ်ထွက်တွေ ထင်ရှားအောင် ပြုလုပ်နိုင်တဲ့ နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။

-စည်သူ