June 24, 2018

မိုဘိုင္းဖုန္းထဲကို ဘယ္လို Application ေတြ မရွိမျဖစ္ ထည့္ထားသင့္သလဲ

[ Zawgyi ]

Android စမတ္ဖုုန္းတစ္လံုုးကိုု ဝယ္ယူလိုုက္တာပဲျဖစ္ျဖစ္၊ အသစ္ ေနာက္တစ္လံုုး ခ်ိန္းလိုက္တာပဲျဖစ္ျဖစ္ ကိုုယ့္ရဲ႕ဖုုန္းထဲမွာ Application ေတြ ထပ္ၿပီး ျပန္ထည့္ရေလ့ရွိပါတယ္။ အဲလိုုအခ်ိန္မ်ိဳးမွာ ဘယ္လိုု App ေတြက အဓိကထားၿပီး ထည့္သြင္း ထားရမယ္ဆိုုတာကိုု ေဝဝါးေနတတ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ Mobile ဖုုန္းထဲမွာ မရွိမျဖစ္ထည့္ ထားသင့္တဲ့ applicaiton ေတြကို ေရြးခ်ယ္ၿပီး ေဖာ္ျပေပးလိုုက္ပါတယ္။

Playstore

Android ဖုုန္းတိုုင္းမွာပါတယ္လိုု႔ ထင္ရေပမယ့္ ျမန္မာႏိုုင္ငံမွာ တန္ဖိုုးနည္းတဲ့ တ႐ုတ္ကဝင္လာတဲ့ ဖုုန္းေတြထဲမွာ Google Play Service ဟာ မပါဝင္လာတာေၾကာင့္ တခ်ိဳ႕ဖုုန္းေတြမွာ Google Playstore ကိုု မေတြ႕ရတတ္ပါဘူး။ ဒါေၾကာင့္ Root လုုပ္ၿပီး ထည့္သြင္းရ တတ္ေလ့ရွိပါတယ္။ Google Playstore ရၿပီဆိုုရင္ ႀကိဳက္တဲ့ Applicaiton ေတြကိုု မိုုဘိုုင္းဖုုန္းထဲကိုု Download လုုပ္ထည့္သြင္းလိုု႔ရႏိုုင္ပါၿပီ။ Playstore မရွိတဲ့ မိုုဘိုုင္းဖုုန္းဟာ ဆားမပါတဲ့ ဟင္းလိုုပဲ အရသာမရွိလွပါဘူး။ Playstore ထဲမွာ download ႏိုုင္တာေတြကေတာ့ Application,Game,wallpaper စတာေတြျဖစ္ၿပီး Free Download လုုပ္ႏိုုင္တာေတြရွိသလိုု ေငြေပးၿပီး ဝယ္ယူရတာေတြလည္း ရွိပါတယ္။

Zapya

Zapya App ဟာလည္း စမတ္ဖုုန္းသံုုးစြဲသူေတြ မရွိမျဖစ္ထည့္ ထားရမယ့္ App တစ္ခုုပဲျဖစ္ပါတယ္။ ဖုုန္းတစ္လံုုးနဲ႔ တစ္လံုုး App
ေတြကိုု အခ်င္းခ်င္း share သံုုးတဲ့အခါမွာပဲျဖစ္ျဖစ္ ဖုုန္းအသစ္တစ္လံုုးလဲတဲ့အခါမွာ ကိုုယ့္ရဲ႕နဂိုုရွိၿပီးသား App ေတြကိုု ကူးေျပာင္းၿပီး ထည့္တဲ့အခါမွာ ဒီ App ဟာ မရွိမျဖစ္လိုုအပ္ပါတယ္။ Zapya App ဟာ Wifi နဲ႔အခ်င္းခ်င္းခ်ိတ္ဆက္ၿပီး Data အေရႊ႕အေျပာင္း လုုပ္ရတဲ့အတြက္ ေရႊ႕ေျပာင္းတဲ့အခ်ိန္ဟာလည္း ျမန္ဆန္တာကိုုေတြ႕ရပါတယ္။ File Size အႀကီးေတြကိုု အခ်ိန္နည္းနည္းနဲ႔ ေရႊ႕ေျပာင္းႏိုုင္ပါတယ္။ ေရႊ႕ေျပာင္းႏိုုင္တာေတြကေတာ့ App, Photo, Video, Audio နဲ႔ အျခား file ေတြပဲ ျဖစ္ပါတယ္။

Maps

Google ကေန ထုုတ္ထားတဲ့ App တစ္ခုုပဲျဖစ္ၿပီး အလြန္ကိုု အသံုုးဝင္တာကိုု ေတြ႕ရပါတယ္။ ကမၻာေပၚက ဘယ္ေနရာကိုု ေရာက္ေနသည္ျဖစ္ေစ ဒီ App ကိုုဖြင့္လိုုက္တာနဲ႔ ကိုုယ္ဘယ္ေရာက္ေန တယ္ဆိုုတာကိုု ေဖာ္ျပေပးမယ့္ GPS အေျခခံ မိုုဘိုုင္း App တစ္ခုုပဲျဖစ္ပါတယ္။ ခရီးသြားလာမ်ားတဲ့လူေတြ အသံုုးမ်ားတဲ့ App တစ္ခုုျဖစ္ ပါတယ္။ ကိုုယ့္ရဲ႕ဖုုန္းထဲမွာ ဒီ App ရွိေနၿပီဆိုုရင္ ကမၻာကိုုေအးေဆး ပတ္လိုု႔ရၿပီျဖစ္ပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုုင္ငံေတာ့ သြားလိုု႔မရပါဘူး။ တ႐ုတ္ႏိုုင္ငံက Google Service ကိုု ပိတ္ထားတဲ့အတြက္ GPS စနစ္က အလုုပ္လုုပ္မွာမဟုုတ္သလိုု Map ေတြကလည္း ေပၚလာမွာမဟုုတ္ပါဘူး။ App မွာ ပါဝင္တဲ့ Search box ကေနၿပီး ကိုုသိခ်င္တဲ့ ၿမိဳ႕အမည္ေတြကိုု ရွာေဖြလိုု႔ရပါတယ္။ ျမန္မာႏိုုင္ငံက ေနရာေတာ္ေတာ္မ်ားမ်ားကိုုလည္း အေသးစိတ္ သိရွိႏိုုင္တာကိုု ေတြ႕ရပါတယ္။

Snapseed

ကင္မရာ Editing App တစ္ခုုပဲျဖစ္ပါတယ္။ မိုုဘိုုင္းဖုုန္းနဲ႔ ႐ိုုက္ကူးထားသမွ် ဓာတ္ပံုုေတြကိုု အလြယ္တကူနဲ႔အစံုုလင္ဆံုုး edit လုုပ္ႏိုုင္မယ့္ App တစ္ခုုျဖစ္ပါတယ္။ အလင္းအေမွာင္ေတြ Color အတင္အခ်ေတြနဲ႔ Crap လုုပ္တာေတြကိုု အေကာင္းဆံုုးျပဳလုုပ္ႏိုုင္တဲ့ App တစ္ခုုပဲျဖစ္ပါ တယ္။ App ကိုု အခမဲ့ Download လုုပ္ႏိုုင္ၿပီး မိုုဘိုုင္းဖုုန္းထဲမွာ မရွိမျဖစ္ ထည့္ထားသင့္တဲ့ app တစ္ခုုပဲျဖစ္ပါတယ္။

Kinemaster

Video Editing app တစ္ခုပဲျဖစ္ပါတယ္။ ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ ေတြကို အေကာင္းဆံုး edit လုပ္ေပးမယ့္ app တစ္ခုပဲျဖစ္ပါတယ္။ Video ကို ႐ုပ္နဲ႔ အသံကို ခြဲထုတ္ႏိုင္ၿပီး ဗီဒီယို ကာလာအေရာင္ေတြကိုလည္း ခ်ိန္ညိႇႏိုင္ပါတယ္။ ဒါ့အျပင္ ဓာတ္ပံုေတြ Slide Show ျပဳလုပ္လို႔လည္း ရႏိုင္ပါတယ္။ Theme ေတြမ်ိဳးစံုကို ေရြးၿပီးလည္း အေကာင္းဆံုး video file ေတြကို ဖန္တီးႏိုင္ပါတယ္။ ဗီဒီယိုဖိုင္ေပၚမွာ စာေတြေရးၿပီး ထည့္သြင္းႏိုင္သလို Sticker ေတြကိုလည္း ထပ္ေပါင္းထည့္သြင္းႏိုင္ပါတယ္။ အခမဲ့ download လုပ္ထည့္သြင္းႏိုင္ေပမယ့္ Video file ေပၚက Kinemaster logo ကို ဖယ္ထုတ္ခ်င္တယ္ဆိုရင္ေတာ့ paid version ျဖစ္မွပဲရမွာပါ။

Myanmar Calendar

ဖုန္းထဲမွာ Calendar ပါတယ္ဆိုေပမယ့္ ျမန္မာေတြအတြက္ ျမန္မာျပကၡဒိန္တစ္ခုေတာ့လိုအပ္ႏိုင္ပါတယ္။ ရက္ရာဇာ၊ ျပႆဒါးေတြနဲ႔ လျပည့္လကြယ္၊ ဥပုသ္ေန႔ေတြကို အလြယ္တကူၾကည့္႐ႈႏိုင္တဲ့ ျမန္မာ ျပကၡဒိန္တစ္ခုကို App အေနနဲ႔ ဖုန္းထဲထည့္သြင္း ထားသင့္တာေၾကာင့္ Myanmar Calendar App ကို ဖုန္းထဲမွာထည့္သင့္တဲ့ App တစ္ခုပဲျဖစ္ပါတယ္။ ထူးျခားေန႔ရက္ေတြကိုလည္း ၾကည့္ႏိုင္သလို ျမန္မာႏွစ္ကို ၁၂၀၀ ခုႏွစ္မွ ၁၄၇၈ ခုႏွစ္အထိ ၾကည့္ႏိုင္ပါတယ္။

iAbidan

Dictionary App တစ္ခုျဖစ္ၿပီး ျမန္မာဘာသာမွ အဂၤလိပ္ဘာသာ၊ အဂၤလိပ္ဘာသာမွ ျမန္မာဘာသာသို႔ အျပန္အလွန္အားျဖင့္ အနက္ အဓိပၸါယ္ေတြကို ရွာေဖြႏိုင္မွာျဖစ္ပါတယ္။ အဂၤလိပ္စာလံုးေတြရဲ႕ အသံထြက္ေတြကို အသံဖိုင္ကိုႏွိပ္ၿပီး နားေထာင္ႏိုင္တာေၾကာင့္ မူရင္းအသံထြက္ကို ေလ့လာႏိုင္မွာျဖစ္ပါတယ္။

အခ်ဳပ္အားျဖင့္ ေျပာရမယ္ဆိုရင္ေတာ့ တစ္ဦးတစ္ေယာက္စီရဲ႕ ဖုန္းတိုင္းမွာေတာ့ ကိုယ္ႀကိဳက္ႏွစ္သက္ရာ App ေတြကို ထည့္သြင္း ၾကတယ္ဆိုေပမယ့္ စမတ္ဖုန္းနဲ႔ မရင္းႏွီးသူေတြအတြက္ အခုလို မရွိမျဖစ္ App ေလးေတြ ကိုယ့္ဖုန္းထဲမွာ ရွိေနလားဆို ျပန္ၾကည့္ႏိုင္ေအာင္နဲ႔ မရွိေသးဘူးဆိုရင္ ထည့္သြင္းသင့္တယ္ဆိုၿပီး အၾကံျပဳလိုတဲ့အတြက္ အခုလိုေရးသား လိုက္ရျခင္းျဖစ္ပါတယ္။

Waze

ဒီ App ကေတာ့ Apple Maps နဲ႔ Google Map တို႔ရဲ႕ ေျမပံုစနစ္ေတြကို ယူသံုးထားတဲ့ App ဆိုေပမယ့္ သူ႔ကေတာ့ ကားေမာင္းသူေတြကို အကူအညီေပးႏိုင္ဖို႔အတြက္ ဦးတည္ထားတဲ့ App တစ္ခုပဲျဖစ္ပါတယ္။ App မွာ ကိုယ္ေရာက္ေနတဲ့ေနရာကို ေဖာ္ျပေပးမွာျဖစ္ၿပီး ကိုယ္ေရာက္ေနတဲ့ေနရာက ကားလမ္းပိတ္ေနတယ္ဆိုရင္ ကိုယ့္ရဲ႕ အသိမိတ္ေဆြေတြကို လမ္းပိတ္ေနတဲ့ အေၾကာင္းကို ေျမပံုနဲ႔တကြ လွမ္းေျပာႏိုင္တဲ့ App တစ္ခုပဲျဖစ္ပါတယ္။ စားေသာက္ဆိုင္ေနရာေတြ၊ အိမ္ေတြနဲ႔ အမွတ္တရေနရာေတြကို အလြယ္တကူပဲ ဓာတ္ပံုနဲ႔တကြ မွတ္သားထားႏိုင္ပါတယ္။ ကိုယ္သြားလိုတဲ့ေနရာကို အၾကမ္းဖ်င္းတြက္ခ်က္ ေပးႏိုင္မွာျဖစ္ၿပီး လမ္းၫႊန္မႈေတြကို အသံစနစ္နဲ႔ ေျပာျပေပးပါေသးတယ္။ ႏိုင္ငံတကာမွာေတာ့ Waze Application ကို သံုးစြဲသူ သန္းနဲ႔ခ်ီၿပီးရွိတယ္လို႔ သိရပါတယ္။

CoPilot GPS

Apple Maps လို Maps App ေတြဟာ အသံုးျပဳဖို႔အတြက္ အင္တာနက္ကြန္နက္ရွင္ေတြ လိုအပ္ပါတယ္။ ဒါေပမဲ့ အခု CoPilot App ကေတာ့ ကိုယ္အသံုးျပဳခ်င္တဲ့ ေနရာက Map ကို Download တစ္ခါဆြဲၿပီးအသံုးျပဳ ရတဲ့ပံုစံမ်ိဳးျဖစ္ပါတယ္။ offline maps ပံုစံနဲ႔သံုးစြဲရတာ ျဖစ္တဲ့အတြက္ ကြန္နက္ရွင္မရတဲ့ အခ်ိန္မွာမွာ သံုးစြဲလို႔ရတာေၾကာင့္ ေတာ္ေတာ္ အဆင္ေျပေစတဲ့ App တစ္ခုပဲျဖစ္ပါတယ္။ offline အသံုးျပဳတဲ့ Map ေပၚမွာ လည္း GPS စနစ္ကိုလည္း သံုးစြဲႏုိင္ပါတယ္။ App မွာ Map အားလံုးကို Free အေနနဲ႔ Download ဆြဲႏိုင္မွာျဖစ္ၿပီး Maps ေတြရဲ႕ File Size ေတြကေတာ့ နည္းပါးခ်င္းေတာ့မရွိပါဘူ။ ေျမာက္အေမရိကား Maps ကို
ေဒါင္းေလာ့ဆြဲမယ္ဆိုရင္ 2.5GB ေလာက္အထိ ရွိပါတယ္။ အားလံုးကို Free ရတယ္ဆိုေပမယ့္ Premium version မွာေတာ့ 10 ေဒၚလာနဲ႔ အထက္ေတာ့ က်သင့္မွာ ျဖစ္ပါတယ္။

Transit

Transit App ကို Google နဲ႔ Apple maps ေတြထက္ ပိုၿပီးၫႊန္ဆိုခ်င္တာက Driver ေတြအတြက္ ဖန္တီးထားတာ မဟုတ္ဘဲ။လမ္းေလွ်ာက္သူေတြနဲ႔ စက္ဘီးစီသူေတြ အဆင္ေျပေစဖို႔ထုတ္လုပ္ထားတဲ့ App တစ္ခုပဲျဖစ္ပါတယ္။ ကိုယ္သြားခ်င္တဲ့ေနရာကို သတ္မွတ္ေပးၿပီး တစ္ဆင့္ခ်င္းသြားရေအာင္ ညႊန္ျပေပးတဲ့ Maps app တစ္ခုပဲျဖစ္ပါတယ္။ ဒါေပမဲ့ ဒီ application က ႏုိင္ငံေတြ ကန္႔သတ္ထားတဲ့အတြက္ ျမန္မာႏိုင္ငံနဲ႔ ကိုက္ညီမႈေတာ့ မရွိပါဘူ။ ဒါေပမဲ့ ႏိုင္ငံျခားကို သြားမယ္ဆိုရင္ ယူသြားသင့္တဲ့ App တစ္ခုပါပဲ။ သူ႔မွာ Public Transpotation ေတြကိုအေကာင္းဆံုး ေဖာ္ျပေပးႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

-စည္သူ

==============

[ Unicode ]

မိုဘိုင်းဖုန်းထဲကို ဘယ်လို Application တွေ မရှိမဖြစ် ထည့်ထားသင့်သလဲ

==============

Android စမတ်ဖုုန်းတစ်လုုံးကိုု ဝယ်ယူလိုုက်တာပဲဖြစ်ဖြစ်၊ အသစ် နောက်တစ်လုံုး ချိန်းလိုက်တာပဲဖြစ်ဖြစ် ကိုုယ့်ရဲ့ဖုုန်းထဲမှာ Application တွေ ထပ်ပြီး ပြန်ထည့်ရလေ့ရှိပါတယ်။ အဲလိုုအချိန်မျိုးမှာ ဘယ်လိုု App တွေက အဓိကထားပြီး ထည့်သွင်း ထားရမယ်ဆိုုတာကိုု ဝေဝါးနေတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Mobile ဖုုန်းထဲမှာ မရှိမဖြစ်ထည့် ထားသင့်တဲ့ applicaiton တွေကို ရွေးချယ်ပြီး ဖော်ပြပေးလိုုက်ပါတယ်။

Playstore

Android ဖုုန်းတိုုင်းမှာပါတယ်လိုု့ ထင်ရပေမယ့် မြန်မာနိုုင်ငံမှာ တန်ဖိုုးနည်းတဲ့ တရုတ်ကဝင်လာတဲ့ ဖုုန်းတွေထဲမှာ Google Play Service ဟာ မပါဝင်လာတာကြောင့် တချို့ဖုုန်းတွေမှာ Google Playstore ကိုု မတွေ့ရတတ်ပါဘူး။ ဒါကြောင့် Root လုုပ်ပြီး ထည့်သွင်းရ တတ်လေ့ရှိပါတယ်။ Google Playstore ရပြီဆိုုရင် ကြိုက်တဲ့ Applicaiton တွေကိုု မိုုဘိုုင်းဖုုန်းထဲကိုု Download လုုပ်ထည့်သွင်းလိုု့ရနိုုင်ပါပြီ။ Playstore မရှိတဲ့ မိုုဘိုုင်းဖုုန်းဟာ ဆားမပါတဲ့ ဟင်းလိုုပဲ အရသာမရှိလှပါဘူး။ Playstore ထဲမှာ download နိုုင်တာတွေကတော့ Application,Game,wallpaper စတာတွေဖြစ်ပြီး Free Download လုုပ်နိုုင်တာတွေရှိသလိုု ငွေပေးပြီး ဝယ်ယူရတာတွေလည်း ရှိပါတယ်။

Zapya

Zapya App ဟာလည်း စမတ်ဖုုန်းသုံုးစွဲသူတွေ မရှိမဖြစ်ထည့် ထားရမယ့် App တစ်ခုုပဲဖြစ်ပါတယ်။ ဖုုန်းတစ်လုံုးနဲ့ တစ်လုံုး App
တွေကိုု အချင်းချင်း share သုံုးတဲ့အခါမှာပဲဖြစ်ဖြစ် ဖုုန်းအသစ်တစ်လုံုးလဲတဲ့အခါမှာ ကိုုယ့်ရဲ့နဂိုုရှိပြီးသား App တွေကိုု ကူးပြောင်းပြီး ထည့်တဲ့အခါမှာ ဒီ App ဟာ မရှိမဖြစ်လိုုအပ်ပါတယ်။ Zapya App ဟာ Wifi နဲ့အချင်းချင်းချိတ်ဆက်ပြီး Data အရွှေ့အပြောင်း လုုပ်ရတဲ့အတွက် ရွှေ့ပြောင်းတဲ့အချိန်ဟာလည်း မြန်ဆန်တာကိုုတွေ့ရပါတယ်။ File Size အကြီးတွေကိုု အချိန်နည်းနည်းနဲ့ ရွှေ့ပြောင်းနိုုင်ပါတယ်။ ရွှေ့ပြောင်းနိုုင်တာတွေကတော့ App, Photo, Video, Audio နဲ့ အခြား file တွေပဲ ဖြစ်ပါတယ်။

Maps

Google ကနေ ထုုတ်ထားတဲ့ App တစ်ခုုပဲဖြစ်ပြီး အလွန်ကိုု အသုံုးဝင်တာကိုု တွေ့ရပါတယ်။ ကမ္ဘာပေါ်က ဘယ်နေရာကိုု ရောက်နေသည်ဖြစ်စေ ဒီ App ကိုုဖွင့်လိုုက်တာနဲ့ ကိုုယ်ဘယ်ရောက်နေ တယ်ဆိုုတာကိုု ဖော်ပြပေးမယ့် GPS အခြေခံ မိုုဘိုုင်း App တစ်ခုုပဲဖြစ်ပါတယ်။ ခရီးသွားလာများတဲ့လူတွေ အသုံုးများတဲ့ App တစ်ခုုဖြစ် ပါတယ်။ ကိုုယ့်ရဲ့ဖုုန်းထဲမှာ ဒီ App ရှိနေပြီဆိုုရင် ကမ္ဘာကိုုအေးဆေး ပတ်လိုု့ရပြီဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုုင်ငံတော့ သွားလိုု့မရပါဘူး။ တရုတ်နိုုင်ငံက Google Service ကိုု ပိတ်ထားတဲ့အတွက် GPS စနစ်က အလုုပ်လုုပ်မှာမဟုုတ်သလိုု Map တွေကလည်း ပေါ်လာမှာမဟုုတ်ပါဘူး။ App မှာ ပါဝင်တဲ့ Search box ကနေပြီး ကိုုသိချင်တဲ့ မြို့အမည်တွေကိုု ရှာဖွေလိုု့ရပါတယ်။ မြန်မာနိုုင်ငံက နေရာတော်တော်များများကိုုလည်း အသေးစိတ် သိရှိနိုုင်တာကိုု တွေ့ရပါတယ်။

Snapseed

ကင်မရာ Editing App တစ်ခုုပဲဖြစ်ပါတယ်။ မိုုဘိုုင်းဖုုန်းနဲ့ ရိုုက်ကူးထားသမျှ ဓာတ်ပုံုတွေကိုု အလွယ်တကူနဲ့အစုံုလင်ဆုံုး edit လုုပ်နိုုင်မယ့် App တစ်ခုုဖြစ်ပါတယ်။ အလင်းအမှောင်တွေ Color အတင်အချတွေနဲ့ Crap လုုပ်တာတွေကိုု အကောင်းဆုံုးပြုလုုပ်နိုုင်တဲ့ App တစ်ခုုပဲဖြစ်ပါ တယ်။ App ကိုု အခမဲ့ Download လုုပ်နိုုင်ပြီး မိုုဘိုုင်းဖုုန်းထဲမှာ မရှိမဖြစ် ထည့်ထားသင့်တဲ့ app တစ်ခုုပဲဖြစ်ပါတယ်။

Kinemaster

Video Editing app တစ်ခုပဲဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် တွေကို အကောင်းဆုံး edit လုပ်ပေးမယ့် app တစ်ခုပဲဖြစ်ပါတယ်။ Video ကို ရုပ်နဲ့ အသံကို ခွဲထုတ်နိုင်ပြီး ဗီဒီယို ကာလာအရောင်တွေကိုလည်း ချိန်ညှိနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေ Slide Show ပြုလုပ်လို့လည်း ရနိုင်ပါတယ်။ Theme တွေမျိုးစုံကို ရွေးပြီးလည်း အကောင်းဆုံး video file တွေကို ဖန်တီးနိုင်ပါတယ်။ ဗီဒီယိုဖိုင်ပေါ်မှာ စာတွေရေးပြီး ထည့်သွင်းနိုင်သလို Sticker တွေကိုလည်း ထပ်ပေါင်းထည့်သွင်းနိုင်ပါတယ်။ အခမဲ့ download လုပ်ထည့်သွင်းနိုင်ပေမယ့် Video file ပေါ်က Kinemaster logo ကို ဖယ်ထုတ်ချင်တယ်ဆိုရင်တော့ paid version ဖြစ်မှပဲရမှာပါ။

Myanmar Calendar

ဖုန်းထဲမှာ Calendar ပါတယ်ဆိုပေမယ့် မြန်မာတွေအတွက် မြန်မာပြက္ခဒိန်တစ်ခုတော့လိုအပ်နိုင်ပါတယ်။ ရက်ရာဇာ၊ ပြဿဒါးတွေနဲ့ လပြည့်လကွယ်၊ ဥပုသ်နေ့တွေကို အလွယ်တကူကြည့်ရှုနိုင်တဲ့ မြန်မာ ပြက္ခဒိန်တစ်ခုကို App အနေနဲ့ ဖုန်းထဲထည့်သွင်း ထားသင့်တာကြောင့် Myanmar Calendar App ကို ဖုန်းထဲမှာထည့်သင့်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ထူးခြားနေ့ရက်တွေကိုလည်း ကြည့်နိုင်သလို မြန်မာနှစ်ကို ၁၂၀၀ ခုနှစ်မှ ၁၄၇၈ ခုနှစ်အထိ ကြည့်နိုင်ပါတယ်။

iAbidan

Dictionary App တစ်ခုဖြစ်ပြီး မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ အပြန်အလှန်အားဖြင့် အနက် အဓိပ္ပါယ်တွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အင်္ဂလိပ်စာလုံးတွေရဲ့ အသံထွက်တွေကို အသံဖိုင်ကိုနှိပ်ပြီး နားထောင်နိုင်တာကြောင့် မူရင်းအသံထွက်ကို လေ့လာနိုင်မှာဖြစ်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ တစ်ဦးတစ်ယောက်စီရဲ့ ဖုန်းတိုင်းမှာတော့ ကိုယ်ကြိုက်နှစ်သက်ရာ App တွေကို ထည့်သွင်း ကြတယ်ဆိုပေမယ့် စမတ်ဖုန်းနဲ့ မရင်းနှီးသူတွေအတွက် အခုလို မရှိမဖြစ် App လေးတွေ ကိုယ့်ဖုန်းထဲမှာ ရှိနေလားဆို ပြန်ကြည့်နိုင်အောင်နဲ့ မရှိသေးဘူးဆိုရင် ထည့်သွင်းသင့်တယ်ဆိုပြီး အကြံပြုလိုတဲ့အတွက် အခုလိုရေးသား လိုက်ရခြင်းဖြစ်ပါတယ်။

Waze

ဒီ App ကတော့ Apple Maps နဲ့ Google Map တို့ရဲ့ မြေပုံစနစ်တွေကို ယူသုံးထားတဲ့ App ဆိုပေမယ့် သူ့ကတော့ ကားမောင်းသူတွေကို အကူအညီပေးနိုင်ဖို့အတွက် ဦးတည်ထားတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ App မှာ ကိုယ်ရောက်နေတဲ့နေရာကို ဖော်ပြပေးမှာဖြစ်ပြီး ကိုယ်ရောက်နေတဲ့နေရာက ကားလမ်းပိတ်နေတယ်ဆိုရင် ကိုယ့်ရဲ့ အသိမိတ်ဆွေတွေကို လမ်းပိတ်နေတဲ့ အကြောင်းကို မြေပုံနဲ့တကွ လှမ်းပြောနိုင်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ စားသောက်ဆိုင်နေရာတွေ၊ အိမ်တွေနဲ့ အမှတ်တရနေရာတွေကို အလွယ်တကူပဲ ဓာတ်ပုံနဲ့တကွ မှတ်သားထားနိုင်ပါတယ်။ ကိုယ်သွားလိုတဲ့နေရာကို အကြမ်းဖျင်းတွက်ချက် ပေးနိုင်မှာဖြစ်ပြီး လမ်းညွှန်မှုတွေကို အသံစနစ်နဲ့ ပြောပြပေးပါသေးတယ်။ နိုင်ငံတကာမှာတော့ Waze Application ကို သုံးစွဲသူ သန်းနဲ့ချီပြီးရှိတယ်လို့ သိရပါတယ်။

CoPilot GPS

Apple Maps လို Maps App တွေဟာ အသုံးပြုဖို့အတွက် အင်တာနက်ကွန်နက်ရှင်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ အခု CoPilot App ကတော့ ကိုယ်အသုံးပြုချင်တဲ့ နေရာက Map ကို Download တစ်ခါဆွဲပြီးအသုံးပြု ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ offline maps ပုံစံနဲ့သုံးစွဲရတာ ဖြစ်တဲ့အတွက် ကွန်နက်ရှင်မရတဲ့ အချိန်မှာမှာ သုံးစွဲလို့ရတာကြောင့် တော်တော် အဆင်ပြေစေတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ offline အသုံးပြုတဲ့ Map ပေါ်မှာ လည်း GPS စနစ်ကိုလည်း သုံးစွဲနိုင်ပါတယ်။ App မှာ Map အားလုံးကို Free အနေနဲ့ Download ဆွဲနိုင်မှာဖြစ်ပြီး Maps တွေရဲ့ File Size တွေကတော့ နည်းပါးချင်းတော့မရှိပါဘူ။ မြောက်အမေရိကား Maps ကို
ဒေါင်းလော့ဆွဲမယ်ဆိုရင် 2.5GB လောက်အထိ ရှိပါတယ်။ အားလုံးကို Free ရတယ်ဆိုပေမယ့် Premium version မှာတော့ 10 ဒေါ်လာနဲ့ အထက်တော့ ကျသင့်မှာ ဖြစ်ပါတယ်။

Transit

Transit App ကို Google နဲ့ Apple maps တွေထက် ပိုပြီးညွှန်ဆိုချင်တာက Driver တွေအတွက် ဖန်တီးထားတာ မဟုတ်ဘဲ။လမ်းလျှောက်သူတွေနဲ့ စက်ဘီးစီသူတွေ အဆင်ပြေစေဖို့ထုတ်လုပ်ထားတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်သွားချင်တဲ့နေရာကို သတ်မှတ်ပေးပြီး တစ်ဆင့်ချင်းသွားရအောင် ညွှန်ပြပေးတဲ့ Maps app တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ application က နိုင်ငံတွေ ကန့်သတ်ထားတဲ့အတွက် မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုတော့ မရှိပါဘူ။ ဒါပေမဲ့ နိုင်ငံခြားကို သွားမယ်ဆိုရင် ယူသွားသင့်တဲ့ App တစ်ခုပါပဲ။ သူ့မှာ Public Transpotation တွေကိုအကောင်းဆုံး ဖော်ပြပေးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

-စည်သူ