June 23, 2018

ဘြဲ႕မရေသးသည့္ တကၠသိုလ္ေက်ာင္းသားမ်ားပါ ေလွ်ာက္ထားႏိုင္တဲ့ အာဆီယံ-ကေနဒါ ပညာသင္ဆု

[ Zawgyi ]

ကေနဒါႏိုင္ငံမွ ေပးအပ္မယ့္ “2030 Agenda for Sustainable Development 2018-2019 Academic Year Canada-ASEAN Scholarship and Educational Exchange for Development (SEED)” ပညာသင္ဆုကို ဘြဲ႕မရေသးတဲ့ တကၠသိုလ္ ေက်ာင္းသားမ်ားပါ ေလွ်ာက္ထားႏိုင္တယ္လို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္က သိရပါတယ္။

ပညာသင္ဆုအစီအစဥ္မွာ ဘြဲ႕မရေသးတဲ့ တကၠသိုလ္ေကာလိပ္ေက်ာင္းသားမ်ားအတြက္ ပညာသင္ကာလ (၄)လမွ (၈)လအထိ သတ္မွတ္ထားၿပီး ဘြဲ႕ရရွိၿပီးသူေတြအတြက္ ပညာသင္ကာလ (၄) လမွ (၆) လအထိ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ ေရြးခ်ယ္ျခင္းခံရပါက ျပည္ဝင္ဗီဇာေၾကး၊ ပညာသင္/အလုပ္ပါမစ္ေၾကး၊ ေလယာဥ္လက္မွတ္ခ၊ က်န္းမာေရးအာမခံနဲ႔ ေနထိုင္စားေသာက္စရိတ္တို႔ကို ကေနဒါႏိုင္ငံျခားေရးဝန္ႀကီးဌာနက က်ခံေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ပညာသင္ဆုေတြကို သတ္မွတ္အရည္အခ်င္းမ်ားနဲ႔ ကိုက္ညီတဲ့ ကုန္သည္စက္မႈအသင္းခ်ဳပ္၀န္ထမ္းမ်ား၊ ညီေနာင္အသင္းမ်ားမွ ဝန္ထမ္းမ်ား၊ ကုန္သည္စက္မႈအသင္းခ်ဳပ္ အသင္းဝင္ကုမၸဏီမ်ားရဲ႕ အဖြဲ႕ဝင္မ်ား (သို႔) ဝန္ထမ္းမ်ား ေလွ်ာက္ထားႏိုင္ပါတယ္။ ေလွ်ာက္ထားလိုသူေတြအေနနဲ႔ သက္ဆိုင္ရာ Website ျဖစ္တဲ့ ဒီေနရာမွာ ဝင္ေရာက္ေလ့လာႏိုင္ၿပီး အသင္းခ်ဳပ္ရဲ႕ခြင့္ျပဳခ်က္နဲ႔ ေလွ်ာက္ထားရမွာျဖစ္တယ္လို႔ သိရပါတယ္။

ပညာသင္ဆုေလွ်ာက္ထားလိုသူေတြ အေနနဲ႕ ခြင့္ျပဳခ်က္ရယူလိုပါက အသင္းခ်ဳပ္ အမႈေဆာင္အရာရွိခ်ဳပ္ထံ လိပ္မူၿပီး ကိုယ္တိုင္ေရးေလွ်ာက္လႊာ ၁ ေစာင္၊ ဓာတ္ပံု ၃ ပံု၊ အသင္း၀င္ကတ္မိတၱဴ၊ မွတ္ပံုတင္မိတၱဴတို႔ကို ပူးတြဲၿပီး အသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းမ်ားမွ အမႈေဆာင္/ဝန္ထမ္း၊ အသင္းဝင္ကုမၸဏီမ်ားမွ အဖြဲ႕၀င္ (သို႔) ဝန္ထမ္းျဖစ္ေၾကာင္း ေထာက္ခံစာတို႔နဲ႔အတူ ဧၿပီ ၁၇ ရက္ထက္ ေနာက္မက်ဘဲေလွ်ာက္ထားရမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အေသးစိတ္သိရွိလိုပါက HRD ဌာန၊ ဖုန္းနံပါတ္ ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ လိုင္းခြဲ ၁၃၃၊၁၃၄ ကို ဆက္သြယ္ စံုစမ္းေမးျမန္းႏိုင္ပါတယ္။

-ေဝေဝ

==================

[ Unicode ]

ဘွဲ့မရသေးသည့် တက္ကသိုလ်ကျောင်းသားများပါ လျှောက်ထားနိုင်တဲ့ အာဆီယံ-ကနေဒါ ပညာသင်ဆု

==================

ကနေဒါနိုင်ငံမှ ပေးအပ်မယ့် “2030 Agenda for Sustainable Development 2018-2019 Academic Year Canada-ASEAN Scholarship and Educational Exchange for Development (SEED)” ပညာသင်ဆုကို ဘွဲ့မရသေးတဲ့ တက္ကသိုလ် ကျောင်းသားများပါ လျှောက်ထားနိုင်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။

ပညာသင်ဆုအစီအစဉ်မှာ ဘွဲ့မရသေးတဲ့ တက္ကသိုလ်ကောလိပ်ကျောင်းသားများအတွက် ပညာသင်ကာလ (၄)လမှ (၈)လအထိ သတ်မှတ်ထားပြီး ဘွဲ့ရရှိပြီးသူတွေအတွက် ပညာသင်ကာလ (၄) လမှ (၆) လအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ရွေးချယ်ခြင်းခံရပါက ပြည်ဝင်ဗီဇာကြေး၊ ပညာသင်/အလုပ်ပါမစ်ကြေး၊ လေယာဉ်လက်မှတ်ခ၊ ကျန်းမာရေးအာမခံနဲ့ နေထိုင်စားသောက်စရိတ်တို့ကို ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ကျခံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆုတွေကို သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီတဲ့ ကုန်သည်စက်မှုအသင်းချုပ်ဝန်ထမ်းများ၊ ညီနောင်အသင်းများမှ ဝန်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများရဲ့ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ သက်ဆိုင်ရာ Website ဖြစ်တဲ့ ဖော်ပြထားတဲ့လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်ရဲ့ခွင့်ပြုချက်နဲ့ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆုလျှောက်ထားလိုသူတွေ အနေနဲ့ ခွင့်ပြုချက်ရယူလိုပါက အသင်းချုပ် အမှုဆောင်အရာရှိချုပ်ထံ လိပ်မူပြီး ကိုယ်တိုင်ရေးလျှောက်လွှာ ၁ စောင်၊ ဓာတ်ပုံ ၃ ပုံ၊ အသင်းဝင်ကတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲပြီး အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/ဝန်ထမ်း၊ အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နဲ့အတူ ဧပြီ ၁၇ ရက်ထက် နောက်မကျဘဲလျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ လိုင်းခွဲ ၁၃၃၊၁၃၄ ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

-ဝေဝေ