ဘုရားကျောင်းထဲ Pokemon Go ကစားခဲ့တဲ့ ရုရှားဘလော့ဂါ ထောင်ဒဏ်ချမှတ်ခံရ

ဘုရားကျောင်းတစ်ခုထဲမှာ Pokemon Go ကစားခဲ့တဲ့ ဗီဒီယိုကို ဝေမျှခဲ့တဲ့ ရုရှားဘလော့ဂါတစ်ဦးဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေကို မထီမဲ့မြင်ပြုမှုနဲ့ အမုန်းတရားတွေကို လှုံ့ဆော်မှုအတွက် ထောင်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။

ရုရှားဘလော့ဂါ Ruslan Sokolovsky ဟာ ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားသူကြီးက ပြစ်ဒဏ်ကို ဆိုင်းငံ့ခဲ့ပါတယ်။

တရားသူကြီးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီးတဲ့နောက် မိမိအနေနဲ့ စိတ်သက်သာရာ ရခဲ့တယ်လို့ Sokolovsky က ပြောကြားခဲ့ပါတယ်။

“နောက်ဆုံးအချိန်အထိ ဘယ်လိုပြစ်ဒဏ် ကျခံရမယ်ဆိုတာ မသိခဲ့ပါဘူး။

တကယ်ထောင်ကျရမယ့် အရေးကိုတွေးပြီး ကြောက်ရွံ့နေခဲ့မိတာပါ။ အဲ့ဒီအတွက် သတင်းထောက်တွေကို ကျေးဇူးတင်ပါတယ်။ သတင်းထောက်တွေရဲ့ အားပေးထောက်ခံမှု မရှိခဲ့ရင် တကယ့်ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်” လို့ Sokolovsky က BBC Russian ထံ ပြောကြားခဲ့ပါတယ်။

Ref: 9to5Mac