September 26, 2017

ဘတ်ဂျက်စမတ်ဖုန်း Redmi 4 ကို အိန္ဒိယမှာ မိတ်ဆက်လိုက်တဲ့ Xiaomi

နယူးဒေလီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Xiaomi က ဘတ်ဂျက်စမတ်ဖုန်းသစ်ဖြစ်တဲ့ Redmi 4 ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ Redmi 4 ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Redmi 4 မှာ ၅ လက်မအရွယ် HD (720p) display နဲ့ 2.5D curved glass ပါဝင်ပါတယ်။ Processor က 64-bit 1.4GHz octa-core Qualcomm Snapdragon 435 ဖြစ်ပြီး GPU က Adreno 505 ဖြစ်ပါတယ်။ RAM အနေနဲ့ 2GB/3GB/4GB တို့နဲ့ ရရှိနိုင်ပြီး သိုလှောင်မှုပမာဏကိုတော့ 16GB/32GB/64GB တို့နဲ့ ရနိုင်ပါတယ်။ MicroSD card ကနေတစ်ဆင့် သိုလှောင်မှုပမာဏကို 128GB အထိ တိုးမြှင့်နိုင်ပါတယ်။

ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး Phase Detection Auto-Focus (PDAF), f/2.0 aperture, 5-element lens တို့ကို ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာ 5MP ဖြစ်ပြီး ဘက်ထရီက 4,100mAh ပါ။

တန်ဖိုးက 2GB/16GB မော်ဒယ်အတွက် ဒေါ်လာ ၁၁၀ ဖြစ်ပါတယ်။ 3GB/32GB အတွက် ၁၄၀ ဒေါ်လာဖြစ်ပြီး 4GB/64GB မော်ဒယ်အတွက် ၁၇၂ ဒေါ်လာကျသင့်မယ်လို့ သိရပါတယ်။

Ref: AndroidAuthority