September 25, 2017

ဘက်ထရီနဲ့ ၁၄.၅ နာရီကြာသုံးနိုင်မယ့် Surface Laptop ကို Microsoft မိတ်ဆက်

ကျောင်းသားများအတွက် ရည်ရွယ်ဖန်တီးထားတဲ့ laptop သစ်တစ်မျိုးကို Microsoft က နယူးယောက်မှာ ကျင်းပခဲ့တဲ့ ပွဲမှာ မိတ်ဆက်ပေးခဲ့ ပါတယ်။

Surface Laptop မှာ ၁၃.၅ လက်မ PixelSense display နဲ့ 3.4 million pixel LCD screen ကို အသုံးပြုထားပါတယ်။ Display မှာ touch နဲ့ stylus အထောက်အပံ့ ပါဝင်ပါတယ်။ ဘက်ထရီနဲ့ ၁၄.၅ နာရီ အသုံးပြုနိုင်တာကြောင့် ကျောင်းသားတွေအနေနဲ့ charger တွေအပေါ် မှီခိုအားထားစရာမလိုတော့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ၁၈၉ ဒေါ်လာနဲ့ စတင်မယ့် Windows 10 ကွန်ပျူတာတွေကို ကျောင်းသားများထံ ထောက်ပံ့ပေးဖို့အတွက် Acer, Asus, Dell, Fujitsu, Toshiba, HP, Samsung တို့နဲ့ ပူးပေါင်းဆောင်ရွက်ထားတယ်လို့ Microsoft က ပြောကြားပါတယ်။

Surface Laptop မှာ Alcantara ကီးဘုတ်ပါဝင်ပါတယ်။ ဒီ laptop ကို Platinum, Burgundy, Cobalt Blue နဲ့ Graphite Gold အရောင်များနဲ့ ရနိုင်ပါတယ်။ အလေးချိန်က ၁.၂၅ ကီလိုဂရမ် (၂.၇၆ ပေါင်) ပါ။ အထူဆုံးအပိုင်းက ၁၄.၄၇ မီလီမီတာရှိပြီး အပါးဆုံးနေရာက ၉.၉ မီလီမီတာ ဖြစ်ပါတယ်။

ဒီ portable ကွန်ပျူတာသစ်ဟာ MacBook Pro ထက် လျင်မြန်ပြီး MacBook Air ထက် ပေါ့ပါးတယ်လို့ Surface အကြီးအကဲဖြစ်သူ Panos Panay က ပြောကြားခဲ့ပါတယ်။

Microsoft Surface Laptop မှာ Windows 10 S ကို အသုံးပြုထားပါတယ်။ တန်ဖိုးကတော့ ၉၉၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပါတယ်။ Intel Core i5 ဒါမှမဟုတ် Core i7 processor တွေနဲ့ ရွေးချယ်ဝယ်ယူနိုင်သလို 512GB SSD storage အထိ ရရှိနိုင်ပါတယ်။

၉၉၉ ဒေါ်လာနဲ့ဆိုရင် i5 (7200U), 4GB RAM, 128GB SSD တို့နဲ့ ရရှိနိုင်ပါတယ်။ i7, 16GB RAM, 512GB SSD ဆိုရင်တော့ ဒေါ်လာ ၂,၂၀၀ လောက်ကျသင့်ပါလိမ့်မယ်။

Ref: DailyMail/GSMArena