April 21, 2018
Download Link
-ရဲထွဋ်ဝင်း
===================
[ Unicode ]
ဖိုင် Type မျိုးစုံကို iPhone ကနေ ဘယ်လို Download လုပ်မလဲ
===================
ခုဖော်ပြပေးမယ့်နည်းကတော့ iOS အတွက် Third-party လို့ ခေါ်တဲ့ downloader ဆိုတဲ့ App ကို အသုံးပြုကာ iPhone ကနေ ဖိုင်မျိုးစုံကို ဖုန်းထဲ Download လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အရင်ဆုံးဖုန်းမှာ itunes ကနေ Downloader ဆိုတဲ့ app ကို ရှာပြီး install လုပ်ပေးပါ။ ဖော်ပြပါလင်ခ့် ကနေလည်း download လုပ်နိုင် မှာဖြစ်ပါတယ်။
Download Link
ဒီ App က အခမဲ့အနေနဲ့ အသုံးပြုနိုင်သလို Android ဖုန်းက နေ iOS ဖုန်းကို စတင် ပြောင်းလဲသုံးစွဲတဲ့ သူတွေအတွက် အထူးအသုံးဝင်လှတဲ့ Download App လည်းဖြစ်ပါတယ်။
ခု App ကို ဖုန်းထဲ install လုပ်ပြီးပြီဆိုရင်တော့ ဘယ်လို အသုံးပြုရတယ်ဆိုတာကို ဖော်ပြ ပေးသွားမှာဖြစ်ပါတယ်။ ဦးစွာ App ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ကိုယ့်အနေနဲ့ download လုပ်မယ့် ဝက်ဘ်ဆိုက်ကို App ထဲကနေ ဖွင့်လိုက်ပါ။ ဖွင့်ပြီးရင်တော့ download လုပ်မယ့်ဖိုင်ကို ဖွင့်လိုက်ပါ။
အဲလိုဖွင့်လိုက်ရင်တော့ Safari က ပုံစံမျိုး ဖိုင်ပွင့်လာတဲ့ ပုံစံပေါ်လာမှာဖြစ်ပြီး မြင်ကွင်း အောက်ခြေဘောင်နားက အောက် ကပုံမှာ ပြထားတဲ့ download icon လေးကို နှိပ်လိုက်ပါ။
အဲလိုနှိပ်လိုက်ရင်တော့ ဘောက်တစ်ခုပေါ်လာမှာဖြစ်ပြီး Download ဆိုတဲ့စာသားကို ထပ်နှိပ်ပေးပါ။
ဒါဆိုရင်တော့ ဖိုင်ကို ဖုန်းထဲ ကို download လုပ်လိုက်ပါပြီ။ Download လုပ်ထားတဲ့ ဖိုင်ကို ကြည့်ဖို့အတွက် Settings ထဲက Documents ဆိုတဲ့ထဲကို သွား လိုက်ပါ။
Documents ထဲရောက်သွား ရင်တော့ အောက်ဖော်ပြပါပုံအ တိုင်းတွေ့ရမှာဖြစ်ပြီး Free Music.mp3 ဆိုတဲ့စာသားဘေးနားက အဝိုင်းထဲက ( i ) ပုံစံ icon လေးကို တွေ့ရပါလိမ့်မယ်။ အဲဒီ ( i ) ပုံလေးကို နှိပ်လိုက်ရင်တော့ ဖိုင် ကို မျှဝေနိုင်တဲ့ လုပ်ဆောင်ချက် တွေ ပေါ်လာမှာဖြစ်ပါတယ်။ ( i ) icon လေးကို နှိပ်လိုက်ပါ။
( i ) icon လေးကို နှိပ်လိုက် ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး မြင်ကွင်းညာ ဘက်အပေါ်ထောင့်နားက upload icon လေးကို တစ်ချက်ထပ်နှိပ် လိုက်ပါ။
အဲလိုနှိပ်လိုက်ရင်တော့ မိမိ အနေနဲ့ ဖိုင်ကို WhatsApp, Messenger, Message စတဲ့ App တွေကနေတစ်ဆင့် တိုက်ရိုက် မျှဝေ
နိုင်မှာဖြစ်ပါတယ်။ အဲဒီ App တွေ ရဲ့အောက်နားမှာ Save to Files ဆိုတဲ့စာသားနဲ့ ဖိုင်ပုံစံ icon လေး ကို တွေ့ရပါမယ်။ အဲဒီ icon ကို တစ်ချက်နှိပ်လိုက်ပါ။
အဲလိုနှိပ်လိုက်ရင်တော့ ဖိုင်ကို iCloud Drive ထဲကို တိုက်ရိုက် upload လုပ်လိုက်တာဖြစ်တဲ့အ တွက် ဖုန်းရဲ့ ဖိုင်စနစ်ထဲကနေ အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။
အခုလိုနည်းတဲ့ ဖိုင် type မျိုး စုံကို ဖုန်းထဲကို အလွယ်တကူ download ပြုလုပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
-ရဲထွဋ်ဝင်း