July 26, 2017

ဖုန်း နဲ့ပဲ အချိန်ကြာကြာ သီချင်းနားထောင်မယ် ဆိုရင်တော့ အသံထွက် အရည်အသွေးကိုက အဓိကကျသလား

လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်လောက်မှာ သီချင်းနားထောင်ရင် walkman CD player တွေကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပေမယ့် နည်းနည်းကြာသွားတော့ သေးငယ်ပေါ့ပါးပြီး သီချင်း အပုဒ်ရေ အများကြီး ထည့်သွင်းထားနိုင်တဲ့ mp3 player တွေ ခေတ်စားခဲ့ဖူးပါတယ်။ ဒီခေတ်မှာတော့ ဒါတွေ အားလုံး ပျောက်လုနီးနီး ဖြစ်သွားပြီး အများစုက စမတ်ဖုန်းတွေနဲ့ပဲ သီချင်းတွေ နားထောင်လာကြပါတော့တယ်။

တေးသီချင်း နှစ်သက်သူ အတော်များများကတော့ သိုလှောင်မှု ပမာဏမြင့်တဲ့ စမတ်ဖုန်းတွေကို နှစ်သက်တာများပါတယ်။ သီချင်းပုဒ်ရေ များစွာ ထည့်သွင်းထားနိုင်လို့ အဆင်ပြေတဲ့ ဖျော်ဖြေရေး အသုံးအဆောင် အဖြစ် သတ်မှတ်ကြတာပါ။ ဒါပေမယ့် သီချင်းရဲ့ အရည်အသွေးကို အပြည့်အ၀ ရယူခံစားနိုင်ဖို့နဲ့ ကိုယ့်ရဲ့ အကြားအာရုံကို မထိခိုက်စေဖို့တော့ အထူး ဂရုပြုရမှာပါ။ စမတ်ဖုန်း အတော်များများဟာ သီချင်းနားထောင်ဖို့အတွက် သီးသန့် ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ ဒါကြောင့် အသံထုတ်လွှင့်မှုပိုင်းဆိုင်ရာမှာ ယေဘုယျ အားဖြင့်ပဲ ထုတ်လုပ်တတ်ကြပါတယ်။

ဒါပေမယ့် Vivo Brand ကတော့ သီချင်း နားထောင်ချင်သူတွေအတွက် အကောင်းဆုံး အသံအရည်အသွေး ရရှိအောင် ထောက်ပံ့ပေးနိုင်တဲ့ စမတ်ဖုန်းအမျိုးအစားပါပဲ။ Vivo စမတ်ဖုန်းမှာက အသံအရည်အသွေးအတွက် Hi-Fi chip သီးသန့် ထည့်သွင်း ထုတ်လုပ်ထားတာကို တွေ့ရပါတယ်။ သိတဲ့အတိုင်းပဲ Hi-Fi (high fidelity) အသံအရည်အသွေးစစ်ရင် သီချင်းကို နားကြပ်သေးသေးလေးနဲ့ နားထောင်ပေမယ့် တကယ့် စတူဒီယိုကြီးထဲမှာ နားထောင်ရသလို အသေးစိတ် အသံကအစ ကျကျနန ကြားနိုင်ပါတယ်။

ဖုန်းနဲ့ သီချင်းနားထောင်တာပဲ အသံကျယ်ကျယ်ကြားရရင် ပြီးရော မဟုတ်လားလို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့် အစမှာ ပြောခဲ့သလိုပဲပေါ့။ အရည်အသွေးကောင်းတဲ့ အသံဖြစ်ဖို့တော့ လိုအပ်ပါတယ်။ တချို့ဆိုရင် အသံတွေစူးပြီး ဆူညံနေပါလိမ့်မယ်။ အဲဒါက Treble frequency တွေ သိပ်များနေလို့ပါ။ အသံက အရမ်းစူးရှပါတယ်။ ကြာကြာ နားထောင်ရင် နားမခံနိုင်ဖြစ်ပါလိမ့်မယ်။ ပြီးရင်တော့ Bass သံတွေ ကောင်းကောင်း မကြားရပါဘူး။ ဒါကျပြန်တော့လည်း ဂီတရဲ့ အရသာကို အပြည့်အ၀ မခံစားရပြန်ပါဘူး။ ဒါကြောင့် အရည်အသွေးပြည့်ဝပြီး အသေးစိတ် အသံလေးက အစ ကြားဖို့ လိုအပ်တယ်လို့ ဆိုကြတာပါ။

Bass နဲ့ Treble သံက အပေါ်ယံအားဖြင့် ဥပမာ ပြောတာလေးပဲ ရှိပါသေးတယ်။ အရည်အသွေးကောင်းတဲ့ အသံထုတ်လွှင့်မှုမှာ လူ့ရဲ့ အကြားအာရုံအတွက် သင့်တော်တဲ့ decible ပမာဏကို မှန်ကန်အောင် ထုတ်လွှင့် နိုင်ဖို့လည်း လိုပါသေးတယ်။ Vivo မှာတော့ တကယ့်ကို ပရော်ဖက်ရှင်နယ် ဟိုင်ဖိုင် ချစ်ပ်ပြားကို သီးသန့်ထည့်ထားလို့ သီချင်း နားထောင်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ထပ်ပြီး ရှင်းရှင်းလင်းလင်း ပြောရရင်တော့ ဆူညံမနေဘူး။ တစ်လိုင်းချင်းစီ၊ တစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်းနဲ့ ပြေပြေပြစ်ပြစ် ကြားရတာမျိုးပေါ့။

နောက်ထပ် စမ်းသပ်မှု တစ်ခုအရ Vivo ရဲ့ headphone နဲ့ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ဗီဒီယို ကြည့်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ရုံကြီးတွေမှာ ရှိနေတဲ့အတိုင်း 7.1 sound channel ကို ကြားရမှာပါ။ ဒါကတော့ ဘာနဲ့မှ မတူတဲ့ အရသာပဲ ဆိုတာကို အားလုံးလည်း သိကြပါလိမ့်မယ်။ ကျွန်တော်ကတော့ သီချင်းကို အရူးအမူး နားထောင်တဲ့သူဆိုတော့ အသံထွက် အရည်အသွေးနဲ့ နားကို ဂရုစိုက်ပါတယ်။ ကြာကြာ နားထောင်မယ့်နား အတွက်သေချာတဲ့ ရွေးချယ်မှုကို လုပ်ပါတယ်။ ဒါကြောင့် ကျွန်တော့်လိုမျိုး ဖုန်းလည်း သုံးချင်တယ်၊ နားကြပ်လေးတပ်ပြီး သီချင်းလည်း ကြာကြာ နားထောင်ချင်တယ် ဆိုတဲ့သူတွေအတွက် သင့်တော်မယ့် အမျိုးအစားကို လမ်းညွှန်ပေးလိုက်ရပါတယ်။

==Endorsed by Vivo==