June 22, 2018

ဖုန္းရဲ႕အခ်က္အလက္ေတြ မေပါက္ၾကားေအာင္ Siri Passcode Lock ခံၿပီး ဘယ္လိုသုံးမလဲ

[ Zawgyi ]

Siri ကို ပုံမွန္ဖုန္းရဲ႕ Home ခလုတ္ကို စကၠန္႔အနည္းငယ္ ဖိထားကာ activate အလြယ္တကူ လုပ္ႏုိင္ပါတယ္။ အဲလိုအလြယ္တကူ လုပ္ႏုိင္တဲ့နည္းလမ္းက တစ္ဆင့္ iPhone နဲ႔ iPad ထဲက အခ်က္အလက္ေတြက အျပည့္အဝ မလုံၿခဳံႏုိင္ပါဘူး။ အဲဒါေၾကာင့္ ဖုန္းမွာ လုံၿခဳံေရးအတြက္ လက္ေဗြ ဒါမွမဟုတ္ Passcode Lock ခံထားမယ္ဆိုရင္ေတာ့ Siri ကို Passcode Lock မဖြင့္ပဲ မသုံးႏုိင္ေအာင္ လုံၿခဳံေရးစနစ္ကို ေသခ်ာလုပ္ေပးထားဖုိ႔ လိုပါတယ္။ အဲလိုလုပ္ထားတာက Siri သုံးရတာအတြက္ အနည္းငယ္ စိတ္႐ႈပ္စရာရွိေပမယ့္ ဖုန္းအတြက္ ပိုမိုလုံၿခဳံႏိုင္မယ့္ နည္းလမ္းတစ္ခုျဖစ္တာကိုေတာ့ မေမ့သင့္ပါဘူး။

အခု လုံၿခဳံေရး Passcode မွာ Siri ကိုပါ ပိတ္ထားေပးဖုိ႔အတြက္ အရင္ဆုံး Settings app ကို ဖြင့္လုိက္ပါ။

Settings စနစ္ထဲကို ေရာက္သြားရင္ေတာ့ Touch ID & Passcode ဆိုတဲ့စာသားကိုရွာၿပီး ႏွိပ္ပါ။

ဖုန္းမွာ နဂိုက Passcode ခံထားတယ္ဆိုရင္ စနစ္ထဲကို ဝင္ဖို႔အတြက္ Passcode ကို ထည့္ေပးရမွာ ျဖစ္ပါတယ္။ Passcode ထည့္ေပးလိုက္ပါ။

Passcode ထည့္လိုက္ရင္ေတာ့ Touch ID & Passcode စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ Passcode စနစ္ထဲက Allow Access When Locked ဆိုတဲ့ စာသားေအာက္က Siri ေဘးနားက ခလုတ္ေလး ေအာက္ေဖာ္ျပပါပုံထဲလို အစိမ္းေရာင္ျဖစ္ေန တယ္ဆိုရင္ေတာ့ တစ္ခ်က္ႏွိပ္ၿပီး ပိတ္လိုက္ပါ။

ဒါဆိုရင္ေတာ့ တစ္ျခားသူေတြအေနနဲ႔ ဖုန္းကို မိမိရဲ႕ခြင့္ျပဳ ခ်က္မရွိဘဲ Siri ကတစ္ဆင့္ ဖုန္းရဲ႕အခ်က္အလက္ေတြကို အလြယ္တကူ ၾကည့္႐ႈႏုိင္ေတာ့မွာ မဟုတ္ပါဘူး။

-ရဲထြဋ္ဝင္း

=======================

[ Unicode ]

ဖုန်းရဲ့အချက်အလက်တွေ မပေါက်ကြားအောင် Siri Passcode Lock ခံပြီး ဘယ်လိုသုံးမလဲ

=======================

Siri ကို ပုံမှန်ဖုန်းရဲ့ Home ခလုတ်ကို စက္ကန့်အနည်းငယ် ဖိထားကာ activate အလွယ်တကူ လုပ်နိုင်ပါတယ်။ အဲလိုအလွယ်တကူ လုပ်နိုင်တဲ့နည်းလမ်းက တစ်ဆင့် iPhone နဲ့ iPad ထဲက အချက်အလက်တွေက အပြည့်အဝ မလုံခြုံနိုင်ပါဘူး။ အဲဒါကြောင့် ဖုန်းမှာ လုံခြုံရေးအတွက် လက်ဗွေ ဒါမှမဟုတ် Passcode Lock ခံထားမယ်ဆိုရင်တော့ Siri ကို Passcode Lock မဖွင့်ပဲ မသုံးနိုင်အောင် လုံခြုံရေးစနစ်ကို သေချာလုပ်ပေးထားဖို့ လိုပါတယ်။ အဲလိုလုပ်ထားတာက Siri သုံးရတာအတွက် အနည်းငယ် စိတ်ရှုပ်စရာရှိပေမယ့် ဖုန်းအတွက် ပိုမိုလုံခြုံနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တာကိုတော့ မမေ့သင့်ပါဘူး။

အခု လုံခြုံရေး Passcode မှာ Siri ကိုပါ ပိတ်ထားပေးဖို့အတွက် အရင်ဆုံး Settings app ကို ဖွင့်လိုက်ပါ။

Settings စနစ်ထဲကို ရောက်သွားရင်တော့ Touch ID & Passcode ဆိုတဲ့စာသားကိုရှာပြီး နှိပ်ပါ။

ဖုန်းမှာ နဂိုက Passcode ခံထားတယ်ဆိုရင် စနစ်ထဲကို ဝင်ဖို့အတွက် Passcode ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ Passcode ထည့်ပေးလိုက်ပါ။

Passcode ထည့်လိုက်ရင်တော့ Touch ID & Passcode စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ Passcode စနစ်ထဲက Allow Access When Locked ဆိုတဲ့ စာသားအောက်က Siri ဘေးနားက ခလုတ်လေး အောက်ဖော်ပြပါပုံထဲလို အစိမ်းရောင်ဖြစ်နေ တယ်ဆိုရင်တော့ တစ်ချက်နှိပ်ပြီး ပိတ်လိုက်ပါ။

ဒါဆိုရင်တော့ တစ်ခြားသူတွေအနေနဲ့ ဖုန်းကို မိမိရဲ့ခွင့်ပြု ချက်မရှိဘဲ Siri ကတစ်ဆင့် ဖုန်းရဲ့အချက်အလက်တွေကို အလွယ်တကူ ကြည့်ရှုနိုင်တော့မှာ မဟုတ်ပါဘူး။

-ရဲထွဋ်ဝင်း