October 20, 2017

ဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အချိန်မှာ ကောင်းမွန်တဲ့ ဓာတ်ပုံတွေရဖို့အတွက်ဆိုရင်

ဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အချိန်မှာ ဓာတ်ပုံကောင်းကောင်းတွေရဖို့အ တွက် လိုက်နာသင့်တဲ့ အခြေခံအချက်လေးတွေအချို့ကိုဖော်ပြပေး လိုက်ပါတယ်။

အလျားလိုကမျဉ်းနဲ့ ဒေါင်လိုက်မျဉ်းကြောင်းတွေကို တည့်အောင် ရိုက်ပါ။

ဓာတ်ပုံကောင်းတစ်ပုံရရှိဖို့အတွက် မျဉ်းကြောင်းတွေကအရေးပါတဲ့ အခန်းကဏ္ဍတစ်နေရာမှာရှိပါတယ်။ ဓာတ်ပုံတစ်ပုံရဲ့ တည့်ခြင်း၊ စောင်းခြင်းတွေနဲ့ ဆွဲဆောင်မှုကို ကိုယ်ရိုက်လိုက်တဲ့ပုံရဲ့ မျဉ်းကြောင်း တွေကလည်းဖော်ပြလေ့ရှိပါတယ်။ အလျားလိုက် ရေပြင်ညီမျဉ်းနဲ့ ဒေါင်လိုက်မျဉ်းတွေ ဖြောင့်တန်းနေတဲ့ ပုံတွေဟာ တည်ငြိမ်နေတဲ့ပုံစံမျိုးရှိတက်ပါတယ်။ ဓာတ်ပုံတွေတော်တော်များများမှာ မျဉ်းကြောင်းတွေက ပါဝင်နေတတ်တာမို့မျဉ်းကြောင်းတွေကို သတိထားပြီး တက်နိုင်သမျှ တည့်မတ်အောင် ရိုက်သင့်ပါတယ်။

White Balane (or) Filter တွေကိုမှန်အောင်သုံးပါ

ဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ Manual ကင်မရာစနစ် ပါဝင်တဲ့အချို့ ဖုန်းတွေမှာ Manual စနစ်နဲ့ ရိုက်မယ်ဆိုရင် Whitebalance ကိုဂရုစိုက် သင့်ပါတယ်။ Auto စနစ်နဲ့ရိုက်မယ်ဆိုရင်လည်း ဖုန်းမှာပါတဲ့ Filter စနစ်တွေကို ဂရုစိုက်ပြီးရိုက်သင့်ပါတယ်။ အချို့ဓာတ်ပုံတွေမှာ မလိုအပ်ဘဲ ပုံကပြာနှမ်းနေတာ၊ နီရဲနေတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ Whitebalance နဲ့ Filter တွေကို အသုံးပြုတဲ့အခါမှာ ကိုယ်ရိုက်မယ့်နေရာနဲ့ ပတ်ဝန်းကျင်အလင်းအမှောင် အရောင်တွေပေါ်မှာ မူတည်ပြီး အသုံးပြုသင့်ပါတယ်။ Whitebalance နဲ့ Filter မှားယွင်းနေတဲ့ပုံတွေဟာ ပတ်ဝန်းကျင်ရဲ့အရောင်တွေနဲ့ ကွဲပြားခြားနားနေတက်ပါတယ်။

Focus ကိုမှန်အောင်ရိုက်ပါ

ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ Focus မပြတ်ခြင်းကလည်း အဆိုးဝါးဆုံးသော အချက်ပဲဖြစ်ပါတယ်။ နောက်တစ်ခုက Focus ကို မှားပေးမိတဲ့ အခါမှာလည်း ပုံကောင်းတစ်ပုံ မဖြစ်စေပါဘူး။ ဓာတ်ပုံတစ်ပုံကို Subject ထည့်ရိုက်ပါလျက်နဲ့ Subject က Focus မပြတ်ဘဲ ဝါးနေမယ်ဆိုရင် ဓာတ်ပုံကကောင်းမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကဓာတ်ပုံတစ်ပုံ ရိုက်မယ်ဆိုရင် Focus ကိုလည်း ဂရုစိုက်ပါ။ Focus Tracking စနစ်ပါတဲ့ ဖုန်းတွေမှာဆိုရင်လည်း ဒီစနစ်ကို အသုံးပြု ထားသင့်ပါတယ်။

Composation

ဒီအချက်ကတော့ ဓာတ်ပုံရိုက်တဲ့သူရဲ့ ပင်ကိုအမြင်၊ လေ့လာအားနဲ့လည်း အများကြီး ပတ်သက်နေ ပါတယ်။ အဓိကဓာတ်ပုံ စရိုက်တဲ့သူတွေမှာ ဖြစ်များတတ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်မယ့် သူတစ်ယောက်အနေနဲ့ Composation ကောင်းကောင်းပုံတွေကို များများလေ့လာထားဖို့လိုအပ်ပါတယ်။ ဒါမှရှုခင်းပုံတွေ ရိုက်တဲ့အခါမှာ ကိုယ်ထည့်သွင်း ရိုက်ကူးမယ့် Subject ကို ဘယ်နားမှာထားပြီး ရိုက်ကူးသင့်တယ်ဆိုတာကို ကိုယ်တိုင်အလွယ်တကူ တွက်ချက်နိုင်မှာပါ။ ဒါကြောင့် ဓာတ်ပုံတစ်ပုံအတွက် အခြေခံအားဖြင့် Rule of Third ကို ထည့်သွင်းပြောဆို နေကြခြင်းဖြစ်ပါတယ်။ ဖုန်းထဲမှာ Rule of Third ချိန်လို့ရအောင် Grid Line တွေ ထည့်ပေးထားပါတယ်။

Exposure ကိုချိန်ညှိပါ၊ Manual စနစ်အသုံးပြုပါ

အလင်းအားနည်းတဲ့အချိန်တွေမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် ပုံတွေကမှုန်ဝါးနေတာ၊ Noise တွေ အရမ်းများနေတာမျိုး ဖြစ်တက်ကြပါတယ်။ ဒါဟာ အလင်းအားနည်းနေတဲ့အချိန်မှာ ဖုန်းကင်မရာရဲ့ Auto စနစ်က Exposure ကို အလိုအလျောက် ချိန်ညှိတဲ့အခါမှာ အလင်းသိရှိမှုနှုန်း ISO ကိုအမြင့်ဆုံး တင်ပေးလိုက်တဲ့အတွက်ကြောင့်ပါပဲ။ အမှောင်အားကြီးနေတဲ့အချိန် ဓာတ်ပုံရိုက်တဲ့အခါ အချို့သော ဖုန်းစနစ်တွေက အမှောင်ထဲမှာ ရိုက်ကူးလို့ကောင်းအောင် တီထွင်ဖန်တီး ပေးထားကြပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေမှာ ပြီးပြည့်စုံမှုကို မရရှိတတ်ကြပါဘူး။

မှောင်နေတဲ့ နေရာတွေ ရိုက်မယ်ဆိုရင် လက်နဲ့ပဲကိုင်ပြီး ရိုက်ခြင်းကို အတတ်နိုင်ဆုံးရှောင်ပြီး ဖုန်းကို Tripod Stand တစ်ခုနဲ့ ထောင်ပြီး ရိုက်ကူးခြင်းက အကောင်းဆုံးဖြစ်သလို အဲ့လို Stand နဲ့ ရိုက်ကူးချိန်မှာ Exposure ကစားလို့ရတဲ့ Manual Camera app တွေ ထည့်သုံးရင် ပိုကောင်းပါတယ်။ အချို့သော ဖုန်းတွေမှာ Exposure ကို ချိန်ညှိနိုင်ဖို့ Focus ရဲ့ ဘေးနားမှာ အတင်အချလုပ်တဲ့ စနစ်လေး ထည့်ပေးထားပါတယ်။ အချို့ဖုန်းတွေကတော့ Focus ထောက်လိုက်တာနဲ့ အလိုအလျောက် ချိန်ညှိပေးတဲ့ စနစ်ကို ထည့်ပေးထားပါတယ်။ အချို့ဖုန်းတွေမှာ Manual Mode တွေ ပါလာတဲ့အတွက် Exposure ပြဿနာတွေကို ဖြေရှင်းနိုင်ပေမယ့် အချို့ဖုန်းတွေမှာ မပါဝင်တာကြောင့် အခုလို အလင်းအမှောင် ပြဿနာတွေကို သတိထား ရိုက်ကူးသင့်ပါတယ်။

ဓာတ်ပုံကို ပြင်တဲ့အချိန်မှာ ဂရုစိုက်ပါ

တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အကြိုက်ခြင်းဟာ မတူညီနိုင်ပါဘူး။ အချို့ပန်းချီဆရာတွေဟာ စုတ်ချက်ကြမ်း ကြမ်းတွေကို သုံးစွဲကြပါတယ်။ သူ့ခံစားမှုနဲ့ သူရေးဆွဲထားတာကြောင့် ခံစားမိတဲ့သူတွေ ကြိုက်သွားတဲ့ သူတွေ လည်းရှိပါတယ်။

ဓာတ်ပုံပညာမှာတော့ ခပ်ကြမ်းကြမ်း ပြင်လိုက်တာနဲ့ ဆိုလိုရင်းသဘာဝတရားတွေ ပျောက်ပြီး ပုံကသဘာဝ မဆန်တော့ တာတွေ ဖြစ်ကုန်ပါတယ်။ ဒါကြောင့် ဓာတ်ပုံကို ပြင်ဆင်မယ်၊ အလင်း အမှောင်ချိန်မယ်ဆိုရင် သဘာဝထက် လွန်ဆန်ပြီး မပြုပြင်တာ အကောင်းဆုံးပါပဲ။ မိမိကအရောင်တွေ အရမ်းမိုက်တယ်လို့ ထင်ရပေမယ့် တစ်ခါတလေမှာ အဲ့ဒီအရောင်တွေကပဲ ဓာတ်ပုံတစ်ပုံရဲ့ သဘာဝ ကျမှုကို ဖျက်ဆီးတတ်ပါတယ်။ မိုဘိုင်းဖုန်း ကင်မရာအချို့မှာ HDR စနစ်တွေ ပါဝင်ပြီး အဲဒီ HDR စနစ်ကို အလွန်အမင်း သုံးတဲ့အခါမှာ ဓာတ်ပုံဟာ ခပ်ကြမ်းကြမ်း ဖြစ်သွားတာကို မြင်ဖူးကြမှာပါ။ ဒါကြောင့်ကိုယ်က စုတ်ချက် ခပ်ကြမ်းကြမ်း ကြိုက်တယ်ဆိုရင်လည်း သဘာဝကျဖို့တော့ အဓိက လိုအပ်ပါတယ်။

-ကိုသက်