June 24, 2018

ဖုန္းကို တစ္နာရီအၾကာ မသံုးခဲ့ရင္ iPhone ရဲ႕ lightning port ကို disable လုပ္ဖို႔စီစဥ္ေနတဲ့ Apple

[Zawgyi]

iPhone ထုတ္ကုန္ေတြထဲကို ဥပေဒအဖြဲ႕အစည္းေတြ ထိုးေဖာက္ဝင္ေရာက္တဲ့ လုံၿခဳံေရးအေပါက္ကို ပိတ္ဆို႔ဖို႔အတြက္ iPhone setting ေတြကို ေျပာင္းလဲသြားမယ္လို႔ Apple က ဇြန္လ ၁၃ ရက္ (ဗုဒၶဟူးေန႔) က ထုတ္ျပန္ခဲ့ပါတယ္။

ဒီပိတ္ဆို႔မႈဟာ Apple က သုံးစြဲသူေတြအားလုံးကို ကာကြယ္ဖို႔ ရည္မွန္းထားတာျဖစ္ၿပီး အထူးသျဖင့္ ရဲေတြနဲ႔ ရာဇဝတ္ေကာင္ေတြက iPhone ေတြကုိ ရယူသိမ္းဆည္းထားတဲ့ ႏိုင္ငံေတြမွာ ပ်ံ႕ႏွံ႔ေနတဲ့ တိုက္ခိုက္မႈနည္းလမ္းကို အျမစ္ျဖတ္သြားဖို႔ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဖုန္းကို တစ္နာရီအတြင္း unlock မလုပ္မိတဲ့အခါမွာ USB port ကတစ္ဆင့္ ဆက္သြယ္မႈကို ျဖတ္ေတာက္ဖို႔ iPhone operating system အတြင္းက default settings ကိုေျပာင္းလဲမယ္လို႔ Apple က ထုတ္ျပန္ခဲ့ပါတယ္။

GrayShift, Cellebrite နဲ႔ အျခားကုမၸဏီေတြပုိင္ဆိုင္တဲ့ စက္ေတြက အဲဒီ port ကေနတစ္ဆင့္ password ခန္႔မွန္းမႈ အႀကိမ္အေရအတြက္ ကန္႔သတ္မႈ လုံၿခဳံေရးအစီအမံေတြကုိ အခ်က္အလက္ေတြ မဖ်က္ခင္ ဒါမွမဟုတ္ ဖုန္းကို freeze မလုပ္ခင္မွာ ေက်ာ္ျဖတ္ႏိုင္ၾကပါတယ္။ အခုဆိုရင္ေတာ့ Apple ရဲ႕လုံၿခဳံေရးအေျပာင္းအလဲေၾကာင့္ iPhone ေတြေပၚမွာ code ေတြကို စီမံႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

အဲဒီကုမၸဏီေတြဟာ ဒီႏွစ္အတြင္း ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ သူတို႔ရဲ႕စက္ေတြကို ဥေဒအဖြဲ႕အစည္းေတြဆီ ေဈးကြက္ရွာေဖြေရာင္းခ်ခဲ့ၾကပါတယ္။ အဲဒီစက္ေတြရဲ႕တန္ဖိုးက ေဒၚလာ ေထာင္ေပါင္းမ်ားစြာ တန္ေပမယ့္ ဖုန္းတစ္လုံးအတြက္ ျပဳလုပ္ခကေတာ့ ေဒၚလာ ၅၀ ေအာက္ပဲရွိပါတယ္။

iPhone settings အတြင္းျပဳလုပ္လုိက္တဲ့ အေျပာင္းအလဲဟာ ဥပေဒေၾကာငး္အရ ကန္႔သတ္မႈေတြ နည္းပါးၿပီး ဥပေဒအဖြဲ႕အစည္းေတြက သိမ္းဆည္းထားတဲ့ ဖုန္းကို ထိုးေဖာက္ဖို႔ ႀကိဳးစားေနတဲ့ ႏိုင္ငံေတြက သုံးစြဲသူေတြကုိ အကာအကြယ္ေပးမွာ ျဖစ္တယ္လို႔ Apple ေျပာေရးဆုိခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။

ရာဇဝတ္ေကာင္၊ သူလွ်ိဳေတြနဲ႔ မသမာသူေတြကလည္း iPhone ေတြကုိထိုးေဖာက္ဖို႔ စက္ေတြကို အသုံးျပဳေနၾကတာကို Apple က သတိျပဳမိပါတယ္။ ဒါ့အျပင္ ေထာက္လွမ္းေရးေအဂ်င္စီေတြက iPhone ကုိ ထုိးေဖာက္တဲ့ နည္းလမ္းတခ်ိဳ႕လည္း အင္တာနက္မွာ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။
အဲဒီ settings switch ဟာ iOS 11.4.1 beta ဗားရွင္းေတြနဲ႔ iOS 12 မွာ စတင္ ပါဝင္လာမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: Reuters

 

[Unicode]

iPhone ထုတ်ကုန်တွေထဲကို ဥပဒေအဖွဲ့အစည်းတွေ ထိုးဖောက်ဝင်ရောက်တဲ့ လုံခြုံရေးအပေါက်ကို ပိတ်ဆို့ဖို့အတွက် iPhone setting တွေကို ပြောင်းလဲသွားမယ်လို့ Apple က ဇွန်လ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) က ထုတ်ပြန်ခဲ့ပါတယ်။

ဒီပိတ်ဆို့မှုဟာ Apple က သုံးစွဲသူတွေအားလုံးကို ကာကွယ်ဖို့ ရည်မှန်းထားတာဖြစ်ပြီး အထူးသဖြင့် ရဲတွေနဲ့ ရာဇဝတ်ကောင်တွေက iPhone တွေကို ရယူသိမ်းဆည်းထားတဲ့ နိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ တိုက်ခိုက်မှုနည်းလမ်းကို အမြစ်ဖြတ်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ဖုန်းကို တစ်နာရီအတွင်း unlock မလုပ်မိတဲ့အခါမှာ USB port ကတစ်ဆင့် ဆက်သွယ်မှုကို ဖြတ်တောက်ဖို့ iPhone operating system အတွင်းက default settings ကိုပြောင်းလဲမယ်လို့ Apple က ထုတ်ပြန်ခဲ့ပါတယ်။

GrayShift, Cellebrite နဲ့ အခြားကုမ္ပဏီတွေပိုင်ဆိုင်တဲ့ စက်တွေက အဲဒီ port ကနေတစ်ဆင့် password ခန့်မှန်းမှု အကြိမ်အရေအတွက် ကန့်သတ်မှု လုံခြုံရေးအစီအမံတွေကို အချက်အလက်တွေ မဖျက်ခင် ဒါမှမဟုတ် ဖုန်းကို freeze မလုပ်ခင်မှာ ကျော်ဖြတ်နိုင်ကြပါတယ်။ အခုဆိုရင်တော့ Apple ရဲ့လုံခြုံရေးအပြောင်းအလဲကြောင့် iPhone တွေပေါ်မှာ code တွေကို စီမံနိုင်မှာ မဟုတ်တော့ပါဘူး။

အဲဒီကုမ္ပဏီတွေဟာ ဒီနှစ်အတွင်း နိုင်ငံတော်တော်များများမှာ သူတို့ရဲ့စက်တွေကို ဥဒေအဖွဲ့အစည်းတွေဆီ ဈေးကွက်ရှာဖွေရောင်းချခဲ့ကြပါတယ်။ အဲဒီစက်တွေရဲ့တန်ဖိုးက ဒေါ်လာ ထောင်ပေါင်းများစွာ တန်ပေမယ့် ဖုန်းတစ်လုံးအတွက် ပြုလုပ်ခကတော့ ဒေါ်လာ ၅၀ အောက်ပဲရှိပါတယ်။

iPhone settings အတွင်းပြုလုပ်လိုက်တဲ့ အပြောင်းအလဲဟာ ဥပဒေကြောငး်အရ ကန့်သတ်မှုတွေ နည်းပါးပြီး ဥပဒေအဖွဲ့အစည်းတွေက သိမ်းဆည်းထားတဲ့ ဖုန်းကို ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေက သုံးစွဲသူတွေကို အကာအကွယ်ပေးမှာ ဖြစ်တယ်လို့ Apple ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ရာဇဝတ်ကောင်၊ သူလျှိုတွေနဲ့ မသမာသူတွေကလည်း iPhone တွေကိုထိုးဖောက်ဖို့ စက်တွေကို အသုံးပြုနေကြတာကို Apple က သတိပြုမိပါတယ်။ ဒါ့အပြင် ထောက်လှမ်းရေးအေဂျင်စီတွေက iPhone ကို ထိုးဖောက်တဲ့ နည်းလမ်းတချို့လည်း အင်တာနက်မှာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။
အဲဒီ settings switch ဟာ iOS 11.4.1 beta ဗားရှင်းတွေနဲ့ iOS 12 မှာ စတင် ပါဝင်လာမယ်လို့ သိရပါတယ်။

စိုးထက်
Ref: Reuters