ပို့ဆောင်ဆက်သွယ်ရေး ဒုဝန်ကြီးနှင့် ကမ္ဘာ့ဘဏ်တာဝန်ရှိသူများတွေ့ဆုံ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးနဲ့ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူတွေ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Digital Myanmar စီမံကိန်းဆိုင်ရာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၈ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေရဲ့ ပထမအဆင့်ဖြစ်တဲ့ e-Government ပဏာမအခြေခံ စီမံကိန်းတွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Digital Myanmar ကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း