June 24, 2018
ပို့တဲ့သူမသိအောင် iMessage, Facebook Messenger နဲ့ Instagram မှာမက်ဆေ့ခ်ျတွေကို ဘယ်လိုဖတ်မလဲ
[ Zawgyi ]
မက်ဆေ့ခ်ျ App တွေရဲ့ အဓိက လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ read receipts လုပ်ဆောင်ချက်ဆိုတာက မိမိဆီကို ပို့လာတဲ့ မက်ဆေ့ခ်ျကို မိမိကဖတ်ပြီးပြီဆိုတာနဲ့ ပို့လိုက်တဲ့သူက ဖတ်ပြီးတယ်ဆိုတာကို သိရှိအောင် ပို့တဲ့သူဆီကို အသိပေးတဲ့ လုပ်ဆောင်ချက်တစ် ခုဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက် မက်ဆေ့ခ်ျပို့တဲ့သူအနေနဲ့ မိမိက အကြောင်းကြောင်းကြောင့် မက်ဆေ့ခ်ျမပြန်မိပါက စိတ်အနှောင့် အယှက်တစ်ခုအနေနဲ့ ခံစားမိစေ နိုင်ပါတယ်။ အဲဒါကြောင့် ပို့တဲ့သူ မသိအောင် မက်ဆေ့ခ်ျကို ဘယ်လိုဖတ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပြည် တွင်းမှာ အသုံးများတဲ့ iMessage ၊ Facebook Messenger နဲ့ Instagram မှာ ပို့တဲ့သူမသိအောင် မက်ဆေ့ခ်ျဖတ်နိုင်မယ့်နည်းလမ်း ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ တစ် ခြား မက်ဆေ့ခ်ျ App တွေဖြစ်တဲ့ WhatsApp ၊ Twitter တွေမှာ ပိတ်တဲ့နည်းကိုတော့ အလျဉ်းသင့်သလို ထပ်မံဖော်ပြပေးသွားပါမယ်။
iMessage
Messenger နဲ့ Instagram စနစ်ထဲကို ရောက်ရင်တော့ မိမိဖတ်ချင်တဲ့ မက်ဆေ့ခ်ျကို ဝင်ဖတ်ပါ။
ဒါဆိုရင်တော့ ပို့တဲ့သူမသိအောင် iMessage ၊ Facebook Messenger နဲ့ Instgram တို့မှာ မက်ဆေ့ခ်ျကို ဖတ်နိုင်ပြီထင်ပါတယ်။
-ရဲထွဋ်ဝင်း
==============
[ Unicode ]
ပို့တဲ့သူမသိအောင် iMessage, Facebook Messenger နဲ့ Instagram မှာ မက်ဆေ့ချ်တွေကို ဘယ်လိုဖတ်မလဲ
==============
မက်ဆေ့ချ် App တွေရဲ့ အဓိက လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ read receipts လုပ်ဆောင်ချက်ဆိုတာက မိမိဆီကို ပို့လာတဲ့ မက်ဆေ့ချ်ကို မိမိကဖတ်ပြီးပြီဆိုတာနဲ့ ပို့လိုက်တဲ့သူက ဖတ်ပြီးတယ်ဆိုတာကို သိရှိအောင် ပို့တဲ့သူဆီကို အသိပေးတဲ့ လုပ်ဆောင်ချက်တစ် ခုဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက် မက်ဆေ့ချ်ပို့တဲ့သူအနေနဲ့ မိမိက အကြောင်းကြောင်းကြောင့် မက်ဆေ့ချ်မပြန်မိပါက စိတ်အနှောင့် အယှက်တစ်ခုအနေနဲ့ ခံစားမိစေ နိုင်ပါတယ်။ အဲဒါကြောင့် ပို့တဲ့သူ မသိအောင် မက်ဆေ့ချ်ကို ဘယ်လိုဖတ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပြည် တွင်းမှာ အသုံးများတဲ့ iMessage ၊ Facebook Messenger နဲ့ Instagram မှာ ပို့တဲ့သူမသိအောင် မက်ဆေ့ချ်ဖတ်နိုင်မယ့်နည်းလမ်း ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ တစ် ခြား မက်ဆေ့ချ် App တွေဖြစ်တဲ့ WhatsApp ၊ Twitter တွေမှာ ပိတ်တဲ့နည်းကိုတော့ အလျဉ်းသင့်သလို ထပ်မံဖော်ပြပေးသွားပါမယ်။
iMessage
iOS ဖုန်းတွေမှာသုံးတဲ့ iMessage ရဲ့ Settings ကို ဖွင့် လိုက်ပါ။
Settings ထဲကမှ Messages ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။
Messages စနစ်ထဲကိုရောက် သွားရင်တော့ Send Read Receipts ဆိုတဲ့ စာသားဘေးနားက ခလုတ်ကို တစ်ချက်နှိပ်ပြီးပိတ် လိုက်ပါ။
ဒါဆိုရင်တော့ iMessages စနစ်မှာ Read Receipts စနစ်ကို ပိတ်တာပြီးဆုံးပါပြီ။ Facebook Messenger နဲ့ Instagram မှာ ဘယ်လို ပိတ်ထားမလဲဆိုတာကို ဆက်လက်ဖော်ပြပေးပါမယ်။ Facebook နဲ့ Instagram မှာက တော့ read receipts စနစ်ကို ပိတ်ပေးနိုင်တဲ့ စနစ်ဆိုပြီး သီးခြားမပါဝင်ပါဘူး။ ဒါကြောင့် Airplane mode ကိုသုံးပြီး မက်ဆေ့ချ်ကို မိမိအနေနဲ့ မဖတ်ရသေးဘူးဆိုတဲ့ ပုံစံမျိုးဖန်တီးန နိုင်ပါတယ်။ အဲလို လုပ်တာက အနည်းငယ်ရှုပ်ထွေးပေ့မယ့် အခုဖော်ပြတဲ့အတိုင်း လုပ်ဆောင်လို့ရမှာဖြစ်ပါတယ်။
Instagram ကို Facebook ကနေပဲ ဖန်တီးထားတာဖြစ် တဲ့အတွက် Facebook Messenger မှာပိတ်သလိုမျိုးပဲ လုပ်ဆောင် နိုင်ပါတယ်။ အဲဒါကြောင့် ဒီနှစ်ခုမှာ ပို့တဲ့သူမသိအောင် စာဖတ် နည်းကိုတော့ နှစ်ဖက်တွဲပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ မိမိအနေနဲ့ ပို့လိုက်တဲ့သူ မသိစေဘဲ ဖတ်ကြည့်ချင်တဲ့ မက်ဆေ့ချ် ဝင်လာရင်တော့ မက်ဆေ့ချ်ကို ဖွင့်မဖတ်ခင် အရင်ဆုံးဖုန်းမှာ Airplane Mode ကို ဖွင့်လိုက်ပါ။
ပြီးရင်တော့ ဖုန်းထဲက Messenger (သို့မဟုတ်) Instagram ကို ဖွင့်လိုက်ပါ။
Messenger နဲ့ Instagram စနစ်ထဲကို ရောက်ရင်တော့ မိမိဖတ်ချင်တဲ့ မက်ဆေ့ချ်ကို ဝင်ဖတ်ပါ။
ဖတ်ပြီးရင်တော့ Multitasking စနစ်ကိုသုံးပြီး App တွေကို အပြီး ပိတ်ပါ။ iOS မှာဆိုရင်တော့ Home ခလုတ်ကို နှစ်ချက်နှိပ်ပြီး App တွေကို ပိတ်နိုင်မှာ ဖြစ်ပါတယ်။ Android OS မှာဆိုရင်တော့ Multitasking button ကို နှိပ်ပြီး App တွေကို ပိတ်ပေးလိုက်ပါ။ ဘာ
လိုလဲဆိုတော့ Home ခလုတ်ကို တစ်ချက်နှိပ်ပြီး ပိတ်တာနဲ့ back ခလုတ်နှိပ်ပြီး ပိတ်တာက App ကို အပြီးပိတ်လိုက်တာ မဟုတ်ဘဲ နောက်ကွယ်မှာ ပွင့်နေသေးလို့ ဖြစ်ပါတယ်။
ပြီးရင်တော့ Airplane mode ကို ဖွင့်ထားတာကို ပြန်ပိတ်လိုက် ပါ။ ဒါဆိုရင်တော့ မက်ဆေ့ချ် စနစ်မှာ ဖုန်းလိုင်းပိတ်ထားတာ ဖြစ်လိုက်တဲ့အတွက် မိမိကိုပို့လိုက်တဲ့ မက်ဆေ့ချ်တွေက မဖတ်ရသေးတဲ့ပုံစံမျိုး App စနစ်မှာပဲပေါ်နေမှာ ဖြစ်ပါတယ်။ မိမိကိုပို့လိုက်တဲ့သူ အနေနဲ့လည်း မက်ဆေ့ချ်က မဖတ်ရသေးတာကိုပဲ သိရှိနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ ပို့တဲ့သူမသိအောင် iMessage ၊ Facebook Messenger နဲ့ Instgram တို့မှာ မက်ဆေ့ချ်ကို ဖတ်နိုင်ပြီထင်ပါတယ်။
-ရဲထွဋ်ဝင်း