ပလတ္စတစ္ အသံုးျပဳ 3D ပရင့္ထုတ္လုပ္ျခင္း၏ ျပဳျပင္ေျပာင္းလဲလာမႈ

[ Zawgyi ]

3D ပရင့္ထုတ္လုပ္ျခင္း၊ သို႔မဟုတ္ ဆြဲေဆာင္မႈရွိေသာ ကုန္ထုတ္လုပ္မႈ နည္းလမ္းသည္ ယခုႏွစ္ ပိုင္းအတြင္းမ်ားစြာ ပိုမိုတိုးတက္လာခဲ့ၿပီ ျဖစ္သည္။ အရပ္ဘက္ အဖြဲ႕အစည္းဆုိင္ရာ ကုမၸဏီမ်ား၊ စစ္ဘက္ဆိုင္ရာမ်ားႏွင့္ ဝါသနာရွင္တီထြင္မႈ ျပဳေနသူမ်ားအေနျဖင့္ အမ်ိဳးမ်ိဳးေသာ ပစၥည္းမ်ားကို 3D နည္းပညာျဖင့္ ထုတ္လုပ္သံုးစြဲ လာလ်က္ရွိေနၿပီ ျဖစ္သည္။ 3D နည္းပညာျဖင့္ စက္မႈလုပ္ငန္းမ်ားတြင္ လိုအပ္သည့္ အေသးငယ္ဆံုး ဝက္အူရစ္ကဲ့သို႔ေသာ အစိတ္အပိုင္းမ်ားမွသည္ အႀကီးစားျဖစ္သည့္ တံတားတည္ေဆာက္ျခင္းအတြက္ ကိုယ္ထည္မ်ား၊ ေမာ္ေတာ္ယာဥ္ အစိတ္အပိုင္းမ်ား၊ စစ္ဘက္ဆိုင္ရာတြင္ ေမာင္းသူမဲ့ေလယာဥ္ မ်ားအထိ တည္ေဆာက္အသံုးျပဳျခင္းမ်ားကို ေကာင္းစြာအသံုးခ်လာႏိုင္ေနၿပီလည္းျဖစ္သည္။

ယခင္က ၎နည္းပညာသည္ ပလတ္စတစ္ကိုသာ ကုန္ၾကမ္းအျဖစ္ အဓိကအသံုးျပဳခဲ့ရာမွ ယခုအခါတြင္ သတၱဳ၊ ဘိလပ္ေျမႏွင့္ ဖန္အစရွိသည့္ ျဒပ္ပစၥည္းမ်ားကို အသံုးျပဳကာ အေဆာက္အဦ၊ ကုန္ပစၥည္းမ်ားထုတ္လုပ္ တည္ေဆာက္ႏုိင္သည့္ အေျခအေနမ်ိဳးကို စြမ္းေဆာင္လာႏိုင္ေစေတာ့မည္ျဖစ္ၿပီး ထုိသို႔ေသာ လုပ္ငန္းမ်ားအတြက္ စြမ္းေဆာင္ႏုိင္ရန္ ပညာရွင္မ်ားမွလည္း ႀကိဳးစား တီထြင္လ်က္ရွိေပသည္။ မၾကာေသးမီက ထြက္ေပၚခဲ့သည့္ နည္းပညာ သတင္းတစ္ပုဒ္တြင္ 3D ပရင့္ထုတ္လုပ္ျခင္း နည္းလမ္းကို အဆင့္မ်ားစြာ ျမင့္တက္ေစႏုိင္သည့္ ထုတ္လုပ္မႈ နည္းပညာတစ္မ်ိဳးကို တီထြင္ႏိုင္ခဲ့ ၾကသည္ဟု ေဖာ္ျပခဲ့ၾကသည္။

အဆိုပါ နည္းပညာသည္ သတၱဳ အစိတ္အပိုင္းမ်ားကို ဖန္တီးရာတြင္ ပလတ္စတစ္မ်ားအစား သတၱဳကုန္ၾကမ္းမ်ားကို အသံုးျပဳျခင္းပင္ျဖစ္ၿပီး ထုိသို႔ေဆာင္ရြက္ရာတြင္ သတၱဳကုန္ၾကမ္းမ်ားကို အရည္ေပ်ာ္မႈကို အသံုးျပဳျခင္းမရွိဘဲ လိုအပ္သည့္
ပစၥည္းမ်ားကို ဖန္တီးထုတ္လုပ္ႏိုင္ျခင္းပင္ ျဖစ္သည္။ စက္႐ံုမ်ားအတြက္ လိုအပ္သည့္အႀကီးစား စက္ပစၥည္းမ်ားကို ထုတ္
လုပ္ရာတြင္ အရည္ေပ်ာ္ျခင္းရွိေစမည့္ အပူခ်ိန္အထိလည္း မေရာက္ရွိေစသလို ပံုေဖာ္ႏိုင္ရန္အတြက္ လိုအပ္သည့္ ဖိအားႏွင့္ ပြတ္တိုက္ျခင္းစနစ္မ်ားကို အသံုးျပဳကာ ေဆာင္ရြက္ေစျခင္းျဖင့္ ထုတ္လုပ္ျခင္းျဖစ္ပါသည္။ အဆိုပါ နည္းပညာသည္ အႀကီးစား စက္႐ံုမ်ား၊ ကာကြယ္ေရး၊ ေလေၾကာင္းႏွင့္ ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ျခင္းဆိုင္ရာမ်ားတြင္ အသံုးခ်ႏုိင္မည့္ အလားအလာ ေကာင္းမ်ားစြာကို ျဖစ္လာႏိုင္လိမ့္မည္ဟုလည္း သံုးသပ္ခဲ့ၾကၿပီျဖစ္သည္။

ယခင္က သမား႐ိုးက် 3D ပရင့္ထုတ္လုပ္မႈတစ္ခုကို ေလ့လာၾကည့္မည္ဆိုလွ်င္ ဥပမာအားျဖင့္ စက္႐ုပ္လက္ပံုစံတစ္ခု အားပံုေဖာ္ရာ၌ လိုအပ္သည့္ တည္ေဆာက္မႈ အလႊာတစ္လႊာခ်င္းစီအတြက္ လိုအပ္သည့္ သတၱဳကုန္ၾကမ္းမ်ားကို အႀကိမ္တိုင္းအားျဖင့္ အနည္းငယ္စီ ထည့္သြင္း၍ ႀကိမ္ဖန္မ်ားစြာ ေဆာင္ရြက္ၾကရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၎ျဖစ္စဥ္တြင္ ေလဆာအသံုးျပဳျခင္း မရွိသည့္အတြက္ စက္အေနျဖင့္မည္သည့္ပမာဏကို ရရွိပါက လံုေလာက္သည္ ဆိုသည့္ ကန္႔သတ္ခ်က္ ပမာဏလည္း မရွိေခ်။ ထို႔အျပင္ တည္ေဆာက္ရာတြင္ အသံုးျပဳသည့္ စတီးလ္ႏွင့္တိုက္ေတနီယမ္ ကဲ့သို႔ေသာ ပစၥည္းမ်ားကို အပူေပးရာ၌ အရည္ေပ်ာ္အမွတ္ ေက်ာ္လြန္သြားခိ်န္တြင္ အဆိုပါ ပစၥည္းမ်ား၏ ဂုဏ္သတၱိမ်ား ေလ်ာ့နည္း ဆံုး႐ံႈးသြားေလ့ ရိွပါသည္။ ယခု ေလ့လာေတြ႕ရွိခဲ့သည့္ နည္းပညာ အသစ္တြင္ ေဖာ္ျပပါအားနည္းခ်က္မ်ားေၾကာင့္ ျဖစ္ေပၚလာသည့္ သတၱဳပစၥည္းအစိတ္အပိုင္းမ်ားကို ျပန္လည္ျပဳျပင္ျခင္းႏွင့္ စက္မႈလုပ္ငန္းမ်ားတြင္ ေကာင္းစြာ အသံုးျပဳသြားႏိုင္ေတာ့မည္ျဖစ္ေၾကာင္း Roanoke.com တြင္ ေဖာ္ျပထားသည္။

သတၱဳအသံုးျပဳ 3D ပရင္တာ နည္းပညာအသစ္ကို MELD ကုမၸဏီက တီထြင္ထားခဲ့ျခင္းၿပီး ယခုအခါ အဆိုပါ ကုမၸဏီအေနျဖင့္ နမူနာအျဖစ္ အေသးစား 3D ပရင္တာကို စတင္တည္ေဆာက္ေနၿပီ ျဖစ္ပါသည္။ ထို႔အျပင္ Albama တကၠသိုလ္သည္ MELD ကုမၸဏီ၏ ပထမ ဆံုးေသာ 3D ပရင္တာစက္ကို လက္ခံရရိွခဲ့ၿပီး အဆိုပါပရင္တာျဖင့္ ပ်က္စီးသြားေသာ စစ္သံုးခ်ပ္ဝတ္တန္ဆာ ပစၥည္းမ်ားကို ျပန္လည္ျပဳျပင္ထုတ္လုပ္ျခင္း လုပ္ငန္းမ်ားအား ေအာင္ျမင္စြာ စမ္းသပ္ထုတ္လုပ္ႏိုင္ခဲ့ၿပီလည္း ျဖစ္သည္။

ေနာက္ထပ္ေတြ႕ရွိမႈ တစ္ခု အရ 3D နည္းပညာျဖင့္ အရည္ဆိုင္ရာ တည္ေဆာက္ပုံေဖာ္ျခင္းမ်ားအတြက္ လိုအပ္သည့္ ေရစက္အရြယ္အစား ပမာဏထက္မ်ားစြာ ေသးငယ္ေသာ ဖံုးအုပ္ျခင္းအတြက္ ထုတ္လုပ္ေဆာင္ရြက္ႏိုင္ျခင္းပင္ျဖစ္ၿပီး ထုိသို႔တည္ေဆာက္ႏိုင္ရန္အတြက္ လည္း အေထာက္အကူျပဳေစမည့္ နာႏိုစေကး အရြယ္အစားရွိ Super soap မ်ားကို
အသံုးျပဳႏိုင္ခဲ့ျခင္းပင္ျဖစ္သည္။ အဆိုပါ 3D ပရင့္ထုတ္လုပ္ျခင္း နည္းလမ္းပံုစံအသစ္ေၾကာင့္ ေကြးႏိုင္ဆန္႔ႏိုင္သည့္ အီ
လက္ထေရာနစ္ အရည္အေျချပဳပစၥည္းမ်ား၊ ဓာတုေပါင္းစပ္မႈဆုိင္ရာ အကူအညီမ်ား သို႔မဟုတ္ နာႏိုစေကးအရြယ္ အစားရွိ ပစၥည္းမ်ားကို သယ္ေဆာင္ျခင္းႏွင့္ ေပးပို႔ျခင္းမ်ားကို ေဆာင္ရြက္ရာတြင္လည္း အသံုးခ်ႏိုင္မည္ ျဖစ္သည္။

အဆိုပါ နည္းလမ္းကို Lawrence Berkeley National Laboratory-LBNL တကၠသုိလ္မွ သိပၸံပညာရွင္မ်ားက ရွာေဖြ
ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ၎အဖြဲ႕ကို ဦးေဆာင္သည့္ Tom Russell ကလည္း ၎တို႔အဖြဲ႕ အေနျဖင့္ အထူးျပဳလုပ္ထားသည့္ 3D
ပရင္တာျဖင့္ ေဆာင္ရြက္ႏိုင္ခဲ့ျခင္းပင္ျဖစ္သည္။ ေကြးႏိုင္ဆန္႔ႏုိင္သည့္ အရည္အေျချပဳ အီလက္ထေရာနစ္ ပစၥည္းမ်ားသည္
မၾကာေတာ့မည္ ကာလအတြင္း အမွန္တကယ္ ျဖစ္တည္လာေတာ့မည္ ျဖစ္ေသာ္လည္း အရည္အေျချပဳ ပရင့္ထုတ္လုပ္
ျခင္း နည္းပညာအတြက္ ယခုနည္းလမ္းျဖင့္ မဟုတ္ဘဲ အျခားေသာ နည္းလမ္းမ်ားလည္း ရွိေနပါေသးသည္။ သို႔ေသာ္ 3D
ပရင့္ထုတ္လုပ္ျခင္း နည္းပညာသည္ ပလတ္စတစ္မွသည္ သတၱဳမ်ားကို အသံုးျပဳျခင္း၊ အရည္မ်ားကိုအသံုးျပဳျခင္းျဖင့္ ရပ္တည္လာႏိုင္ခဲ့ၿပီျဖစ္သည္။

ယခုကဲ့သို႔ သတၱဳဆိုင္ရာ၊ အရည္ဆိုင္ရာ အေျချပဳစနစ္မ်ားကို တိုးတက္တီထြင္ ထုတ္လုပ္လာႏုိင္ေတာ့မည္ ျဖစ္သည့္ အေျခအေနမ်ိဳးတြင္ NASA အဖြဲ႕ အေနျဖင့္ လဆီသို႔သြားမည့္ အာကာသယာဥ္ကို သရီးဒီနည္းပညာျဖင့္ ပံုႏွိပ္ထုတ္လုပ္ရန္အတြက္ ျပင္ဆင္လာျခင္း ပင္ျဖစ္သည္။ ၁၉၇၂ ခုႏွစ္၊ ဒီဇင္ဘာလက အပိုလို ၁၇ ကိုေမာင္းႏွင္သည့္ အာကာသယာဥ္မွဴးျဖစ္သူ Eugene Cernan သည္ လေပၚသို႔ ပထမဆံုးေျခခ်ႏိုင္ခဲ့သည့္ လူသားတစ္ဦးျဖစ္ခဲ့ၿပီးသည့္ ေနာက္ပိုင္းတြင္ ရာစုႏွစ္ တစ္ဝက္နီးပါးခန္႔ရွိလာခဲ့ေသာ္လည္း မည္သူ တစ္ဦးတစ္ေယာက္မွ် ေျခရာထပ္မံမနင္းခဲ့ၾကေတာ့ေပ။ သို႔ေသာ္လည္း လူသားမ်ားအေနျဖင့္ လူလိုက္ပါျခင္း မရွိသည့္ ၿဂိဳဟ္တုပို႔လႊတ္မႈမ်ားကို မ်ားစြာေဆာင္ရြက္ႏိုင္ခဲ့ေသာ္လည္း ၎ေနာက္ပိုင္းတြင္ ကမၻာ့ပတ္လမ္းနိမ့္အတြင္း မည္သူတစ္ဦး တစ္ေယာက္မွ် ရပ္တန္႔ခဲ့ျခင္း မရွိေတာ့ေပ။

လာမည့္ ၂၀၂၃ ခုႏွစ္ မတိုင္မီ နာဆာအေနျဖင့္ အဆိုပါေနရာသို႔ အာကာသယာဥ္မွဴးေလးဦးလိုက္ပါမည့္ အိုရီယြန္အာကာသယာဥ္ တည္ေဆာက္မႈတြင္ သရီးဒီ နည္းပညာသံုး အစိတ္အပိုင္း ၁၀၀ ခန္႔ကို ထည့္သြင္းအသံုးျပဳရန္ ရည္ရြယ္ထားသည္။ အာကာသယာဥ္ တည္ေဆာက္ျခင္းအတြက္ အသံုးျပဳမည့္ သရီးဒီပရင္တာျဖင့္ ထုတ္လုပ္မည့္ အစိတ္အပိုင္းမ်ားအတြက္ သရီးဒီကုမၸဏီတစ္ခု ျဖစ္သည့္ Stratasys မွ Antero 800NA ဟုအမည္ေပးထားသည့္ ပလတ္စတစ္တစ္မ်ိဳးကို တီထြင္ထုတ္လုပ္ခဲ့ၿပီး ၎ပလတ္စတစ္မ်ားသည္ ျမင့္မားလွသည့္ အပူခ်ိန္ကို ခံႏိုင္စြမ္းရွိသည့္အတြက္ ေၾကာင့္ ယခုကဲ့သို႔ အသံုးျပဳရျခင္း ျဖစ္သည္။

အဆိုပါ 3D နည္းပညာျဖင့္ တည္ေဆာက္ထားသည့္ ျဒပ္ပစၥည္းမ်ားသည္ ၿဂိဳဟ္တုမ်ားတြင္ ျဖစ္ေပၚတတ္သည့္ အီလက္ထေရာနစ္စနစ္ အမွားမ်ားကိုလည္း ျဖစ္ေပၚေစႏိုင္မႈ ေလွ်ာ့ခ်ေပးႏိုင္စြမ္း ရွိမည္ဟုလည္း ဆိုသည္။ ထိုမွ် သာမကတစ္စံုတစ္ရာ အမွားအယြင္းေၾကာင့္ အ
စိတ္အပိုင္းမ်ား ပ်က္စီးဆံုး႐ႈံးခဲ့လွ်င္ ေတာင္မွ အလြယ္တကူ အစားထုိး တပ္ဆင္အသံုးျပဳႏုိင္မည္ ျဖစ္သည္။ ထို႔အျပင္ အာကာသအတြင္းရွိ အာကာသယာဥ္အတြင္း ၌ပင္ထုတ္လုပ္ႏုိင္မည့္ 3D ပရင္တာ စက္မ်ားကိုလည္း တီထြင္ႏိုင္ခဲ့ၿပီးျဖစ္
သည္ဟုလည္း သိရွိရသည္။

3D နည္းပညာသည္ စစ္ဘက္ဆိုင္ရာ ကာကြယ္ေရးနယ္ပယ္အတြက္ ေကာင္းစြာေထာက္ပံ့ႏိုင္သည့္ နည္းပညာတစ္ခု ျဖစ္သည္ကို သိရွိၿပီးျဖစ္သည္ႏွင့္အတူ ယေန႔အခ်ိန္အခါတြင္လည္း ယေန႔ေခတ္ တပ္ရင္းတပ္ဖဲြ႕မ်ားသည္ ေရွ႕တန္း စစ္ေျမျပင္တြင္ လက္နက္ကိရိယာ အစိတ္အပိုင္းႏွင့္ အပိုပစၥည္းမ်ားကို သရီးဒီနည္းပညာျဖင့္ မိမိတို႔ထုတ္လုပ္လိုသည့္ အစိတ္အပိုင္းမ်ားကို ကိုယ္တိုင္ထုတ္လုပ္လာ ႏိုင္ၾကၿပီလည္းျဖစ္သည္။ ေနာက္ဆံုး ေအာင္ျမင္မႈအျဖစ္ အေမရိကန္ၾကည္းတပ္၏ အစီအစဥ္မ်ားကို အေကာင္အထည္ေဖာ္ရသည့္ အေမရိကန္ၾကည္း တပ္တြင္ တာဝန္ထမ္းေဆာင္သည့္ သူမ်ားအေနျဖင့္ မေဝးေတာ့မည့္ အနာဂတ္ကာ
လတြင္ အေမရိကန္ ၾကည္းတပ္အတြက္ ကြန္ကရစ္အသံုးျပဳ ဘန္ကာႏွင့္ စစ္တန္းလ်ား တည္ေဆာက္ျခင္းတြင္ သရီးဒီပရင္တာ အသံုးျပဳကာ လ်င္ျမန္စြာတည္ေဆာက္ႏိုင္ရန္အတြက္ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိသည္ဟု သိရွိရျခင္းပင္ျဖစ္သည္။

ယခုတည္ေဆာက္မႈအတြက္ အသံုးျပဳမည့္ 3D နည္းပညာကို Automated Constructions of Expeditionary Structures-ACES ဟု အမည္ေပးထားၿပီး စစ္သည္ ၂၀ ဦးခန္႔ ေနထိုင္ႏိုင္သည့္ တန္းလ်ားကို ၂၁.၅ နာရီအတြင္း အၿပီးသတ္ တည္ေဆာက္ႏိုင္မည္ ျဖစ္သည္ဟု ဆိုသည္။ ACES နည္းပညာကို စစ္ပဲြမ်ားတြင္ အသံုးျပဳႏိုင္မည္ျဖစ္ၿပီး စစ္သည္မ်ားအေနျဖင့္ စစ္တန္းလ်ား တည္ေဆာက္
လိုသည့္ေနရာတြင္ ဘိလပ္ေျမမႈန္႔မ်ားကို ထည့္သြင္းအသံုးျပဳကာ တည္ေဆာက္ႏိုင္မည္ျဖစ္သည္ဟု သိရွိရသည့္အတြက္  ေနာင္တစ္ခ်ိန္တြင္ ကမၻာႀကီးတစ္ခုလံုး အတြက္ လိုအပ္ခ်က္မ်ားကို အခ်ိန္တိုအတြင္း၌ ျဖည့္ဆည္းေပးႏုိင္ရန္မွာ သရီးဒီနည္းပညာ ျဖစ္လာႏိုင္သည္ကို ယံုမွားသံသယရွိစရာ လိုအပ္ေတာ့မည္ဟု မထင္ေပ။

-ေက်ာ္လင္း (အမိေျမ)

=============

[ Unicode ]

ပလတ်စတစ် အသုံးပြု 3D ပရင့်ထုတ်လုပ်ခြင်း၏ ပြုပြင်ပြောင်းလဲလာမှု

=============

3D ပရင့်ထုတ်လုပ်ခြင်း၊ သို့မဟုတ် ဆွဲဆောင်မှုရှိသော ကုန်ထုတ်လုပ်မှု နည်းလမ်းသည် ယခုနှစ် ပိုင်းအတွင်းများစွာ ပိုမိုတိုးတက်လာခဲ့ပြီ ဖြစ်သည်။ အရပ်ဘက် အဖွဲ့အစည်းဆိုင်ရာ ကုမ္ပဏီများ၊ စစ်ဘက်ဆိုင်ရာများနှင့် ဝါသနာရှင်တီထွင်မှု ပြုနေသူများအနေဖြင့် အမျိုးမျိုးသော ပစ္စည်းများကို 3D နည်းပညာဖြင့် ထုတ်လုပ်သုံးစွဲ လာလျက်ရှိနေပြီ ဖြစ်သည်။ 3D နည်းပညာဖြင့် စက်မှုလုပ်ငန်းများတွင် လိုအပ်သည့် အသေးငယ်ဆုံး ဝက်အူရစ်ကဲ့သို့သော အစိတ်အပိုင်းများမှသည် အကြီးစားဖြစ်သည့် တံတားတည်ဆောက်ခြင်းအတွက် ကိုယ်ထည်များ၊ မော်တော်ယာဉ် အစိတ်အပိုင်းများ၊ စစ်ဘက်ဆိုင်ရာတွင် မောင်းသူမဲ့လေယာဉ် များအထိ တည်ဆောက်အသုံးပြုခြင်းများကို ကောင်းစွာအသုံးချလာနိုင်နေပြီလည်းဖြစ်သည်။

ယခင်က ၎င်းနည်းပညာသည် ပလတ်စတစ်ကိုသာ ကုန်ကြမ်းအဖြစ် အဓိကအသုံးပြုခဲ့ရာမှ ယခုအခါတွင် သတ္တု၊ ဘိလပ်မြေနှင့် ဖန်အစရှိသည့် ဒြပ်ပစ္စည်းများကို အသုံးပြုကာ အဆောက်အဦ၊ ကုန်ပစ္စည်းများထုတ်လုပ် တည်ဆောက်နိုင်သည့် အခြေအနေမျိုးကို စွမ်းဆောင်လာနိုင်စေတော့မည်ဖြစ်ပြီး ထိုသို့သော လုပ်ငန်းများအတွက် စွမ်းဆောင်နိုင်ရန် ပညာရှင်များမှလည်း ကြိုးစား တီထွင်လျက်ရှိပေသည်။ မကြာသေးမီက ထွက်ပေါ်ခဲ့သည့် နည်းပညာ သတင်းတစ်ပုဒ်တွင် 3D ပရင့်ထုတ်လုပ်ခြင်း နည်းလမ်းကို အဆင့်များစွာ မြင့်တက်စေနိုင်သည့် ထုတ်လုပ်မှု နည်းပညာတစ်မျိုးကို တီထွင်နိုင်ခဲ့ ကြသည်ဟု ဖော်ပြခဲ့ကြသည်။

အဆိုပါ နည်းပညာသည် သတ္တု အစိတ်အပိုင်းများကို ဖန်တီးရာတွင် ပလတ်စတစ်များအစား သတ္တုကုန်ကြမ်းများကို အသုံးပြုခြင်းပင်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် သတ္တုကုန်ကြမ်းများကို အရည်ပျော်မှုကို အသုံးပြုခြင်းမရှိဘဲ လိုအပ်သည့်
ပစ္စည်းများကို ဖန်တီးထုတ်လုပ်နိုင်ခြင်းပင် ဖြစ်သည်။ စက်ရုံများအတွက် လိုအပ်သည့်အကြီးစား စက်ပစ္စည်းများကို ထုတ်
လုပ်ရာတွင် အရည်ပျော်ခြင်းရှိစေမည့် အပူချိန်အထိလည်း မရောက်ရှိစေသလို ပုံဖော်နိုင်ရန်အတွက် လိုအပ်သည့် ဖိအားနှင့် ပွတ်တိုက်ခြင်းစနစ်များကို အသုံးပြုကာ ဆောင်ရွက်စေခြင်းဖြင့် ထုတ်လုပ်ခြင်းဖြစ်ပါသည်။ အဆိုပါ နည်းပညာသည် အကြီးစား စက်ရုံများ၊ ကာကွယ်ရေး၊ လေကြောင်းနှင့် မော်တော်ယာဉ် ထုတ်လုပ်ခြင်းဆိုင်ရာများတွင် အသုံးချနိုင်မည့် အလားအလာ ကောင်းများစွာကို ဖြစ်လာနိုင်လိမ့်မည်ဟုလည်း သုံးသပ်ခဲ့ကြပြီဖြစ်သည်။

ယခင်က သမားရိုးကျ 3D ပရင့်ထုတ်လုပ်မှုတစ်ခုကို လေ့လာကြည့်မည်ဆိုလျှင် ဥပမာအားဖြင့် စက်ရုပ်လက်ပုံစံတစ်ခု အားပုံဖော်ရာ၌ လိုအပ်သည့် တည်ဆောက်မှု အလွှာတစ်လွှာချင်းစီအတွက် လိုအပ်သည့် သတ္တုကုန်ကြမ်းများကို အကြိမ်တိုင်းအားဖြင့် အနည်းငယ်စီ ထည့်သွင်း၍ ကြိမ်ဖန်များစွာ ဆောင်ရွက်ကြရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဖြစ်စဉ်တွင် လေဆာအသုံးပြုခြင်း မရှိသည့်အတွက် စက်အနေဖြင့်မည်သည့်ပမာဏကို ရရှိပါက လုံလောက်သည် ဆိုသည့် ကန့်သတ်ချက် ပမာဏလည်း မရှိချေ။ ထို့အပြင် တည်ဆောက်ရာတွင် အသုံးပြုသည့် စတီးလ်နှင့်တိုက်တေနီယမ် ကဲ့သို့သော ပစ္စည်းများကို အပူပေးရာ၌ အရည်ပျော်အမှတ် ကျော်လွန်သွားချိန်တွင် အဆိုပါ ပစ္စည်းများ၏ ဂုဏ်သတ္တိများ လျော့နည်း ဆုံးရှုံးသွားလေ့ ရှိပါသည်။ ယခု လေ့လာတွေ့ရှိခဲ့သည့် နည်းပညာ အသစ်တွင် ဖော်ပြပါအားနည်းချက်များကြောင့် ဖြစ်ပေါ်လာသည့် သတ္တုပစ္စည်းအစိတ်အပိုင်းများကို ပြန်လည်ပြုပြင်ခြင်းနှင့် စက်မှုလုပ်ငန်းများတွင် ကောင်းစွာ အသုံးပြုသွားနိုင်တော့မည်ဖြစ်ကြောင်း Roanoke.com တွင် ဖော်ပြထားသည်။

သတ္တုအသုံးပြု 3D ပရင်တာ နည်းပညာအသစ်ကို MELD ကုမ္ပဏီက တီထွင်ထားခဲ့ခြင်းပြီး ယခုအခါ အဆိုပါ ကုမ္ပဏီအနေဖြင့် နမူနာအဖြစ် အသေးစား 3D ပရင်တာကို စတင်တည်ဆောက်နေပြီ ဖြစ်ပါသည်။ ထို့အပြင် Albama တက္ကသိုလ်သည် MELD ကုမ္ပဏီ၏ ပထမ ဆုံးသော 3D ပရင်တာစက်ကို လက်ခံရရှိခဲ့ပြီး အဆိုပါပရင်တာဖြင့် ပျက်စီးသွားသော စစ်သုံးချပ်ဝတ်တန်ဆာ ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းများအား အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီလည်း ဖြစ်သည်။

နောက်ထပ်တွေ့ရှိမှု တစ်ခု အရ 3D နည်းပညာဖြင့် အရည်ဆိုင်ရာ တည်ဆောက်ပုံဖော်ခြင်းများအတွက် လိုအပ်သည့် ရေစက်အရွယ်အစား ပမာဏထက်များစွာ သေးငယ်သော ဖုံးအုပ်ခြင်းအတွက် ထုတ်လုပ်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ပြီး ထိုသို့တည်ဆောက်နိုင်ရန်အတွက် လည်း အထောက်အကူပြုစေမည့် နာနိုစကေး အရွယ်အစားရှိ Super soap များကို
အသုံးပြုနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါ 3D ပရင့်ထုတ်လုပ်ခြင်း နည်းလမ်းပုံစံအသစ်ကြောင့် ကွေးနိုင်ဆန့်နိုင်သည့် အီ
လက်ထရောနစ် အရည်အခြေပြုပစ္စည်းများ၊ ဓာတုပေါင်းစပ်မှုဆိုင်ရာ အကူအညီများ သို့မဟုတ် နာနိုစကေးအရွယ် အစားရှိ ပစ္စည်းများကို သယ်ဆောင်ခြင်းနှင့် ပေးပို့ခြင်းများကို ဆောင်ရွက်ရာတွင်လည်း အသုံးချနိုင်မည် ဖြစ်သည်။

အဆိုပါ နည်းလမ်းကို Lawrence Berkeley National Laboratory-LBNL တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ရှာဖွေ
တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအဖွဲ့ကို ဦးဆောင်သည့် Tom Russell ကလည်း ၎င်းတို့အဖွဲ့ အနေဖြင့် အထူးပြုလုပ်ထားသည့် 3D
ပရင်တာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ကွေးနိုင်ဆန့်နိုင်သည့် အရည်အခြေပြု အီလက်ထရောနစ် ပစ္စည်းများသည်
မကြာတော့မည် ကာလအတွင်း အမှန်တကယ် ဖြစ်တည်လာတော့မည် ဖြစ်သော်လည်း အရည်အခြေပြု ပရင့်ထုတ်လုပ်
ခြင်း နည်းပညာအတွက် ယခုနည်းလမ်းဖြင့် မဟုတ်ဘဲ အခြားသော နည်းလမ်းများလည်း ရှိနေပါသေးသည်။ သို့သော် 3D
ပရင့်ထုတ်လုပ်ခြင်း နည်းပညာသည် ပလတ်စတစ်မှသည် သတ္တုများကို အသုံးပြုခြင်း၊ အရည်များကိုအသုံးပြုခြင်းဖြင့် ရပ်တည်လာနိုင်ခဲ့ပြီဖြစ်သည်။

ယခုကဲ့သို့ သတ္တုဆိုင်ရာ၊ အရည်ဆိုင်ရာ အခြေပြုစနစ်များကို တိုးတက်တီထွင် ထုတ်လုပ်လာနိုင်တော့မည် ဖြစ်သည့် အခြေအနေမျိုးတွင် NASA အဖွဲ့ အနေဖြင့် လဆီသို့သွားမည့် အာကာသယာဉ်ကို သရီးဒီနည်းပညာဖြင့် ပုံနှိပ်ထုတ်လုပ်ရန်အတွက် ပြင်ဆင်လာခြင်း ပင်ဖြစ်သည်။ ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလက အပိုလို ၁၇ ကိုမောင်းနှင်သည့် အာကာသယာဉ်မှူးဖြစ်သူ Eugene Cernan သည် လပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့သည့် လူသားတစ်ဦးဖြစ်ခဲ့ပြီးသည့် နောက်ပိုင်းတွင် ရာစုနှစ် တစ်ဝက်နီးပါးခန့်ရှိလာခဲ့သော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ ခြေရာထပ်မံမနင်းခဲ့ကြတော့ပေ။ သို့သော်လည်း လူသားများအနေဖြင့် လူလိုက်ပါခြင်း မရှိသည့် ဂြိုဟ်တုပို့လွှတ်မှုများကို များစွာဆောင်ရွက်နိုင်ခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် ကမ္ဘာ့ပတ်လမ်းနိမ့်အတွင်း မည်သူတစ်ဦး တစ်ယောက်မျှ ရပ်တန့်ခဲ့ခြင်း မရှိတော့ပေ။

လာမည့် ၂၀၂၃ ခုနှစ် မတိုင်မီ နာဆာအနေဖြင့် အဆိုပါနေရာသို့ အာကာသယာဉ်မှူးလေးဦးလိုက်ပါမည့် အိုရီယွန်အာကာသယာဉ် တည်ဆောက်မှုတွင် သရီးဒီ နည်းပညာသုံး အစိတ်အပိုင်း ၁၀၀ ခန့်ကို ထည့်သွင်းအသုံးပြုရန် ရည်ရွယ်ထားသည်။ အာကာသယာဉ် တည်ဆောက်ခြင်းအတွက် အသုံးပြုမည့် သရီးဒီပရင်တာဖြင့် ထုတ်လုပ်မည့် အစိတ်အပိုင်းများအတွက် သရီးဒီကုမ္ပဏီတစ်ခု ဖြစ်သည့် Stratasys မှ Antero 800NA ဟုအမည်ပေးထားသည့် ပလတ်စတစ်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပြီး ၎င်းပလတ်စတစ်များသည် မြင့်မားလှသည့် အပူချိန်ကို ခံနိုင်စွမ်းရှိသည့်အတွက် ကြောင့် ယခုကဲ့သို့ အသုံးပြုရခြင်း ဖြစ်သည်။

အဆိုပါ 3D နည်းပညာဖြင့် တည်ဆောက်ထားသည့် ဒြပ်ပစ္စည်းများသည် ဂြိုဟ်တုများတွင် ဖြစ်ပေါ်တတ်သည့် အီလက်ထရောနစ်စနစ် အမှားများကိုလည်း ဖြစ်ပေါ်စေနိုင်မှု လျှော့ချပေးနိုင်စွမ်း ရှိမည်ဟုလည်း ဆိုသည်။ ထိုမျှ သာမကတစ်စုံတစ်ရာ အမှားအယွင်းကြောင့် အ
စိတ်အပိုင်းများ ပျက်စီးဆုံးရှုံးခဲ့လျှင် တောင်မှ အလွယ်တကူ အစားထိုး တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် အာကာသအတွင်းရှိ အာကာသယာဉ်အတွင်း ၌ပင်ထုတ်လုပ်နိုင်မည့် 3D ပရင်တာ စက်များကိုလည်း တီထွင်နိုင်ခဲ့ပြီးဖြစ်
သည်ဟုလည်း သိရှိရသည်။

3D နည်းပညာသည် စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးနယ်ပယ်အတွက် ကောင်းစွာထောက်ပံ့နိုင်သည့် နည်းပညာတစ်ခု ဖြစ်သည်ကို သိရှိပြီးဖြစ်သည်နှင့်အတူ ယနေ့အချိန်အခါတွင်လည်း ယနေ့ခေတ် တပ်ရင်းတပ်ဖွဲ့များသည် ရှေ့တန်း စစ်မြေပြင်တွင် လက်နက်ကိရိယာ အစိတ်အပိုင်းနှင့် အပိုပစ္စည်းများကို သရီးဒီနည်းပညာဖြင့် မိမိတို့ထုတ်လုပ်လိုသည့် အစိတ်အပိုင်းများကို ကိုယ်တိုင်ထုတ်လုပ်လာ နိုင်ကြပြီလည်းဖြစ်သည်။ နောက်ဆုံး အောင်မြင်မှုအဖြစ် အမေရိကန်ကြည်းတပ်၏ အစီအစဉ်များကို အကောင်အထည်ဖော်ရသည့် အမေရိကန်ကြည်း တပ်တွင် တာဝန်ထမ်းဆောင်သည့် သူများအနေဖြင့် မဝေးတော့မည့် အနာဂတ်ကာ
လတွင် အမေရိကန် ကြည်းတပ်အတွက် ကွန်ကရစ်အသုံးပြု ဘန်ကာနှင့် စစ်တန်းလျား တည်ဆောက်ခြင်းတွင် သရီးဒီပရင်တာ အသုံးပြုကာ လျင်မြန်စွာတည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု သိရှိရခြင်းပင်ဖြစ်သည်။

ယခုတည်ဆောက်မှုအတွက် အသုံးပြုမည့် 3D နည်းပညာကို Automated Constructions of Expeditionary Structures-ACES ဟု အမည်ပေးထားပြီး စစ်သည် ၂၀ ဦးခန့် နေထိုင်နိုင်သည့် တန်းလျားကို ၂၁.၅ နာရီအတွင်း အပြီးသတ် တည်ဆောက်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။ ACES နည်းပညာကို စစ်ပွဲများတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး စစ်သည်များအနေဖြင့် စစ်တန်းလျား တည်ဆောက်
လိုသည့်နေရာတွင် ဘိလပ်မြေမှုန့်များကို ထည့်သွင်းအသုံးပြုကာ တည်ဆောက်နိုင်မည်ဖြစ်သည်ဟု သိရှိရသည့်အတွက် နောင်တစ်ချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး အတွက် လိုအပ်ချက်များကို အချိန်တိုအတွင်း၌ ဖြည့်ဆည်းပေးနိုင်ရန်မှာ သရီးဒီနည်းပညာ ဖြစ်လာနိုင်သည်ကို ယုံမှားသံသယရှိစရာ လိုအပ်တော့မည်ဟု မထင်ပေ။

-ကျော်လင်း (အမိမြေ)