ပရိသတ်တွေနဲ့ selfie ဓာတ်ပုံမရိုက်တဲ့ အကြောင်းကို Emma Watson ရှင်းလင်း

ဟောလိဝုဒ်မင်းသမီး Emma Watson က ပရိသတ်တွေနဲ့ selfie ဓာတ်ပုံရိုက်ဖို့ ငြင်းဆိုရတဲ့ အကြောင်းအရင်းကို ရှင်းလင်းပြောကြားလိုက်ပါတယ်။

“တစ်ယောက်ယောက်က ကျွန်မရဲ့ဓာတ်ပုံကို ရိုက်ပြီးတင်လိုက်မယ်ဆိုရင် နှစ်စက္ကန့်အတွင်း ၁၀ မီတာ အကွာအဝေးက ကျွန်မရဲ့နေရာအတိအကျကို သိရှိသွားနိုင်ပါတယ်။ ဒါ့အပြင် ကျွန်မ ဘာဝတ်ထားတယ်၊ ဘယ်သူတွေနဲ့အတူ ရှိနေတယ်ဆိုတာကိုလည်း သူတို့ တွေ့မြင်နိုင်ပါတယ်။ ဒီလို ခြေရာခံနိုင်တဲ့ အချက်အလက်တွေကို

ကျွန်မ မပေးနိုင်ပါဘူး” လို့ Emma Watson က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “Harry Potter ပရိသတ်တွေမေးတဲ့ မေးခွန်းတိုင်းကို ဖြေကြားပေးမယ်၊ ဓာတ်ပုံတော့ မရိုက်နိုင်ပါဘူးဆိုပြီး ညှိနှိုင်းခဲ့ပေမယ့် ပရိသတ်တွေက သူပြောတဲ့အတိုင်းလုပ်ဖို့ ဆန္ဒမရှိကြပါဘူး” လို့လည်း သူမက ပြောကြားခဲ့ပါတယ်။

ကလေး သရုပ်ဆောင်ဟောင်း Emma Watson ဟာ မတ်လ ၁၇ ရက်မှာရုံတင်မယ့် Disney ရဲ့ “Beauty and the Beast “ live action ဗားရှင်းနဲ့အတူ ပရိသတ်တွေ ပိုမိုရရှိလာမယ့်သူ ဖြစ်ပါတယ်။

Ref: CNET