June 24, 2018

ပထမဆုံး Fortnite World Cup ၿပိဳင္ပြဲကို ၂၀၁၉ ႏွစ္ကုန္မွာ က်င္းပရန္ Epic စီစဥ္ေန

[ Zawgyi ]

Epic Games ဟာ Fortnite World Cup ၿပိဳင္ပြဲနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္တခ်ိဳ႕ကို E3 ပြဲမွာ ထုတ္ျပန္သြားခဲ့ပါတယ္။

Fortnite World Cup ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲအမ်ိဳးမ်ိဳးအတြက္ ဆုေၾကးေငြ ေဒၚလာ သန္း ၁၀၀ ေထာက္ပံ့သြားမွာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ Fortnite World Cup ဝင္ခြင့္ၿပိဳင္ပြဲေတြကုိ ဒီႏွစ္ကုန္ပိုင္းမွာ တစ္ကမၻာလုံးအတိုင္းအတာနဲ႔ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ World Cup ဝင္ခြင့္ၿပိဳင္ပြဲကို ဘယ္သူမဆို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္တယ္လုိ႔ Epic Games ကေျပာပါတယ္။ Fortnite ဂိမ္းရဲ႕သက္တမ္းဟာ တစ္ႏွစ္ပဲရွိေသးေပမယ့္ စာရင္းသြင္းျပဳလုပ္ ကစားသူ ၁၂၅ သန္းေက်ာ္ရွိေနပါၿပီ။

ၿပိဳင္ပြဲနဲ႔ပတ္သက္တဲ့ စည္းကမ္းခ်က္ေတြ၊ platform သတင္းအခ်က္အလက္နဲ႔ အစီအစဥ္ေတြကုိ ထုတ္ျပန္ဖို႔ က်န္ပါေသးတယ္။ ဒါေပမဲ့ Fortnite World Cup ၿပိဳင္ပြဲမွာ အသင္းလိုက္ ၿပိဳင္ပြဲတခ်ိဳ႕ပါဝင္တယ္လို႔ သိရပါတယ္။ အခု World Cup ၿပိဳင္ပြဲက တစ္ဦးခ်င္းနဲ႔ ႏွစ္ေယာက္တြဲ ကစားတာကို အာ႐ုံစိုက္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Epic ဟာ third-party ၿပိဳင္ပြဲေတြ ျပဳလုပ္ခြင့္ေပးမွာ မဟုတ္ဘူးလို႔လည္း ထုတ္ျပန္ထားပါတယ္။

စိုးထက္
Ref: Engadget

[ Unicode ]

Epic Games ဟာ Fortnite World Cup ပြိုင်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို E3 ပွဲမှာ ထုတ်ပြန်သွားခဲ့ပါတယ်။

Fortnite World Cup ပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးမျိုးအတွက် ဆုကြေးငွေ ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် Fortnite World Cup ဝင်ခွင့်ပြိုင်ပွဲတွေကို ဒီနှစ်ကုန်ပိုင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။ World Cup ဝင်ခွင့်ပြိုင်ပွဲကို ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ Epic Games ကပြောပါတယ်။ Fortnite ဂိမ်းရဲ့သက်တမ်းဟာ တစ်နှစ်ပဲရှိသေးပေမယ့် စာရင်းသွင်းပြုလုပ် ကစားသူ ၁၂၅ သန်းကျော်ရှိနေပါပြီ။

ပြိုင်ပွဲနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေ၊ platform သတင်းအချက်အလက်နဲ့ အစီအစဉ်တွေကို ထုတ်ပြန်ဖို့ ကျန်ပါသေးတယ်။ ဒါပေမဲ့ Fortnite World Cup ပြိုင်ပွဲမှာ အသင်းလိုက် ပြိုင်ပွဲတချို့ပါဝင်တယ်လို့ သိရပါတယ်။ အခု World Cup ပြိုင်ပွဲက တစ်ဦးချင်းနဲ့ နှစ်ယောက်တွဲ ကစားတာကို အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Epic ဟာ third-party ပြိုင်ပွဲတွေ ပြုလုပ်ခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

စိုးထက်
Ref: Engadget