June 23, 2018

ပညာေတာ္သင္ဆုမ်ား

အိအုခ်ိ ပညာေတာ္သင္ ေထာက္ပံ့ေၾကး

အိအုခ်ိ ပညာေတာ္သင္ ေထာက္ပံ့ေၾကး ေဖာင္ေဒးရွင္း (Iuchi Charitable Trust Schlorship for International Students in Japan) မွ ၂၀၁၈ ခုႏွစ္ ဧၿပီလအတြက္ ပညာေတာ္ သင္ေက်ာင္းသား ၁၀ ဦးကို ေပးအပ္သြားမယ္လုိ႔ သိရပါတယ္။ ေလွ်ာက္ထား လုိသူေတြအတြက္ စတုတၳအႀကိမ္အျဖစ္ ေလွ်ာက္လႊာစတင္ လက္ခံေနပါၿပီ။ အိအုခ်ိ ပညာေတာ္သင္ ေထာက္ပံ့ေၾကးေဖာင္ေဒးရွင္းရဲ႕ ပညာေတာ္သင္ ေထာက္ပံ့ေၾကးဟာ ဂ်ပန္ႏုိင္ငံရဲ႕တကၠသိုလ္ေတြမွာ တကၠသိုလ္ဘြဲ႕အတြက္ ႏုိင္ငံျခားသား ပညာေတာ္သင္အျဖစ္ ပညာသင္ယူရန္နဲ႔ Japan Student Services Organization (JASSO) ရဲ႕ ဂ်ပန္စာသင္ေက်ာင္း တစ္ေက်ာင္းျဖစ္တဲ့ Osaka Japanese Language Education Center မွာ ဂ်ပန္စာ သင္ၾကားလုိတဲ့သူေတြအတြက္ ျဖစ္ပါတယ္။

ေဖာင္ေဒးရွင္းက သတ္မွတ္ထားတဲ့ ရွိဂျပည္နယ္၊ က်ိဳတုိျပည္နယ္၊ နာရာျပည္နယ္၊ အုိဆာကာ ျပည္နယ္၊ ဟ်ိဳးဂိုးျပည္နယ္၊ ဝါကာယာမာျပည္နယ္ေတြမွာရွိတဲ့ ႏုိင္ငံေတာ္အစိုးရ တကၠသိုလ္ေတြနဲ႔ အိုကာယာမာတကၠသိုလ္၊ ခန္းေဆးဂကုအင္း တကၠသိုလ္၊ လစ္စုမဲကန္ တကၠသိုလ္၊ လစ္စုမဲကန္ အာရွပစိဖိတ္တကၠသိုလ္၊ ဒိုးရွိရွ တကၠသိုလ္၊ ခန္းစိုင္းတကၠသိုလ္ေတြမွာ တက္ေရာက္ရမွာျဖစ္ၿပီး သင္ယူမယ့္ ဘာသာရပ္နဲ႔ ကုန္က်စရိတ္အေပၚ မူတည္ကာ ျခြင္းခ်က္အေနနဲ႔ အဆုိပါ တကၠသိုလ္ေတြအျပင္ ကင္းကီေဒသအတြင္းရွိ အျခားတကၠသိုလ္ေတြကုိလည္း ဆက္လက္တက္ေရာက္ခြင့္ရရွိမွာ ျဖစ္ပါတယ္။

ဆရာ၊ ဆရာမေတြအတြက္ ပညာေတာ္သင္ဆု

အေမရိကန္အစိုးရက ေပးအပ္တဲ့ ဆရာ၊ ဆရာမေတြအတြက္ Teaching Excellence and Achievement (TEA) ပညာေတာ္သင္ အစီအစဥ္ပါ။ အေမရိကန္ အစုိးရက ကုန္က်စရိတ္ အျပည့္အဝ ပံ့ပုိးေပးၿပီး အေမရိကန္ ျပည္ေထာင္စုမွာ ဆရာ၊ ဆရာမတုိ႔ရဲ႕ အရည္အေသြးေတြ ပုိမုိေကာင္းမြန္လာေစရန္ ရည္ရြယ္ေပးအပ္တာ ျဖစ္ပါတယ္။

ပညာေတာ္သင္ အစီအစဥ္ဆုိတာ သင္ၾကားေရး နည္းစနစ္အသစ္ေတြ၊ သင္႐ိုးၫႊန္းတမ္းေရး ဆြဲတာေတြ၊ သင္ခန္းစာ ႀကိဳၿပီးျပင္ဆင္တာေတြနဲ႔ ပု႔ိခ်ၫႊန္ၾကားျခင္းဆုိင္ရာ နည္းနာေတြကုိ သီတင္းပတ္ ေျခာက္ပတ္ၾကာေလ့လာရတဲ့ အစီအစဥ္ျဖစ္ပါတယ္။ အဂၤလိပ္စာ၊ သခ်ၤာ၊ သိပၸံ နဲ႔ လူမႈေရး ပညာေလ့လာမႈ ဘာသာ၊ စတဲ့ဘာသာရပ္ေတြကုိ သင္ၾကားေရးမွာ ငါးႏွစ္ သုိ႔မဟုတ္ ငါးႏွစ္နဲ႔ အထက္ အေတြ႕အႀကဳံရွိသူ ျမန္မာႏုိင္ငံက ဆရာ၊ ဆရာမေတြအားလုံး ေလွ်ာက္ထားႏုိင္ပါတယ္။ ေလွ်ာက္လႊာေတြကုိ [email protected] ဆီ အီးေမးလ္ပုိ႔ၿပီး ေလွ်ာက္ထားႏုိင္ပါတယ္။

Webster University Thailand မွ ေပးအပ္မည့္ ပညာသင္ဆုမ်ား

၂၀၁၈ ခုႏွစ္ မတ္လနဲ႔ ေမလ ေက်ာင္းဖြင့္ခ်ိန္္မ်ားတြင္ အေမရိကန္ ေက်ာင္းခြဲ Webster University ၏ BA , B.Sc နဲ႔ MBA တန္းမ်ားအတြက္ ၅၀ ရာခိုင္ႏႈန္း၊ ၄၀ ရာခိုင္ႏႈန္း နဲ႔ ၃၀ ရာခိုင္ႏႈန္း ပညာသင္ဆုေတြကို MSI ႏိုင္ငံျခားပညာေရး ဝန္ေဆာင္မႈကေန ေလွ်ာက္ထားႏုိင္ပါတယ္။

၂၀၁၈ ခုႏွစ္ မတ္လနဲ႔ ေမလ ေက်ာင္းဖြင့္ခ်ိန္္ေတြအတြက္ စီးပြားေရးဆိုင္ရာ ဘာသာရပ္တို႔ကို ဘြဲ႕ဒီဂရီတန္းေတြနဲ႔ MBA တန္းေတြအတြက္ ေခၚယူတာျဖစ္ပါတယ္။

Harvard University ရဲ႕ MBA ပညာသင္ဆု

Harvard University ရဲ႕MBA ပညာသင္ဆုကို ႏုိင္ငံတကာေက်ာင္းသား၊ ေက်ာင္းသူေတြ အေနနဲ႔ Autumn 2019 intake အတြက္ ေလွ်ာက္ထားႏုိင္ပါတယ္။

The Boustany Foundation ရဲ႕ အကူအညီနဲ႔ ၂ ႏွစ္စာ စာသင္စရိတ္ ကန္ေဒၚလာ ၉၀,၀၀၀ ရရွိမွာ ျဖစ္ပါတယ္။ ဒီပညာသင္ ဆုကို ႏွစ္ႏွစ္တစ္ႀကိမ္ ေပးအပ္တာျဖစ္ၿပီး Harvard Business School မွာ ႏွစ္ႏွစ္ၾကာ တက္ေရာက္ရမွာပါ။ ေလွ်ာက္ထားသူေတြထဲမွ ထူးခြၽန္သူေတြကုိ ပဏာမအဆင့္အျဖစ္ ေရြးခ်ယ္ၿပီး ပညာသင္ဆုရရွိသူကုိ ၂၀၁၉ ခုႏွစ္ ဇြန္လမွာ ထပ္မံေရြးခ်ယ္ေပးသြားမွာျဖစ္ပါတယ္။
ေလွ်ာက္ထားလုိသူေတြအေနနဲ႔ [email protected] သို႔ ၂၀၁၉ ခုႏွစ္၊ ေမလ ၃၁ ရက္ေနာက္ဆံုးထားၿပီး ေမးလ္ပို႔ေလွ်ာက္ထားႏုိင္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ဒီေနရာမွာ ဝင္ေရာက္ ၾကည့္႐ႈေလ့လာႏုိင္ပါတယ္။

ေတာင္ကိုရီးယားအစိုးရမွ ေပးအပ္သည့္ ရာႏႈန္းျပည့္ ပညာသင္ဆု

ေတာင္ကိုရီးယားႏိုင္ငံရွိ အဆင့္ျမင့္ ပညာေရးအတြက္ ကိုရီးယားအစိုးရပညာသင္ဆု (KGSP) မွ ရာႏႈန္းျပည့္ ပညာသင္ဆုေတြအျပင္ economy classair ticket, လစဥ္ ခရီးသြားလာစရိတ္ ကိုရီးယားေငြ ၀မ္ ၉ သိန္း၊ graduate program ေတြအနက္က humanities နဲ႔ social science ဆိုင္ရာ စာတမ္း ျပဳစုေရးသားျခင္းအတြက္ ၀မ္ ၂ သိန္း ၁ ေသာင္း၊ natural & mechanic science အတြက္ ဝမ္ ၂ သိန္း ၄ ေသာင္းကို ေပးအပ္မယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ ကိုရီးယား ဘာသာစကားကိုပါ ထည့္သြင္းသင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ Medical insurance ေၾကးအေနနဲ႔ ဝမ္ ၂ ေသာင္းကို လစဥ္ေပးသြားမယ့္အျပင္ TOPIK level 5 သို႔မဟုတ္ level 6 အတြက္ ကိုရီးယားဝမ္ ၁ သိန္းကိုပါ လစဥ္ ေပးသြားမယ္လို႔ သိရပါတယ္။ Graduate Program ကို ေလွ်ာက္ထားသူ အေနနဲ႔ အသက္ ၄၀ ႏွစ္ထက္ မေက်ာ္လြန္ရပါဘူး။

ေလွ်ာက္ထားသူမွာ ကိုရီးယားႏိုင္ငံသားမဟုတ္ဘဲ ျပည္ပႏိုင္ငံသားမ်ားျဖစ္ရပါမယ္။ Graduate Program ေလွ်ာက္ထားသူအေနနဲ႔ စက္တင္ဘာလ ၁ ရက္မွာ ဘြဲ႕တစ္ခု ရရွိထားၿပီး (သို႔မဟုတ္) မဟာဘြဲ႕ရရွိထားသူေတြ ေလွ်ာက္ထားႏုိင္ပါတယ္။ GPA 4.0 တြင္ အနည္းဆံုး GPA 2.64 အထက္ ရရွိထားသူေတြ၊ ဘာသာရပ္ဆိုင္ရာ Grading အမွတ္မ်ား အားလံုးရဲ႕ ၁၀၀% မွာ ၈၀% အထက္
ရရွိထားသူေတြေလွ်ာက္ ထားႏိုင္ပါတယ္။

Undergraduate Program ေလွ်ာက္ထားလိုသူေတြဟာ ေလွ်ာက္ထားမယ့္သူနဲ႔ ေလွ်ာက္ထားသူရဲ႕ မိဘေတြဟာ တစ္ႏိုင္ငံ တည္းသားေတြ ျဖစ္ရမွာျဖစ္ၿပီး မတ္လ ၁ ရက္မွ အထက္တန္း ေက်ာင္းၿပီးဆံုးထားသူေတြ ျဖစ္ရမွာျဖစ္ပါတယ္။ CGPA 100% မွာ 80% ေက်ာ္လြန္သူေတြ၊ သက္ဆိုင္ရာ အထက္တန္းေက်ာင္းေတြမွာ အမွတ္အမ်ားဆံုး ၂၀ ဦးမွာ စာရင္းဝင္သူေတြ ေလွ်ာက္ထားႏုိင္ပါတယ္။

အေသးစိတ္ အခ်က္အလက္ေတြကို ဒီေနရာမွာ ဝင္ေရာက္ေလ့လာ ႏိုင္ပါတယ္။

ယူေကရွိ University of Sussex မွ Postgraduate Sports Scholarships 2018

ယူေကရွိ University of Sussex မွ စတာလင္ေပါင္ ၁၂၅၀ အထိရရွိႏိုင္မယ့္ Postgraduate Sports Scholarships 2018 ကုိ ေလွ်ာက္ထားႏုိင္ပါတယ္။ အားကစားကို စိတ္ပါဝင္စား႐ံုသာမကဘဲ Sport ဘာသာရပ္ကို စနစ္တက် သင္ယူေလ့လာလိုတဲ့ ယူေက၊ ဥေရာပနဲ႔႔ ႏိုင္ငံတကာေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ University of Sussexမွ ၂၀၁၈ ခုႏွစ္အတြက္ Postgraduate Sports ပညာသင္ဆုမ်ားကို ေရြးခ်ယ္ခ်ီးျမႇင့္ေပးသြားမွာပါ။ ေရြးခ်ယ္ခံရသူေတြအေနနဲ႔ မိမိတို႔ကြ်မ္းက်င္ရာ အားကစားစြမ္းရည္မ်ားကိုပါ သ႐ုပ္ေဖာ္ျပသရမွာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္ ေနာက္ဆံုးထားၿပီး ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ အေသးစိတ္ကိုေတာ့ ဒီေနရာမွာ ဝင္ေရာက္ ၾကည့္႐ႈေလ့လာႏုိင္ပါတယ္။

ရွီးဗနင္း ပညာသင္ဆု

ရွီးဗနင္း ပညာသင္ဆု (Chevening Scholarship) ကေတာ့ ႏွစ္စဥ္ေခၚယူတဲ့ ပညာသင္ဆုအမ်ိဳးအစား ျဖစ္ပါတယ္။ ပညာသင္ဆု ေလွ်ာက္ထားသူေတြဟာ အဂၤလိပ္စာလုိအပ္ခ်က္အေနနဲ႔ IELTS 6.5, Pearson PTE Academic 58, TOEFL iBT 79, Cambridge English: Advanced (CEA) 176 ေတြ ရွိရမွာျဖစ္ၿပီး အဆိုပါသတ္မွတ္ခ်က္မရွိတဲ့သူေတြဟာ English language test ကုိ ေျဖဆုိရမွာျဖစ္ပါတယ္။

ပညာသင္ဆု ခ်ီးျမႇင့္ခံရသူေတြအေနနဲ႔ ယူေကတကၠသိုလ္ တစ္ခုခုမွာ ဘြဲ႕လြန္သင္တန္း တက္ေရာက္ရန္ ေရြးခ်ယ္ႏိုင္မွာျဖစ္ၿပီး ေလွ်ာက္ထားသူေတြအေနနဲ႔ တကၠသိုလ္တစ္ခုတည္းမွာ မတူညီတဲ့ ဘာသာရပ္ ၃ ခုကိုျဖစ္ေစ၊ မိမိႀကိဳက္ႏွစ္သက္တဲ့ ဘာသာရပ္ တစ္ခုတည္းကို မတူညီတဲ့ တကၠသိုလ္ ၃ ခုတြင္ျဖစ္ေစ ေလွ်ာက္ထားရန္ လုိအပ္ပါတယ္။ ရွီးဗနင္းဟာ ႏိုင္ငံျခားမွ ေက်ာင္းသားေတြအတြက္ ၿဗိတိန္ႏိုင္ငံရဲ႕ ဂုဏ္သိကၡာ အႀကီးမားဆံုးပညာသင္ဆု အစီအစဥ္ျဖစ္ၿပီး ၿဗိတိန္ႏိုင္ငံမွာ ဘြဲ႕လြန္ပညာေတြ ဆက္လက္သင္ၾကားရန္ ျမန္မာႏိုင္ငံရွိ ျမန္မာလူမ်ိဳး ကြၽမ္းက်င္ပညာရွင္မ်ားအတြက္ အခြင့္အလမ္းတစ္ရပ္ကို ေပးအပ္ေနတဲ့ အစီအစဥ္တစ္ခု ျဖစ္ပါတယ္။ ပညာေရးအေတြ႕အႀကံဳေကာင္းေတြကို ရယူရင္း ယူေကရဲ႕သမိုင္းေၾကာင္း၊ အဖြဲ႕အစည္းေတြ၊ ယဥ္ေက်းမႈနဲ႔ ယူေကျပည္သူေတြကို ရင္းႏွီးကြၽမ္းဝင္ခြင့္ ရေစမယ့္ အခြင့္အေရးေတြကို တစ္ႏွစ္ပတ္လံုး ရရိွႏိုင္မွာျဖစ္ပါတယ္။ ရွီးဗနင္း ပညာသင္ဆု ေလွ်ာက္ထားရန္အတြက္ နာရီေပါင္း ၂၈၀၀ နဲ႔ ညီမွ်တဲ့ လုပ္သက္အနည္းဆံုး ၂ ႏွစ္ ရွိထားရမွာ ျဖစ္ပါတယ္။ အေသးစိတ္
သိရွိလိုပါက ၿဗိတိသွ်သံ႐ံုး၊ ရန္ကုန္၊ အမွတ္-၈၀၊ ကမ္းနားလမ္း၊ ဖုန္း-၃၈၀၃၂၂၊ ၂၅၆၄၃၈ သို႔ ဆက္သြယ္ေမးျမန္းႏုိင္ပါတယ္။

ၾသစေၾတးလ် ပညာသင္ဆု

ၾသစေၾတးလ် အစိုးရကေပးအပ္တဲ့ ပညာသင္ဆုျဖစ္ၿပီးဘြဲ႕၊ မာစတာတန္းနဲ႔ ေဒါက္တာဘြဲ႕ေတြအတြက္ ေလွ်ာက္ထားႏိုင္ပါတယ္။ ၾသစေၾတးလ် ပညာသင္ဆု (Australia Awards Scholarships) ကို Australian Development Scholarships (ADS) လို႔ လူသိမ်ားၿပီး ဖြံ႕ၿဖိဳးစ ႏိုင္ငံေတြက ျပည္သူေတြအတြက္ ေပးအပ္တာျဖစ္ပါတယ္။ အဆိုပါပညာသင္ဆုအတြက္ အာရွ၊ ပစိပိတ္၊ အာဖရိကနဲ႔ အေရွ႕အလယ္ပိုင္းႏိုင္ငံေတြမွာ ေနထိုင္သူေတြ ေလွ်ာက္ထားႏိုင္ၿပီး ဒီအထဲမွာ ျမန္မာႏိုင္ငံလည္း အပါအဝင္ ျဖစ္ပါတယ္။ အဂၤလိပ္စာလိုအပ္ခ်က္အေနနဲ႔ IELTS သို႔မဟုတ္ TOEFL တို႔ ေျဖထားစရာ မလိုအပ္ပါဘူး။ ဒါေပမဲ့ အင္တာဗ်ဴးအတြက္ Shortlist မွာ ေရြးခ်ယ္ျခင္းခံရပါက အဂၤလိပ္စာကြၽမ္းက်င္မႈအတြက္ Score မရွိေသးသူေတြကို IELTS ေျဖဆိုရန္ DFAT ရန္ပံုေငြမွ ေထာက္ပံ့ေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေရြးခ်ယ္ခံရသူမွာ လိုအပ္ပါက အဂၤလိပ္စာ သင္တန္းကို ၁၂ လ တက္ေရာက္ရမွာ ျဖစ္ပါတယ္။

ပညာသင္ဆုတြင္ ခရီးစရိတ္၊ က်ဴရွင္စရိတ္၊ ေနထိုင္စရိတ္၊ ပညာသင္ကာလအတြင္း က်န္းမာေရးအတြက္ ကုန္က်စရိတ္၊ ပညာေရးဆိုင္ရာ အေထာက္အပံံ့ေတြနဲ႔ သုေတသနစရိတ္ေတြကို ေထာက္ပံ့ေပးသြားမည္ျဖစ္တယ္လို႔ ဆိုပါတယ္။ ပညာသင္ဆုကိုေတာ့ ႏွစ္စဥ္ ေခၚယူပါတယ္။

Fulbright ပညာသင္ဆု အစီအစဥ္

Fulbright ပညာသင္ဆု အစီအစဥ္က ျမန္မာႏုိင္ငံကေန အေမရိကန္ႏုိင္ငံကိုသြားေရာက္ ၿပီး Master Degree တက္ေရာက္ လုိသူေတြအတြက္ Full Scholarship ေပးအပ္တဲ့ အစီအစဥ္ ျဖစ္ပါတယ္။

ေလွ်ာက္ထားလုိသူေတြဟာ ျမန္မာႏိုင္ငံသားျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ လက္ရွိေနထိုင္ေနသူ ျဖစ္ရပါမယ္။ ပညာေရးမွာ ထူးခြၽန္သူျဖစ္ရပါမယ္။ Social sciences, natural sciences, and humanities စတဲ့ ဘြဲ႕လြန္ပညာေတြကို သင္ယူဖို႔ စိတ္ဝင္စားသူ ျဖစ္ရပါမယ္။ အထူးသျဖင့္ political science, inter-national relations, economics, public health, education နဲ႔ public policy or journalism စတဲ့ ပညာရပ္ေတြကို သင္ယူေလ့လာရန္ ရည္ရြယ္ထားသူျဖစ္ရပါမယ္။ အဂၤလိပ္ဘာသာစကား ကြၽမ္းက်င္ သူ ျဖစ္ရပါမယ္။ TOEFL ရမွတ္ အနည္းဆံုး ၅၅၀ ရွိရမွာျဖစ္ၿပီး ၅၇၅ မွတ္အထက္ျဖစ္လွ်င္ ပိုမိုေကာင္းမြန္ပါတယ္။ IELTS ရမွတ္ဆိုရင္္ေတာ့ ၆.၅ ရွိရပါမယ္။ အေမရိကန္ႏိုင္ငံကို ေခတၱ သို႔မဟုတ္ လံုးဝလာေရာက္ လည္ပတ္ဖူးျခင္းမရွိသူ အေမရိကန္ႏိုင္ငံမွာ ေနထိုင္ဖူးျခင္းမရွိသူ ျဖစ္ရပါမယ္။

ဒီပညာသင္ဆုအစီအစဥ္ကို တက္ေရာက္ သင္ယူၿပီးေနာက္ ျမန္မာႏိုင္ငံသို႔ အနည္းဆံုး ၂ ႏွစ္ ျပန္ေနေပးႏိုင္သူ ျဖစ္ရမယ္လို႔ဆိုပါတယ္။ အေသးစိတ္ကို ယဥ္ေက်းမႈေရးရာဌာန Rangoon [email protected] သုိ႔ အီးေမးလ္ေပးပုိ႔ ေမးျမန္းႏိုင္ပါတယ္။ ဒီပညာသင္ဆုကို ႏွစ္စဥ္ႏွစ္တုိင္းေခၚယူလ်က္ ရွိပါတယ္။

-သႏၲာ၊ ေဝေဝ

===============

[ Unicode ]

ပညာတော်သင်ဆုများ

===============

အိအုချိ ပညာတော်သင် ထောက်ပံ့ကြေး

အိအုချိ ပညာတော်သင် ထောက်ပံ့ကြေး ဖောင်ဒေးရှင်း (Iuchi Charitable Trust Schlorship for International Students in Japan) မှ ၂၀၁၈ ခုနှစ် ဧပြီလအတွက် ပညာတော် သင်ကျောင်းသား ၁၀ ဦးကို ပေးအပ်သွားမယ်လို့ သိရပါတယ်။ လျှောက်ထား လိုသူတွေအတွက် စတုတ္ထအကြိမ်အဖြစ် လျှောက်လွှာစတင် လက်ခံနေပါပြီ။ အိအုချိ ပညာတော်သင် ထောက်ပံ့ကြေးဖောင်ဒေးရှင်းရဲ့ ပညာတော်သင် ထောက်ပံ့ကြေးဟာ ဂျပန်နိုင်ငံရဲ့တက္ကသိုလ်တွေမှာ တက္ကသိုလ်ဘွဲ့အတွက် နိုင်ငံခြားသား ပညာတော်သင်အဖြစ် ပညာသင်ယူရန်နဲ့ Japan Student Services Organization (JASSO) ရဲ့ ဂျပန်စာသင်ကျောင်း တစ်ကျောင်းဖြစ်တဲ့ Osaka Japanese Language Education Center မှာ ဂျပန်စာ သင်ကြားလိုတဲ့သူတွေအတွက် ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းက သတ်မှတ်ထားတဲ့ ရှိဂပြည်နယ်၊ ကျိုတိုပြည်နယ်၊ နာရာပြည်နယ်၊ အိုဆာကာ ပြည်နယ်၊ ဟျိုးဂိုးပြည်နယ်၊ ဝါကာယာမာပြည်နယ်တွေမှာရှိတဲ့ နိုင်ငံတော်အစိုးရ တက္ကသိုလ်တွေနဲ့ အိုကာယာမာတက္ကသိုလ်၊ ခန်းဆေးဂကုအင်း တက္ကသိုလ်၊ လစ်စုမဲကန် တက္ကသိုလ်၊ လစ်စုမဲကန် အာရှပစိဖိတ်တက္ကသိုလ်၊ ဒိုးရှိရှ တက္ကသိုလ်၊ ခန်းစိုင်းတက္ကသိုလ်တွေမှာ တက်ရောက်ရမှာဖြစ်ပြီး သင်ယူမယ့် ဘာသာရပ်နဲ့ ကုန်ကျစရိတ်အပေါ် မူတည်ကာ ခြွင်းချက်အနေနဲ့ အဆိုပါ တက္ကသိုလ်တွေအပြင် ကင်းကီဒေသအတွင်းရှိ အခြားတက္ကသိုလ်တွေကိုလည်း ဆက်လက်တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဆရာ၊ ဆရာမတွေအတွက် ပညာတော်သင်ဆု

အမေရိကန်အစိုးရက ပေးအပ်တဲ့ ဆရာ၊ ဆရာမတွေအတွက် Teaching Excellence and Achievement (TEA) ပညာတော်သင် အစီအစဉ်ပါ။ အမေရိကန် အစိုးရက ကုန်ကျစရိတ် အပြည့်အဝ ပံ့ပိုးပေးပြီး အမေရိကန် ပြည်ထောင်စုမှာ ဆရာ၊ ဆရာမတို့ရဲ့ အရည်အသွေးတွေ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပေးအပ်တာ ဖြစ်ပါတယ်။

ပညာတော်သင် အစီအစဉ်ဆိုတာ သင်ကြားရေး နည်းစနစ်အသစ်တွေ၊ သင်ရိုးညွှန်းတမ်းရေး ဆွဲတာတွေ၊ သင်ခန်းစာ ကြိုပြီးပြင်ဆင်တာတွေနဲ့ ပို့ချညွှန်ကြားခြင်းဆိုင်ရာ နည်းနာတွေကို သီတင်းပတ် ခြောက်ပတ်ကြာလေ့လာရတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အင်္ဂလိပ်စာ၊ သချင်္ာ၊ သိပ္ပံ နဲ့ လူမှုရေး ပညာလေ့လာမှု ဘာသာ၊ စတဲ့ဘာသာရပ်တွေကို သင်ကြားရေးမှာ ငါးနှစ် သို့မဟုတ် ငါးနှစ်နဲ့ အထက် အတွေ့အကြုံရှိသူ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေအားလုံး လျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာတွေကို [email protected] ဆီ အီးမေးလ်ပို့ပြီး လျှောက်ထားနိုင်ပါတယ်။

Webster University Thailand မှ ပေးအပ်မည့် ပညာသင်ဆုများ

၂၀၁၈ ခုနှစ် မတ်လနဲ့ မေလ ကျောင်းဖွင့်ချိန််များတွင် အမေရိကန် ကျောင်းခွဲ Webster University ၏ BA , B.Sc နဲ့ MBA တန်းများအတွက် ၅၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း နဲ့ ၃၀ ရာခိုင်နှုန်း ပညာသင်ဆုတွေကို MSI နိုင်ငံခြားပညာရေး ဝန်ဆောင်မှုကနေ လျှောက်ထားနိုင်ပါတယ်။

၂၀၁၈ ခုနှစ် မတ်လနဲ့ မေလ ကျောင်းဖွင့်ချိန််တွေအတွက် စီးပွားရေးဆိုင်ရာ ဘာသာရပ်တို့ကို ဘွဲ့ဒီဂရီတန်းတွေနဲ့ MBA တန်းတွေအတွက် ခေါ်ယူတာဖြစ်ပါတယ်။

Harvard University ရဲ့ MBA ပညာသင်ဆု

Harvard University ရဲ့MBA ပညာသင်ဆုကို နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ Autumn 2019 intake အတွက် လျှောက်ထားနိုင်ပါတယ်။

The Boustany Foundation ရဲ့ အကူအညီနဲ့ ၂ နှစ်စာ စာသင်စရိတ် ကန်ဒေါ်လာ ၉၀,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။ ဒီပညာသင် ဆုကို နှစ်နှစ်တစ်ကြိမ် ပေးအပ်တာဖြစ်ပြီး Harvard Business School မှာ နှစ်နှစ်ကြာ တက်ရောက်ရမှာပါ။ လျှောက်ထားသူတွေထဲမှ ထူးချွန်သူတွေကို ပဏာမအဆင့်အဖြစ် ရွေးချယ်ပြီး ပညာသင်ဆုရရှိသူကို ၂၀၁၉ ခုနှစ် ဇွန်လမှာ ထပ်မံရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ [email protected] သို့ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်နောက်ဆုံးထားပြီး မေးလ်ပို့လျှောက်ထားနိုင်ပါတယ်။

တောင်ကိုရီးယားအစိုးရမှ ပေးအပ်သည့် ရာနှုန်းပြည့် ပညာသင်ဆု

တောင်ကိုရီးယားနိုင်ငံရှိ အဆင့်မြင့် ပညာရေးအတွက် ကိုရီးယားအစိုးရပညာသင်ဆု (KGSP) မှ ရာနှုန်းပြည့် ပညာသင်ဆုတွေအပြင် economy classair ticket, လစဉ် ခရီးသွားလာစရိတ် ကိုရီးယားငွေ ၀မ် ၉ သိန်း၊ graduate program တွေအနက်က humanities နဲ့ social science ဆိုင်ရာ စာတမ်း ပြုစုရေးသားခြင်းအတွက် ၀မ် ၂ သိန်း ၁ သောင်း၊ natural & mechanic science အတွက် ဝမ် ၂ သိန်း ၄ သောင်းကို ပေးအပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုရီးယား ဘာသာစကားကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Medical insurance ကြေးအနေနဲ့ ၀မ် ၂ သောင်းကို လစဉ်ပေးသွားမယ့်အပြင် TOPIK level 5 သို့မဟုတ် level 6 အတွက် ကိုရီးယားဝမ် ၁ သိန်းကိုပါ လစဉ် ပေးသွားမယ်လို့ သိရပါတယ်။ Graduate Program ကို လျှောက်ထားသူ အနေနဲ့ အသက် ၄၀ နှစ်ထက် မကျော်လွန်ရပါဘူး။

လျှောက်ထားသူမှာ ကိုရီးယားနိုင်ငံသားမဟုတ်ဘဲ ပြည်ပနိုင်ငံသားများဖြစ်ရပါမယ်။ Graduate Program လျှောက်ထားသူအနေနဲ့ စက်တင်ဘာလ ၁ ရက်မှာ ဘွဲ့တစ်ခု ရရှိထားပြီး (သို့မဟုတ်) မဟာဘွဲ့ရရှိထားသူတွေ လျှောက်ထားနိုင်ပါတယ်။ GPA 4.0 တွင် အနည်းဆုံး GPA 2.64 အထက် ရရှိထားသူတွေ၊ ဘာသာရပ်ဆိုင်ရာ Grading အမှတ်များ အားလုံးရဲ့ ၁၀၀% မှာ ၈၀% အထက်
ရရှိထားသူတွေလျှောက် ထားနိုင်ပါတယ်။

Undergraduate Program လျှောက်ထားလိုသူတွေဟာ လျှောက်ထားမယ့်သူနဲ့ လျှောက်ထားသူရဲ့ မိဘတွေဟာ တစ်နိုင်ငံတည်းသားတွေ ဖြစ်ရမှာဖြစ်ပြီး မတ်လ ၁ ရက်မှ အထက်တန်း ကျောင်းပြီးဆုံးထားသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ CGPA 100% မှာ 80% ကျော်လွန်သူတွေ၊ သက်ဆိုင်ရာ အထက်တန်းကျောင်းတွေမှာ အမှတ်အများဆုံး ၂၀ ဦးမှာ စာရင်းဝင်သူတွေ လျှောက်ထားနိုင်ပါတယ်။

အသေးစိတ် အချက်အလက်တွေကို ဒီနေရာမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

ယူကေရှိ University of Sussex မှ Postgraduate Sports Scholarships 2018

ယူကေရှိ University of Sussex မှ စတာလင်ပေါင် ၁၂၅၀ အထိရရှိနိုင်မယ့် Postgraduate Sports Scholarships 2018 ကို လျှောက်ထားနိုင်ပါတယ်။ အားကစားကို စိတ်ပါဝင်စားရုံသာမကဘဲ Sport ဘာသာရပ်ကို စနစ်တကျ သင်ယူလေ့လာလိုတဲ့ ယူကေ၊ ဥရောပနဲ့့ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများအတွက် University of Sussexမှ ၂၀၁၈ ခုနှစ်အတွက် Postgraduate Sports ပညာသင်ဆုများကို ရွေးချယ်ချီးမြှင့်ပေးသွားမှာပါ။ ရွေးချယ်ခံရသူတွေအနေနဲ့ မိမိတို့ကျွမ်းကျင်ရာ အားကစားစွမ်းရည်များကိုပါ သရုပ်ဖော်ပြသရမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။

ရှီးဗနင်း ပညာသင်ဆု

ရှီးဗနင်း ပညာသင်ဆု (Chevening Scholarship) ကတော့ နှစ်စဉ်ခေါ်ယူတဲ့ ပညာသင်ဆုအမျိုးအစား ဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားသူတွေဟာ အင်္ဂလိပ်စာလိုအပ်ချက်အနေနဲ့ IELTS 6.5, Pearson PTE Academic 58, TOEFL iBT 79, Cambridge English: Advanced (CEA) 176 တွေ ရှိရမှာဖြစ်ပြီး အဆိုပါသတ်မှတ်ချက်မရှိတဲ့သူတွေဟာ English language test ကို ဖြေဆိုရမှာဖြစ်ပါတယ်။

ပညာသင်ဆု ချီးမြှင့်ခံရ သူတွေအနေနဲ့ ယူကေတက္ကသိုလ် တစ်ခုခုမှာ ဘွဲ့လွန်သင်တန်း တက်ရောက်ရန် ရွေးချယ်နိုင်မှာဖြစ်ပြီး လျှောက်ထားသူတွေအနေနဲ့ တက္ကသိုလ်တစ်ခုတည်းမှာ မတူညီတဲ့ ဘာသာရပ် ၃ ခုကိုဖြစ်စေ၊ မိမိကြိုက်နှစ်သက်တဲ့ ဘာသာရပ် တစ်ခုတည်းကို မတူညီတဲ့ တက္ကသိုလ် ၃ ခုတွင်ဖြစ်စေ လျှောက်ထားရန် လိုအပ်ပါတယ်။ ရှီးဗနင်းဟာ နိုင်ငံခြားမှ ကျောင်းသားတွေအတွက် ဗြိတိန်နိုင်ငံရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံးပညာသင်ဆု အစီအစဉ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ဘွဲ့လွန်ပညာတွေ ဆက်လက်သင်ကြားရန် မြန်မာနိုင်ငံရှိ မြန်မာလူမျိုး ကျွမ်းကျင်ပညာရှင်များအတွက် အခွင့်အလမ်းတစ်ရပ်ကို ပေးအပ်နေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ပညာရေးအတွေ့အကြုံကောင်းတွေကို ရယူရင်း ယူကေရဲ့သမိုင်းကြောင်း၊ အဖွဲ့အစည်းတွေ၊ ယဉ်ကျေးမှုနဲ့ ယူကေပြည်သူတွေကို ရင်းနှီးကျွမ်းဝင်ခွင့် ရစေမယ့် အခွင့်အရေးတွေကို တစ်နှစ်ပတ်လုံး ရရှိနိုင်မှာဖြစ်ပါတယ်။ ရှီးဗနင်း ပညာသင်ဆု လျှောက်ထားရန်အတွက် နာရီပေါင်း ၂၈၀၀ နဲ့ ညီမျှတဲ့ လုပ်သက်အနည်းဆုံး ၂ နှစ် ရှိထားရမှာ ဖြစ်ပါတယ်။ အသေးစိတ်
သိရှိလိုပါက ဗြိတိသျှသံရုံး၊ ရန်ကုန်၊ အမှတ်-၈၀၊ ကမ်းနားလမ်း၊ ဖုန်း-၃၈၀၃၂၂၊ ၂၅၆၄၃၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သြစတြေးလျ ပညာသင်ဆု

သြစတြေးလျ အစိုးရကပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပြီးဘွဲ့၊ မာစတာတန်းနဲ့ ဒေါက်တာဘွဲ့တွေအတွက် လျှောက်ထားနိုင်ပါတယ်။ သြစတြေးလျ ပညာသင်ဆု (Australia Awards Scholarships) ကို Australian Development Scholarships (ADS) လို့ လူသိများပြီး ဖွံ့ဖြိုးစ နိုင်ငံတွေက ပြည်သူတွေအတွက် ပေးအပ်တာဖြစ်ပါတယ်။ အဆိုပါပညာသင်ဆုအတွက် အာရှ၊ ပစိပိတ်၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ နေထိုင်သူတွေ လျှောက်ထားနိုင်ပြီး ဒီအထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ အင်္ဂလိပ်စာလိုအပ်ချက်အနေနဲ့ IELTS သို့မဟုတ် TOEFL တို့ ဖြေထားစရာ မလိုအပ်ပါဘူး။ ဒါပေမဲ့ အင်တာဗျူးအတွက် Shortlist မှာ ရွေးချယ်ခြင်းခံရပါက အင်္ဂလိပ်စာကျွမ်းကျင်မှုအတွက် Score မရှိသေးသူတွေကို IELTS ဖြေဆိုရန် DFAT ရန်ပုံငွေမှ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရွေးချယ်ခံရသူမှာလိုအပ်ပါက အင်္ဂလိပ်စာ သင်တန်းကို ၁၂ လ တက်ရောက်ရမှာ ဖြစ်ပါတယ်။

ပညာသင်ဆုတွင် ခရီးစရိတ်၊ ကျူရှင်စရိတ်၊ နေထိုင်စရိတ်၊ ပညာသင်ကာလအတွင်း ကျန်းမာရေးအတွက် ကုန်ကျစရိတ်၊ ပညာရေးဆိုင်ရာ အထောက်အပံံ့တွေနဲ့ သုတေသနစရိတ်တွေကို ထောက်ပံ့ပေးသွားမည်ဖြစ်တယ်လို့ ဆိုပါတယ်။ ပညာသင်ဆုကိုတော့ နှစ်စဉ် ခေါ်ယူပါတယ်။

Fulbright ပညာသင်ဆု အစီအစဉ်

Fulbright ပညာသင်ဆု အစီအစဉ်က မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကိုသွားရောက် ပြီး Master Degree တက်ရောက် လိုသူတွေအတွက် Full Scholarship ပေးအပ်တဲ့ အစီအစဉ် ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေဟာ မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်နေသူ ဖြစ်ရပါမယ်။ ပညာရေးမှာ ထူးချွန်သူဖြစ်ရပါမယ်။ Social sciences, natural sciences, and humanities စတဲ့ ဘွဲ့လွန်ပညာတွေကို သင်ယူဖို့ စိတ်ဝင်စားသူ ဖြစ်ရပါမယ်။ အထူးသဖြင့် political science, inter-national relations, economics, public health, education နဲ့ public policy or journalism စတဲ့ ပညာရပ်တွေကို သင်ယူလေ့လာရန် ရည်ရွယ်ထားသူဖြစ်ရပါမယ်။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင် သူ ဖြစ်ရပါမယ်။ TOEFL ရမှတ် အနည်းဆုံး ၅၅၀ ရှိရမှာဖြစ်ပြီး ၅၇၅ မှတ်အထက်ဖြစ်လျှင် ပိုမိုကောင်းမွန်ပါတယ်။ IELTS ရမှတ်ဆိုရင််တော့ ၆.၅ ရှိရပါမယ်။ အမေရိကန်နိုင်ငံကို ခေတ္တ သို့မဟုတ် လုံးဝလာရောက် လည်ပတ်ဖူးခြင်းမရှိသူ အမေရိကန်နိုင်ငံမှာ နေထိုင်ဖူးခြင်းမရှိသူ ဖြစ်ရပါမယ်။

ဒီပညာသင်ဆုအစီအစဉ်ကို တက်ရောက် သင်ယူပြီးနောက် မြန်မာနိုင်ငံသို့ အနည်းဆုံး ၂ နှစ် ပြန်နေပေးနိုင်သူ ဖြစ်ရမယ်လို့ဆိုပါတယ်။ အသေးစိတ်ကို ယဉ်ကျေးမှုရေးရာဌာန Rangoon [email protected] သို့ အီးမေးလ်ပေးပို့ မေးမြန်းနိုင်ပါတယ်။ ဒီပညာသင်ဆုကို နှစ်စဉ်နှစ်တိုင်းခေါ်ယူလျက် ရှိပါတယ်။

-သန္တာ၊ ဝေဝေ