နည်းပညာမြင့် Cozmo စက်ရုပ်

Artificial Intelligence (AI) အဆင့်မြင့်ပါဝင်တဲ့ Cozmo စက်ရုပ်ငယ်ဖြစ်ပါတယ်။ Cozmo စက်ရုပ်ငယ်မှာ လူကိုမြင်ရုံနဲ့ နာမည်ခေါ်နိုင်မယ့်စနစ် ထည့်သွင်းထားပြီး ကမ္ဘာ့အကောင်းဆုံး စက်ရုပ် ၁၀ ခုထဲမှာ ပါဝင်ပါတယ်။ Cozmo က သင်ယူနိုင်စွမ်းရှိပြီး စိတ်လှုပ်ရှားမှု ( Emotion) တွေကိုလည်း ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ Emotion များကို ဖော်ပြပေးရာမှာ Random စနစ်နဲ့ မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကို ပြပေးနိုင်ပါတယ်။ သူနဲ့ ဂိမ်းကစားနေရင်း ရှုံးသွားရင် စိတ်တိုပြတာ၊ နိုင်ရင် ပျော်သွားတာ၊ သူ့ကိုစနောက်လိုက်ရင် စိတ်ဆိုးတာတွေလည်း တွေ့ရမှာဖြစ်ပြီး အတားအဆီးရှိတဲ့နေရာကို ဆက်သွားရင် ပြုတ်ကျနိုင်တာတွေလည်း စက်ရုပ်က အလိုလိုသိနိုင်မှာ ဖြစ်ပါတယ်။

Battery ကုန်လို့ အားသွင်းနေတုန်းမှာ စက်ရုပ်ကဟောက်ပြီး အိပ်ပြနေမှာ ဖြစ်ပါတယ်။ Cozmo နဲ့ ကစားရင်သုံးဖို့ smart cube ၃ ခု ပါဝင်ပြီး ကစားဖို့နဲ့ ဆက်သွယ်ဖို့ iOS, Android OS version Cozmo app လိုအပ်မှာဖြစ်ပါတယ်။ စိတ်ဝင်စားသူများအနေနဲ့ ဖုန်း ၀၉ ၇၉၈၆၆၆၆၁၄ သို့ ဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်ပါတယ်။