July 15, 2018

ဓာတ္ပံုေကာင္း တစ္ပံုရဖို႔အတြက္ အခ်က္မ်ား

[ Zawgyi ]

အခုေျပာမယ့္ အခ်က္ေတြကေတာ့ ဝါသနာရွင္ ကင္မရာသမားေတြအတြက္ပါ အဆင္ေျပေစမယ့္ ဓာတ္ပံုေကာင္းတစ္ပံု ရယူနည္းေတြ
ျဖစ္ပါတယ္။ တခ်ိဳ႕အခ်က္ေတြက ပံုမွန္ သိထားၿပီးသား အခ်က္ေလးေတြ ျဖစ္ေပမယ့္ ဓာတ္ပံုေကာင္းေကာင္း ရဖို႔အတြက္ကေတာ့ အေရးႀကီးတာေၾကာင့္ လိုက္နာလုပ္ေဆာင္ဖို႔ လိုအပ္ပါလိမ့္မယ္။

၁ – အနီးကပ္ ရယူ႐ိုက္ကူးပါ

ဒီအခ်က္ကေတာ့ နာမည္ေက်ာ္ ဂ်ာနယ္လစ္ဓာတ္ပံုဆရာ Robert Capa ရဲ႕ ေျပာစကားေလးပါ။ သင္႐ိုက္ကူးထားတဲ့ ပံုကိုျပန္ၾကည့္ၿပီး
အားမလိုအားမရ ျဖစ္ေနပါသလား။ ဒါဆိုရင္္ အနီးကပ္သြားၿပီး ႐ိုက္ကူးၾကည့္ပါ။ အဆင္ေျပပါလိမ့္မယ္လုိ႔ သူက ေျပာပါတယ္။ ဟုတ္ပါတယ္၊ သင္လိုခ်င္တဲ့ပံုရိပ္ကို အေဝးကတစ္ဖံု၊ အနီးကပ္တစ္ဖံု ႐ိုက္ၾကည့္လိုက္ပါ၊ အနီးကပ္ ပံုတစ္ပံုရဲ႕ ပိုမိုသာလြန္မႈကို ေတြ႕ရပါလိမ့္မယ္။ ဒီေနရာမွာ အနီးကပ္႐ိုက္ဖို႔ဆိုတာ သိသာေလာက္တဲ့ အနီးကပ္မႈ မဟုတ္ပါဘူး။ ေျခလွမ္းႏွစ္လွမ္းစာေလာက္ပဲ ကပ္ၿပီး ႐ိုက္ကူးဖို႔ဆိုတာ တစ္ခ်က္ကိုေတာ့ မေမ့ေစခ်င္ပါဘူး။ ဒီအခ်က္က လူန႔ဲဆက္စပ္တဲ့ အလွဓာတ္ပံုေတြ ႐ိုက္ကူးမႈအတြက္ အဆင္ေျပ ေကာင္းမြန္လာေစမယ့္ အခ်က္ျဖစ္ပါတယ္။

၂ – ေန႔တိုင္း ႐ိုက္ကူးပါ

ဆိုလိုရင္းကေတာ့ အၿမဲတမ္းလက္တည့္စမ္းေန၊ လက္ေတြ႕ေလ့က်င့္ျဖစ္ေနဖို႔ပါပဲ၊ ဘယ္အရာကိုပဲျဖစ္ျဖစ္ ကြၽမ္းက်င္အဆင့့္ျဖစ္ေအာင္ ႀကိဳးစားေတာ့မယ္ဆိုရင္ အၿမဲထိေတြ႕ ေလ့က်င့္ေနဖုိ႔ လိုအပ္ပါတယ္။ အခုလည္း ဓာတ္ပံုဆရာေကာင္းေကာင္းျဖစ္ဖုိ႔ ေတြ႕သမွ် ျမင္သမွ်
ကို ေန႔တုိင္း႐ိုက္ကူးထားမိဖို႔ လိုအပ္ပါတယ္၊ ၿပီးရင္ေတာ့ ျပန္လည္ဆန္းစစ္ပါ၊ ၾကည့္႐ႈပါ၊ အမွားေတြ မွတ္သားပါ၊ ေနာက္တစ္ႀကိမ္မွာ ျပင္ဆင္ပါ။ ဒီေနရာမွာ အဲဒီလို ေန႔တိုင္း ေတြ႕သမွ် ႐ိုက္ကူးေနလို႔ တကယ္တမ္း ကိုယ့္ရဲ႕ ဓာတ္ပံုစြမ္းရည္ တက္လာမွာလားဆိုၿပီး ေမးခ်င္သူေတြအတြက္ အေျဖကေတာ့ ဓာတ္ပံုဆရာလည္းျဖစ္ ဒါ႐ိုက္တာ တစ္ဦးလည္းျဖစ္တဲ့ leah robertson က ေျဖေပးထားပါတယ္၊ အခ်ိန္ၾကာလာတာနဲ႔အမွ် မသိစိတ္က အလိုလိုေနရင္း အမွားေတြကို ေရွာင္တတ္၊ ႐ိုက္ကူးတတ္လာပါလိမ့္မယ္တဲ့။

၃ – အလင္းေရာင္ကို အေလးထားပါ

သင့္အေနနဲ႔ ပံုရိပ္တစ္ခု ရယူမယ္လို႔ စဥ္းစားၿပီး ကင္မရာကို မ်က္ႏွာနဲ႔ မကပ္ခင္ လုပ္ေဆာင္ရမယ့္ အခ်က္ပါ။ အလင္းေရာင္ကို အေလးထား ၾကည့္ေပးပါ။ အလင္းဘယ္က လာပါသလဲ၊ ၿပီးေတာ့ သင္လုိခ်င္တဲ့ ပံုရိပ္အေပၚမွာ အလင္းဘယ္လို ျဖာက်ေနပါသလဲ။ အဆိုပါ သဘာဝရဲ႕ အလင္းကို အခမဲ့ရယူၿပီး သင့္ရဲ႕ ပံုရိပ္ကို ပိုမိုေကာင္းမြန္ေအာင္ ရယူလိုက္ပါ။ တခ်ိဳ႕အလင္းကေနက ျဖစ္မယ္၊ တခ်ိဳ႕အလင္းက မီးလံုးေတြက ျဖစ္မယ္ေပါ့၊ ဘယ္ကအလင္းပဲျဖစ္ျဖစ္၊ အဲဒီအလင္းကို ဘယ္လို အေကာင္းဆံုး အသံုးခ်မလဲ၊ ႐ိုက္ကူးမယ့္ သင္နဲ႔႐ိုက္ကူးခံမယ့္ အရာဝတၳဳအၾကား အလင္းဘယ္လို ျဖာက်ေနသလဲ၊ အရိပ္ေတြဘယ္လို ရွိေနပါသလဲ၊ ဒီအခ်က္ေတြက မသိစိတ္ရဲ႕ ပညာေတြပါ၊ အခုေျပာတဲ့ အခ်က္က အလင္းကို အသံုးခ်ပါ၊ ဓာတ္ပံုကို ပိုေကာင္းပါေစ၊ ဒီေနရာမွာ အလင္းကို အသံုးခ်တတ္ဖုိ႔အတြက္က နံပါတ္ ၂ အခ်က္ကို လုိက္နာ လုပ္ေဆာင္မယ္ဆိုရင္ အခ်ိန္တစ္ခု အၾကာမွာ သင္ဟာကၽြမ္းက်င္ ဓာတ္ပံုဆရာ တစ္ေယာက္ ျဖစ္လာမွာပါ။

၄ – ခြင့္ေတာင္းပါ

ဒီအခ်က္က ေမာ္ဒယ္တစ္ေယာက္ကို ႐ိုက္ကူးေနတာ ဆိုရင္လည္း ႐ိုက္မယ္ေနာ္လုိ႔ ေျပာတာမ်ိဳးျဖစ္သလို ပတ္ဝန္းက်င္ကို ႐ိုက္ကူးေနခ်ိန္ တစ္စံုတစ္ေယာက္ ရွိေနရင္လည္း အဆိုပါသူကို ခြင့္ေတာင္းလိုက္ပါ။ လြတ္လပ္ေပါ့ပါးတဲ့ ခံစားမႈနဲ႔ ႐ိုက္ကူးမႈ အရသာကို ေပးႏုိင္ပါလိမ့္မယ္။

ေနာက္ၿပီးေတာ့ ကိုယ္လုိခ်င္တဲ့ ပံုစံမ်ိဳးကိုလည္းအကူအညီ ေတာင္းႏုိင္လာပါလိမ့္မယ္။ ဥပမာျဖစ္ရပ္အေနနဲ႔ေတာ့ ဆစ္ဒနီအေျခစိုက္ ဓာတ္ပံုဆရာ တစ္ေယာက္ျဖစ္တဲ့ Andrea Francolini က ပါကစၥတန္မွာ သူဓာတ္ပံု႐ိုက္ကူးခဲ့တဲ့ အေၾကာင္းကို ျပန္ေျပာျပဖူးပါတယ္။ ကြၽန္ေတာ္ရဲ႕ ခရီးသြားလမ္းၫႊန္က ကြၽန္ေတာ္႐ိုက္ခ်င္တဲ့ သူေတြကို ခြင့္ေတာင္းေပးပါတယ္၊ ဒီေတာ့ ကၽြန္ေတာ္ လြတ္လြတ္လပ္လပ္ ႐ိုက္ကူးခဲ့ရတယ္၊ စိတ္ေပါ့ပါးတယ္၊ ဝန္ထုပ္ဝန္ပိုး ျဖစ္မေနေစဘူး၊ ဒါ့အျပင္ တခ်ိဳ႕ကေလးငယ္ေတြရဲ႕ ပံုရိပ္ေတြဆိုရင္လက္ရမ္းျပဖို႔၊ ၿပံဳးျပဖို႔ေတြပါ အကူအညီ ေတာင္းခြင့္ရလုိက္လို႔ အရမ္းတန္ဖိုးရွိတဲ့ ဓာတ္ပံုေကာင္းေတြ ရခဲ့ပါတယ္လုိ႔ သူက ေျပာပါတယ္။

၅ – Flash ကို ေန႔ခင္းေတြမွာလည္း အသံုးျပဳပါ

ဒီတစ္ခ်က္ကေတာ့ နည္းနည္းေလးဆန္းေနမယ္ ထင္ပါတယ္ေနာ္။ အမ်ားစုက Flash ကို ညပိုင္းနဲ႔ အတြင္းခန္း ႐ိုက္ကူးမႈေတြမွာပဲ အသံုးျပဳၾကတာ ျဖစ္ပါလိမ့္မယ္။ တကယ္တမ္းကေတာ့ Flash ဆိုတာ အခ်ိန္တိုင္း သံုးႏုိင္ပါတယ္၊ သံုးသင့္ပါတယ္၊ သံုးရပါလိမ့္မယ္။ ဥပမာ တစ္ခုေလာက္ ေျပာျပခ်င္ပါတယ္၊ ေနအလင္းေရာင္ အရမ္းစူးရွေနခ်ိန္မွာ သင္သတိမထားမိတဲ့ အခ်က္က သင္႐ိုက္ကူးခ်င္တဲ့ ပံုရိပ္အေပၚမွာ ပါးလႊာတဲ့အရိပ္ကို ျဖစ္ေနေစတယ္ဆိုတာပါပဲ။ အဲဒီလိုျဖစ္ရတဲ့ အေၾကာင္းကေတာ့ သင္ဟာေလးဘက္ညီ မ်က္ႏွာျပင္ရွိ အစိုင္အခဲတစ္ခုကို ႐ိုက္ကူးမွာ မဟုတ္လုိ႔ပါ။ ဆိုလိုတာကေတာ့ လူတစ္ေယာက္ရဲ႕ မ်က္ႏွာျပင္ကိုပဲ ၾကည့္လိုက္ပါ၊ ႏွာေခါင္း၊ မ်က္ခံုး၊ ပါးစပ္စသျဖင့္ မညီညာပါဘူး။ အဲဒီမွာ အလင္းစူး က်ေရာက္မႈက တန္ျပန္အရိပ္ေတြ ျဖစ္ေစပါေတာ့တယ္။ ဒီအတြက္ Flash က လုိအပ္တဲ့ အလင္းကို သင့္ရဲ႕ပံုထဲမွာ ထည့္ေပးႏုိင္ပါလိမ့္မယ္။ ႏိႈင္းယွဥ္ ႐ိုက္ကူးၾကည့္လိုက္မယ္ဆိုရင္ပဲ သင္သိႏိုင္ပါလိမ့္မယ္။

၆ – ISO အသံုးျပဳျခင္း

ဒီအခ်က္ကေတာ့ ေမးခြန္း ေမးစရာ ရွိလာပါတယ္၊ ဘယ္အခ်ိန္မွာ ဘယ္လိုပံုရိပ္ကို ႐ိုက္ကူးဖို႔ ဘယ္လို ISO ကို ေရြးခ်ယ္ အသံုးျပဳမလဲ ဆိုတာေပါ့။ အရင္ဆံုး သင္ေတြးၾကည့္လုိက္ပါ၊ သင္ ေန႔တစ္ေန႔တာရဲ႕ ဘယ္အခ်ိန္မွာ ဓာတ္ပံု ႐ိုက္ကူးမွာပါလဲ။ အျပင္မွာ ႐ိုက္မယ္၊ ေန႔ခင္းဘက္ဆိုရင္ ISO နိမ့္တာကို သံုးပါ၊ ဥပမာ 100 ဒါမွမဟုတ္ 200 ေပါ့။ တကယ္လို႔ ညဘက္ပိုင္းေတြမွာ ႐ိုက္မယ္ဆိုရင္ေတာ့ ISO ကို ပိုၿပီးျမင့္ေအာင္ထား႐ိုက္ဖို႔ လုိအပ္ပါလိမ့္မယ္။ ဒါကအခ်ိန္နဲ႔ ေျပာတာပါ။ ေနာက္တစ္ခ်က္ သင္႐ိုက္ကူးမယ့္ အရာက ဘယ္မွာလဲ၊ လူ ဒါမွမဟုတ္ ပစၥည္းဟာ အေမွာင္က်တဲ့ ဘက္မွာ ရွိေနမယ္ဆိုရင္ေတာ့ ISO ကို 800 ကေန 1600 အတြင္း ထားရွိ ႐ိုက္ကူးပါ၊ ေနာက္တစ္ခ်က္ သင္ကေတာက္ပတဲ့ ပံုရိပ္ကို လိုခ်င္တာလား ဒါမွမဟုတ္ လႈပ္ရွားမႈ ဆန္ဆန္ ပံုရိပ္ကို လိုခ်င္တာလား၊ တကယ္လို႔ လႈပ္ရွားမႈပံုရိပ္ကို လိုခ်င္တာဆိုရင္ Shutter ရဲ႕ ျမန္ႏႈန္းကို တင္လုိက္ပါ၊ ISO ကိုလည္း အျမင့္ဆံုးထားၿပီး ႐ိုက္ကူးပါ။ တကယ္လို႔
ေတာက္ပတဲ့ ပံုရိပ္ဆိုရင္ေတာ့ Shutter ျမန္ႏႈန္းလည္းခ်လုိက္ပါ၊ ISO ကိုလည္း ေလွ်ာ့လိုက္ပါ။ အခုတစ္ခ်က္ ဆိုလိုရင္းကေတာ့ Shutter ျမန္ႏႈန္းနဲ႔ ISO ခ်ိတ္ ဆက္မႈကို သိေစခ်င္တာပါ၊ Shutter ျမန္ႏႈန္းကို တင္ရင္ ISO ကိုလည္းတင္ပါ၊ Shutter ျမန္ႏႈန္းကို ေလွ်ာ့ရင္ ISO ကိုလည္း ေလွ်ာ့ပါ။ ဒီေနရာမွာ ေနာက္ဆုံုး ေျပာခ်င္တဲ့အခ်က္က သင့္အေနနဲ႔ ၾကည္လင္မႈ ျမင့္မားတဲ့ ပံုရိပ္တစ္ခုကို လုိခ်င္တယ္ဆိုရင္ ISO ကို အျမင့္ဆံုးထား ႐ိုက္ကူးဖို႔မေမ့ပါနဲ႔၊ ၿပီးေတာ့ Digital Effect ေတြ ထည့္သြင္းမယ္၊ ပံုရိပ္ကို လိုခ်င္တယ္ ဆိုရင္ေတာ့ ႐ိုက္ကူးခ်ိန္မွာ ISO ကို 3200 ဒါမွမဟုတ္ 6400 လိုမ်ိဳး အမ်ားႀကီး ထားမ႐ိုက္ပါနဲ႔။

၇ – f/4

ကြၽန္ေတာ္ကေတာ့ f/4 ကို ျမင္ကြင္းအက်ယ္လုိ႔ ေျပာခ်င္ပါတယ္။ ဆိုလိုရင္းကေတာ့ ကင္မရာကေန ျမင္ေနရမယ့္ သင့္ရဲ႕ ပံုရိပ္အလင္း
ေပါက္ပါ။ Aperture ကို သင့္အေနနဲ႔ က်ယ္က်ယ္သံုးမယ္ဆိုရင္ ဥပမာ Lens က ၂၀၀ မီလီမီတာ ဒါမွမဟုတ္ ၄၀၀ မီလီမီတာ မ်ိဳးေပါ့။ ဒီလိုမ်ိဳး Lens အသံုးျပဳ မႈက သင္႐ိုက္ကူးေနတဲ့ ပင္မပံုရိပ္နဲ႔ သူ႔ရဲ႕ ေနာက္ဘက္က Background ကို ကြဲထြက္ေနေစပါတယ္။ ဒီအခ်က္က ဓာတ္ပံုေကာင္း တစ္ပံုရေစမယ့္အခ်က္ပါ။ ဥပမာ ေတာင္တန္းကို ေနာက္ခံထားၿပီး ေမာ္ဒယ္ တစ္ေယာက္ကုိ ဓာတ္ပံု႐ိုက္မယ္ဆုိရင္ အထက္မွာေျပာသလို အဆိုပါ ေမာ္ဒယ္က ႐ိုက္ကူးမယ့္သူနဲ႔ နီးကပ္ေနသည့္တိုင္ေအာင္ Lens ကို ျမႇင့္ထားတာမို႔ ေမာ္ဒယ္နဲ႔ ေတာင္တန္းက ကြဲထြက္ေနပါတယ္။ ဒါက ေမာ္ဒယ္ကို ပိုမိုသိသာေပၚလြင္ေစသလို ပံုေကာင္းတစ္ပံု ပိုင္ဆိုင္ႏုိင္ေစမွာလည္းျဖစ္ပါတယ္။ ဒီအခ်က္ကိုေတာ့ အားကစားဓာတ္ပံု ဆရာ Peter Wallis က ေျပာေပးထားတာ ျဖစ္ပါတယ္။

၈ – ဟာသေလးေတြ ေျပာေပးပါ

အလ်ဥ္းသင့္သလို ဟာသစကားေလးေတြ ေျပာၾကားျခင္းက ဓာတ္ပံုေကာင္းတစ္ပံု ရရွိလာေစႏိုင္ပါတယ္။ သဘာဝရဲ႕ အၿပံဳးစစ္မ်ိဳးေပါ့။ ဒီအခ်က္ကိုေတာ့ ဓာတ္ပံုဆရာတစ္ဦးျဖစ္တဲ့ Dean Bottrell က ေျပာထားတာပါ။ တစ္ခုရွိတာက သင့္အေနနဲ႔ အဆိုပါ အၿပံဳးစစ္တစ္ခုကို ရေအာင္႐ိုက္ကူးထားတတ္ဖုိ႔ေတာ့ လိုအပ္တာေပါ့။ မ်ားေသာအားျဖင့္ ဓာတ္ပံုအ႐ိုက္ခံသူ လူေတာ္ေတာ္မ်ားမ်ားက ဓာတ္ပံု႐ိုက္မယ္ဆိုရင္ စိတ္ေလးလံမႈ ရွိေနတတ္ပါတယ္။ ဒီအတြက္ ကိုယ္က သူတို႔ စိတ္ေပါ့ပါးေအာင္ ဟာသေလးေတြ ေျပာေပးမယ္ဆိုရင္ ေမာ္ဒယ္အေနနဲ႔ စိတ္ထြက္ ေပါက္ရရွိၿပီး ေပါ့ပါးစစ္မွန္တဲ့ ႐ုပ္ထြက္နဲ႔ ကိုယ္ေနဟန္ထားေတြကို ေပးစြမ္းလာႏုိင္မွာျဖစ္လုိ႔ ဓာတ္ပံုဆရာ တစ္ေယာက္အေနနဲ႔ စိတ္ထြက္ေပါက္ရေစမယ့္၊ ရယ္ေမာေစႏိုင္မယ့္ ဟာသေတြ ေျပာေပးဖို႔ လိုအပ္ပါတယ္။

၉ – ဖတ္ပါ၊ မွတ္ပါ၊ ပစၥည္းေကာင္းေနတိုင္း ပံုမေကာင္းပါဘူး

ဒီအခ်က္ကေတာ့ အခ်က္ နံပါတ္ ၂ မွာ ေျပာခဲ့သလို အခ်ိန္ရတိုင္း ဓာတ္ပံု႐ိုက္ကူးမႈအျပင္ ဓာတ္ပံုနဲ႔ပတ္သက္တဲ့ ပညာရပ္၊ စာေပ၊ အေၾကာင္းအရာေတြကို ဖတ္မွတ္ေလ့လာဖို႔ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ဓာတ္ပံုဆရာ အမ်ားစုက ဒီအခ်က္ထက္ ကင္မရာ၊ Lens ေကာင္းေကာင္း သံုးႏိုင္ေအာင္ပဲ ႀကိဳးစားေနၾက ပါတယ္။ တကယ္တမ္းက ဓာတ္ပံု႐ိုက္ကူးေနက် အေတြ႕အႀကံဳပိုမ်ားသူက ပိုမိုေကာင္းမြန္တဲ့ပံုကို ႐ိုက္ကူးႏုိင္မွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္ကုိယ္တိုင္လည္း Smart Phone ေလာက္နဲ႔ ႐ိုက္ကူးထားတဲ့ တကယ့္ ပံုေကာင္းေတြကို ျမင္ဖူးပါတယ္၊ ဒါဟာ ပညာပါ၊ ပစၥည္းေၾကာင့္ မဟုတ္ပါဘူး။ ဒီအတြက္ တတ္ႏိုင္ရင္ေတာ့ ပစၥည္းေကာင္းကိုင္ပါ၊ ဒါေပမဲ့ အရင္ဆံုး ဖတ္ပါ၊ မွတ္ပါ၊ ေလ့လာပါ၊ ဘာမွ မသိဘဲ ပစၥည္းေကာင္း သံုးေန႐ံုနဲ႔ ပံုေကာင္းေကာင္း ရမလာႏုိင္ပါဘူးလို႔ Dean Bottrell က ဆက္ေျပာပါတယ္။

၁၀ – သင့္ကင္မရာရဲ႕ လက္စြဲ စာအုပ္ကို နားလည္သည္အထိ ဖတ္ထားပါ

သင့္ ကင္မရာအေၾကာင္း အေကာင္းဆံုးနဲ႔ အျမန္ဆံုး သိေစႏိုင္မယ့္ အခ်က္ပါ။ ပံုရိပ္ေတြ အစမ္း႐ိုက္ကူးမႈေတြေၾကာင့္ သင့္ ကင္မရာနဲ႔သင္ အသားက်လာႏုိင္ေပမယ့္ လက္စြဲစာအုပ္ကို နားလည္ေအာင္ ဖတ္႐ႈလုိက္တာက အခ်ိန္မေပးရဘဲ အျမန္ဆံုး အသားက်ေစသလို အစမ္းပံုရိပ္ ႐ိုက္ကူးမႈမွာပါ ပံုေကာင္းေတြ ရရွိလာႏုိင္ေစပါတယ္။ လူအမ်ားစုက ဓာတ္ပံုေကာင္း ႐ိုက္ကူးႏိုင္ေနတဲ့ တျခားဓာတ္ပံုဆရာ အသံုးျပဳတဲ့ ကင္မရာကို လုိက္သံုးရင္း အခ်ိန္ေတြ ျဖဳန္းတတ္ပါတယ္။ တကယ္က သင့္မွာရွိေနတဲ့ ကင္မရာနဲ႔ သင္ အသားက်ေနရင္လည္း ဓာတ္ပံုေကာင္းေကာင္း ရႏုိင္မွာ ျဖစ္ပါတယ္။ ကင္မရာတစ္လံုးနဲ႔တစ္လံုး အထာခ်င္းမတူပါဘူး။ စြမ္းရည္ခ်င္းတူရင္ေတာင္မွ ထုတ္လုပ္တဲ့ ကုမၸဏီ၊ ေမာ္ဒယ္ေတြရဲ႕ ကြာျခားခ်က္ေတြေၾကာင့္ လုပ္ေဆာင္ပံု၊ အသံုးျပဳရပံုခ်င္း မတူပါဘူး။ လက္စြဲ စာအုပ္ကို အေလးထားၿပီး နားလည္သည္အထိ ဖတ္႐ႈမွတ္သားထားဖို႔ အေရးႀကီးပါတယ္ေနာ္။

၁၁ – ေရစာေရးပါ

ဒါကေတာ့ ပံုေကာင္းတစ္ပံုရႏုိင္ဖို႔အတြက္ ႐ိုက္ခ်က္နဲ႔ ပတ္သတ္တဲ့အခ်က္ မဟုတ္ေပမယ့္ အခ်ိန္တိုင္း ႐ိုက္ကူးေနမႈရဲ႕ ရလဒ္ျဖစ္တဲ့ ပံုေကာင္းတစ္ပံု ရလိုက္ၿပီဆိုရင္ သင့္အေနနဲ႔ အဆိုပါပံုကို သင့္ရဲ႕႐ိုက္ခ်က္ျဖစ္တယ္ဆိုတာ သိမွတ္ေပၚလြင္ေစမယ့္ ေရစာေရးထားတာ အေကာင္းဆံုးပါ။ သင့္ပံုနဲ႔ ပတ္သက္ၿပီး အေကာင္းဆံုး လံုၿခံဳမႈေပးႏုိင္ပါလိမ့္မယ္။ သင့္အေနနဲ႔ ပံုေကာင္းတစ္ပံု ရလုိက္ၿပီလိ႔ု ယူဆမယ္၊ အင္တာနက္ေပၚက အစတစ္ေနရာရာမွာ ျပသေတာ့မယ္ဆိုရင္ Watermark လို႔ ေခၚတဲ့ ေရစာနဲ႔တင္ပါ။ တကယ္လုိ႔ သင့္ရဲ႕ပံုကို အလိုရွိတယ္ဆိုရင္ လိုခ်င္သူ တစ္ေယာက္က ခ်ိတ္ဆက္လာပါလိမ့္မယ္။ အသံုးျပဳလိုတယ္ဆိုရင္လည္း သင္ခြင့္ျပဳမယ္ဆိုရင္ ခြင့္ေပးႏုိင္ပါတယ္။ ဒါေပမဲ့ သင့္အေနနဲ႔ မူပိုင္ခြင့္ ရလိုက္ပါလိမ့္မယ္။ ဒီေန႔ေခတ္ အင္တာနက္ေပၚမွာ ပိုင္ရွင္မဲ့ ပံုေကာင္းေတြ အမ်ားႀကီး ရွိပါတယ္။ သူတို႔ဟာ နာမည္ေကာင္း မရၾကပါဘူး၊ မူပိုင္ခြင့္မရွိၾကပါဘူး။ ဒီအတြက္ သင့္ရဲ႕႐ိုက္ခ်က္ေတြမွာ ေရစာထည့္ဖို႔ မေမ့ပါနဲ႔။

၁၂ – Shutter ျမန္ႏႈန္းကို ညႇိပါ

သင့္ကင္မရာရဲ႕ အေရးႀကီးဆံုး အပိုင္းတစ္ခုပါပဲ။ သြက္လက္တဲ့ပံု၊ ေတာက္ပတဲ့ပံု၊ တည္ၿငိမ္တဲ့ပံု၊ အားလံုးကို အကန္႔ ခြဲသြားေပးမယ့္ အခ်က္ပါ။ သင့္ရဲ႕ ေရြးခ်ယ္မႈအေပၚမွာမူတည္ၿပီး အဲဒီလို ပံုေတြ ရလာပါလိမ့္မယ္။ အားကစားၿပိဳင္ပြဲ တစ္ခုမွာပဲျဖစ္ေစ၊ လႈပ္ရွားေနတဲ့ ကေလး ပံုရိပ္တစ္ခုကို ႐ိုက္ကူးေနခ်ိန္မွာပဲျဖစ္ေစ Shutter ျမန္ႏႈန္းကို တစ္စကၠန္႔အတြက္ 1/1500th ေလာက္ထားၿပီး ႐ိုက္ကူးပါ။ တကယ္လုိ႔ အဲဒီထက္ ေႏွးမယ္၊ တည္ၿငိမ္တဲ့သ႑ာန္ကို ႐ိုက္မယ္ ဆုိရင္ေတာ့ 1/1000th ဒါမွမဟုတ္ 1/2000th ဝန္းက်င္မွာ ထား႐ိုက္ပါ။ ဒီေနရာမွာ လႈပ္ရွားပံုရိပ္ကို အလယ္အလတ္ ႏႈန္းထားနဲ႔ ႐ိုက္ခိုင္းတာက လႈပ္ရွားပံုရိပ္နဲ႔အတူ ပတ္ဝန္းက်င္ကလည္း လိုက္လံလႈပ္ရွားမႈ ရွိႏုိင္တာေၾကာင့္ ျဖစ္ၿပီး 1/1000th နဲ႔ 1/2000th ေတြကိုေတာ့ ေမာင္းႏွင္္ေနတဲ့ ကားပံုရိပ္မ်ိဳးကို လိုက္ၿပီး ႐ိုက္ကူးၾကည့္ခ်ိန္မွာ ကြဲျပားတဲ့ ႐ုပ္ထြက္ကို ေတြ႕ႏုိင္ပါတယ္။ Shutter ျမန္ႏႈန္းျမင့္ေနတုိင္းလည္း ပံုေကာင္းမရႏိုင္သလို ေႏွးဖို႔လည္း မလိုအပ္ပါဘူး။

ကိုယ္႐ိုက္မယ့္ပံုရိပ္က လႈပ္ရွားေနတိုင္း Shutter ျမန္ႏႈန္း မတင္ရပါဘူး။ အလြယ္ေျပာရရင္ တည္ၿငိမ္႐ုပ္ကို ႐ိုက္မယ္ဆိုရင္ Shutter ျမန္ႏႈန္းခ်႐ိုက္ပါ၊ ဝန္းက်င္ေရာပင္မပံုရိပ္ပါ လႈပ္ေနမယ္ဆိုရင္ အလယ္အလတ္ျမန္ႏႈန္းနဲ႔႐ိုက္ပါ၊ ပင္မပံုရိပ္ပဲ လႈပ္ေနၿပီး ဝန္းက်င္က ၿငိမ္ေနမယ္၊ အေဝးကေန လွမ္း႐ိုက္မယ္ဆိုရင္ Shutter ျမန္ႏႈန္းကို အတတ္ႏိုင္ဆံုးတင္ၿပီး ႐ိုက္ကူးပါ။

၁၃ – ေပၚလြင္ေအာင္ ႐ိုက္ကူးပါ၊ အသားေပး မ႐ိုက္ပါနဲ႔

႐ိုက္ကူးမယ့္ ေနရာကိုရွာပါ၊ အလင္းေရာင္အတြက္ ေနရာယူပါ၊ ပံုရိပ္မွာ ပါရွိေစခ်င္တဲ့ အရာေတြကို တစ္စုတည္း ပါႏုိင္ေအာင္ စိတ္ကူးပါ၊ ႐ိုက္ကြင္းခ်ိန္ၾကည့္ပါ။ ေမာ္ဒယ္ကုိ႐ိုက္မယ္ ဆိုရင္လည္း သူတစ္ဦးတည္းလွေနလို႔ ပံုေကာင္းမရပါဘူး။ ေနာက္ခံမွာ ဘာေတြ ပါေစခ်င္သလဲ၊ သူ႔အနီးမွာ ဘာေတြ ပါေစခ်င္သလဲေတြးပါ၊ ပါရွိေအာင္ ႐ိုက္ကူးဖုိ႔ ျပင္ဆင္ပါ။ တခ်ိဳ႕က ေမာ္ဒယ္ပံု႐ိုက္ကူးမႈမွာ ၿပီးစလြယ္ ႐ိုက္ကူးတာေတြ ရွိပါတယ္။ ေမာ္ဒယ္ကို အသားေပး ႐ိုက္ကူးမႈ၊ ေနာက္ခံ ျမစ္၊ ေတာင္တန္းစသျဖင့့္ အသားေပး႐ိုက္ကူးမႈပါ။ ေပၚလြင္ေအာင္ ႐ိုက္ကူးထားနဲ႔ အသားေပး႐ိုက္ကူးတာ မတူပါဘူး။ ေပၚလြင္ေအာင္ ႐ိုက္ကူးတာက ပံုေကာင္း ရေစႏုိင္ပါတယ္။ ျမစ္ကို ေပၚလြင္ေအာင္႐ိုက္ကူးခ်ိန္မွာ ျမစ္အတြင္းေလွ၊ လိႈင္း၊ ငွက္၊ ေကာင္းကင္ အရိပ္မ်ားကိုလည္း တစ္ဆက္ တည္း ပါရွိေကာင္းမြန္ေအာင္ ခ်ိန္ဆ႐ိုက္ကူးပါ။ အသားေပး ႐ိုက္ကူးမႈဆိုတာကေတာ့ ျမစ္ကို႐ိုက္ကူးမႈမွာ ျမစ္တစ္ခုတည္းပဲ ေပၚလြင္တယ္၊ ႐ိုက္ကြင္းအျမင္ မေကာင္းျခင္း၊ အလင္းေရာင္ မမွ်ျခင္း၊ တခ်ိဳ႕ေသာ ပံုရိပ္မ်ား တစ္၀က္တစ္ပ်က္ ပါေနျခင္းေတြ ျဖစ္တတ္ပါတယ္။

၁၄ – ပံုျပန္စစ္တဲ့ ဓေလ့ကို ေရွာင္ပါ

ဓာတ္ပံုသမားအမ်ားစု လုပ္ေဆာင္တတ္တဲ့ အက်င့္ပါ။ ဒါေပမဲ့ Pro အဆင့္ေတြကေတာ့ ျပန္ၿပီး မစစ္ေဆးတတ္ၾကပါဘူး။ ဆုိုလိုတာက ကင္မရာရဲ႕ ေနာက္ဘက္မွာပါရွိတဲ့ Display ကေန ေနာက္ဆံုး ပံုရိပ္ကို ျပန္ၾကည့္၊ ျပန္စစ္တာပါ။ ကင္မရာ႐ိုက္သူ တစ္ေယာက္ဟာ စာေမးပြဲေျဖဆိုသူ တစ္ေယာက္လုိပါပဲ။ သူကုိယ္တိုင္ ေျဖဆိုႏုိ္င္လားဆိုတာ သူ အသိဆံုးပါ။ ေနာက္ဆံုး ႐ိုက္လိုက္တဲ့ ႐ိုက္ခ်က္ေကာင္းတယ္၊ မေကာင္းဘူးဆိုတာ သူအသိဆံုးပါ။ ဒီလုိမွ မသိလို႔ျပန္စစ္ေနၿပီဆိုရင္ Pro သမားတစ္ေယာက္ မဟုတ္ေတာ့ပါဘူး။ ေနာက္ၿပီး အဲဒီလို ျပန္စစ္ေနတဲ့ အခ်ိန္မွာ သင္မသိလုိက္၊ မျမင္လိုက္တဲ့ ပံုရိပ္တခ်ိဳ႕ ပတ္ဝန္းက်င္၊ ေမာ္ဒယ္၊ တစ္စံုတစ္ခု ဆီကေန ရရွိတတ္ပါတယ္။ ဒါေပမဲ့ အဆိုပါ အရာကို သင္လက္လႊတ္လိုက္ရပါၿပီ။ အေၾကာင္းက သင္ပံုကို ျပန္စစ္ေနလုိက္လုိ႔ပါ။ ဒါေၾကာင့္ ပံုကို႐ိုက္ၿပီးၿပီးခ်င္း ျပန္မစစ္ပါနဲ႔လို႔ Marina Dot Perkins က ေျပာပါတယ္။ သူကေတာ့ ခရီးသြားသတင္းေရး ဓာတ္ပံုဆရာ တစ္ေယာက္ပါ။

၁၅ – အကြက္အကြင္းကို ေရြးခ်ယ္ဆံုးျဖတ္ပါ

သင့္မ်က္လံုးထဲမွာ ဓာတ္ပံုတစ္ပံုကို ျမင္ၾကည့္လိုက္ပါ။ လူတစ္ေယာက္၊ ေနာက္ခံနဲ႔ ငွက္တစ္ေကာင္ေပါ့။ လူတစ္ကိုယ္လံုး ပါရွိသလား၊
ငွက္ဘယ္ႏွစ္ေကာင္လဲ၊ လူရဲ႕အျမင့္ဘယ္ေလာက္ အကြာေလာက္မွာ ငွက္ေတြ ပ်ံသန္းေနတာလဲ၊ လူက ပံုရဲ႕ အလယ္မွာလား၊ ဘယ္မွာလဲ၊ လူရဲ႕ ဘက္ေလးဘက္မွာ ပံုရဲ႕ ဧရိယာ ဘယ္ေလာက္ က်န္ပါသလဲ၊ ဒါကို Frame လို႔ အလြယ္ေခၚႏုိင္ၿပီး သင့္အေနနဲ႔လည္း အခု ေမာ္ဒယ္တစ္ေယာက္၊ ဒါမွမဟုတ္ ေတာင္တန္းတစ္ခုကို ႐ိုက္ေတာ့မယ္ဆိုရင္ အရင္ဆံုး အကြက္အကြင္း (Frame)ခ်ၾကည့္ပါ။ ၃၆၀ ဒီဂရီအျပည့္ မ႐ိုက္ျပႏုိင္တဲ့ အေနအထားမွာ သင္ဘယ္အရာကို ႐ိုက္မယ္၊ ပါေစခ်င္တယ္၊ ထည့္မယ္၊ ခ်န္ခဲ့မယ္ဆိုတာ အရင္ဆံုး အာ႐ံုမွာ ပံုေဖာ္ပါ။ ၿပီးမွ ႐ိုက္ကူးပါ။

၁၆ – အလင္းကို ရတိုင္း မသံုးပါနဲ႔

ကၽြန္ေတာ္ျမင္ဖူးတယ္၊ လူတစ္ေယာက္၊ သူက အလင္းမ်ားမယ္ ဆိုရင္ ပံုေကာင္းထြက္မယ္လုိ႔ ထင္ေနတယ္၊ ဒါနဲ႔ ေမာ္ဒယ္ တစ္ေယာက္ကို ပံု႐ိုက္ေပးတယ္၊ ေနသာတဲ့ ေန႔တစ္ေန႔ေပါ့။ ေမာ္ဒယ္ကို ေနနဲ႔ မ်က္ႏွာခ်င္းဆိုင္ထားလိုက္တယ္၊ အလင္းမ်ားမ်ား က်ေအာင္ေပါ့ေလ၊ သူကေတာ့ေနကို ေနာက္ေက်ာေပးၿပီး ပံု႐ိုက္ကူးတယ္၊ ဒါေပမဲ့ သူပံုေကာင္း ေကာင္း မရလိုက္ပါဘူးလို႔ တက္သစ္စဓာတ္ပံုပညာရွင္ Patria Jannides က ေျပာပါတယ္။ အေၾကာင္းကေတာ့ အလင္းမ်ားၿပီး အလင္းျပန္တာေၾကာင့္လည္း ပါတယ္၊ ေမာ္ဒယ္ကေနေၾကာင့္ မ်က္လံုး၊ မ်က္ဟန္ ထိန္းထားတာေတြ ပါတယ္၊ အၿပံဳးစစ္၊ အၾကည့္စစ္ကိုသူ မရလိုက္တာဘဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ေနကို တေစာင္းအေနအထားမွာ တိတိက်က် မဟုတ္သည့္တိုင္ေအာင္ ဆန္႔က်င္ဘက္လည္း ထားမ႐ိုက္ပါနဲ႔၊ အလင္းကိုလည္း ရတုိင္းယူမသံုးျဖစ္ေအာင္ တည့္လည္း ထားမ႐ိုက္ပါနဲ႔။

၁၇ – ဘက္ထရီ အားျပည့္ေနပါေစ

ဒါကေတာ့ ႐ိုးရွင္းပါတယ္၊ မေမ့ရင္၊ သတိထားမယ္ဆိုရင္ ဘာမွမျဖစ္ပါဘူး။ ျဖစ္ႏုိင္ရင္ ဘက္ထရီ၊ ဓာတ္ခဲ အပိုေဆာင္ထားပါ။ မနား
တမ္း႐ိုက္ကူးမႈေတြ လည္းလုပ္ေဆာင္ျဖစ္ႏုိင္တာမို႔ ကင္မရာမွာ အားရွိေနဖုိ႔ အၿမဲလိုအပ္ပါတယ္။ အထူးသျဖင့္ေတာ့ ဓာတ္ပံု႐ုိက္ဖုိ႔ သီးသန္႔ ခရီးထြက္သူေတြအတြက္ ဒီအခ်က္က အရမ္းပဲအေရးႀကီးပါတယ္။

၁၈ – Focal Length

ဒီအပိုင္းကေတာ့ ႐ိုးရွင္းပါတယ္။ ကင္မရာတစ္လံုးမွာ Len ႏွစ္ခုေလာက္ရွိမယ္ဆိုရင္ပဲ အဆင္ေျပပါၿပီ။ ပံုမွန္ဆိုရင္ေတာ့ ၂၈ မီလီမီတာ
တစ္ခုနဲ႔ ၃၅ မီလီမီတာ တစ္ခုေလာက္ဆို အသံုးတည့္ေနပါၿပီ။ ကိုယ္႐ိုက္ကူးမယ့္ ပံုရိပ္ရဲ႕ အနီးအေ၀းအေပၚကို မူတည္ၿပီးေတာ့ Len ကို အႀကီး၊ အေသးေျပာင္းလဲ အသံုးျပဳလိုက္႐ံုပါပဲ။ ဒီတစ္ခ်က္က Len ေျပာင္းလဲျဖစ္တဲ့အတြက္ ခ်ိန္သားနဲ႔ မဆိုင္လုိ႔ အထူးေျပာစရာ သိပ္မရွိပါဘူး။ မွတ္သားစရာက ကင္မရာတစ္ခုမွာ အနည္းဆံုး Len ႏွစ္ခုရွိဖို႔။ အရြယ္အစား၊ ဒီေလာက္ပါပဲ။ ေနာက္ထပ္သတိျပဳစရာ တစ္ခ်က္ကို ဆက္ေျပာရမယ္ ဆိုရင္ေတာ့ သင့္အေနနဲ႔ ပြဲတစ္ပြဲ၊ ဖိုင္တစ္ခုကို ႐ိုက္ကူးေနခ်ိန္မွာ ဘယ္လို႐ိုက္ကြင္းပဲ ေျပာင္းသြားသည္ျဖစ္ေစ Len ကို ေျပာင္းၿပီး မ႐ိုက္ကူးပါနဲ႔ ဆိုတာပါပဲ။ Len အေျပာင္းအလဲဟာ သင္မသိလုိက္တဲ့ ႐ုပ္ထြက္ ေျပာင္းလဲမႈေတြ ျဖစ္လာႏုိင္တာေၾကာင့္ ပြဲ၊ ဖုိင္တစ္ခုအတြက္ Len တစ္ခုတည္းကိုသာ အသံုးျပဳပါ။

၁၉ – ဓာတ္ပံုအဖြဲ႕အစည္း တစ္ခုခုနဲ႔ ခ်ိတ္ဆက္မိေနပါေစ

ဒါကနည္းပညာ၊ အေတြ႕အႀကံဳခ်င္း ဖလွယ္ႏိုင္ေစဖို႔ ရည္ရြယ္ၿပီး ေျပာတာပါ။ ဓာတ္ပံု႐ိုက္ကူးတဲ့ ပညာကို ေျပာခ်င္တာ မဟုတ္ပါဘူး။ အခ်င္းခ်င္း ဘယ္လို ပံုေကာင္းရလာတယ္၊ ဘယ္လို ႐ိုက္ကူူးရတယ္၊ ခ်ိန္သား၊ Shutter ျမန္ႏႈန္း၊ ဘယ္ Len ကို သံုးတယ္၊ အလင္းဘယ္ ေလာက္ရွိတယ္၊ အားလံုး အားလံုးေသာ ဓာတ္ပံု႐ိုက္ကူးမႈဆိုင္ရာ အေၾကာင္းအရာေတြကို ေလ့လာႏုိင္မယ့္၊ မွ်ေဝႏိုင္မယ့္၊ အဖြဲ႕အစည္း၊ အသင္းအဖြဲ႕၊ လူပုဂၢိဳလ္ေတြနဲ႔ ခ်ိတ္ဆက္ထားမယ္ဆိုရင္ တစ္ဦးရဲ႕ ပညာကို ေနာက္တစ္ဦးက ျပန္လည္ ေဆြးေႏြးမွ်ေဝရင္း ႐ိုက္ကူးမႈမွာ ပိုမိုေကာင္းမြန္တဲ့စာေတြ သင္ၾကားျခင္းမိ်ဳး ရရွိလာႏိုင္မွာ ျဖစ္ပါတယ္။

၂၀ – ကင္မရာနဲ႔ ကိုယ္နဲ႔ ကြာမေနပါေစနဲ႔

အမွန္ေျပာရရင္ ကြၽန္ေတာ္တု႔ိ ဓာတ္ပံုဆရာေတြအတြက္ အလုပ္မ်ားမ်ားစားစား မရွိတာေၾကာင့္ ကိုယ့္ရဲ႕ လက္စြဲေတာ္ ကင္မရာေလးကိုေတာ့ အားအျပည့္နဲ႔ ကိုယ္နဲ႔မကြာ ထားႏုိင္ေအာင္ ေနၾကပါ။ ဘယ္အခ်ိန္မွာ သင့္အတြက္ ပံုေကာင္းတစ္ပံုရမယ္ဆိုတာ သင္မသိႏုိင္ပါဘူး။ ဒါေပမဲ့ အခ်ိန္တိုင္းမွာ အခြင့္အလမ္း ရွိေနပါတယ္။ Digital ေခတ္ကို ေရာက္လာခ်ိန္မွာ သင့္အတြက္ ဖလင္ဖိုး မကုန္ႏုိင္တဲ့ အခ်က္က ကင္မရာနဲ႔ ရသေလာက္၊ ရလာတဲ့ အခြင့္အလမ္းကိုသာ လက္လႊတ္မခံရင္ သင့္အတြက္ ပံုေကာင္းေတြ ရလာမွာအမွန္ပါ။ ဒီေနရာမွာ DSLR ရယ္မွ မဟုတ္ပါဘူး။ ႐ိုး႐ိုးကင္မရာပဲျဖစ္ျဖစ္၊ Smartphone ပဲ ျဖစ္ျဖစ္ ကိုယ္နဲ႔မကြာ ရွိေနဖို႔သာ အဓိကပါ။

၂၁ – ေရႊေရာင္အခ်ိန္မွာ ႐ိုက္ကူးပါ

အထက္မွာ အလင္းေရာင္ကိုရတိုင္း မသံုးနဲ႔လို႔ ကန္ေတာ္ေျပာဖူးပါတယ္။ အလင္းဦးစားေပးပံု ျဖစ္ေနသည့္တိုင္ေအာင္ အလင္းကိုရတိုင္း မသံုးသင့္ပါဘူး။ အခုလည္း ဘယ္အခ်ိန္ဟာ ပံုေကာင္းေကာင္းကို ရႏိုင္ေစမယ့္ အခ်ိန္လဲ ဆိုရင္ေတာ့ ေရႊေရာင္အခ်ိန္ပါပဲ။ ဘယ္လို အခ်ိန္ကို ေရႊေရာင္အခ်ိန္လို႔ ေခၚတာပါလဲ။ ကြၽန္ေတာ္ဆိုလိုတာက Portrait ပဲျဖစ္ျဖစ္ Landscape ပဲျဖစ္ျဖစ္ အလင္းေရာင္က ေဖ်ာ့ေဖ်ာ့၊ ပတ္၀န္းက်င္ အေရာင္လည္း ေဖ်ာ့ေဖ်ာ့၊ ဒါေပမဲ့ ပတ္၀န္းက်င္က သက္တံလို ေရာင္စံု ျဖာေနမယ္၊ ရွိေနမယ္၊ ဥပမာ အလင္းမမ်ားတဲ့ ညေနခင္းလို အခ်္ိန္၊ မနက္မိုးေသာက္ အခ်ိန္မ်ိဳး ျဖစ္ပါတယ္။

၂၂ – ႐ိုးရွင္းပါေစ

တခ်ိဳ႕က ဓာတ္ပံုတစ္ပံုကို ပန္းခ်ီတစ္ခ်ပ္လို အသက္၀င္ ေစခ်င္ၾကပါတယ္။ ျမစ္တစ္စင္းကို ႐ိုက္တယ္၊ ေလွလည္း ပါေစခ်င္တယ္၊ ငွက္ေရာ၊ ေနာက္ခံ ေတာင္တန္းေရာ၊ တံတားေလးေရာ၊ လမ္းေလွ်ာက္ေနတဲ့ လူတခ်ိဳ႕ေရာေပါ့။ ဒါက ဥပမာ ေျပာတာပါ။ အဲဒီလို အေတြးမ်ိဳး မလုပ္ပါနဲ႔၊ သင့္ရဲ႕ ပံုရိပ္မွာ ပါ၀င္ဇာတ္ေကာင္ေတြ မ်ားတိုင္း အသက္မ၀င္ပါဘူး။ ႐ိုး႐ိုးေလးေတြးပါ၊ ငွက္တစ္ေကာင္ပဲ ျဖစ္ေနပါေစ၊ ပ်ံသန္းေနဖုိ႔ မလုိပါဘူး။ သဘာ၀သာက်ပါေစ၊ အေကာင္းဆံုး ျဖစ္မွာပါ။ ဒီအတြက္ ဇာတ္ေကာင္ အမ်ားအျပားပါခ်င္လို႔ ခ်ိန္ဆရ တာေတြ၊ ေစာင့္ရတာေတြေၾကာင့္ ေပးလိုက္ရတဲ့ အခ်ိန္မွာ ဆံုး႐ံႈးသြားတဲ့ ပံုေကာင္းေတြကို ႐ိုး႐ိုးေလးပဲ ႐ိုက္ၿပီး ရယူလိုက္ပါ။

၂၃ – ကင္မရာေတြမ်ားတိုင္း အလုပ္မျဖစ္ပါဘူး

ကြၽန္ေတာ္ ဓာတ္ပံုဆရာ ေတာ္ေတာ္မ်ားမ်ား ေတြ႕ဖူးပါတယ္။ အမ်ားစုက သူတို႔လည္ပင္းမွာ ကင္မရာ သံုး၊ ေလးလံုးေလာက္ ထိေအာင္ ဆြဲထားၿပီး ထည္လဲ႐ိုက္ကူးတတ္ၾကပါတယ္။ သူတို႔ရဲ႕ ရည္ရြယ္ခ်က္က ဘာပါလဲ။ ကင္မရာတစ္လံုးစီမွာပါရွိတဲ့ မတူညီတဲ့ ႐ိုက္ခ်က္နဲ႔ Lens ေတြကို ေျပာင္းလဲ ႐ိုက္ကူးဖုိ႔ပါ။ တခ်ိဳ႕ဆိုရင္ အာဖရိက ဆာဖာရီတစ္ခုလံုးကို ေတာက္ေလွ်ာက္ခ်ိန္ႏိုင္ေလာက္တဲ့ Lens အားေကာင္း ကင္မရာေတြ ကိုင္ထားပါတယ္။ ဒီအခ်က္က တကယ္ဆိုမလိုအပ္ပါဘူး။ သင့္အတြက္ ကင္မရာတစ္လံုးေကာင္းေကာင္းနဲ႔ Lens ၂ ခုေလာက္ ထည့္ထားၿပီး လုိအပ္သလို ေျပာင္းလဲ႐ိုက္ကူးေနရင္ရပါၿပီ။ Lens မ်ားလုိ႔၊ ကင္မရာမ်ားလို႔ အထင္မႀကီးလိုက္ပါနဲ႔၊ မလိုအပ္တဲ့ဝန္နဲ႔ ကုန္က်စရိတ္ေတြကို သယ္ေဆာင္အားျဖည့္ထားတာနဲ႔ တူေနပါတယ္။

၂၄ – လႈပ္ရွားပံုကို ႐ိုက္ကူး ေလ့က်င့္ပါ

သင့္ေရွ႕မွာ ေက်ာက္႐ုပ္လို ရပ္ေပးေနတဲ့ ေမာ္ဒယ္တစ္ေယာက္၊ ဒါမွမဟုတ္ ေတာင္တန္းတစ္ခုကို ေဆးသားေကာင္းေကာင္းနဲ႔ ႐ိုက္ကူးျပလိုက္တာနဲ႔ သင္ဟာ ကြၽမ္းက်င္ ဓာတ္ပံုဆရာတစ္ေယာက္ ျဖစ္မလာပါဘူး။ သင့္အတြက္ မထင္မွတ္တဲ့ လႈပ္ရွားပံုေတြ ႐ိုက္ကူးႏုိင္ဖို႔ စိန္ေခၚမႈေတြ ရွိေနပါေသးတယ္။ ဒီအတြက္ ေလ့က်င့္ရပါမယ္။ အမ်ားဆံုး လြယ္လြယ္ရႏိုင္ၿပီး ေလ့က်င့္ႏုိင္တာကေတာ့ ငွက္ပ်ံသန္းျခင္းေတြကို ႐ိုက္ကူးပါ။ ဒီလို႐ိုက္ကူးခ်ိန္မွာ ေလ့က်င့္ခန္းျဖစ္လု႔ိၿပီးစလြယ္ မ႐ိုက္ပါနဲ႔။ ငွက္တစ္ေကာင္ပ်ံေနတာကို ႐ိုက္ကူးခ်ိန္မွာ ငွက္ရဲ႕ အျမန္ႏႈန္း၊ အရြယ္၊ ေတာင္ပတ္ခတ္ခ်က္၊ လားရာ၊ အလင္း၀င္ေရာက္မႈ၊ ႀကိဳတင္ခ်ိန္ဆမႈ အားလံုးကို စိတ္ထဲမွာ ရွိေနပါေစ။ ေလ့က်င့္မႈဟာ ေအာင္ျမင္မႈရဲ႕ ျမစ္ဖ်ားပါ။ ေနာက္ဆိုရင္ သင့္အတြက္ အဆိုပါ ငွက္ဟာ ေလယာဥ္တစ္စီး ျဖစ္လာပါလိမ့္မယ္။ ဘယ္ေလာက္ အျမန္ႏႈန္းနဲ႔ဆိုရင္ ဘယ္အခ်ိန္ ဘယ္ေနရာေရာက္ လာမယ္၊ ဘယ္လိုအလင္းလာလို႔ ဘယ္လုိ ႐ိုက္ရမယ္ဆိုတာ ေလ့က်င့္မႈကေန သင္ေပးသြားပါလိမ့္မယ္။

၂၅ – ေနာက္ခံကို ဂ႐ုျပဳပါ

သင္လိုခ်င္တဲ့ပံုက ဘယ္လိုမ်ိဳးပါလဲ။ အလွ႐ိုက္ ေမာ္ဒယ္တစ္ေယာက္ပံုပဲလား။ ဒါဆိုရင္ေတာင္ ေနာက္ခံကေတာ့ လွေနဖို႔၊ ကဗ်ာ
ဆန္ဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တခ်ိဳ႕ပံုေတြကို ျမင္ဖူးတယ္၊ ေမာ္ဒယ္ကေတာ့ လွေနတယ္၊ ႐ိုက္ခ်က္လည္း ေကာင္းတယ္၊ ဒါေပမဲ့ ေနာက္မွာ ဂိုေဒါင္ေတြ၊ ေမြးျမဴေရးၿခံမ်ိဳးေတြ၊ အုတ္ဂူလိုအရာမ်ိဳးေတြ ပါလာတတ္ပါတယ္။ ဒါေတြက ေနာက္ပိုင္းမွာမွ သိလာခဲ့ရင္ ပံုေကာင္းေတြ ဆံုး႐ံႈးသြားေစႏိုင္တာ ျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ အရြယ္မႀကီးမားတဲ့ မပါသင္တဲ့ အရာေတြ ပါတတ္ပါတယ္။ ဒီလိုအရာေတြအတြက္ကိုေတာ့ ကင္မရာထဲကေနမွ မၾကည့္ပါနဲ႔၊ သင္႐ိုက္ကူးမယ့္ ပတ္ဝန္းက်င္ကို မ႐ိုက္ကူးခင္ကတည္းက အခ်ိန္ေပးၿပီး ေလ့လာပါ၊ ေရွာင္ရန္ ရွိတာေတြကို မွတ္သားေရွာင္ၾကဥ္ဖို႔ လိုအပ္ပါတယ္။

၂၆ – အရိပ္ကို အားထားပါ

အရိပ္တစ္ခုဟာ သင့္အတြက္ အလြန္ေကာင္းတဲ့ ပံုရိပ္တစ္ခုကို ရလာႏုိင္ေစပါတယ္။ ေနေရာင္လို သဘာ၀ အေရာင္ကို ပံုေကာင္းတစ္ပံုရဖို႔ အလြန္အမင္း မသံုးျဖစ္ဖုိ႔လိုအပ္ပါတယ္။ အထက္မွာ ေျပာခဲ့သလို ေဖ်ာ့တဲ့ အလင္းေရာင္ အခ်ိန္ဟာပံု ေကာင္းရႏုိင္ဖို႔ အေကာင္းဆံုး အလင္းျဖစ္လုိ႔ တကယ္လုိ႔သင့္ရဲ႕ ႐ိုက္ကြင္းဟာ ေနပူထဲမွာ ျဖစ္ေနရင္ ေနရိပ္မွာ ခိုၿပီး႐ိုက္ကူးတာ အေကာင္းဆံုး ျဖစ္ပါတယ္။

၂၇ – သံုးခ်ိဳးတစ္ခ်ိဳးပဲ ယူပါ

ဓာတ္ပံုေကာင္း တစ္ပံုရဖို႔ အေကာင္းဆံုး နည္းလမ္းတစ္ခုပါ။ ပံုကို ခ်ံဳ႕လိုက္ျခင္း နည္းတစ္နည္းပါပဲ။ သင့္ရဲ႕ ပံုရိပ္မွာ မလိုအပ္တဲ့ အပိုင္းေတြကို ဖယ္ထုတ္လိုက္ႏုိင္မယ့္ နည္းလမ္းလည္း ျဖစ္ပါတယ္။ မူလပံုရဲ႕ သံုးခ်ိဳး တစ္ခ်ိဳးကိုပဲယူပါ။ ဒီလို မူလပံုကို ျဖတ္ေတာက္ခ်ိန္မွာ ေဒါင္လိုက္ေရာ အလ်ားလိုက္ပါ သံုးခ်ိဳးတစ္ခ်ိဳး ျဖတ္ဖို႔ကိုေတာ့ မေမ့ပါနဲ႔။ ပံုရဲ႕ အထက္၊ ေအာက္၊ ေဘးဘက္ေတြကေန ကိုယ္မလိုခ်င္တဲ့ အပုိင္းကိုပဲ ျဖတ္ထုတ္တဲ့ အက်င့္ကို မလုပ္ပါနဲ႔။ ပံုတစ္ပံုရဲ႕ သံုးခ်ိဳးတစ္ခ်ိဳးကိုယူတဲ့ အက်င့္ကိုပဲ ေမြးပါ။

၂၈ – Exposure

အခု တစ္ခ်က္ကေတာ့ ကၽြန္ေတာ္ကိုယ္တိုင္ ဓာတ္ပံု႐ိုက္ျခင္းကေန ရရွိလာတဲ့ ပညာေလးကိုျပန္ၿပီး မွ်ေ၀ေပးခ်င္တာ ျဖစ္ပါတယ္။ အဓိက အေနနဲ႔ေတာ့ ေနေရာင္ဟာ ဓာတ္ပုံတစ္ပံုကို ႐ိုက္ကူးဖို႔ Exposure ကို ေျပာင္းလဲ ႐ိုက္ကူးေစတဲ့ အခ်က္ျဖစ္လာပါတယ္။ ပထမအေန အထားကေနကို ႐ိုက္ကူးသူရဲ႕ ေနာက္မွာ ရွိေနမယ္ဆိုရင္ Under Expose အေနနဲ႔ ထားၿပီး ႐ိုက္ကူးတာ အေကာင္းဆံုး ျဖစ္ပါတယ္။ တကယ္လုိ႔ေနက ႐ိုက္ကူးမယ့္ အရာ၀တၳဳရဲ႕ ေနာက္မွာပဲရွိေနမယ္ ဆိုရင္ေတာ့ Over Expose နဲ႔ ထားၿပီး ႐ိုက္ကူးမယ္ဆိုရင္ အေကာင္းဆံုး ပံုရိပ္ကို ရရွိမွာ ျဖစ္ပါတယ္။

၂၉ – ကိုယ္ဟန္ျပခ်ိန္ အမ်ားႀကီး မခိုင္းပါနဲ႔

ဒီအခ်က္ကေတာ့ ေမာ္ဒယ္ေတြနဲ႔ ပတ္သက္ၿပီး ႐ိုက္ကူးမႈအတြက္ အဆင္ေျပေစမယ့္ အခ်က္ပါ။ သဘာဝပတ္ဝန္းက်င္ေတြကို ႐ိုက္ကူးမႈနဲ႔ မဆိုင္ပါဘူး။ ကိုယ္ဟန္ျပ ေမာ္ဒယ္အေနနဲ႔ တစ္ေယာက္ကေန အမ်ားအျပား ပါရွိႏုိင္ပါတယ္။ ဒီေနရာမွာ ဓာတ္ပံုဆရာ အမ်ားစုက ကိုယ္ဟန္ျပသူကို ပန္းခ်ီဆရာေတြ အခ်ိန္ယူ႐ိုက္ကူးသလိုမ်ိဳး အခ်ိန္ဆြဲ စိတ္ႀကိဳက္ ခ်ိန္ညိႇ႐ိုက္ကူး တတ္ပါတယ္။ ဒီလို အခ်ိန္ယူ ႐ိုက္ကူးမႈဟာ ကုိယ္ဟန္ျပသူကို စိတ္ပင္ပန္း၊ လူပင္ပန္းမႈ ျဖစ္ေစတဲ့အတြက္ မ်က္ႏွာ၊ ကိုယ္ေနဟန္၊ အၿပံဳးေတြက အသက္မဲ့ သြားတတ္ပါတယ္။ ကိုယ္ဟန္ျပခ်ိန္ကို အခ်ိန္ၾကာႀကီး မခုိင္းပါနဲ႔၊ ကိုယ္ရဲ႕ ႐ိုက္ကြင္းကို ကင္မရာနဲ႔ အရင္ခ်ိန္ၿပီး ႀကိဳတင္ျပင္ဆင္ထားတာ အေကာင္းဆံုး ျဖစ္ပါတယ္။

၃၀ – ကြဲျပားမႈကို ေလ့လာပါ

ဓာတ္ပံုပညာ၊ ဓာတ္ပံုတစ္ပံုဟာ ပန္းခ်ီဆရာ၊ ပန္းခ်ီတစ္ခ်ပ္ထက္ ပိုၿပီးတတ္ေျမာက္ဖို႔၊ ခံစားတတ္ဖို႔ ခက္ခဲပါတယ္။ အေၾကာင္းကေတာ့ ဝါသနာရွင္ ဓာတ္ပံု႐ိုက္ကူးသူေတြ မ်ားတယ္၊ ေနရာတကာမွာ ေတြ႕ေန ႏုိင္ေၾကာင့္ပါ။ ဒီလို အေရအတြက္ အမ်ားအျပား ဓာတ္ပံုေတြ ထြက္လာခဲ့တဲ့အတြက္ ဓာတ္ပံုပညာလည္း သင္ယူေလ့လာသူ နည္းလာသလိုအျဖစ္ ႐ိုက္ကူးသူမ်ားလာပါတယ္။ ဒီလို အေျခအေနမွာ ပညာရွင္ တစ္ေယာက္ ျဖစ္ခ်င္ရင္ေတာ့ နည္းပညာ အေၾကာင္းေရထားတဲ့ မဂၢဇင္းကို အၿမဲေလ့လာပါ။ အထူးသျဖင့္ ပံုေတြရဲ႕ ကြဲျပားမႈနဲ႔ သိမ္ေမြ႕မႈကို ေလ့လာမွတ္သားပါ။ အမ်ားအားျဖင့္ Portrait, Landscape ေလာက္ပဲ ခြဲျခားၾကေပမယ့္ တကယ္ေတာ့ Interaction, Action, Overall shots, Scene setters, Details, Medium shots နဲ႔ Signature ဆိုတာမ်ိဳးေတြ ခြဲတတ္ေအာင္ ေလ့လာမႈ ျပဳလုပ္ပါ။

၃၁ – ကင္မရာကို သင့္ခႏၶာကိုယ္ အစိတ္အပိုင္း သဖြယ္ျဖစ္ပါေစ

သင့္ရဲ႕ စိတ္ကမခုိင္းရဘဲ အျမင္အာ႐ံုမွာ ခံစားမႈ တစ္ခုရွိလာတုိင္း လက္ကေန အလိုအေလ်ာက္ ႐ိုက္ကူးမႈ ခလုတ္ကို ႏွိပ္မိေနတာမ်ိဳးကို ဆိုလိုတာ ျဖစ္ပါတယ္။ ေျပာရတာေတာ့ လြယ္ပါတယ္၊ မ်က္ျမင္မွာလည္း သိပ္ၿပီး မထူးဆန္းသလိုပါပဲ။ ဒါေပမဲ့ တကယ္တမ္း ခႏၶာကိုယ္ အစိတ္အပိုင္းသဖြယ္ ျဖစ္လာေအာင္ ႀကိဳးစားယူရဖို႔ေတာ့ ခက္ခဲလြန္းပါတယ္။ တကယ္လို႔ သင့္အေနနဲ႔ ပညာရွင္ တစ္ေယာက္ေယာက္ရဲ႕ ႐ိုက္ကူးမႈကို ေလ့လာခ်င္ရင္ေတာ့ ABC Open ရဲ႕ ၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ့ Dean Saffron ရဲ႕ ႐ိုက္ကူးမႈ ပံုစံေတြကို ေလ့လာၾကည့္႐ႈတာ အေကာင္းဆံုး ျဖစ္ပါလိမ့္မယ္။

၃၂ – ကင္မရာကိုင္တြယ္ပံု စနစ္က်ပါေစ

ဘယ္သန္၊ ညာသန္ရယ္ မခြဲဘဲ အမ်ားစုရဲ႕ ကင္မရာကိုင္တြယ္ပံု အမွန္ကိုေျပာရရင္ ဘယ္ဘက္လက္က Lens ကို ေအာက္ဘက္ကေန လိုအပ္သလို လွည့္ႏုိင္၊ ခ်ိန္ႏိုင္ေအာင္ ကိုင္တြယ္ပါ၊ တင္းက်ပ္ေအာင္ ကိုင္တြယ္ဖို႔ မလိုအပ္ပါဘူး။ ကင္မရာရဲ႕ ေရွ႕ျခမ္းကိုေထာက္ ပံုစံ ေထာက္ထားေပးႏိုင္ရင္ရပါၿပီ၊ ေနာက္ဘက္ ကင္မရာကိုုယ္ထည္ကို ညာဘက္လက္နဲ႔ ကိုင္တြယ္ပါ။ အမ်ားစုက ကင္မရာ ကိုယ္ထည္ကို တင္းက်ပ္ေအာင္ ဆုပ္ကိုင္ေလ့ရွိပါတယ္။ တကယ္ကေတာ့ ကင္မရာထုတ္လုပ္သူက သင့္ရဲ႕ လက္မွာကင္မရာကို အံဝင္ေအာင္ဖန္တီး ထားၿပီး ျဖစ္ပါတယ္။ တင္းက်ပ္ေအာင္ ကိုင္တြယ္ဖုိ႔ မလိုအပ္ပါဘူး။ လိုအပ္သလို ခလုတ္ေတြကို အလ်င္အျမန္ ေျပာင္းလဲ အသံုးျပဳႏုိင္ေအာင္ပါ လက္အတြင္း အံဝင္ေနေအာင္ ကုိင္တြယ္ဖို႔ပဲ လိုအပ္ပါတယ္။

၃၃ – အေရာင္အမ်ားႀကီး ပါရွိေအာင္ မ႐ိုက္ကူးပါနဲ႔

ဥပမာအေနနဲ႔ သင္ သက္တံပံုတစ္ပံုကို ႐ိုက္ကူးေတာ့မယ္ ဆိုပါစို႔။ အေရာင္ အနည္းဆံုး ၅ ေရာင္ကေနပိုၿပီး ပါရွိႏိုင္ပါတယ္။ ဒီလို အေရာင္ အမ်ားအျပားပါရွိတဲ့ ပံုတစ္ပံုအတြက္ကိုေတာင္ အေရာင္အမ်ားႀကီးပါရွိေအာင္ ႀကိဳးစား႐ိုက္ကူးမႈ မလုပ္ပါနဲ႔။ အဓိကအေနနဲ႔ ၂ ေရာင္ကိုပဲ ေရြးခ်ယ္ၿပီး အေလးထား႐ိုက္ကူးပါ။ အေရာင္ေရြးခ်ယ္မႈကိုေတာ့ သင့္စိတ္ႀကိဳက္ ေရြးႏိုင္ေပမယ့္ အေရာင္အမ်ားအျပား ထည့္ဖုိ႔မစဥ္းစားပါနဲ႔။ အေရာင္အမ်ားအျပားပါရွိတဲ့ ပံုတစ္ပံုဟာ ၾကည့္လုိက္တာနဲ႔ မ်က္စိကို အာ႐ံုမ်ားေစ၊ စူးဝါးေစပါတယ္။ သင့္အေနနဲ႔ ၾကည့္႐ႈသူကို ဓာတ္ပံုရဲ႕ အရသာ ခံစားေစႏုိင္ဖို႔ မ်က္စိေအးေအးနဲ႔ ၾကည့္ႏုိင္ေအာင္ ႐ိုက္ကူးေပးထားပါ။

၃၄ – တီထြင္ႏိုင္ပါေစ

ဒီအခ်က္က ကိုယ့္ရဲ႕ ပါရမီကို ကိုယ္တိုင္ေဖာ္ထုတ္ျခင္း ျဖစ္ပါတယ္။ အထက္မွာေျပာခဲ့တဲ့ အခ်က္ေတြကို ပညာသင္သူအေနနဲ႔ ဆည္းပူးပါ။ လုိက္နာပါ၊ ေလ့က်င့္ပါ။ ေကာင္းစြာ သေဘာေပါက္ၿပီ၊ ပံုေကာင္းေတြကို ႐ိုက္ကူးလာႏုိင္ၿပီ ဆိုရင္ေတာ့ ပညာရွင္ေတြ ေျပာထားတဲ့၊ မွတ္ခ်က္ေပးထားတဲ့ အခ်က္ေတြကို ေမ့လိုက္ပါေတာ့၊ ကိုယ္တိုင္တီထြင္မႈ ပံုရိပ္ေတြ စမ္းသပ္႐ိုက္ကူးပါ။ ပညာရွင္ တစ္ေယာက္က မသံုးဖို႔၊ မ႐ိုက္ဖို႔ ေျပာၾကားထားတဲ့ အခ်က္ကို ေမ့ၿပီး ဆန္႔က်င္ဘက္ အေနအထား ႐ိုက္ကူးပါ။ ဒါေပမဲ့ ပံုေကာင္းတစ္ပံုေတာ့ ရႏုိင္ဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ ႐ိုက္ကူးပံု တစ္ပံု ေအာင္ျမင္ခဲ့ၿပီ ဆိုရင္ေတာ့ သင့္ဟာ ကုိယ္ပိုင္ဟန္ တီထြင္ႏုိင္တဲ့ တကယ့္ပညာရွင္ျဖစ္လာမွာပါ။ သင့္ရဲ႕ပညာနဲ႔ မွတ္ခ်က္ကို လူတိုင္းေလ့လာ မွတ္သားၾကရပါလိမ့္မယ္။

[ Unicode ]

အခုပြောမယ့် အချက်တွေကတော့ ဝါသနာရှင် ကင်မရာသမားတွေအတွက်ပါ အဆင်ပြေစေမယ့် ဓာတ်ပုံကောင်းတစ်ပုံ ရယူနည်းတွေ
ဖြစ်ပါတယ်။ တချို့အချက်တွေက ပုံမှန် သိထားပြီးသား အချက်လေးတွေ ဖြစ်ပေမယ့် ဓာတ်ပုံကောင်းကောင်း ရဖို့အတွက်ကတော့ အရေးကြီးတာကြောင့် လိုက်နာလုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။

၁ – အနီးကပ် ရယူရိုက်ကူးပါ

ဒီအချက်ကတော့ နာမည်ကျော် ဂျာနယ်လစ်ဓာတ်ပုံဆရာ Robert Capa ရဲ့ ပြောစကားလေးပါ။ သင်ရိုက်ကူးထားတဲ့ ပုံကိုပြန်ကြည့်ပြီး
အားမလိုအားမရ ဖြစ်နေပါသလား။ ဒါဆိုရင်် အနီးကပ်သွားပြီး ရိုက်ကူးကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်လို့ သူက ပြောပါတယ်။ ဟုတ်ပါတယ်၊ သင်လိုချင်တဲ့ပုံရိပ်ကို အဝေးကတစ်ဖုံ၊ အနီးကပ်တစ်ဖုံ ရိုက်ကြည့်လိုက်ပါ၊ အနီးကပ် ပုံတစ်ပုံရဲ့ ပိုမိုသာလွန်မှုကို တွေ့ရပါလိမ့်မယ်။ ဒီနေရာမှာ အနီးကပ်ရိုက်ဖို့ဆိုတာ သိသာလောက်တဲ့ အနီးကပ်မှု မဟုတ်ပါဘူး။ ခြေလှမ်းနှစ်လှမ်းစာလောက်ပဲ ကပ်ပြီး ရိုက်ကူးဖို့ဆိုတာ တစ်ချက်ကိုတော့ မမေ့စေချင်ပါဘူး။ ဒီအချက်က လူနဲ့ဆက်စပ်တဲ့ အလှဓာတ်ပုံတွေ ရိုက်ကူးမှုအတွက် အဆင်ပြေ ကောင်းမွန်လာစေမယ့် အချက်ဖြစ်ပါတယ်။

၂ – နေ့တိုင်း ရိုက်ကူးပါ

ဆိုလိုရင်းကတော့ အမြဲတမ်းလက်တည့်စမ်းနေ၊ လက်တွေ့လေ့ကျင့်ဖြစ်နေဖို့ပါပဲ၊ ဘယ်အရာကိုပဲဖြစ်ဖြစ် ကျွမ်းကျင်အဆင့့်ဖြစ်အောင် ကြိုးစားတော့မယ်ဆိုရင် အမြဲထိတွေ့ လေ့ကျင့်နေဖို့ လိုအပ်ပါတယ်။ အခုလည်း ဓာတ်ပုံဆရာကောင်းကောင်းဖြစ်ဖို့ တွေ့သမျှ မြင်သမျှ
ကို နေ့တိုင်းရိုက်ကူးထားမိဖို့ လိုအပ်ပါတယ်၊ ပြီးရင်တော့ ပြန်လည်ဆန်းစစ်ပါ၊ ကြည့်ရှုပါ၊ အမှားတွေ မှတ်သားပါ၊ နောက်တစ်ကြိမ်မှာ ပြင်ဆင်ပါ။ ဒီနေရာမှာ အဲဒီလို နေ့တိုင်း တွေ့သမျှ ရိုက်ကူးနေလို့ တကယ်တမ်း ကိုယ့်ရဲ့ ဓာတ်ပုံစွမ်းရည် တက်လာမှာလားဆိုပြီး မေးချင်သူတွေအတွက် အဖြေကတော့ ဓာတ်ပုံဆရာလည်းဖြစ် ဒါရိုက်တာ တစ်ဦးလည်းဖြစ်တဲ့ leah robertson က ဖြေပေးထားပါတယ်၊ အချိန်ကြာလာတာနဲ့အမျှ မသိစိတ်က အလိုလိုနေရင်း အမှားတွေကို ရှောင်တတ်၊ ရိုက်ကူးတတ်လာပါလိမ့်မယ်တဲ့။

၃ – အလင်းရောင်ကို အလေးထားပါ

သင့်အနေနဲ့ ပုံရိပ်တစ်ခု ရယူမယ်လို့ စဉ်းစားပြီး ကင်မရာကို မျက်နှာနဲ့ မကပ်ခင် လုပ်ဆောင်ရမယ့် အချက်ပါ။ အလင်းရောင်ကို အလေးထား ကြည့်ပေးပါ။ အလင်းဘယ်က လာပါသလဲ၊ ပြီးတော့ သင်လိုချင်တဲ့ ပုံရိပ်အပေါ်မှာ အလင်းဘယ်လို ဖြာကျနေပါသလဲ။ အဆိုပါ သဘာဝရဲ့ အလင်းကို အခမဲ့ရယူပြီး သင့်ရဲ့ ပုံရိပ်ကို ပိုမိုကောင်းမွန်အောင် ရယူလိုက်ပါ။ တချို့အလင်းကနေက ဖြစ်မယ်၊ တချို့အလင်းက မီးလုံးတွေက ဖြစ်မယ်ပေါ့၊ ဘယ်ကအလင်းပဲဖြစ်ဖြစ်၊ အဲဒီအလင်းကို ဘယ်လို အကောင်းဆုံး အသုံးချမလဲ၊ ရိုက်ကူးမယ့် သင်နဲ့ရိုက်ကူးခံမယ့် အရာဝတ္ထုအကြား အလင်းဘယ်လို ဖြာကျနေသလဲ၊ အရိပ်တွေဘယ်လို ရှိနေပါသလဲ၊ ဒီအချက်တွေက မသိစိတ်ရဲ့ ပညာတွေပါ၊ အခုပြောတဲ့ အချက်က အလင်းကို အသုံးချပါ၊ ဓာတ်ပုံကို ပိုကောင်းပါစေ၊ ဒီနေရာမှာ အလင်းကို အသုံးချတတ်ဖို့အတွက်က နံပါတ် ၂ အချက်ကို လိုက်နာ လုပ်ဆောင်မယ်ဆိုရင် အချိန်တစ်ခု အကြာမှာ သင်ဟာကျွမ်းကျင် ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်လာမှာပါ။

၄ – ခွင့်တောင်းပါ

ဒီအချက်က မော်ဒယ်တစ်ယောက်ကို ရိုက်ကူးနေတာ ဆိုရင်လည်း ရိုက်မယ်နော်လို့ ပြောတာမျိုးဖြစ်သလို ပတ်ဝန်းကျင်ကို ရိုက်ကူးနေချိန် တစ်စုံတစ်ယောက် ရှိနေရင်လည်း အဆိုပါသူကို ခွင့်တောင်းလိုက်ပါ။ လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုနဲ့ ရိုက်ကူးမှု အရသာကို ပေးနိုင်ပါလိမ့်မယ်။

နောက်ပြီးတော့ ကိုယ်လိုချင်တဲ့ ပုံစံမျိုးကိုလည်းအကူအညီ တောင်းနိုင်လာပါလိမ့်မယ်။ ဥပမာဖြစ်ရပ်အနေနဲ့တော့ ဆစ်ဒနီအခြေစိုက် ဓာတ်ပုံဆရာ တစ်ယောက်ဖြစ်တဲ့ Andrea Francolini က ပါကစ္စတန်မှာ သူဓာတ်ပုံရိုက်ကူးခဲ့တဲ့ အကြောင်းကို ပြန်ပြောပြဖူးပါတယ်။ ကျွန်တော်ရဲ့ ခရီးသွားလမ်းညွှန်က ကျွန်တော်ရိုက်ချင်တဲ့ သူတွေကို ခွင့်တောင်းပေးပါတယ်၊ ဒီတော့ ကျွန်တော် လွတ်လွတ်လပ်လပ် ရိုက်ကူးခဲ့ရတယ်၊ စိတ်ပေါ့ပါးတယ်၊ ဝန်ထုပ်ဝန်ပိုး ဖြစ်မနေစေဘူး၊ ဒါ့အပြင် တချို့ကလေးငယ်တွေရဲ့ ပုံရိပ်တွေဆိုရင်လက်ရမ်းပြဖို့၊ ပြုံးပြဖို့တွေပါ အကူအညီ တောင်းခွင့်ရလိုက်လို့ အရမ်းတန်ဖိုးရှိတဲ့ ဓာတ်ပုံကောင်းတွေ ရခဲ့ပါတယ်လို့ သူက ပြောပါတယ်။

၅ – Flash ကို နေ့ခင်းတွေမှာလည်း အသုံးပြုပါ

ဒီတစ်ချက်ကတော့ နည်းနည်းလေးဆန်းနေမယ် ထင်ပါတယ်နော်။ အများစုက Flash ကို ညပိုင်းနဲ့ အတွင်းခန်း ရိုက်ကူးမှုတွေမှာပဲ အသုံးပြုကြတာ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်းကတော့ Flash ဆိုတာ အချိန်တိုင်း သုံးနိုင်ပါတယ်၊ သုံးသင့်ပါတယ်၊ သုံးရပါလိမ့်မယ်။ ဥပမာ တစ်ခုလောက် ပြောပြချင်ပါတယ်၊ နေအလင်းရောင် အရမ်းစူးရှနေချိန်မှာ သင်သတိမထားမိတဲ့ အချက်က သင်ရိုက်ကူးချင်တဲ့ ပုံရိပ်အပေါ်မှာ ပါးလွှာတဲ့အရိပ်ကို ဖြစ်နေစေတယ်ဆိုတာပါပဲ။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ သင်ဟာလေးဘက်ညီ မျက်နှာပြင်ရှိ အစိုင်အခဲတစ်ခုကို ရိုက်ကူးမှာ မဟုတ်လို့ပါ။ ဆိုလိုတာကတော့ လူတစ်ယောက်ရဲ့ မျက်နှာပြင်ကိုပဲ ကြည့်လိုက်ပါ၊ နှာခေါင်း၊ မျက်ခုံး၊ ပါးစပ်စသဖြင့် မညီညာပါဘူး။ အဲဒီမှာ အလင်းစူး ကျရောက်မှုက တန်ပြန်အရိပ်တွေ ဖြစ်စေပါတော့တယ်။ ဒီအတွက် Flash က လိုအပ်တဲ့ အလင်းကို သင့်ရဲ့ပုံထဲမှာ ထည့်ပေးနိုင်ပါလိမ့်မယ်။ နှိုင်းယှဉ် ရိုက်ကူးကြည့်လိုက်မယ်ဆိုရင်ပဲ သင်သိနိုင်ပါလိမ့်မယ်။

၆ – ISO အသုံးပြုခြင်း

ဒီအချက်ကတော့ မေးခွန်း မေးစရာ ရှိလာပါတယ်၊ ဘယ်အချိန်မှာ ဘယ်လိုပုံရိပ်ကို ရိုက်ကူးဖို့ ဘယ်လို ISO ကို ရွေးချယ် အသုံးပြုမလဲ ဆိုတာပေါ့။ အရင်ဆုံး သင်တွေးကြည့်လိုက်ပါ၊ သင် နေ့တစ်နေ့တာရဲ့ ဘယ်အချိန်မှာ ဓာတ်ပုံ ရိုက်ကူးမှာပါလဲ။ အပြင်မှာ ရိုက်မယ်၊ နေ့ခင်းဘက်ဆိုရင် ISO နိမ့်တာကို သုံးပါ၊ ဥပမာ 100 ဒါမှမဟုတ် 200 ပေါ့။ တကယ်လို့ ညဘက်ပိုင်းတွေမှာ ရိုက်မယ်ဆိုရင်တော့ ISO ကို ပိုပြီးမြင့်အောင်ထားရိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကအချိန်နဲ့ ပြောတာပါ။ နောက်တစ်ချက် သင်ရိုက်ကူးမယ့် အရာက ဘယ်မှာလဲ၊ လူ ဒါမှမဟုတ် ပစ္စည်းဟာ အမှောင်ကျတဲ့ ဘက်မှာ ရှိနေမယ်ဆိုရင်တော့ ISO ကို 800 ကနေ 1600 အတွင်း ထားရှိ ရိုက်ကူးပါ၊ နောက်တစ်ချက် သင်ကတောက်ပတဲ့ ပုံရိပ်ကို လိုချင်တာလား ဒါမှမဟုတ် လှုပ်ရှားမှု ဆန်ဆန် ပုံရိပ်ကို လိုချင်တာလား၊ တကယ်လို့ လှုပ်ရှားမှုပုံရိပ်ကို လိုချင်တာဆိုရင် Shutter ရဲ့ မြန်နှုန်းကို တင်လိုက်ပါ၊ ISO ကိုလည်း အမြင့်ဆုံးထားပြီး ရိုက်ကူးပါ။ တကယ်လို့
တောက်ပတဲ့ ပုံရိပ်ဆိုရင်တော့ Shutter မြန်နှုန်းလည်းချလိုက်ပါ၊ ISO ကိုလည်း လျှော့လိုက်ပါ။ အခုတစ်ချက် ဆိုလိုရင်းကတော့ Shutter မြန်နှုန်းနဲ့ ISO ချိတ် ဆက်မှုကို သိစေချင်တာပါ၊ Shutter မြန်နှုန်းကို တင်ရင် ISO ကိုလည်းတင်ပါ၊ Shutter မြန်နှုန်းကို လျှော့ရင် ISO ကိုလည်း လျှော့ပါ။ ဒီနေရာမှာ နောက်ဆုံုး ပြောချင်တဲ့အချက်က သင့်အနေနဲ့ ကြည်လင်မှု မြင့်မားတဲ့ ပုံရိပ်တစ်ခုကို လိုချင်တယ်ဆိုရင် ISO ကို အမြင့်ဆုံးထား ရိုက်ကူးဖို့မမေ့ပါနဲ့၊ ပြီးတော့ Digital Effect တွေ ထည့်သွင်းမယ်၊ ပုံရိပ်ကို လိုချင်တယ် ဆိုရင်တော့ ရိုက်ကူးချိန်မှာ ISO ကို 3200 ဒါမှမဟုတ် 6400 လိုမျိုး အများကြီး ထားမရိုက်ပါနဲ့။

၇ – f/4

ကျွန်တော်ကတော့ f/4 ကို မြင်ကွင်းအကျယ်လို့ ပြောချင်ပါတယ်။ ဆိုလိုရင်းကတော့ ကင်မရာကနေ မြင်နေရမယ့် သင့်ရဲ့ ပုံရိပ်အလင်း
ပေါက်ပါ။ Aperture ကို သင့်အနေနဲ့ ကျယ်ကျယ်သုံးမယ်ဆိုရင် ဥပမာ Lens က ၂၀၀ မီလီမီတာ ဒါမှမဟုတ် ၄၀၀ မီလီမီတာ မျိုးပေါ့။ ဒီလိုမျိုး Lens အသုံးပြု မှုက သင်ရိုက်ကူးနေတဲ့ ပင်မပုံရိပ်နဲ့ သူ့ရဲ့ နောက်ဘက်က Background ကို ကွဲထွက်နေစေပါတယ်။ ဒီအချက်က ဓာတ်ပုံကောင်း တစ်ပုံရစေမယ့်အချက်ပါ။ ဥပမာ တောင်တန်းကို နောက်ခံထားပြီး မော်ဒယ် တစ်ယောက်ကို ဓာတ်ပုံရိုက်မယ်ဆိုရင် အထက်မှာပြောသလို အဆိုပါ မော်ဒယ်က ရိုက်ကူးမယ့်သူနဲ့ နီးကပ်နေသည့်တိုင်အောင် Lens ကို မြှင့်ထားတာမို့ မော်ဒယ်နဲ့ တောင်တန်းက ကွဲထွက်နေပါတယ်။ ဒါက မော်ဒယ်ကို ပိုမိုသိသာပေါ်လွင်စေသလို ပုံကောင်းတစ်ပုံ ပိုင်ဆိုင်နိုင်စေမှာလည်းဖြစ်ပါတယ်။ ဒီအချက်ကိုတော့ အားကစားဓာတ်ပုံ ဆရာ Peter Wallis က ပြောပေးထားတာ ဖြစ်ပါတယ်။

၈ – ဟာသလေးတွေ ပြောပေးပါ

အလျဉ်းသင့်သလို ဟာသစကားလေးတွေ ပြောကြားခြင်းက ဓာတ်ပုံကောင်းတစ်ပုံ ရရှိလာစေနိုင်ပါတယ်။ သဘာဝရဲ့ အပြံုးစစ်မျိုးပေါ့။ ဒီအချက်ကိုတော့ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Dean Bottrell က ပြောထားတာပါ။ တစ်ခုရှိတာက သင့်အနေနဲ့ အဆိုပါ အပြံုးစစ်တစ်ခုကို ရအောင်ရိုက်ကူးထားတတ်ဖို့တော့ လိုအပ်တာပေါ့။ များသောအားဖြင့် ဓာတ်ပုံအရိုက်ခံသူ လူတော်တော်များများက ဓာတ်ပုံရိုက်မယ်ဆိုရင် စိတ်လေးလံမှု ရှိနေတတ်ပါတယ်။ ဒီအတွက် ကိုယ်က သူတို့ စိတ်ပေါ့ပါးအောင် ဟာသလေးတွေ ပြောပေးမယ်ဆိုရင် မော်ဒယ်အနေနဲ့ စိတ်ထွက် ပေါက်ရရှိပြီး ပေါ့ပါးစစ်မှန်တဲ့ ရုပ်ထွက်နဲ့ ကိုယ်နေဟန်ထားတွေကို ပေးစွမ်းလာနိုင်မှာဖြစ်လို့ ဓာတ်ပုံဆရာ တစ်ယောက်အနေနဲ့ စိတ်ထွက်ပေါက်ရစေမယ့်၊ ရယ်မောစေနိုင်မယ့် ဟာသတွေ ပြောပေးဖို့ လိုအပ်ပါတယ်။

၉ – ဖတ်ပါ၊ မှတ်ပါ၊ ပစ္စည်းကောင်းနေတိုင်း ပုံမကောင်းပါဘူး

ဒီအချက်ကတော့ အချက် နံပါတ် ၂ မှာ ပြောခဲ့သလို အချိန်ရတိုင်း ဓာတ်ပုံရိုက်ကူးမှုအပြင် ဓာတ်ပုံနဲ့ပတ်သက်တဲ့ ပညာရပ်၊ စာပေ၊ အကြောင်းအရာတွေကို ဖတ်မှတ်လေ့လာဖို့ ဖြစ်ပါတယ်။ များသောအားဖြင့် ဓာတ်ပုံဆရာ အများစုက ဒီအချက်ထက် ကင်မရာ၊ Lens ကောင်းကောင်း သုံးနိုင်အောင်ပဲ ကြိုးစားနေကြ ပါတယ်။ တကယ်တမ်းက ဓာတ်ပုံရိုက်ကူးနေကျ အတွေ့အကြံုပိုများသူက ပိုမိုကောင်းမွန်တဲ့ပုံကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Smart Phone လောက်နဲ့ ရိုက်ကူးထားတဲ့ တကယ့် ပုံကောင်းတွေကို မြင်ဖူးပါတယ်၊ ဒါဟာ ပညာပါ၊ ပစ္စည်းကြောင့် မဟုတ်ပါဘူး။ ဒီအတွက် တတ်နိုင်ရင်တော့ ပစ္စည်းကောင်းကိုင်ပါ၊ ဒါပေမဲ့ အရင်ဆုံး ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ၊ ဘာမှ မသိဘဲ ပစ္စည်းကောင်း သုံးနေရုံနဲ့ ပုံကောင်းကောင်း ရမလာနိုင်ပါဘူးလို့ Dean Bottrell က ဆက်ပြောပါတယ်။

၁၀ – သင့်ကင်မရာရဲ့ လက်စွဲ စာအုပ်ကို နားလည်သည်အထိ ဖတ်ထားပါ

သင့် ကင်မရာအကြောင်း အကောင်းဆုံးနဲ့ အမြန်ဆုံး သိစေနိုင်မယ့် အချက်ပါ။ ပုံရိပ်တွေ အစမ်းရိုက်ကူးမှုတွေကြောင့် သင့် ကင်မရာနဲ့သင် အသားကျလာနိုင်ပေမယ့် လက်စွဲစာအုပ်ကို နားလည်အောင် ဖတ်ရှုလိုက်တာက အချိန်မပေးရဘဲ အမြန်ဆုံး အသားကျစေသလို အစမ်းပုံရိပ် ရိုက်ကူးမှုမှာပါ ပုံကောင်းတွေ ရရှိလာနိုင်စေပါတယ်။ လူအများစုက ဓာတ်ပုံကောင်း ရိုက်ကူးနိုင်နေတဲ့ တခြားဓာတ်ပုံဆရာ အသုံးပြုတဲ့ ကင်မရာကို လိုက်သုံးရင်း အချိန်တွေ ဖြုန်းတတ်ပါတယ်။ တကယ်က သင့်မှာရှိနေတဲ့ ကင်မရာနဲ့ သင် အသားကျနေရင်လည်း ဓာတ်ပုံကောင်းကောင်း ရနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာတစ်လုံးနဲ့တစ်လုံး အထာချင်းမတူပါဘူး။ စွမ်းရည်ချင်းတူရင်တောင်မှ ထုတ်လုပ်တဲ့ ကုမ္ပဏီ၊ မော်ဒယ်တွေရဲ့ ကွာခြားချက်တွေကြောင့် လုပ်ဆောင်ပုံ၊ အသုံးပြုရပုံချင်း မတူပါဘူး။ လက်စွဲ စာအုပ်ကို အလေးထားပြီး နားလည်သည်အထိ ဖတ်ရှုမှတ်သားထားဖို့ အရေးကြီးပါတယ်နော်။

၁၁ – ရေစာရေးပါ

ဒါကတော့ ပုံကောင်းတစ်ပုံရနိုင်ဖို့အတွက် ရိုက်ချက်နဲ့ ပတ်သတ်တဲ့အချက် မဟုတ်ပေမယ့် အချိန်တိုင်း ရိုက်ကူးနေမှုရဲ့ ရလဒ်ဖြစ်တဲ့ ပုံကောင်းတစ်ပုံ ရလိုက်ပြီဆိုရင် သင့်အနေနဲ့ အဆိုပါပုံကို သင့်ရဲ့ရိုက်ချက်ဖြစ်တယ်ဆိုတာ သိမှတ်ပေါ်လွင်စေမယ့် ရေစာရေးထားတာ အကောင်းဆုံးပါ။ သင့်ပုံနဲ့ ပတ်သက်ပြီး အကောင်းဆုံး လုံခြံုမှုပေးနိုင်ပါလိမ့်မယ်။ သင့်အနေနဲ့ ပုံကောင်းတစ်ပုံ ရလိုက်ပြီလို့ ယူဆမယ်၊ အင်တာနက်ပေါ်က အစတစ်နေရာရာမှာ ပြသတော့မယ်ဆိုရင် Watermark လို့ ခေါ်တဲ့ ရေစာနဲ့တင်ပါ။ တကယ်လို့ သင့်ရဲ့ပုံကို အလိုရှိတယ်ဆိုရင် လိုချင်သူ တစ်ယောက်က ချိတ်ဆက်လာပါလိမ့်မယ်။ အသုံးပြုလိုတယ်ဆိုရင်လည်း သင်ခွင့်ပြုမယ်ဆိုရင် ခွင့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ မူပိုင်ခွင့် ရလိုက်ပါလိမ့်မယ်။ ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ ပိုင်ရှင်မဲ့ ပုံကောင်းတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ နာမည်ကောင်း မရကြပါဘူး၊ မူပိုင်ခွင့်မရှိကြပါဘူး။ ဒီအတွက် သင့်ရဲ့ရိုက်ချက်တွေမှာ ရေစာထည့်ဖို့ မမေ့ပါနဲ့။

၁၂ – Shutter မြန်နှုန်းကို ညှိပါ

သင့်ကင်မရာရဲ့ အရေးကြီးဆုံး အပိုင်းတစ်ခုပါပဲ။ သွက်လက်တဲ့ပုံ၊ တောက်ပတဲ့ပုံ၊ တည်ငြိမ်တဲ့ပုံ၊ အားလုံးကို အကန့် ခွဲသွားပေးမယ့် အချက်ပါ။ သင့်ရဲ့ ရွေးချယ်မှုအပေါ်မှာမူတည်ပြီး အဲဒီလို ပုံတွေ ရလာပါလိမ့်မယ်။ အားကစားပြိုင်ပွဲ တစ်ခုမှာပဲဖြစ်စေ၊ လှုပ်ရှားနေတဲ့ ကလေး ပုံရိပ်တစ်ခုကို ရိုက်ကူးနေချိန်မှာပဲဖြစ်စေ Shutter မြန်နှုန်းကို တစ်စက္ကန့်အတွက် 1/1500th လောက်ထားပြီး ရိုက်ကူးပါ။ တကယ်လို့ အဲဒီထက် နှေးမယ်၊ တည်ငြိမ်တဲ့သဏ္ဍာန်ကို ရိုက်မယ် ဆိုရင်တော့ 1/1000th ဒါမှမဟုတ် 1/2000th ဝန်းကျင်မှာ ထားရိုက်ပါ။ ဒီနေရာမှာ လှုပ်ရှားပုံရိပ်ကို အလယ်အလတ် နှုန်းထားနဲ့ ရိုက်ခိုင်းတာက လှုပ်ရှားပုံရိပ်နဲ့အတူ ပတ်ဝန်းကျင်ကလည်း လိုက်လံလှုပ်ရှားမှု ရှိနိုင်တာကြောင့် ဖြစ်ပြီး 1/1000th နဲ့ 1/2000th တွေကိုတော့ မောင်းနှင််နေတဲ့ ကားပုံရိပ်မျိုးကို လိုက်ပြီး ရိုက်ကူးကြည့်ချိန်မှာ ကွဲပြားတဲ့ ရုပ်ထွက်ကို တွေ့နိုင်ပါတယ်။ Shutter မြန်နှုန်းမြင့်နေတိုင်းလည်း ပုံကောင်းမရနိုင်သလို နှေးဖို့လည်း မလိုအပ်ပါဘူး။

ကိုယ်ရိုက်မယ့်ပုံရိပ်က လှုပ်ရှားနေတိုင်း Shutter မြန်နှုန်း မတင်ရပါဘူး။ အလွယ်ပြောရရင် တည်ငြိမ်ရုပ်ကို ရိုက်မယ်ဆိုရင် Shutter မြန်နှုန်းချရိုက်ပါ၊ ၀န်းကျင်ရောပင်မပုံရိပ်ပါ လှုပ်နေမယ်ဆိုရင် အလယ်အလတ်မြန်နှုန်းနဲ့ရိုက်ပါ၊ ပင်မပုံရိပ်ပဲ လှုပ်နေပြီး ဝန်းကျင်က ငြိမ်နေမယ်၊ အဝေးကနေ လှမ်းရိုက်မယ်ဆိုရင် Shutter မြန်နှုန်းကို အတတ်နိုင်ဆုံးတင်ပြီး ရိုက်ကူးပါ။

၁၃ – ပေါ်လွင်အောင် ရိုက်ကူးပါ၊ အသားပေး မရိုက်ပါနဲ့

ရိုက်ကူးမယ့် နေရာကိုရှာပါ၊ အလင်းရောင်အတွက် နေရာယူပါ၊ ပုံရိပ်မှာ ပါရှိစေချင်တဲ့ အရာတွေကို တစ်စုတည်း ပါနိုင်အောင် စိတ်ကူးပါ၊ ရိုက်ကွင်းချိန်ကြည့်ပါ။ မော်ဒယ်ကိုရိုက်မယ် ဆိုရင်လည်း သူတစ်ဦးတည်းလှနေလို့ ပုံကောင်းမရပါဘူး။ နောက်ခံမှာ ဘာတွေ ပါစေချင်သလဲ၊ သူ့အနီးမှာ ဘာတွေ ပါစေချင်သလဲတွေးပါ၊ ပါရှိအောင် ရိုက်ကူးဖို့ ပြင်ဆင်ပါ။ တချို့က မော်ဒယ်ပုံရိုက်ကူးမှုမှာ ပြီးစလွယ် ရိုက်ကူးတာတွေ ရှိပါတယ်။ မော်ဒယ်ကို အသားပေး ရိုက်ကူးမှု၊ နောက်ခံ မြစ်၊ တောင်တန်းစသဖြင့့် အသားပေးရိုက်ကူးမှုပါ။ ပေါ်လွင်အောင် ရိုက်ကူးထားနဲ့ အသားပေးရိုက်ကူးတာ မတူပါဘူး။ ပေါ်လွင်အောင် ရိုက်ကူးတာက ပုံကောင်း ရစေနိုင်ပါတယ်။ မြစ်ကို ပေါ်လွင်အောင်ရိုက်ကူးချိန်မှာ မြစ်အတွင်းလှေ၊ လှိုင်း၊ ငှက်၊ ကောင်းကင် အရိပ်များကိုလည်း တစ်ဆက် တည်း ပါရှိကောင်းမွန်အောင် ချိန်ဆရိုက်ကူးပါ။ အသားပေး ရိုက်ကူးမှုဆိုတာကတော့ မြစ်ကိုရိုက်ကူးမှုမှာ မြစ်တစ်ခုတည်းပဲ ပေါ်လွင်တယ်၊ ရိုက်ကွင်းအမြင် မကောင်းခြင်း၊ အလင်းရောင် မမျှခြင်း၊ တချို့သော ပုံရိပ်များ တစ်ဝက်တစ်ပျက် ပါနေခြင်းတွေ ဖြစ်တတ်ပါတယ်။

၁၄ – ပုံပြန်စစ်တဲ့ ဓလေ့ကို ရှောင်ပါ

ဓာတ်ပုံသမားအများစု လုပ်ဆောင်တတ်တဲ့ အကျင့်ပါ။ ဒါပေမဲ့ Pro အဆင့်တွေကတော့ ပြန်ပြီး မစစ်ဆေးတတ်ကြပါဘူး။ ဆိုုလိုတာက ကင်မရာရဲ့ နောက်ဘက်မှာပါရှိတဲ့ Display ကနေ နောက်ဆုံး ပုံရိပ်ကို ပြန်ကြည့်၊ ပြန်စစ်တာပါ။ ကင်မရာရိုက်သူ တစ်ယောက်ဟာ စာမေးပွဲဖြေဆိုသူ တစ်ယောက်လိုပါပဲ။ သူကိုယ်တိုင် ဖြေဆိုနို်င်လားဆိုတာ သူ အသိဆုံးပါ။ နောက်ဆုံး ရိုက်လိုက်တဲ့ ရိုက်ချက်ကောင်းတယ်၊ မကောင်းဘူးဆိုတာ သူအသိဆုံးပါ။ ဒီလိုမှ မသိလို့ပြန်စစ်နေပြီဆိုရင် Pro သမားတစ်ယောက် မဟုတ်တော့ပါဘူး။ နောက်ပြီး အဲဒီလို ပြန်စစ်နေတဲ့ အချိန်မှာ သင်မသိလိုက်၊ မမြင်လိုက်တဲ့ ပုံရိပ်တချို့ ပတ်ဝန်းကျင်၊ မော်ဒယ်၊ တစ်စုံတစ်ခု ဆီကနေ ရရှိတတ်ပါတယ်။ ဒါပေမဲ့ အဆိုပါ အရာကို သင်လက်လွှတ်လိုက်ရပါပြီ။ အကြောင်းက သင်ပုံကို ပြန်စစ်နေလိုက်လို့ပါ။ ဒါကြောင့် ပုံကိုရိုက်ပြီးပြီးချင်း ပြန်မစစ်ပါနဲ့လို့ Marina Dot Perkins က ပြောပါတယ်။ သူကတော့ ခရီးသွားသတင်းရေး ဓာတ်ပုံဆရာ တစ်ယောက်ပါ။

၁၅ – အကွက်အကွင်းကို ရွေးချယ်ဆုံးဖြတ်ပါ

သင့်မျက်လုံးထဲမှာ ဓာတ်ပုံတစ်ပုံကို မြင်ကြည့်လိုက်ပါ။ လူတစ်ယောက်၊ နောက်ခံနဲ့ ငှက်တစ်ကောင်ပေါ့။ လူတစ်ကိုယ်လုံး ပါရှိသလား၊
ငှက်ဘယ်နှစ်ကောင်လဲ၊ လူရဲ့အမြင့်ဘယ်လောက် အကွာလောက်မှာ ငှက်တွေ ပျံသန်းနေတာလဲ၊ လူက ပုံရဲ့ အလယ်မှာလား၊ ဘယ်မှာလဲ၊ လူရဲ့ ဘက်လေးဘက်မှာ ပုံရဲ့ ဧရိယာ ဘယ်လောက် ကျန်ပါသလဲ၊ ဒါကို Frame လို့ အလွယ်ခေါ်နိုင်ပြီး သင့်အနေနဲ့လည်း အခု မော်ဒယ်တစ်ယောက်၊ ဒါမှမဟုတ် တောင်တန်းတစ်ခုကို ရိုက်တော့မယ်ဆိုရင် အရင်ဆုံး အကွက်အကွင်း (Frame)ချကြည့်ပါ။ ၃၆၀ ဒီဂရီအပြည့် မရိုက်ပြနိုင်တဲ့ အနေအထားမှာ သင်ဘယ်အရာကို ရိုက်မယ်၊ ပါစေချင်တယ်၊ ထည့်မယ်၊ ချန်ခဲ့မယ်ဆိုတာ အရင်ဆုံး အာရုံမှာ ပုံဖော်ပါ။ ပြီးမှ ရိုက်ကူးပါ။

၁၆ – အလင်းကို ရတိုင်း မသုံးပါနဲ့

ကျွန်တော်မြင်ဖူးတယ်၊ လူတစ်ယောက်၊ သူက အလင်းများမယ် ဆိုရင် ပုံကောင်းထွက်မယ်လို့ ထင်နေတယ်၊ ဒါနဲ့ မော်ဒယ် တစ်ယောက်ကို ပုံရိုက်ပေးတယ်၊ နေသာတဲ့ နေ့တစ်နေ့ပေါ့။ မော်ဒယ်ကို နေနဲ့ မျက်နှာချင်းဆိုင်ထားလိုက်တယ်၊ အလင်းများများ ကျအောင်ပေါ့လေ၊ သူကတော့နေကို နောက်ကျောပေးပြီး ပုံရိုက်ကူးတယ်၊ ဒါပေမဲ့ သူပုံကောင်း ကောင်း မရလိုက်ပါဘူးလို့ တက်သစ်စဓာတ်ပုံပညာရှင် Patria Jannides က ပြောပါတယ်။ အကြောင်းကတော့ အလင်းများပြီး အလင်းပြန်တာကြောင့်လည်း ပါတယ်၊ မော်ဒယ်ကနေကြောင့် မျက်လုံး၊ မျက်ဟန် ထိန်းထားတာတွေ ပါတယ်၊ အပြံုးစစ်၊ အကြည့်စစ်ကိုသူ မရလိုက်တာဘဲ ဖြစ်ပါတယ်။ ဒါကြောင့်နေကို တစောင်းအနေအထားမှာ တိတိကျကျ မဟုတ်သည့်တိုင်အောင် ဆန့်ကျင်ဘက်လည်း ထားမရိုက်ပါနဲ့၊ အလင်းကိုလည်း ရတိုင်းယူမသုံးဖြစ်အောင် တည့်လည်း ထားမရိုက်ပါနဲ့။

၁၇ – ဘက်ထရီ အားပြည့်နေပါစေ

ဒါကတော့ ရိုးရှင်းပါတယ်၊ မမေ့ရင်၊ သတိထားမယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။ ဖြစ်နိုင်ရင် ဘက်ထရီ၊ ဓာတ်ခဲ အပိုဆောင်ထားပါ။ မနား
တမ်းရိုက်ကူးမှုတွေ လည်းလုပ်ဆောင်ဖြစ်နိုင်တာမို့ ကင်မရာမှာ အားရှိနေဖို့ အမြဲလိုအပ်ပါတယ်။ အထူးသဖြင့်တော့ ဓာတ်ပုံရိုက်ဖို့ သီးသန့် ခရီးထွက်သူတွေအတွက် ဒီအချက်က အရမ်းပဲအရေးကြီးပါတယ်။

၁၈ – Focal Length

ဒီအပိုင်းကတော့ ရိုးရှင်းပါတယ်။ ကင်မရာတစ်လုံးမှာ Len နှစ်ခုလောက်ရှိမယ်ဆိုရင်ပဲ အဆင်ပြေပါပြီ။ ပုံမှန်ဆိုရင်တော့ ၂၈ မီလီမီတာ
တစ်ခုနဲ့ ၃၅ မီလီမီတာ တစ်ခုလောက်ဆို အသုံးတည့်နေပါပြီ။ ကိုယ်ရိုက်ကူးမယ့် ပုံရိပ်ရဲ့ အနီးအဝေးအပေါ်ကို မူတည်ပြီးတော့ Len ကို အကြီး၊ အသေးပြောင်းလဲ အသုံးပြုလိုက်ရုံပါပဲ။ ဒီတစ်ချက်က Len ပြောင်းလဲဖြစ်တဲ့အတွက် ချိန်သားနဲ့ မဆိုင်လို့ အထူးပြောစရာ သိပ်မရှိပါဘူး။ မှတ်သားစရာက ကင်မရာတစ်ခုမှာ အနည်းဆုံး Len နှစ်ခုရှိဖို့။ အရွယ်အစား၊ ဒီလောက်ပါပဲ။ နောက်ထပ်သတိပြုစရာ တစ်ချက်ကို ဆက်ပြောရမယ် ဆိုရင်တော့ သင့်အနေနဲ့ ပွဲတစ်ပွဲ၊ ဖိုင်တစ်ခုကို ရိုက်ကူးနေချိန်မှာ ဘယ်လိုရိုက်ကွင်းပဲ ပြောင်းသွားသည်ဖြစ်စေ Len ကို ပြောင်းပြီး မရိုက်ကူးပါနဲ့ ဆိုတာပါပဲ။ Len အပြောင်းအလဲဟာ သင်မသိလိုက်တဲ့ ရုပ်ထွက် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တာကြောင့် ပွဲ၊ ဖိုင်တစ်ခုအတွက် Len တစ်ခုတည်းကိုသာ အသုံးပြုပါ။

၁၉ – ဓာတ်ပုံအဖွဲ့အစည်း တစ်ခုခုနဲ့ ချိတ်ဆက်မိနေပါစေ

ဒါကနည်းပညာ၊ အတွေ့အကြံုချင်း ဖလှယ်နိုင်စေဖို့ ရည်ရွယ်ပြီး ပြောတာပါ။ ဓာတ်ပုံရိုက်ကူးတဲ့ ပညာကို ပြောချင်တာ မဟုတ်ပါဘူး။ အချင်းချင်း ဘယ်လို ပုံကောင်းရလာတယ်၊ ဘယ်လို ရိုက်ကူူးရတယ်၊ ချိန်သား၊ Shutter မြန်နှုန်း၊ ဘယ် Len ကို သုံးတယ်၊ အလင်းဘယ် လောက်ရှိတယ်၊ အားလုံး အားလုံးသော ဓာတ်ပုံရိုက်ကူးမှုဆိုင်ရာ အကြောင်းအရာတွေကို လေ့လာနိုင်မယ့်၊ မျှဝေနိုင်မယ့်၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ လူပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်ထားမယ်ဆိုရင် တစ်ဦးရဲ့ ပညာကို နောက်တစ်ဦးက ပြန်လည် ဆွေးနွေးမျှဝေရင်း ရိုက်ကူးမှုမှာ ပိုမိုကောင်းမွန်တဲ့စာတွေ သင်ကြားခြင်းမျိုး ရရှိလာနိုင်မှာ ဖြစ်ပါတယ်။

၂၀ – ကင်မရာနဲ့ ကိုယ်နဲ့ ကွာမနေပါစေနဲ့

အမှန်ပြောရရင် ကျွန်တော်တို့ ဓာတ်ပုံဆရာတွေအတွက် အလုပ်များများစားစား မရှိတာကြောင့် ကိုယ့်ရဲ့ လက်စွဲတော် ကင်မရာလေးကိုတော့ အားအပြည့်နဲ့ ကိုယ်နဲ့မကွာ ထားနိုင်အောင် နေကြပါ။ ဘယ်အချိန်မှာ သင့်အတွက် ပုံကောင်းတစ်ပုံရမယ်ဆိုတာ သင်မသိနိုင်ပါဘူး။ ဒါပေမဲ့ အချိန်တိုင်းမှာ အခွင့်အလမ်း ရှိနေပါတယ်။ Digital ခေတ်ကို ရောက်လာချိန်မှာ သင့်အတွက် ဖလင်ဖိုး မကုန်နိုင်တဲ့ အချက်က ကင်မရာနဲ့ ရသလောက်၊ ရလာတဲ့ အခွင့်အလမ်းကိုသာ လက်လွှတ်မခံရင် သင့်အတွက် ပုံကောင်းတွေ ရလာမှာအမှန်ပါ။ ဒီနေရာမှာ DSLR ရယ်မှ မဟုတ်ပါဘူး။ ရိုးရိုးကင်မရာပဲဖြစ်ဖြစ်၊ Smartphone ပဲ ဖြစ်ဖြစ် ကိုယ်နဲ့မကွာ ရှိနေဖို့သာ အဓိကပါ။

၂၁ – ရွှေရောင်အချိန်မှာ ရိုက်ကူးပါ

အထက်မှာ အလင်းရောင်ကိုရတိုင်း မသုံးနဲ့လို့ ကန်တော်ပြောဖူးပါတယ်။ အလင်းဦးစားပေးပုံ ဖြစ်နေသည့်တိုင်အောင် အလင်းကိုရတိုင်း မသုံးသင့်ပါဘူး။ အခုလည်း ဘယ်အချိန်ဟာ ပုံကောင်းကောင်းကို ရနိုင်စေမယ့် အချိန်လဲ ဆိုရင်တော့ ရွှေရောင်အချိန်ပါပဲ။ ဘယ်လို အချိန်ကို ရွှေရောင်အချိန်လို့ ခေါ်တာပါလဲ။ ကျွန်တော်ဆိုလိုတာက Portrait ပဲဖြစ်ဖြစ် Landscape ပဲဖြစ်ဖြစ် အလင်းရောင်က ဖျော့ဖျော့၊ ပတ်ဝန်းကျင် အရောင်လည်း ဖျော့ဖျော့၊ ဒါပေမဲ့ ပတ်ဝန်းကျင်က သက်တံလို ရောင်စုံ ဖြာနေမယ်၊ ရှိနေမယ်၊ ဥပမာ အလင်းမများတဲ့ ညနေခင်းလို အချ်ိန်၊ မနက်မိုးသောက် အချိန်မျိုး ဖြစ်ပါတယ်။

၂၂ – ရိုးရှင်းပါစေ

တချို့က ဓာတ်ပုံတစ်ပုံကို ပန်းချီတစ်ချပ်လို အသက်ဝင် စေချင်ကြပါတယ်။ မြစ်တစ်စင်းကို ရိုက်တယ်၊ လှေလည်း ပါစေချင်တယ်၊ ငှက်ရော၊ နောက်ခံ တောင်တန်းရော၊ တံတားလေးရော၊ လမ်းလျှောက်နေတဲ့ လူတချို့ရောပေါ့။ ဒါက ဥပမာ ပြောတာပါ။ အဲဒီလို အတွေးမျိုး မလုပ်ပါနဲ့၊ သင့်ရဲ့ ပုံရိပ်မှာ ပါ၀င်ဇာတ်ကောင်တွေ များတိုင်း အသက်မဝင်ပါဘူး။ ရိုးရိုးလေးတွေးပါ၊ ငှက်တစ်ကောင်ပဲ ဖြစ်နေပါစေ၊ ပျံသန်းနေဖို့ မလိုပါဘူး။ သဘာဝသာကျပါစေ၊ အကောင်းဆုံး ဖြစ်မှာပါ။ ဒီအတွက် ဇာတ်ကောင် အများအပြားပါချင်လို့ ချိန်ဆရ တာတွေ၊ စောင့်ရတာတွေကြောင့် ပေးလိုက်ရတဲ့ အချိန်မှာ ဆုံးရှုံးသွားတဲ့ ပုံကောင်းတွေကို ရိုးရိုးလေးပဲ ရိုက်ပြီး ရယူလိုက်ပါ။

၂၃ – ကင်မရာတွေများတိုင်း အလုပ်မဖြစ်ပါဘူး

ကျွန်တော် ဓာတ်ပုံဆရာ တော်တော်များများ တွေ့ဖူးပါတယ်။ အများစုက သူတို့လည်ပင်းမှာ ကင်မရာ သုံး၊ လေးလုံးလောက် ထိအောင် ဆွဲထားပြီး ထည်လဲရိုက်ကူးတတ်ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာပါလဲ။ ကင်မရာတစ်လုံးစီမှာပါရှိတဲ့ မတူညီတဲ့ ရိုက်ချက်နဲ့ Lens တွေကို ပြောင်းလဲ ရိုက်ကူးဖို့ပါ။ တချို့ဆိုရင် အာဖရိက ဆာဖာရီတစ်ခုလုံးကို တောက်လျှောက်ချိန်နိုင်လောက်တဲ့ Lens အားကောင်း ကင်မရာတွေ ကိုင်ထားပါတယ်။ ဒီအချက်က တကယ်ဆိုမလိုအပ်ပါဘူး။ သင့်အတွက် ကင်မရာတစ်လုံးကောင်းကောင်းနဲ့ Lens ၂ ခုလောက် ထည့်ထားပြီး လိုအပ်သလို ပြောင်းလဲရိုက်ကူးနေရင်ရပါပြီ။ Lens များလို့၊ ကင်မရာများလို့ အထင်မကြီးလိုက်ပါနဲ့၊ မလိုအပ်တဲ့ဝန်နဲ့ ကုန်ကျစရိတ်တွေကို သယ်ဆောင်အားဖြည့်ထားတာနဲ့ တူနေပါတယ်။

၂၄ – လှုပ်ရှားပုံကို ရိုက်ကူး လေ့ကျင့်ပါ

သင့်ရှေ့မှာ ကျောက်ရုပ်လို ရပ်ပေးနေတဲ့ မော်ဒယ်တစ်ယောက်၊ ဒါမှမဟုတ် တောင်တန်းတစ်ခုကို ဆေးသားကောင်းကောင်းနဲ့ ရိုက်ကူးပြလိုက်တာနဲ့ သင်ဟာ ကျွမ်းကျင် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်မလာပါဘူး။ သင့်အတွက် မထင်မှတ်တဲ့ လှုပ်ရှားပုံတွေ ရိုက်ကူးနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ ဒီအတွက် လေ့ကျင့်ရပါမယ်။ အများဆုံး လွယ်လွယ်ရနိုင်ပြီး လေ့ကျင့်နိုင်တာကတော့ ငှက်ပျံသန်းခြင်းတွေကို ရိုက်ကူးပါ။ ဒီလိုရိုက်ကူးချိန်မှာ လေ့ကျင့်ခန်းဖြစ်လို့ပြီးစလွယ် မရိုက်ပါနဲ့။ ငှက်တစ်ကောင်ပျံနေတာကို ရိုက်ကူးချိန်မှာ ငှက်ရဲ့ အမြန်နှုန်း၊ အရွယ်၊ တောင်ပတ်ခတ်ချက်၊ လားရာ၊ အလင်းဝင်ရောက်မှု၊ ကြိုတင်ချိန်ဆမှု အားလုံးကို စိတ်ထဲမှာ ရှိနေပါစေ။ လေ့ကျင့်မှုဟာ အောင်မြင်မှုရဲ့ မြစ်ဖျားပါ။ နောက်ဆိုရင် သင့်အတွက် အဆိုပါ ငှက်ဟာ လေယာဉ်တစ်စီး ဖြစ်လာပါလိမ့်မယ်။ ဘယ်လောက် အမြန်နှုန်းနဲ့ဆိုရင် ဘယ်အချိန် ဘယ်နေရာရောက် လာမယ်၊ ဘယ်လိုအလင်းလာလို့ ဘယ်လို ရိုက်ရမယ်ဆိုတာ လေ့ကျင့်မှုကနေ သင်ပေးသွားပါလိမ့်မယ်။

၂၅ – နောက်ခံကို ဂရုပြုပါ

သင်လိုချင်တဲ့ပုံက ဘယ်လိုမျိုးပါလဲ။ အလှရိုက် မော်ဒယ်တစ်ယောက်ပုံပဲလား။ ဒါဆိုရင်တောင် နောက်ခံကတော့ လှနေဖို့၊ ကဗျာ
ဆန်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တချို့ပုံတွေကို မြင်ဖူးတယ်၊ မော်ဒယ်ကတော့ လှနေတယ်၊ ရိုက်ချက်လည်း ကောင်းတယ်၊ ဒါပေမဲ့ နောက်မှာ ဂိုဒေါင်တွေ၊ မွေးမြူရေးခြံမျိုးတွေ၊ အုတ်ဂူလိုအရာမျိုးတွေ ပါလာတတ်ပါတယ်။ ဒါတွေက နောက်ပိုင်းမှာမှ သိလာခဲ့ရင် ပုံကောင်းတွေ ဆုံးရှုံးသွားစေနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အရွယ်မကြီးမားတဲ့ မပါသင်တဲ့ အရာတွေ ပါတတ်ပါတယ်။ ဒီလိုအရာတွေအတွက်ကိုတော့ ကင်မရာထဲကနေမှ မကြည့်ပါနဲ့၊ သင်ရိုက်ကူးမယ့် ပတ်ဝန်းကျင်ကို မရိုက်ကူးခင်ကတည်းက အချိန်ပေးပြီး လေ့လာပါ၊ ရှောင်ရန် ရှိတာတွေကို မှတ်သားရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

၂၆ – အရိပ်ကို အားထားပါ

အရိပ်တစ်ခုဟာ သင့်အတွက် အလွန်ကောင်းတဲ့ ပုံရိပ်တစ်ခုကို ရလာနိုင်စေပါတယ်။ နေရောင်လို သဘာဝ အရောင်ကို ပုံကောင်းတစ်ပုံရဖို့ အလွန်အမင်း မသုံးဖြစ်ဖို့လိုအပ်ပါတယ်။ အထက်မှာ ပြောခဲ့သလို ဖျော့တဲ့ အလင်းရောင် အချိန်ဟာပုံ ကောင်းရနိုင်ဖို့ အကောင်းဆုံး အလင်းဖြစ်လို့ တကယ်လို့သင့်ရဲ့ ရိုက်ကွင်းဟာ နေပူထဲမှာ ဖြစ်နေရင် နေရိပ်မှာ ခိုပြီးရိုက်ကူးတာ အကောင်းဆုံး ဖြစ်ပါတယ်။

၂၇ – သုံးချိုးတစ်ချိုးပဲ ယူပါ

ဓာတ်ပုံကောင်း တစ်ပုံရဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။ ပုံကို ချံု့လိုက်ခြင်း နည်းတစ်နည်းပါပဲ။ သင့်ရဲ့ ပုံရိပ်မှာ မလိုအပ်တဲ့ အပိုင်းတွေကို ဖယ်ထုတ်လိုက်နိုင်မယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ မူလပုံရဲ့ သုံးချိုး တစ်ချိုးကိုပဲယူပါ။ ဒီလို မူလပုံကို ဖြတ်တောက်ချိန်မှာ ဒေါင်လိုက်ရော အလျားလိုက်ပါ သုံးချိုးတစ်ချိုး ဖြတ်ဖို့ကိုတော့ မမေ့ပါနဲ့။ ပုံရဲ့ အထက်၊ အောက်၊ ဘေးဘက်တွေကနေ ကိုယ်မလိုချင်တဲ့ အပိုင်းကိုပဲ ဖြတ်ထုတ်တဲ့ အကျင့်ကို မလုပ်ပါနဲ့။ ပုံတစ်ပုံရဲ့ သုံးချိုးတစ်ချိုးကိုယူတဲ့ အကျင့်ကိုပဲ မွေးပါ။

၂၈ – Exposure

အခု တစ်ချက်ကတော့ ကျွန်တော်ကိုယ်တိုင် ဓာတ်ပုံရိုက်ခြင်းကနေ ရရှိလာတဲ့ ပညာလေးကိုပြန်ပြီး မျှဝေပေးချင်တာ ဖြစ်ပါတယ်။ အဓိက အနေနဲ့တော့ နေရောင်ဟာ ဓာတ်ပုံတစ်ပုံကို ရိုက်ကူးဖို့ Exposure ကို ပြောင်းလဲ ရိုက်ကူးစေတဲ့ အချက်ဖြစ်လာပါတယ်။ ပထမအနေ အထားကနေကို ရိုက်ကူးသူရဲ့ နောက်မှာ ရှိနေမယ်ဆိုရင် Under Expose အနေနဲ့ ထားပြီး ရိုက်ကူးတာ အကောင်းဆုံး ဖြစ်ပါတယ်။ တကယ်လို့နေက ရိုက်ကူးမယ့် အရာဝတ္ထုရဲ့ နောက်မှာပဲရှိနေမယ် ဆိုရင်တော့ Over Expose နဲ့ ထားပြီး ရိုက်ကူးမယ်ဆိုရင် အကောင်းဆုံး ပုံရိပ်ကို ရရှိမှာ ဖြစ်ပါတယ်။

၂၉ – ကိုယ်ဟန်ပြချိန် အများကြီး မခိုင်းပါနဲ့

ဒီအချက်ကတော့ မော်ဒယ်တွေနဲ့ ပတ်သက်ပြီး ရိုက်ကူးမှုအတွက် အဆင်ပြေစေမယ့် အချက်ပါ။ သဘာဝပတ်ဝန်းကျင်တွေကို ရိုက်ကူးမှုနဲ့ မဆိုင်ပါဘူး။ ကိုယ်ဟန်ပြ မော်ဒယ်အနေနဲ့ တစ်ယောက်ကနေ အများအပြား ပါရှိနိုင်ပါတယ်။ ဒီနေရာမှာ ဓာတ်ပုံဆရာ အများစုက ကိုယ်ဟန်ပြသူကို ပန်းချီဆရာတွေ အချိန်ယူရိုက်ကူးသလိုမျိုး အချိန်ဆွဲ စိတ်ကြိုက် ချိန်ညှိရိုက်ကူး တတ်ပါတယ်။ ဒီလို အချိန်ယူ ရိုက်ကူးမှုဟာ ကိုယ်ဟန်ပြသူကို စိတ်ပင်ပန်း၊ လူပင်ပန်းမှု ဖြစ်စေတဲ့အတွက် မျက်နှာ၊ ကိုယ်နေဟန်၊ အပြံုးတွေက အသက်မဲ့ သွားတတ်ပါတယ်။ ကိုယ်ဟန်ပြချိန်ကို အချိန်ကြာကြီး မခိုင်းပါနဲ့၊ ကိုယ်ရဲ့ ရိုက်ကွင်းကို ကင်မရာနဲ့ အရင်ချိန်ပြီး ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

၃၀ – ကွဲပြားမှုကို လေ့လာပါ

ဓာတ်ပုံပညာ၊ ဓာတ်ပုံတစ်ပုံဟာ ပန်းချီဆရာ၊ ပန်းချီတစ်ချပ်ထက် ပိုပြီးတတ်မြောက်ဖို့၊ ခံစားတတ်ဖို့ ခက်ခဲပါတယ်။ အကြောင်းကတော့ ဝါသနာရှင် ဓာတ်ပုံရိုက်ကူးသူတွေ များတယ်၊ နေရာတကာမှာ တွေ့နေ နိုင်ကြောင့်ပါ။ ဒီလို အရေအတွက် အများအပြား ဓာတ်ပုံတွေ ထွက်လာခဲ့တဲ့အတွက် ဓာတ်ပုံပညာလည်း သင်ယူလေ့လာသူ နည်းလာသလိုအဖြစ် ရိုက်ကူးသူများလာပါတယ်။ ဒီလို အခြေအနေမှာ ပညာရှင် တစ်ယောက် ဖြစ်ချင်ရင်တော့ နည်းပညာ အကြောင်းရေထားတဲ့ မဂ္ဂဇင်းကို အမြဲလေ့လာပါ။ အထူးသဖြင့် ပုံတွေရဲ့ ကွဲပြားမှုနဲ့ သိမ်မွေ့မှုကို လေ့လာမှတ်သားပါ။ အများအားဖြင့် Portrait, Landscape လောက်ပဲ ခွဲခြားကြပေမယ့် တကယ်တော့ Interaction, Action, Overall shots, Scene setters, Details, Medium shots နဲ့ Signature ဆိုတာမျိုးတွေ ခွဲတတ်အောင် လေ့လာမှု ပြုလုပ်ပါ။

၃၁ – ကင်မရာကို သင့်ခန္ဓာကိုယ် အစိတ်အပိုင်း သဖွယ်ဖြစ်ပါစေ

သင့်ရဲ့ စိတ်ကမခိုင်းရဘဲ အမြင်အာရုံမှာ ခံစားမှု တစ်ခုရှိလာတိုင်း လက်ကနေ အလိုအလျောက် ရိုက်ကူးမှု ခလုတ်ကို နှိပ်မိနေတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြောရတာတော့ လွယ်ပါတယ်၊ မျက်မြင်မှာလည်း သိပ်ပြီး မထူးဆန်းသလိုပါပဲ။ ဒါပေမဲ့ တကယ်တမ်း ခန္ဓာကိုယ် အစိတ်အပိုင်းသဖွယ် ဖြစ်လာအောင် ကြိုးစားယူရဖို့တော့ ခက်ခဲလွန်းပါတယ်။ တကယ်လို့ သင့်အနေနဲ့ ပညာရှင် တစ်ယောက်ယောက်ရဲ့ ရိုက်ကူးမှုကို လေ့လာချင်ရင်တော့ ABC Open ရဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ Dean Saffron ရဲ့ ရိုက်ကူးမှု ပုံစံတွေကို လေ့လာကြည့်ရှုတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

၃၂ – ကင်မရာကိုင်တွယ်ပုံ စနစ်ကျပါစေ

ဘယ်သန်၊ ညာသန်ရယ် မခွဲဘဲ အများစုရဲ့ ကင်မရာကိုင်တွယ်ပုံ အမှန်ကိုပြောရရင် ဘယ်ဘက်လက်က Lens ကို အောက်ဘက်ကနေ လိုအပ်သလို လှည့်နိုင်၊ ချိန်နိုင်အောင် ကိုင်တွယ်ပါ၊ တင်းကျပ်အောင် ကိုင်တွယ်ဖို့ မလိုအပ်ပါဘူး။ ကင်မရာရဲ့ ရှေ့ခြမ်းကိုထောက် ပုံစံ ထောက်ထားပေးနိုင်ရင်ရပါပြီ၊ နောက်ဘက် ကင်မရာကိုုယ်ထည်ကို ညာဘက်လက်နဲ့ ကိုင်တွယ်ပါ။ အများစုက ကင်မရာ ကိုယ်ထည်ကို တင်းကျပ်အောင် ဆုပ်ကိုင်လေ့ရှိပါတယ်။ တကယ်ကတော့ ကင်မရာထုတ်လုပ်သူက သင့်ရဲ့ လက်မှာကင်မရာကို အံဝင်အောင်ဖန်တီး ထားပြီး ဖြစ်ပါတယ်။ တင်းကျပ်အောင် ကိုင်တွယ်ဖို့ မလိုအပ်ပါဘူး။ လိုအပ်သလို ခလုတ်တွေကို အလျင်အမြန် ပြောင်းလဲ အသုံးပြုနိုင်အောင်ပါ လက်အတွင်း အံဝင်နေအောင် ကိုင်တွယ်ဖို့ပဲ လိုအပ်ပါတယ်။

၃၃ – အရောင်အများကြီး ပါရှိအောင် မရိုက်ကူးပါနဲ့

ဥပမာအနေနဲ့ သင် သက်တံပုံတစ်ပုံကို ရိုက်ကူးတော့မယ် ဆိုပါစို့။ အရောင် အနည်းဆုံး ၅ ရောင်ကနေပိုပြီး ပါရှိနိုင်ပါတယ်။ ဒီလို အရောင် အများအပြားပါရှိတဲ့ ပုံတစ်ပုံအတွက်ကိုတောင် အရောင်အများကြီးပါရှိအောင် ကြိုးစားရိုက်ကူးမှု မလုပ်ပါနဲ့။ အဓိကအနေနဲ့ ၂ ရောင်ကိုပဲ ရွေးချယ်ပြီး အလေးထားရိုက်ကူးပါ။ အရောင်ရွေးချယ်မှုကိုတော့ သင့်စိတ်ကြိုက် ရွေးနိုင်ပေမယ့် အရောင်အများအပြား ထည့်ဖို့မစဉ်းစားပါနဲ့။ အရောင်အများအပြားပါရှိတဲ့ ပုံတစ်ပုံဟာ ကြည့်လိုက်တာနဲ့ မျက်စိကို အာရုံများစေ၊ စူးဝါးစေပါတယ်။ သင့်အနေနဲ့ ကြည့်ရှုသူကို ဓာတ်ပုံရဲ့ အရသာ ခံစားစေနိုင်ဖို့ မျက်စိအေးအေးနဲ့ ကြည့်နိုင်အောင် ရိုက်ကူးပေးထားပါ။

၃၄ – တီထွင်နိုင်ပါစေ

ဒီအချက်က ကိုယ့်ရဲ့ ပါရမီကို ကိုယ်တိုင်ဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ အထက်မှာပြောခဲ့တဲ့ အချက်တွေကို ပညာသင်သူအနေနဲ့ ဆည်းပူးပါ။ လိုက်နာပါ၊ လေ့ကျင့်ပါ။ ကောင်းစွာ သဘောပေါက်ပြီ၊ ပုံကောင်းတွေကို ရိုက်ကူးလာနိုင်ပြီ ဆိုရင်တော့ ပညာရှင်တွေ ပြောထားတဲ့၊ မှတ်ချက်ပေးထားတဲ့ အချက်တွေကို မေ့လိုက်ပါတော့၊ ကိုယ်တိုင်တီထွင်မှု ပုံရိပ်တွေ စမ်းသပ်ရိုက်ကူးပါ။ ပညာရှင် တစ်ယောက်က မသုံးဖို့၊ မရိုက်ဖို့ ပြောကြားထားတဲ့ အချက်ကို မေ့ပြီး ဆန့်ကျင်ဘက် အနေအထား ရိုက်ကူးပါ။ ဒါပေမဲ့ ပုံကောင်းတစ်ပုံတော့ ရနိုင်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ရိုက်ကူးပုံ တစ်ပုံ အောင်မြင်ခဲ့ပြီ ဆိုရင်တော့ သင့်ဟာ ကိုယ်ပိုင်ဟန် တီထွင်နိုင်တဲ့ တကယ့်ပညာရှင်ဖြစ်လာမှာပါ။ သင့်ရဲ့ပညာနဲ့ မှတ်ချက်ကို လူတိုင်းလေ့လာ မှတ်သားကြရပါလိမ့်မယ်။