July 16, 2018

ဓာတ္ပုံေပၚက အစက္အေျပာက္ေတြ ဖ်က္ေပးႏိုင္မယ့္ Nvidia AI

[ Zawgyi ]

Nvidia ဟာ artificial intelligence နဲ႔ deep learning နည္းပညာက႑ေတြျဖစ္တဲ့ ဓာတ္ပုံနဲ႔ ပတ္သက္ဆက္ႏႊယ္ေနတဲ့ က႑ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္ေနပါတယ္။ ေမလမွာ ကုမၸဏီအေနနဲ႔ Nvidia GPU ေတြအတြက္ Sensei AI ကုိေဆာင္ရြက္ဖို႔ Adobe နဲ႔ပူးေပါင္းခဲ့ပါတယ္။

Nvidia အေနနဲ႔ ဓာတ္ပုံေတြေပၚက အစက္အေျပာက္ေတြကုိ ဖယ္ရွားႏိုင္တဲ့ deep learning နည္းစနစ္ကုိ ဖန္တီးခဲ့ပါတယ္။ အဲဒီပညာရပ္အတြင္းမွာ မၾကာေသးခင္က ထြက္ေပၚလာတဲ့ deep learning နည္းစနစ္ကို သန္႔စင္တဲ့ ဓာတ္ပုံနဲ႔ အစက္အေျပာက္ေတြပါဝင္တဲ့ ဓာတ္ပုံေတြနဲ႔အတူ neural network တစ္ခုမွာ ေလ့က်င့္ဖုိ႔ အာ႐ုံစိုက္ထားပါတယ္။ Nvidia ရဲ႕ AI အေနနဲ႔ ဓာတ္ပုံေပၚက အစက္အေျပာက္ေတြကို ေဖ်ာက္ေပးႏိုင္ပါတယ္။

အခုနည္းလမ္းသစ္ကုိ MIT က Aalto တကၠသုိလ္က သုေတသီေတြနဲ႔အတူ ပူးေပါင္းလုပ္ကုိင္ထားတာျဖစ္ၿပီး အစက္အေျပာက္ေတြ၊ artifact ေတြနဲ႔ grain ကို ဖယ္ရွားေပးႏိုင္ပါတယ္။

Nvidia က cuDNN-accelerated TensorFlow deep learning framework နဲ႔အတူ Tesla P100 GPU အသုံးၿပီး ImageNet validation set အတြင္း ဓာတ္ပုံေပါင္း ၅၀,၀၀၀ နဲ႔စနစ္ကုိ ေလ့က်င့္ေပးခဲ့ပါတယ္။ အဲဒီ neural network ကုိမတူညီတဲ့ dataset ၃ ခုနဲ႔ သက္ေသျပခဲ့ပါတယ္။

Nvidia AI ရဲ႕ရလဒ္က အားရစရာေကာင္းၿပီး အထူးသျဖင့္ အစက္အေျပာက္မ်ားစြာရွိတဲ့ ဓာတ္ပုံနဲ႔ က်ပန္းစာသားေတြ ႐ႈပ္ေထြးေနတဲ့ ဓာတ္ပုံေတြကို ေျပာင္းလဲရာမွာ အလြန္ေကာင္းမြန္ပါတယ္။ ဓာတ္ပုံျပဳျပင္တဲ့ software အသုံးျပဳသူေတြက ႏွစ္ေပါင္းမ်ားစြာ noise reduction tool ေတြနဲ႔ နည္းလမ္းေတြကို အသုံးျပဳေနၿပီး Nvidia AI ဟာ ကၽြမ္းက်င္သူေတြရဲ႕ လက္ထဲမွာ ပုိမိုေကာင္းမြန္တဲ့ ရလဒ္ထြက္ေပၚႏိုင္ပါတယ္။

စိုးထက္
Ref: TechSpot

[ Unicode ]

Nvidia ဟာ artificial intelligence နဲ့ deep learning နည်းပညာကဏ္ဍတွေဖြစ်တဲ့ ဓာတ်ပုံနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပါတယ်။ မေလမှာ ကုမ္ပဏီအနေနဲ့ Nvidia GPU တွေအတွက် Sensei AI ကိုဆောင်ရွက်ဖို့ Adobe နဲ့ပူးပေါင်းခဲ့ပါတယ်။

Nvidia အနေနဲ့ ဓာတ်ပုံတွေပေါ်က အစက်အပြောက်တွေကို ဖယ်ရှားနိုင်တဲ့ deep learning နည်းစနစ်ကို ဖန်တီးခဲ့ပါတယ်။ အဲဒီပညာရပ်အတွင်းမှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ deep learning နည်းစနစ်ကို သန့်စင်တဲ့ ဓာတ်ပုံနဲ့ အစက်အပြောက်တွေပါဝင်တဲ့ ဓာတ်ပုံတွေနဲ့အတူ neural network တစ်ခုမှာ လေ့ကျင့်ဖို့ အာရုံစိုက်ထားပါတယ်။ Nvidia ရဲ့ AI အနေနဲ့ ဓာတ်ပုံပေါ်က အစက်အပြောက်တွေကို ဖျောက်ပေးနိုင်ပါတယ်။

အခုနည်းလမ်းသစ်ကို MIT က Aalto တက္ကသိုလ်က သုတေသီတွေနဲ့အတူ ပူးပေါင်းလုပ်ကိုင်ထားတာဖြစ်ပြီး အစက်အပြောက်တွေ၊ artifact တွေနဲ့ grain ကို ဖယ်ရှားပေးနိုင်ပါတယ်။

Nvidia က cuDNN-accelerated TensorFlow deep learning framework နဲ့အတူ Tesla P100 GPU အသုံးပြီး ImageNet validation set အတွင်း ဓာတ်ပုံပေါင်း ၅၀,၀၀၀ နဲ့စနစ်ကို လေ့ကျင့်ပေးခဲ့ပါတယ်။ အဲဒီ neural network ကိုမတူညီတဲ့ dataset ၃ ခုနဲ့ သက်သေပြခဲ့ပါတယ်။

Nvidia AI ရဲ့ရလဒ်က အားရစရာကောင်းပြီး အထူးသဖြင့် အစက်အပြောက်များစွာရှိတဲ့ ဓာတ်ပုံနဲ့ ကျပန်းစာသားတွေ ရှုပ်ထွေးနေတဲ့ ဓာတ်ပုံတွေကို ပြောင်းလဲရာမှာ အလွန်ကောင်းမွန်ပါတယ်။ ဓာတ်ပုံပြုပြင်တဲ့ software အသုံးပြုသူတွေက နှစ်ပေါင်းများစွာ noise reduction tool တွေနဲ့ နည်းလမ်းတွေကို အသုံးပြုနေပြီး Nvidia AI ဟာ ကျွမ်းကျင်သူတွေရဲ့ လက်ထဲမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်ထွက်ပေါ်နိုင်ပါတယ်။

စိုးထက်
Ref: TechSpot