June 23, 2018

ဒ႐ုန္းခ်စ္သူမ်ားအတြက္ ေစ်းကြက္ထဲက အေကာင္းဆံုး ၇ မ်ိဳး

[ Zawgyi ]

ဒ႐ုန္းမ်ားအသံုးျပဳျခင္းေခတ္ကို ျဖတ္သန္းေနရသည့္ ကြ်ႏု္ပ္တို႔အေနျဖင့္ မွန္ကန္ေသာ၀ယ္ယူအသံုးျပဳတတ္သူတစ္ဦးေတာ့ျဖစ္ရန္ လိုအပ္ပါသည္။ သို႔မွသာ မိမိစိုက္ထုတ္အသံုးျပဳလိုက္ရသည့္ ေငြေၾကးႏွင့္ထိုက္တန္သည့္ ဝန္ေဆာင္မႈမ်ိဳးကို ျပန္လည္ရရွိႏိုင္မည္လည္းျဖစ္သည္။ သို႔ေသာ္လည္း သင့္အေနျဖင့္ သတိျပဳစရာတစ္ခုရွိသည္မွာ ဒ႐ုန္းပ်ံသန္းမႈဆိုင္ရာ စည္းမ်ဥ္းမ်ားကို သိရွိနားလည္ထားသင့္သလို ပ်ံသန္းရန္တားျမစ္ထားသည့္ ေနရာမ်ားကိုလည္း ေရွာင္ရွားသတိျပဳရန္လည္း လိုအပ္မည္ျဖစ္ပါသည္။

ေစ်းကြက္အတြင္းရွိ ဒ႐ုန္းမ်ား၏တန္ဖိုးသည္ စြမ္းေဆာင္ရည္မ်ားအလိုက္ အနိမ့္အျမင့္ကြာျခားခ်က္မ်ား ရွိမည္ျဖစ္ေသာ္လည္း ေဖာ္ျပပါေစ်းကြက္ရွိ အေကာင္းဆံုး ဒ႐ုန္းမ်ား၏ စြမ္းေဆာင္ႏိုင္မႈႏွင့္ ေစ်းႏႈန္းကိုသိရွိကာ ၀ယ္ယူမႈျပဳရာတြင္ ႏိႈင္းယွဥ္တြက္ခ်က္ႏိုင္ေစရန္ စုစည္းေဖာ္ျပလိုက္ပါသည္။

DJI Phantom 4 Pro

ရည္ရြယ္ခ်က္အမ်ိဳးမ်ိဳးအတြက္ အသံုးျပဳၾကမည့္ ဒ႐ုန္းဝါသနာရွင္မ်ားအတြက္ DJI ၏ Phantom အမ်ိဳးအစားမ်ားသည္ ဝယ္ယူအသံုး
ျပဳသင့္ေၾကာင္းကို ေစ်းကြက္အတြင္း၌ မွတ္ခ်က္အမ်ားဆံုးေပးခံရသည့္ ဒ႐ုန္းမ်ားျဖစ္သည္။ DJI အေနျဖင့္ Phantom မ်ားကို စီးရီးလိုက္ထုတ္လုပ္ေပးလ်က္ရွိရာ ၎တို႔၏ေနာက္ဆံုးထုတ္ကုန္သည္ Phantom 4 Pro အမ်ိဳးအစားပင္ျဖစ္သည္။

အဆင့္ျမႇင့္တင္မႈအမ်ားဆံုးျပဳလုပ္ထားသည့္ ၎အမ်ိဳးအစားတြင္ 20 Megapixel အရည္အေသြးရွိ ကင္မရာႏွင့္ ၁ လက္မရြယ္အစား ရွိသည့္ ပံုရိပ္အာ႐ံုခံစနစ္မ်ား ပါဝင္လာၿပီး 4K အရည္အေသြးရွိ ဗီဒီယိုကို႐ုိက္ကူးႏုိင္မည္ျဖစ္သည္။ ပါဝင္လာသည့္ အာ႐ံုခံစနစ္သည္ ေစ်းကြက္အတြင္းရွိ အျခားေသာဒ႐ုန္မ်ား၏ အာ႐ံုခံ စနစ္ထက္ အရြယ္အစား ၄ ဆပိုမိုႀကီးမားရာ အဆိုပါအဓိပၸာယ္သည္  ပိုမိုေကာင္းမြန္သည့္ စြမ္းေဆာင္ရည္မ်ားကို ရရွိေစႏိုင္မည္ဟု ေဖာ္ျပေနျခင္းပင္ ျဖစ္သည္။ သင့္အေနျဖင့္ ဗီဒီယို႐ိုက္ကူးမည့္ သူမဟုတ္သည့္အတြက္ ေဒၚလာ ၁၀၀၀ ခန္႔တန္ဖိုးရွိသည့္ 4K အရည္အေသြးရွိ ကင္မရာစနစ္ပါသည့္ Phantom 4 Pro ကို ဝယ္ယူအသံုးမျပဳခ်င္လ်င္ေတာင္ အျခားေသာ ဒ႐ုန္းမ်ားထက္ သာလြန္ေကာင္းမြန္ေနေသးသည့္ ေဒၚလာ ၄၀၀ တန္ Phantom 3 အမ်ိဳးအစားသည္လည္း ေစ်းကြက္အတြင္း ရွိေနပါေသးသည္။

Yuneec Typhoon H

ယခင္ လက္တံေလးခုျဖင့္ပ်ံသန္းေနခဲ့သည့္ Yuneec ၏ Typhoon H အမ်ိဳးအစားသည္ ယခုအခါ လက္တံ ၆ ခုကို အသံုးျပဳလာခဲ့ၿပီျဖစ္
သည့္အတြက္ အေကာင္းမြန္ဆံုးေသာ တည္ၿငိမ္သည့္ပ်ံသန္းမႈကိုပိုမုိ ေပးစြမ္းႏိုင္ခဲ့ၿပီျဖစ္သည္။ သို႔ေသာ္လည္း ဒ႐ုန္းမ်ားသည္ ပ်ံသန္းႏုိင္႐ံုမွ်ႏွင့္ မၿပီးေသးဘဲ မည္သည့္အရာမ်ားကို တပ္ဆင္အသံုးျပဳႏိုင္ျခင္းသည္လည္း အေရးပါေပသည္။ Typhoon H တြင္လည္း 4K အရည္အေသြးရွိသည့္ ၃၆၀ ဒီဂရီပတ္ လည္႐ုိက္ကူးႏိုင္သည့္ ကင္မရာစနစ္ပါဝင္ရာ တန္ဖိုးအားျဖင့္ ေဒၚလာ ၁၂၀၀ ဆိုသည့္ တန္ေၾကးသည္ မ်ားလြန္းသည္ဟုမဆိုႏိုင္ေပ။ အားနည္းခ်က္ တစ္ခုအေနျဖင့္မူ ဘက္ထရီသက္တမ္းအနည္းငယ္တိုေတာင္းျခင္းႏွင့္ အားျပန္သြင္းခ်ိန္ ၾကာျမင့္ျခင္းပင္ျဖစ္ၿပီး DJI ၏ဒ႐ုန္းမ်ားထက္ က်ိဳးပဲ့လြယ္ပါသည္။

DJI Mavic Pro

သင့္အေနျဖင့္ ယခုႏွစ္မ်ားအတြင္း အေကာင္းဆံုးဒ႐ုန္း အမ်ိဳးအစားမ်ားသည္ မည္သို႔ေသာ ဒ႐ုန္းမ်ားျဖစ္သည္ကို ေလ့လာၾကည့္မည္ဆို
လွ်င္ DJI ၏ အေမရိကန္ေဒၚလာ ၈၂၆ တန္ဖိုးရွိ Mavic Pro ကို က်ိန္းေသေပါက္ ထည့္သြင္းစဥ္းစားရမည္ပင္ျဖစ္သည္။ တန္ဖိုးအားျဖင့္
ေစ်းႏႈန္းႀကီးသည္ဟုမဆိုႏိုင္ေသာ္လည္း တည္ၿငိမ္သည့္စနစ္ 4K အရည္အေသြးရွိ ကင္မရာစနစ္ႏွင့္ 12 Megapixel ကင္မရာအရည္အေသြးမ်ားႏွင့္ ထိုက္တန္သည္ဟု ဆိုႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ အကြာအေဝး ၄ မိုင္အထိ ေရာက္ရွိႏိုင္မည္ျဖစ္ကာ တစ္နာရီလွ်င္ မိုင္ ၄၀ ႏႈန္းျဖင့္ ၂၇ မိနစ္ၾကာ ပ်ံသန္းႏိုင္မည္ျဖစ္သည္။ သို႔မဟုတ္ Mavic Pro အေနျဖင့္ ဝယ္ယူရန္ အဆင္မေျပႏိုင္ေသးလွ်င္လည္း စြမ္းေဆာင္ႏိုင္မႈျခင္း ကြာျခားမႈမရွိသည့္ Mavic Air ကိုၫႊန္ျပခ်င္ပါေသးသည္။

Parrot Mambo FPV

ေဖာ္ျပပါေစ်းႏႈန္းမ်ားသည္ ဒ႐ုန္းစတင္ပ်ံသန္းမည့္ သူမ်ားအတြက္ ေစ်းႏႈန္းအရ အလွမ္းကြာေနသည္ဟုဆိုလွ်င္ ေဒၚလာ ၁၈၀ တန္ Mambo FPV သည္ သင့္တင့္သည့္ေစ်းႏႈန္းျဖင့္ အေကာင္းဆံုး အမ်ိဳးအစားျဖစ္သည္ဟု ရည္ၫႊန္းလိုပါသည္။ အျပင္ဘက္ ပ်ံသန္းမႈမ်ိဳးတြင္သာမက အခန္းတြင္း၊ အေဆာက္အဦတြင္း ပ်ံသန္းမႈမ်ိဳး ပါတတ္ႏိုင္သည့္အတြက္ သင္၏ဒ႐ုန္းေမာင္းႏွင္မႈစြမ္းရည္ကို အၿမဲတေစတိုးတက္ေစရန္ ေလ့က်င့္ေစႏိုင္မည္ျဖစ္သည္။

Syma X5C-1

ေဒၚလာ ၁၀၀ ထက္နည္းပါးသည့္ ေစ်းႏႈန္းျဖင့္ HD ကင္မရာ တပ္ဆင္ထားသည့္ ဒ႐ုန္းအမ်ိဳးအစားေကာင္း တစ္ခုရွိသည္ဆိုလွ်င္ ဒ႐ုန္း
ခ်စ္သူမ်ားအတြက္ အံ့ၾသမိမည္ပင္ျဖစ္သည္။ Syma ၏ X5C-1 သည္ အေမရိကန္ေဒၚလာ ၄၅ တန္ေၾကးသာရွိေသာ္လည္း ေကာင္းမြန္သည့္ ႐ုပ္ထြက္မ်ားကို ေပးစြမ္းႏိုင္မည္ျဖစ္ပါသည္။ ေစ်းႏႈန္းနည္းပါးသျဖင့္ ပ်ံသန္းခ်ိန္သည္ တစ္ႀကိမ္လ်င္ ၇ မိနစ္သာ ၾကာမည္ျဖစ္ေသာ္လည္း ဘက္ထရီအစားထိုး အသံုးျပဳမည္ဆိုပါက မိနစ္ ၁၀၀ အထိ ပ်ံသန္းႏိုင္သည္ဟု ဆိုထားပါသည္။

Parrot Disco FPV

အမ်ားအားျဖင့္ ေစ်းကြက္အတြင္းရွိ ဒ႐ုန္းမ်ားအားလံုးနီးပါးသည္ လက္တံေလးခု သို႔မဟုတ္ ေျခာက္ခုပါသည့္ အမ်ိဳးအစားမ်ားစြာကို ေတြ႕
ျမင္ရမည္ျဖစ္ေသာ္လည္း ၎စနစ္မ်ိဳးသည္သာမကဘဲ ေလယာဥ္ပံုသ႑ာန္ တစ္မူထူးျခားသည့္ Parrot ၏ Disco FPV ပံုစံတစ္မ်ိဳးလည္း ရွိေနပါေသးသည္။ ေစ်းႏႈန္းအားျဖင့္ အေမရိကန္ ေဒၚလာ ၅၀၀ ခန္႔က်သင့္မည္ျဖစ္ရာ DJI ၏ Spark အမ်ိဳးအစားႏွင့္ ေစ်းႏႈန္းတူညီမႈ ရွိေပသည္။ ကြဲျပားျခားနားသည့္ပ်ံသန္းမႈမ်ိဳးကို လိုခ်င္သူမ်ားအတြက္ သင့္ေတာ္သည့္ ဒ႐ုန္းအမ်ိဳးအစားျဖစ္ကာ တစ္ႀကိမ္ ပ်ံသန္းလွ်င္ ၄၅ မိနစ္ထက္ ပိုမိုပ်ံသန္းႏိုင္ခ်င္းေတာ့မရွိေခ်။ ၾကည္လင္ျပတ္သားမႈ အရည္အေသြး 1080p ရွိ ကင္မရာစနစ္ပါဝင္ၿပီး လက္တံပါဒ႐ုန္းမ်ားႏွင့္ ဆင္းသက္မႈစနစ္ မတူညီသည္ကပင္ ထူးျခားသည့္ စြမ္းေဆာင္ရည္တစ္မ်ိဳးဟုပင္ သတ္မွတ္ရမည္ျဖစ္သည္။

DJI Spark

Parrot Mambo ကဲ့သို႔ အၾကမ္းခံသည့္ ဒ႐ုန္းတစ္စင္းကို အေမရိကန္ေဒၚလာ ၃၇၇ တန္ဖိုးျဖင့္ ၀ယ္ယူခ်င္သည္ဆိုလွ်င္ DJI ၏ Spark
မွ တစ္ပါးအျခားမရွိေပ။ စတင္ေမာင္းႏွင္သူမ်ားအတြက္ပင္ အသံုးျပဳရလြယ္ကူသည့္အျပင္ စြမ္းေဆာင္ႏိုင္မႈအျဖစ္ ဟန္အမႈအရာျဖင့္ ထိန္းခ်ဳပ္ေမာင္းႏွင္ႏိုင္သလို သင့္လက္ဖဝါးအေပၚသို႔ ဆင္းသက္ႏိုင္ရန္ အေထာက္အပံ့ျဖစ္ေစမည့္ 3D အာ႐ံုခံကင္မရာစနစ္မ်ားကို ဒ႐ုန္း၏အေရွ႕ဘက္တြင္ တပ္ဆင္ထားရွိပါသည္။ ၾကည္လင္ျပတ္သားမႈအရည္အေသြး 1080p  ရွိသည့္အတြက္ တန္ဖိုးအရ သင့္ေတာ္သည့္ ဒ႐ုန္းအမ်ိဳးအစားျဖစ္ ေၾကာင္း ေရးသားေဖာ္ျပရင္းႏိႈင္းယွဥ္ခ်ိန္ဆ၀ယ္ယူႏိုင္ၾကႏိုင္ေစရန္ စုစည္းေဖာ္ျပလိုက္ရပါသည္။

-WorldWide (BMSTU)

===========================

[ Unicode ]

ဒရုန်းချစ်သူများအတွက် စျေးကွက်ထဲက အကောင်းဆုံး ရ မျိုး

============================

ဒရုန်းများအသုံးပြုခြင်းခေတ်ကို ဖြတ်သန်းနေရသည့် ကျွနု်ပ်တို့အနေဖြင့် မှန်ကန်သောဝယ်ယူအသုံးပြုတတ်သူတစ်ဦးတော့ဖြစ်ရန် လိုအပ်ပါသည်။ သို့မှသာ မိမိစိုက်ထုတ်အသုံးပြုလိုက်ရသည့် ငွေကြေးနှင့်ထိုက်တန်သည့် ဝန်ဆောင်မှုမျိုးကို ပြန်လည်ရရှိနိုင်မည်လည်းဖြစ်သည်။ သို့သော်လည်း သင့်အနေဖြင့် သတိပြုစရာတစ်ခုရှိသည်မှာ ဒရုန်းပျံသန်းမှုဆိုင်ရာ စည်းမျဉ်းများကို သိရှိနားလည်ထားသင့်သလို ပျံသန်းရန်တားမြစ်ထားသည့် နေရာများကိုလည်း ရှောင်ရှားသတိပြုရန်လည်း လိုအပ်မည်ဖြစ်ပါသည်။

စျေးကွက်အတွင်းရှိ ဒရုန်းများ၏တန်ဖိုးသည် စွမ်းဆောင်ရည်များအလိုက် အနိမ့်အမြင့်ကွာခြားချက်များ ရှိမည်ဖြစ်သော်လည်း ဖော်ပြပါစျေးကွက်ရှိ အကောင်းဆုံး ဒရုန်းများ၏ စွမ်းဆောင်နိုင်မှုနှင့် စျေးနှုန်းကိုသိရှိကာ ၀ယ်ယူမှုပြုရာတွင် နှိုင်းယှဉ်တွက်ချက်နိုင်စေရန် စုစည်းဖော်ပြလိုက်ပါသည်။

DJI Phantom 4 Pro

ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုကြမည့် ဒရုန်းဝါသနာရှင်များအတွက် DJI ၏ Phantom အမျိုးအစားများသည် ဝယ်ယူအသုံး
ပြုသင့်ကြောင်းကို စျေးကွက်အတွင်း၌ မှတ်ချက်အများဆုံးပေးခံရသည့် ဒရုန်းများဖြစ်သည်။ DJI အနေဖြင့် Phantom များကို စီးရီးလိုက်ထုတ်လုပ်ပေးလျက်ရှိရာ ၎င်းတို့၏နောက်ဆုံးထုတ်ကုန်သည် Phantom 4 Pro အမျိုးအစားပင်ဖြစ်သည်။

အဆင့်မြှင့်တင်မှုအများဆုံးပြုလုပ်ထားသည့် ၎င်းအမျိုးအစားတွင် 20 Megapixel အရည်အသွေးရှိ ကင်မရာနှင့် ၁ လက်မရွယ်အစား ရှိသည့် ပုံရိပ်အာရုံခံစနစ်များ ပါဝင်လာပြီး 4K အရည်အသွေးရှိ ဗီဒီယိုကိုရိုက်ကူးနိုင်မည်ဖြစ်သည်။ ပါဝင်လာသည့် အာရုံခံစနစ်သည် စျေးကွက်အတွင်းရှိ အခြားသောဒရုန်များ၏ အာရုံခံ စနစ်ထက် အရွယ်အစား ၄ ဆပိုမိုကြီးမားရာ အဆိုပါအဓိပ္ပာယ်သည် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ရရှိစေနိုင်မည်ဟု ဖော်ပြနေခြင်းပင် ဖြစ်သည်။ သင့်အနေဖြင့် ဗီဒီယိုရိုက်ကူးမည့် သူမဟုတ်သည့်အတွက် ဒေါ်လာ ၁၀၀၀ ခန့်တန်ဖိုးရှိသည့် 4K အရည်အသွေးရှိ ကင်မရာစနစ်ပါသည့် Phantom 4 Pro ကို ဝယ်ယူအသုံးမပြုချင်လျင်တောင် အခြားသော ဒရုန်းများထက် သာလွန်ကောင်းမွန်နေသေးသည့် ဒေါ်လာ ၄၀၀ တန် Phantom 3 အမျိုးအစားသည်လည်း စျေးကွက်အတွင်း ရှိနေပါသေးသည်။

Yuneec Typhoon H

ယခင် လက်တံလေးခုဖြင့်ပျံသန်းနေခဲ့သည့် Yuneec ၏ Typhoon H အမျိုးအစားသည် ယခုအခါ လက်တံ ၆ ခုကို အသုံးပြုလာခဲ့ပြီဖြစ်
သည့်အတွက် အကောင်းမွန်ဆုံးသော တည်ငြိမ်သည့်ပျံသန်းမှုကိုပိုမို ပေးစွမ်းနိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဒရုန်းများသည် ပျံသန်းနိုင်ရုံမျှနှင့် မပြီးသေးဘဲ မည်သည့်အရာများကို တပ်ဆင်အသုံးပြုနိုင်ခြင်းသည်လည်း အရေးပါပေသည်။ Typhoon H တွင်လည်း 4K အရည်အသွေးရှိသည့် ၃၆၀ ဒီဂရီပတ် လည်ရိုက်ကူးနိုင်သည့် ကင်မရာစနစ်ပါဝင်ရာ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၂၀၀ ဆိုသည့် တန်ကြေးသည် များလွန်းသည်ဟုမဆိုနိုင်ပေ။ အားနည်းချက် တစ်ခုအနေဖြင့်မူ ဘက်ထရီသက်တမ်းအနည်းငယ်တိုတောင်းခြင်းနှင့် အားပြန်သွင်းချိန် ကြာမြင့်ခြင်းပင်ဖြစ်ပြီး DJI ၏ဒရုန်းများထက် ကျိုးပဲ့လွယ်ပါသည်။

DJI Mavic Pro

သင့်အနေဖြင့် ယခုနှစ်များအတွင်း အကောင်းဆုံးဒရုန်း အမျိုးအစားများသည် မည်သို့သော ဒရုန်းများဖြစ်သည်ကို လေ့လာကြည့်မည်ဆိုလျှင် DJI ၏ အမေရိကန်ဒေါ်လာ ၈၂၆ တန်ဖိုးရှိ Mavic Pro ကို ကျိန်းသေပေါက် ထည့်သွင်းစဉ်းစားရမည်ပင်ဖြစ်သည်။ တန်ဖိုးအားဖြင့်စျေးနှုန်းကြီးသည်ဟုမဆိုနိုင်သော်လည်း တည်ငြိမ်သည့်စနစ် 4K အရည်အသွေးရှိ ကင်မရာစနစ်နှင့် 12 Megapixel ကင်မရာအရည်အသွေးများနှင့် ထိုက်တန်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ထို့အပြင် အကွာအဝေး ၄ မိုင်အထိ ရောက်ရှိနိုင်မည်ဖြစ်ကာ တစ်နာရီလျှင် မိုင် ၄၀ နှုန်းဖြင့် ၂၇ မိနစ်ကြာ ပျံသန်းနိုင်မည်ဖြစ်သည်။ သို့မဟုတ် Mavic Pro အနေဖြင့် ဝယ်ယူရန် အဆင်မပြေနိုင်သေးလျှင်လည်း စွမ်းဆောင်နိုင်မှုခြင်း ကွာခြားမှုမရှိသည့် Mavic Air ကိုညွှန်ပြချင်ပါသေးသည်။

Parrot Mambo FPV

ဖော်ပြပါစျေးနှုန်းများသည် ဒရုန်းစတင်ပျံသန်းမည့် သူများအတွက် စျေးနှုန်းအရ အလှမ်းကွာနေသည်ဟုဆိုလျှင် ဒေါ်လာ ၁၈၀ တန် Mambo FPV သည် သင့်တင့်သည့်စျေးနှုန်းဖြင့် အကောင်းဆုံး အမျိုးအစားဖြစ်သည်ဟု ရည်ညွှန်းလိုပါသည်။ အပြင်ဘက် ပျံသန်းမှုမျိုးတွင်သာမက အခန်းတွင်း၊ အဆောက်အဦတွင်း ပျံသန်းမှုမျိုး ပါတတ်နိုင်သည့်အတွက် သင်၏ဒရုန်းမောင်းနှင်မှုစွမ်းရည်ကို အမြဲတစေတိုးတက်စေရန် လေ့ကျင့်စေနိုင်မည်ဖြစ်သည်။

Syma X5C-1

ဒေါ်လာ ၁၀၀ ထက်နည်းပါးသည့် စျေးနှုန်းဖြင့် HD ကင်မရာ တပ်ဆင်ထားသည့် ဒရုန်းအမျိုးအစားကောင်း တစ်ခုရှိသည်ဆိုလျှင် ဒရုန်းချစ်သူများအတွက် အံ့သြမိမည်ပင်ဖြစ်သည်။ Syma ၏ X5C-1 သည် အမေရိကန်ဒေါ်လာ ၄၅ တန်ကြေးသာရှိသော်လည်း ကောင်းမွန်သည့် ရုပ်ထွက်များကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ စျေးနှုန်းနည်းပါးသဖြင့် ပျံသန်းချိန်သည် တစ်ကြိမ်လျင် ရ မိနစ်သာ ကြာမည်ဖြစ်သော်လည်း ဘက်ထရီအစားထိုး အသုံးပြုမည်ဆိုပါက မိနစ် ၁၀၀ အထိ ပျံသန်းနိုင်သည်ဟု ဆိုထားပါသည်။

Parrot Disco FPV

အများအားဖြင့် စျေးကွက်အတွင်းရှိ ဒရုန်းများအားလုံးနီးပါးသည် လက်တံလေးခု သို့မဟုတ် ခြောက်ခုပါသည့် အမျိုးအစားများစွာကို တွေ့မြင်ရမည်ဖြစ်သော်လည်း ၎င်းစနစ်မျိုးသည်သာမကဘဲ လေယာဉ်ပုံသဏ္ဍာန် တစ်မူထူးခြားသည့် Parrot ၏ Disco FPV ပုံစံတစ်မျိုးလည်း ရှိနေပါသေးသည်။ စျေးနှုန်းအားဖြင့် အမေရိကန် ဒေါ်လာ ၅၀၀ ခန့်ကျသင့်မည်ဖြစ်ရာ DJI ၏ Spark အမျိုးအစားနှင့် စျေးနှုန်းတူညီမှု ရှိပေသည်။ ကွဲပြားခြားနားသည့်ပျံသန်းမှုမျိုးကို လိုချင်သူများအတွက် သင့်တော်သည့် ဒရုန်းအမျိုးအစားဖြစ်ကာ တစ်ကြိမ် ပျံသန်းလျှင် ၄၅ မိနစ်ထက် ပိုမိုပျံသန်းနိုင်ချင်းတော့မရှိချေ။ ကြည်လင်ပြတ်သားမှု အရည်အသွေး 1080p ရှိ ကင်မရာစနစ်ပါဝင်ပြီး လက်တံပါဒရုန်းများနှင့် ဆင်းသက်မှုစနစ် မတူညီသည်ကပင် ထူးခြားသည့် စွမ်းဆောင်ရည်တစ်မျိုးဟုပင် သတ်မှတ်ရမည်ဖြစ်သည်။

DJI Spark

Parrot Mambo ကဲ့သို့ အကြမ်းခံသည့် ဒရုန်းတစ်စင်းကို အမေရိကန်ဒေါ်လာ ၃၇၇ တန်ဖိုးဖြင့် ၀ယ်ယူချင်သည်ဆိုလျှင် DJI ၏ Spark
မှ တစ်ပါးအခြားမရှိပေ။ စတင်မောင်းနှင်သူများအတွက်ပင် အသုံးပြုရလွယ်ကူသည့်အပြင် စွမ်းဆောင်နိုင်မှုအဖြစ် ဟန်အမှုအရာဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သလို သင့်လက်ဖဝါးအပေါ်သို့ ဆင်းသက်နိုင်ရန် အထောက်အပံ့ဖြစ်စေမည့် 3D အာရုံခံကင်မရာစနစ်များကို ဒရုန်း၏အရှေ့ဘက်တွင် တပ်ဆင်ထားရှိပါသည်။ ကြည်လင်ပြတ်သားမှုအရည်အသွေး 1080p ရှိသည့်အတွက် တန်ဖိုးအရ သင့်တော်သည့် ဒရုန်းအမျိုးအစားဖြစ် ကြောင်းရေးသားဖော်ပြရင်းနှိုင်းယှဉ်ချိန်ဆဝယ်ယူနိုင်ကြနိုင်စေရန် စုစည်းဖော်ပြလိုက်ရပါသည်။

-WorldWide (BMSTU)