July 15, 2018

ဒီႏွစ္ကုန္မွာ ထုတ္ကုန္သစ္အမ်ားအျပား မိတ္ဆက္ဖို႔စီစဥ္ေနတဲ့ Apple

[ Zawgyi ]

Apple ဟာ ၂၀၁၈ ခုႏွစ္မွာ ထုတ္ကုန္သစ္ေတြမိတ္ဆက္တာနဲ႔ ပတ္သက္ၿပီး အခုအခ်ိန္အထိ ႏႈတ္ဆိတ္ေနေပမယ့္လည္း TF International Securities ေလ့လာဆန္းစစ္သူ Ming-Chi Kuo ရဲ႕ သုေတသနမွတ္တမ္းသစ္တစ္ခုသာ မွန္ကန္ခဲ့မယ္ဆိုရင္ iPhone ကုမၸဏီရဲ႕ ထုတ္ကုန္သစ္အမ်ားအျပားကို ဒီႏွစ္ကုန္မွာ ေတြ႕ျမင္ရဖို႔ရိွပါတယ္။

အဲ့ဒီ သုေတသနမွတ္တမ္းထဲက အေသးစိတ္အခ်က္အလက္ေတြကို Apple blog ေတြျဖစ္တဲ့ 9to5mac နဲ႔ MacRumors တို႔က ေဝမွ်ခဲ့ပါတယ္။ ဒီႏွစ္ကုန္မွာ ေတြ႕ျမင္ရႏိုင္တဲ့ Apple ထုတ္ကုန္သစ္ေတြက ေအာက္ပါအတိုင္းျဖစ္ပါတယ္။

– ေစ်းသက္သာတဲ့ ေမာ္ဒယ္တစ္ခုအပါအဝင္ iPhone သစ္ သံုးမ်ိဳး။

– Front-facing facial recognition ကင္မရာတစ္ခုျဖစ္တဲ့ Face ID ပါဝင္တဲ့ iPad သစ္ ႏွစ္မ်ိဳး။ တစ္မ်ိဳးမွာ ၁၂ လက္မ screen ပါဝင္ၿပီး က်န္တစ္မ်ိဳးမွာ ၁၂.၉ လက္မ screen ပါဝင္။

– Mac Mini, MacBook Pro နဲ႔ MacBook အတြက္ ပ႐ိုဆက္ဆာ အဆင့္ျမွင့္တင္မႈမ်ား။ ဒီဇိုင္းပိုင္းတူညီေပမယ့္လည္း ပိုမိုလ်င္ျမန္တဲ့ ခ်စ္ပ္ေတြနဲ႔ အသံုးျပဳႏုိင္။

– သိသာထင္ရွားတဲ့ စြမ္းေဆာင္ရည္အဆင့္ျမွင့္တင္မႈျပဳလုပ္ထားတဲ့ iMac သစ္။

– ေစ်းသက္သာတဲ့ Apple လက္ေတာ့ပ္သစ္ တစ္မ်ိဳး။ ဒီထုတ္ကုန္နဲ႔ပတ္သက္ၿပီး အေသးစိတ္မသိရေသးေပမယ့္လည္း အရင္ထြက္ေပၚခဲ့တဲ့ ေကာလာဟလသတင္းေတြမွာေတာ့ Apple က MacBook Air ကို အဆင့္ျမွင့္တင္သြားဖြယ္ရိွတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

– ၂၀၁၄ ခုႏွစ္က ပထမဆံုးမိတ္ဆက္ခဲ့ၿပီးေနာက္ပိုင္း ဒီဇိုင္းေျပာင္းလဲမႈ ပထမဆံုးျပဳလုပ္ထားၿပီး အဆင့္ျမွင့္တင္ထားတဲ့ Apple Watch ေမာ္ဒယ္မ်ား။ ဒီဇိုင္းေျပာင္းလဲမႈရဲ႕ အေရးပါဆံုး အစိတ္အပိုင္းတစ္ခုက အရြယ္ႀကီးမားတဲ့ screen ျဖစ္တယ္လို႔ Ming-Chi Kuo က ေျပာၾကားခဲ့ပါတယ္။

– အဆင့္ျမွင့္ထားတဲ့ AirPods နားၾကပ္။ အဆိုပါ ေမာ္ဒယ္သစ္မွာ noice-cancellation နဲ႔ ေရစိုခံစနစ္ ပါဝင္လာႏိုင္တယ္လို႔ Bloomberg ကေဖာ္ျပခဲ့ပါတယ္။

Apple ဟာ iPhone သစ္ေတြကို စက္တင္ဘာလအတြင္း မိတ္ဆက္သြားမွာျဖစ္ပါတယ္။ အထက္ပါ ထုတ္ကုန္သစ္ေတြကို iPhone မိတ္ဆက္ပြဲမွာ ေတြ႕ျမင္ရႏိုင္သလို အရင္တုန္းက မိတ္ဆက္ခဲ့တဲ့အတိုင္း ေအာက္တိုဘာလမွာ ေတြ႕ျမင္ရဖို႔ရိွတယ္လို႔ သိရပါတယ္။

Ref: BusinessInsider

[ Unicode ]

Apple ဟာ ၂၀၁၈ ခုနှစ်မှာ ထုတ်ကုန်သစ်တွေမိတ်ဆက်တာနဲ့ ပတ်သက်ပြီး အခုအချိန်အထိ နှုတ်ဆိတ်နေပေမယ့်လည်း TF International Securities လေ့လာဆန်းစစ်သူ Ming-Chi Kuo ရဲ့ သုတေသနမှတ်တမ်းသစ်တစ်ခုသာ မှန်ကန်ခဲ့မယ်ဆိုရင် iPhone ကုမ္ပဏီရဲ့ ထုတ်ကုန်သစ်အများအပြားကို ဒီနှစ်ကုန်မှာ တွေ့မြင်ရဖို့ရှိပါတယ်။

အဲ့ဒီ သုတေသနမှတ်တမ်းထဲက အသေးစိတ်အချက်အလက်တွေကို Apple blog တွေဖြစ်တဲ့ 9to5mac နဲ့ MacRumors တို့က ဝေမျှခဲ့ပါတယ်။ ဒီနှစ်ကုန်မှာ တွေ့မြင်ရနိုင်တဲ့ Apple ထုတ်ကုန်သစ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

– စျေးသက်သာတဲ့ မော်ဒယ်တစ်ခုအပါအဝင် iPhone သစ် သုံးမျိုး။

– Front-facing facial recognition ကင်မရာတစ်ခုဖြစ်တဲ့ Face ID ပါဝင်တဲ့ iPad သစ် နှစ်မျိုး။ တစ်မျိုးမှာ ၁၂ လက်မ screen ပါဝင်ပြီး ကျန်တစ်မျိုးမှာ ၁၂.၉ လက်မ screen ပါဝင်။

– Mac Mini, MacBook Pro နဲ့ MacBook အတွက် ပရိုဆက်ဆာ အဆင့်မြှင့်တင်မှုများ။ ဒီဇိုင်းပိုင်းတူညီပေမယ့်လည်း ပိုမိုလျင်မြန်တဲ့ ချစ်ပ်တွေနဲ့ အသုံးပြုနိုင်။

– သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်အဆင့်မြှင့်တင်မှုပြုလုပ်ထားတဲ့ iMac သစ်။

– စျေးသက်သာတဲ့ Apple လက်တော့ပ်သစ် တစ်မျိုး။ ဒီထုတ်ကုန်နဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့်လည်း အရင်ထွက်ပေါ်ခဲ့တဲ့ ကောလာဟလသတင်းတွေမှာတော့ Apple က MacBook Air ကို အဆင့်မြှင့်တင်သွားဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

– ၂၀၁၄ ခုနှစ်က ပထမဆုံးမိတ်ဆက်ခဲ့ပြီးနောက်ပိုင်း ဒီဇိုင်းပြောင်းလဲမှု ပထမဆုံးပြုလုပ်ထားပြီး အဆင့်မြှင့်တင်ထားတဲ့ Apple Watch မော်ဒယ်များ။ ဒီဇိုင်းပြောင်းလဲမှုရဲ့ အရေးပါဆုံး အစိတ်အပိုင်းတစ်ခုက အရွယ်ကြီးမားတဲ့ screen ဖြစ်တယ်လို့ Ming-Chi Kuo က ပြောကြားခဲ့ပါတယ်။

– အဆင့်မြှင့်ထားတဲ့ AirPods နားကြပ်။ အဆိုပါ မော်ဒယ်သစ်မှာ noice-cancellation နဲ့ ရေစိုခံစနစ် ပါဝင်လာနိုင်တယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

Apple ဟာ iPhone သစ်တွေကို စက်တင်ဘာလအတွင်း မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အထက်ပါ ထုတ်ကုန်သစ်တွေကို iPhone မိတ်ဆက်ပွဲမှာ တွေ့မြင်ရနိုင်သလို အရင်တုန်းက မိတ်ဆက်ခဲ့တဲ့အတိုင်း အောက်တိုဘာလမှာ တွေ့မြင်ရဖို့ရှိတယ်လို့ သိရပါတယ်။

Ref: BusinessInsider