June 23, 2018


[ Zawgyi ]




-ထွန်းထွန်း

=================

[ Unicode ]

ဒီဂျစ်တယ် နည်းပညာသင်တန်းတက်လိုသူများ စာရင်းပေးသွင်းနိုင်

=================

Telenor ကပြုလုပ်တဲ့ ဒီဂျစ်တယ် နည်းပညာသင်တန်း တက်လိုသူတွေ စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။

နွေရာသီသင်တန်းအဖြစ် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားကျောင်းသူတွေကို ကွန်ပျုတာ အခြေခံနဲ့ ဘေးကင်းတဲ့ အင်တာနက် အသုံးပြုမှုဆိုင်ရာ သင်တန်းတွေ အခမဲ့သင်ကြားပေးမှာလို့ သိရတယ်။ မတ် ၁၅ ရက် စတင်ဖွင့်မှာဖြစ်ပြီး နီးစပ်ရာ KMD စင်တာတွေမှာ စာရင်းပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီအစီအစဉ်ကို ပညာရေးဝန်ကြီးဌာနခွင့်ြ့ပုချက်နဲ့ Telenor Myanmar, KMD အပါအဝင် အဖွဲ့အစည်းတွေ ပူးပေါင်းဖွင့်လှစ်တာလို့ သိရပါတယ်။ သင်တန်းတစ်သုတ်ကို ရှစ်ရက်တာကြာမြင့်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ KMD စင်တာ ၁၃၃ ခုမှာ ကျောင်းသားကျောင်းသူ ဦးရေ ၆၅၀၀ ကျော် သင်ကြားပေးနေတယ်လို့ သိရပါတယ်။

-ထွန်းထွန်း