June 24, 2018

ဒီဂ်စ္တယ္လုပ္ငန္း စီမံကိန္း ၿပိဳင္ပြဲအတြက္ ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

ျမန္မာလုပ္ငန္းရွင္မ်ား၊ အေသးစားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား၊ စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားနဲ႔ လုပ္ငန္းရွင္ ျဖစ္လိုသူေတြအတြက္ Digital Marketing ဆိုင္ရာ အတတ္ပညာမ်ား ဖြံ႕ၿဖိဳးလာေစရန္ရည္ရြယ္ၿပီး ဒီဂ်စ္တယ္လုပ္ငန္းစီမံကိန္း ၿပိဳင္ပြဲအတြက္ ေလွ်ာက္လႊာေတြေခၚယူေနၿပီလို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္က သိရပါတယ္။

ထိုင္းႏိုင္ငံ Kasikorn Bank (KBank)၊ စက္မႈဝန္ႀကီးဌာန အေသးစားႏွင့္အလတ္စားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုး တက္ေရး ဗဟိုဌာန၊ ကုန္သည္စက္မႈ အသင္းခ်ဳပ္၊ Renaissance Institute နဲ႔ University of Thai Chamber of Commerce (UTCC) တို႔ ပူးေပါင္းမႈနဲ႔ ၾသဂုတ္လ ၂၀ ရက္မွာ က်င္းပသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံသားလုပ္ငန္းရွင္ သို႔မဟုတ္ လုပ္ငန္းရွင္ျဖစ္လိုသူ မည္သူမဆို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။ ေလွ်ာက္ထားသူမ်ားမွ စုစုေပါင္း ၂၁၀ ဦးကို ေရြးခ်ယ္ သင္တန္းေပးသြားမွာျဖစ္ၿပီး သင္တန္း တက္ေရာက္ၿပီးသူေတြ အေနနဲ႔ ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

ၿပိဳင္ပြဲမတိုင္မီ Digital Marketing နဲ႔ Business Plan ေရးဆြဲျခင္းဆိုင္ရာ သင္တန္းကို ဇြန္လ ၂၉ ရက္မွာ က်င္းပမွာျဖစ္ၿပီး ႏိုင္ငံတကာပညာရွင္မ်ားနဲ႔ လက္ေတြ႕ေအာင္ျမင္ေနတဲ့ ဒီဂ်စ္တယ္စီးပြားေရးလုပ္ငန္းရွင္မ်ား ထံမွ ေလ့လာသင္ၾကားခြင့္ရရွိမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ၿပိဳင္ပြဲမွာ ပထမဆုအတြက္ KBank မွ US$ 10,000 ခ်ီးျမွင့္မွာျဖစ္ၿပီး ပထမဆု၊ ဒုတိယဆုနဲ႔ တတိယဆု ရရွိသူမ်ား အေနနဲ႔ ထိုင္းႏိုင္ငံသုိ႔ Business Matching ခရီးစဥ္ လိုက္ပါခြင့္ရရွိမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေလွ်ာက္ထားလိုသူေတြ အေနနဲ႔ အမည္၊ ကုမၸဏီအမည္ (သို႔) အဖြဲ႕အစည္းအမည္ (သို႔) တကၠသိုလ္အမည္နဲ႔ ဆက္သြယ္ႏိုင္မယ့္ အခ်က္အလက္မ်ား ေဖာ္ျပၿပီး University of Thai Chamber of Commerce အီးေမးလ္လိပ္စာ [email protected] နဲ႔ ဖုန္း ၀၉- ၇၃၀၉၇၄၄၇၊ KBank Yangon Representative Office အီးေမးလ္ [email protected] နဲ႔ ဖုန္း ၀၁- ၅၂၄၂၈၅၊ ၀၁- ၅၀၀၇၂၇ သုိ႔ ဇြန္လ ၂၉ ရက္မွ ဇူလိုင္လ ၂၀ ရက္အတြင္း ဆက္သြယ္ေပးပို႔ရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

-ေဝေဝ

[ Unicode ]

မြန်မာလုပ်ငန်းရှင်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနဲ့ လုပ်ငန်းရှင် ဖြစ်လိုသူတွေအတွက် Digital Marketing ဆိုင်ရာ အတတ်ပညာများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်ပြီး ဒီဂျစ်တယ်လုပ်ငန်းစီမံကိန်း ပြိုင်ပွဲအတွက် လျှောက်လွှာတွေခေါ်ယူနေပြီလို့ ကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။

ထိုင်းနိုင်ငံ Kasikorn Bank (KBank)၊ စက်မှုဝန်ကြီးဌာန အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဗဟိုဌာန၊ ကုန်သည်စက်မှု အသင်းချုပ်၊ Renaissance Institute နဲ့ University of Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းမှုနဲ့ သြဂုတ်လ ၂၀ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲကို မြန်မာနိုင်ငံသားလုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင်ဖြစ်လိုသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ လျှောက်ထားသူများမှ စုစုပေါင်း ၂၁၀ ဦးကို ရွေးချယ် သင်တန်းပေးသွားမှာဖြစ်ပြီး သင်တန်း တက်ရောက်ပြီးသူတွေ အနေနဲ့ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲမတိုင်မီ Digital Marketing နဲ့ Business Plan ရေးဆွဲခြင်းဆိုင်ရာ သင်တန်းကို ဇွန်လ ၂၉ ရက်မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာပညာရှင်များနဲ့ လက်တွေ့အောင်မြင်နေတဲ့ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းရှင်များ ထံမှ လေ့လာသင်ကြားခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ ပထမဆုအတွက် KBank မှ US$ 10,000 ချီးမြှင့်မှာဖြစ်ပြီး ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆု ရရှိသူများ အနေနဲ့ ထိုင်းနိုင်ငံသို့ Business Matching ခရီးစဉ် လိုက်ပါခွင့်ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ အမည်၊ ကုမ္ပဏီအမည် (သို့) အဖွဲ့အစည်းအမည် (သို့) တက္ကသိုလ်အမည်နဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်များ ဖော်ပြပြီး University of Thai Chamber of Commerce အီးမေးလ်လိပ်စာ [email protected] နဲ့ ဖုန်း ၀၉- ရ၃၀၉၇၄၄၇၊ KBank Yangon Representative Office အီးမေးလ် [email protected] နဲ့ ဖုန်း ၀၁- ၅၂၄၂၈၅၊ ၀၁- ၅၀၀၇၂၇ သို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၂၀ ရက်အတွင်း ဆက်သွယ်ပေးပို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ