ထူးျခားတဲ့ OPPO F7 ဒီဇိုင္းဟာ သင့္ကိုယ့္ပိုင္စတုိင္လ္နဲ႔ လိုက္ဖက္သြားေစမွာလား

[ Zawgyi ]

စမတ္ဖုန္းထုတ္ကုန္တစ္ခုကို ေရြးခ်ယ္တဲ့အခါမွာ ဒီဇိုင္းပိုင္းက ဘယ္အတိုင္းအတာထိ ႀကီးစိုးမႈရွိေနၿပီလဲဆိုုတာ စဥ္းစားစရာပါပဲ။ ဖုန္းတစ္လံုးကို စတင္မဝယ္ယူခင္မွာ ဖုန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြအားလံုးကို တျဖည္းျဖည္းခ်င္းသိေအာင္ ႀကိဳးစားၾကတာ ျဖစ္ေပမယ့္ ဖုန္းတစ္လံုးရဲ႕ ဒီဇုိင္းပိုင္းကေတာ့ အဲ့ဒီဖုန္းကိုေနာက္ဆံုး ဝယ္ယူမႈအဆင့္ထိေရာက္ေအာင္ ပို႔ေဆာင္ေပးႏိုင္တဲ့ အဓိက တြန္းအားတစ္ရပ္ ျဖစ္ေနပါတယ္။ ဒီဇုိင္းပိုင္းရဲ႕ ညႇိဳ႕ယူဖမ္းစားမႈေတြက ေနာက္ထပ္ ဒီဖုန္းအေၾကာင္းကို ပိုမိုေလ့လာသိရွိ သြားေစႏုိင္ေအာင္ပါ ဆက္လက္တြန္းပို႔ ေပးေနဦးမွာ ျဖစ္ပါတယ္။

ဖုန္းတစ္လံုးရဲ႕ ဒီဇိုင္းပိုင္းအတြက္ လူတစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ အျမင္အၾကည့္မ်ဳိးက မတူညီႏုိင္ေပမယ့္ ဆန္းသစ္မႈလည္းရွိမယ္၊ ပံုမွန္ဒီဇိုင္းဖရိမ္ထဲကေနလည္း ခြဲထြက္ေနမယ္၊ ေနာက္ၿပီး တစ္မူထူးျခားေနတဲ့ ဆြဲေဆာင္မႈမ်ဳိးရွိေနတဲ့ စမတ္ဖုန္းတစ္လံုးရဲ႕ ဒီဇိုင္းကိုေတာ့ အားလံုးေငးေမာ စိုက္ၾကည့္ၾကမွာ အေသအခ်ာပါပဲ။

OPPO F7 ကေတာ့ လက္ရွိထြက္ေပၚထားတဲ့ သတင္းေတြအရ ျမန္မာျပည္ မိုဘိုင္းေစ်းကြက္ကို မိတ္ဆက္တင္ပို႔လာဖို႔ ေသခ်ာသေလာက္ ရွိေနပါၿပီ။ ဘယ္အခ်ိန္ေလးလဲ ဆိုတာကိုပဲ တစ္ခ်က္ေစာင့္ၾကည့္ေနၾကတာပါ။ ဒီတစ္ႀကိမ္မိတ္ဆက္လာမယ့္ OPPO F7 ရဲ႕ကိုယ္ထည္ဒီဇုိင္းက အရင္တုန္းကဒီဇိုင္းေတြနဲ႔ လံုးဝကြဲထြက္သြားပါၿပီ။ အထူးသျဖင့္ ဖုန္းရဲ႕ေနာက္ေက်ာဘက္က ဖန္သားမ်က္ႏွာျပင္ တစ္ခုကို ထိေတြ႕ခံစားေနရသလို ဖန္တီးထားပါတယ္။ အျမင္ပိုင္းမွာလည္း တစ္မူထူးျခားတဲ့ထူးျခားတဲ့ OPPO F7 ဒီဇိုင္းဟာ သင့္ကိုယ့္ပိုင္စတုိင္လ္နဲ႔လိုက္ဖက္သြားေစမွာလား ပံုစံဒီဇိုင္းမ်ဳိးနဲ႔ဆြဲေဆာင္မႈ ရွိေနသလို ဟန္ပန္စတိုင္လ္ခ်င္းမတူၾကတဲ့ ေခတ္လူငယ္ေတြအတြက္ လိုက္ဖက္မႈရွိေစမယ့္ ပံုစံဒီဇိုင္းမ်ဳိးအျဖစ္ ဖန္းတီးေပးထားတယ္လို႔ သိထားပါတယ္။

မတူညီနဲ႔ေထာင့္ခ်ဳိးေတြကေန အလင္းနဲ႔အရိပ္ေတြ ေပါင္းစပ္ျဖာက်လာတဲ့ အသြင္ဒီဇိုင္းမ်ဳိးအျဖစ္ OPPO F7 ကို ထူးထူးျခားျခား ဖန္တီးထားသလို အေရာင္အေသြးပိုင္းမွာလည္း ယခင့္ယခင္တုန္းက မိတ္ဆက္ေပးထားျခင္း မရွိေသးတဲ့ Moonlight Silver အေရာင္နဲ႔အတူ ၿပိဳးၿပိဳးျပက္ျပက္ ဝင္းလက္ေနတဲ့ Solar Red နဲ႔ စိန္ပြင့္အရိပ္ပံုစံအျဖစ္ ဖန္တီးထားတဲ့ Diamond Black ဆိုၿပီး အေရာင္ ၃ မ်ဳိး ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။

=========

[ Unicode ]

ထူးခြားတဲ့ OPPO F7 ဒီဇိုင်းဟာ သင့်ကိုယ့်ပိုင်စတိုင်လ်နဲ့ လိုက်ဖက်သွားစေမှာလား

=========

စမတ်ဖုန်းထုတ်ကုန်တစ်ခုကို ရွေးချယ်တဲ့အခါမှာ ဒီဇိုင်းပိုင်းက ဘယ်အတိုင်းအတာထိ ကြီးစိုးမှုရှိနေပြီလဲဆိုုတာ စဉ်းစားစရာပါပဲ။ ဖုန်းတစ်လုံးကို စတင်မဝယ်ယူခင်မှာ ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးကို တဖြည်းဖြည်းချင်းသိအောင် ကြိုးစားကြတာ ဖြစ်ပေမယ့် ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းပိုင်းကတော့ အဲ့ဒီဖုန်းကိုနောက်ဆုံး ဝယ်ယူမှုအဆင့်ထိရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ အဓိက တွန်းအားတစ်ရပ် ဖြစ်နေပါတယ်။ ဒီဇိုင်းပိုင်းရဲ့ ညှို့ယူဖမ်းစားမှုတွေက နောက်ထပ် ဒီဖုန်းအကြောင်းကို ပိုမိုလေ့လာသိရှိ သွားစေနိုင်အောင်ပါ ဆက်လက်တွန်းပို့ ပေးနေဦးမှာ ဖြစ်ပါတယ်။

ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းပိုင်းအတွက် လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ အမြင်အကြည့်မျိုးက မတူညီနိုင်ပေမယ့် ဆန်းသစ်မှုလည်းရှိမယ်၊ ပုံမှန်ဒီဇိုင်းဖရိမ်ထဲကနေလည်း ခွဲထွက်နေမယ်၊ နောက်ပြီး တစ်မူထူးခြားနေတဲ့ ဆွဲဆောင်မှုမျိုးရှိနေတဲ့ စမတ်ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းကိုတော့ အားလုံးငေးမော စိုက်ကြည့်ကြမှာ အသေအချာပါပဲ။

OPPO F7 ကတော့ လက်ရှိထွက်ပေါ်ထားတဲ့ သတင်းတွေအရ မြန်မာပြည် မိုဘိုင်းစျေးကွက်ကို မိတ်ဆက်တင်ပို့လာဖို့ သေချာသလောက် ရှိနေပါပြီ။ ဘယ်အချိန်လေးလဲ ဆိုတာကိုပဲ တစ်ချက်စောင့်ကြည့်နေကြတာပါ။ ဒီတစ်ကြိမ်မိတ်ဆက်လာမယ့် OPPO F7 ရဲ့ကိုယ်ထည်ဒီဇိုင်းက အရင်တုန်းကဒီဇိုင်းတွေနဲ့ လုံးဝကွဲထွက်သွားပါပြီ။ အထူးသဖြင့် ဖုန်းရဲ့နောက်ကျောဘက်က ဖန်သားမျက်နှာပြင် တစ်ခုကို ထိတွေ့ခံစားနေရသလို ဖန်တီးထားပါတယ်။ အမြင်ပိုင်းမှာလည်း တစ်မူထူးခြားတဲ့ထူးခြားတဲ့ OPPO F7 ဒီဇိုင်းဟာ သင့်ကိုယ့်ပိုင်စတိုင်လ်နဲ့လိုက်ဖက်သွားစေမှာလား ပုံစံဒီဇိုင်းမျိုးနဲ့ဆွဲဆောင်မှု ရှိနေသလို ဟန်ပန်စတိုင်လ်ချင်းမတူကြတဲ့ ခေတ်လူငယ်တွေအတွက် လိုက်ဖက်မှုရှိစေမယ့် ပုံစံဒီဇိုင်းမျိုးအဖြစ် ဖန်းတီးပေးထားတယ်လို့ သိထားပါတယ်။

မတူညီနဲ့ထောင့်ချိုးတွေကနေ အလင်းနဲ့အရိပ်တွေ ပေါင်းစပ်ဖြာကျလာတဲ့ အသွင်ဒီဇိုင်းမျိုးအဖြစ် OPPO F7 ကို ထူးထူးခြားခြား ဖန်တီးထားသလို အရောင်အသွေးပိုင်းမှာလည်း ယခင့်ယခင်တုန်းက မိတ်ဆက်ပေးထားခြင်း မရှိသေးတဲ့ Moonlight Silver အရောင်နဲ့အတူ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေတဲ့ Solar Red နဲ့ စိန်ပွင့်အရိပ်ပုံစံအဖြစ် ဖန်တီးထားတဲ့ Diamond Black ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။