April 22, 2018

ထိုင္းႏို္င္ငံရွိ Stamford International University မွ MBA ဘာသာရပ္ကို ပညာသင္ဆု ေလွ်ာက္ထားႏုိင္မည္

[ Zawgyi ]

Master of Business Administration (MBA) ဘာသာရပ္ကို ထိုင္းႏုိင္ငံရွိ Stamford International University တြင္ ၂၅ ရာခုိင္ႏႈန္းနဲ႔ ၅၀ ရာခုိင္ႏႈန္း ပညာသင္ဆုမ်ားႏွင့္အတူ July လ ေက်ာင္းဖြင့္ခ်ိန္အတြက္ ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။

MBA ဘာသာရပ္ကို တက္ေရာက္လုိသူေတြအေနနဲ႔ အဖြဲ႔အစည္းနဲ႔ သက္ဆိုင္တဲ့ စီမံခန္႔ခြဲျခင္း ၊ လုပ္ငန္းလည္ပတ္မႈဆိုင္ရာ စီမံခန္႔ခြဲျခင္း ၊ ေစ်းကြက္ရွာေဖြျခင္း ၊ စီးပြားေရး လုပ္ငန္းစြမ္းေဆာင္ရည္ စီမံခန္႔ခြဲျခင္း ၊ ဘ႑ာေရးစီမံခန္႔ခြဲျခင္း ၊ စီးပြားေရးလုပ္ငန္း ေအာင္ျမင္မႈ နည္းဗ်ဴဟာစေသာ အဓိက ဘာသာရပ္ေတြ သင္ၾကားေပးေနၿပီး စီးပြားေရးဆိုင္ရာ အထူးျပဳဘာသာ ရပ္မ်ားျဖစ္ေသာ Business Administration ႏွင့္ Marketing Management တို႔ကို ေရြးခ်ယ္တက္ ေရာက္ႏုိင္မွာပါ။

Communications ႏွင့္ လုပ္ငန္းအေတြ႕အႀကံဳမ်ား ရရွိေစရန္အတြက္လည္း Debates , Group Discussions ႏွင့္ Workshop မ်ားကိုလည္း လက္ေတြ႕အေနနဲ႔ သင္ၾကား ေပးေနပါတယ္။ ဝင္ခြင့္သတ္မွတ္ခ်က္အေနနဲ႔ အစိုးရအသိအမွတ္ျပဳ တကၠသိုလ္ေတြကေန ဘြဲ႔ဒီဂရီတစ္ခုခု ကိုင္ေဆာင္ထားၿပီး GPA အနည္းဆံုး ( 2.5 ) ရွိရမည္ျဖစ္ျပီး အဂၤလိပ္စာ သက္မွတ္ခ်က္အေနျဖင့္ IELTS 6.0 ( သို႔ ) TOEFL ( IBT ) 78 ( သို႔ ) Stamford International University မွ English Placement Test ကိုေျဖဆိုႏိုင္ပါတယ္။ ဇူလုိင္လ ေက်ာင္းဖြင့္ခ်ိန္မွာ တက္ေရာက္မယ့္ သူေတြအေနနဲ႔ ဧၿပီလ ၃၀ ရက္ မတုိင္ခင္ ေက်ာင္းအပ္ပါက Early Bird Discount 5000 THB နဲ႔ Application fees 1000 THB ရရွိမွာပါ။

ေလွ်ာက္ထားလုိသူေတြ အေနနဲ႔ Myanmar Search International ( MSI ) ႐ံုးခန္း ဖုန္း – ၀၁-၂၅၀၉၂၉၊ ၀၉၄၂၀၀၃၇၆၁၆ ကို ဆက္သြယ္ေမးျမန္း ႏိုင္မွာျဖစ္ပါတယ္။

-သႏၲာ

==================

[ Unicode ]

ထိုင်းနို်င်ငံရှိ Stamford International University မှ MBA ဘာသာရပ်ကို ပညာသင်ဆု လျှောက်ထားနိုင်မည်

==================

Master of Business Administration (MBA) ဘာသာရပ်ကို ထိုင်းနိုင်ငံရှိ Stamford International University တွင် ၂၅ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုများနှင့်အတူ July လ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

MBA ဘာသာရပ်ကို တက်ရောက်လိုသူတွေအနေနဲ့ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ စီမံခန့်ခွဲခြင်း ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲခြင်း ၊ စျေးကွက်ရှာဖွေခြင်း ၊ စီးပွားရေး လုပ်ငန်းစွမ်းဆောင်ရည် စီမံခန့်ခွဲခြင်း ၊ ဘဏ္ဍာရေးစီမံခန့်ခွဲခြင်း ၊ စီးပွားရေးလုပ်ငန်း အောင်မြင်မှု နည်းဗျူဟာစသော အဓိက ဘာသာရပ်တွေ သင်ကြားပေးနေပြီး စီးပွားရေးဆိုင်ရာ အထူးပြုဘာသာ ရပ်များဖြစ်သော Business Administration နှင့် Marketing Management တို့ကို ရွေးချယ်တက် ရောက်နိုင်မှာပါ။

Communications နှင့် လုပ်ငန်းအတွေ့အကြုံများ ရရှိစေရန်အတွက်လည်း Debates , Group Discussions နှင့် Workshop များကိုလည်း လက်တွေ့အနေနဲ့ သင်ကြား ပေးနေပါတယ်။ ဝင်ခွင့်သတ်မှတ်ချက်အနေနဲ့ အစိုးရအသိအမှတ်ပြု တက္ကသိုလ်တွေကနေ ဘွဲ့ဒီဂရီတစ်ခုခု ကိုင်ဆောင်ထားပြီး GPA အနည်းဆုံး ( 2.5 ) ရှိရမည်ဖြစ်ပြီး အင်္ဂလိပ်စာ သက်မှတ်ချက်အနေဖြင့် IELTS 6.0 ( သို့ ) TOEFL ( IBT ) 78 ( သို့ ) Stamford International University မှ English Placement Test ကိုဖြေဆိုနိုင်ပါတယ်။ ဇူလိုင်လ ကျောင်းဖွင့်ချိန်မှာ တက်ရောက်မယ့် သူတွေအနေနဲ့ ဧပြီလ ၃၀ ရက် မတိုင်ခင် ကျောင်းအပ်ပါက Early Bird Discount 5000 THB နဲ့ Application fees 1000 THB ရရှိမှာပါ။

လျှောက်ထားလိုသူတွေ အနေနဲ့ Myanmar Search International ( MSI ) ရုံးခန်း ဖုန်း – ၀၁-၂၅၀၉၂၉၊ ၀၉၄၂၀၀၃၇၆၁၆ ကို ဆက်သွယ်မေးမြန်း နိုင်မှာဖြစ်ပါတယ်။

-သန္တာ