ထိုင်းသံရုံးမှတစ်ဆင့် University of the Thai Chamber of Commerce (UTCC) မှ Global MBA Scholarship ပေးအပ်မည်

ကုန်သည်စက်မှုအသင်းချုပ်သို့ ထိုင်းသံရုံးမှတစ်ဆင့် University of the Thai Chamber of Commerce (UTCC) မှ ၂၀၁၇၊ ၂၀၁၈ ပညာသင်နှစ်အတွက် Master of Business Administration (Global MBA) ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရပါတယ်။

ပညာသင်ဆုကို တက်ရောက်ခွင့်ရရှိပါက ထိုင်းနိုင်ငံ၊ University of Thai Chamber of Commerce တွင် (၂)နှစ် တက်ရောက်ရမှာ ဖြစ်သလို ကျောင်းစရိတ်၊ ကျန်းမာရေး အသက်အာမခံကြေး၊ နေထိုင်စားသောက် စရိတ်၊ Thesis နဲ့ ကျောင်းသုံးစာအုပ်ဖိုး၊ Visa extension နှင့် Round trip international traveling expenses များ ထောက်ပံ့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ဆု လျှောက်ထားသူများဟာ လုပ်ငန်းအတွေ့ အကြုံ အနည်းဆုံး (၁) နှစ်ရှိပြီး အင်္ဂလိပ်စာ အရည်အချင်းအနေနဲ့ GPAX အနည်းဆုံး 3.00, TOEFL အမှတ် ၅၅၀ သို့မဟုတ် IELTS အမှတ် (6.0) နဲ့အထက် ရရှိရမှာဖြစ်ပြီး ဘွဲ့လက်မှတ်မိတ္တူ၊ အမှတ်စာရင်း၊ Passport မိတ္တူ၊ ထောက်ခံစာ (၃)စောင်၊ ရေးသားလိုတဲ့စာတမ်းခေါင်းစဉ်နဲ့ ဓါတ်ပုံ (၃) ပုံတို့ကို လျှောက်လွှာနဲ့အတူ ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားလိုသူတွေအနေနဲ့ မေလ ၂၆ ရက် နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လျှောက်ထားလိုပါက http://ic.utcc.ac.th/academicprogram.php?id=4 သို့ ၀င်ရောက် လေ့လာနိုင်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အသင်း/ကုမ္ပဏီမှာ လုပ်သက်အနည်းဆုံး (၁)နှစ်ရှိကြောင်း ထောက်ခံစာနဲ့အတူ MBA Scholarship Application Form ဖြစ်တဲ့https://goo.gl/tcdU5e လျှောက်လွှာကို ဖြည့်စွက်ပြီး လိုအပ်သောအချက်အလက်များနဲ့တကွ အသင်းချုပ် HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ ~ ၄၉ (Ext: 133,134) သို့ ဆက်သွယ်နိုင်ပြီး ပညာသင်ဆုကို အသင်းချုပ်မှ စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။