တရုတ် iCloud အချက်အလက်များကို ဖေဖော်ဝါရီလကုန်တွင် GCBD ထံ Apple လွှဲပြောင်းသွားမည်

Apple အနေနဲ့ တရုတ်ပြည်မကြီးက သုံးစွဲသူတွေအတွက် iCloud data ဝန်ဆောင်မှုတွေရဲ့ လုပ်ဆောင်ချက်တွေကို GCBD ထံလွှဲပြောင်းမယ့် ရက်စွဲကို ထုတ်ြပန်ကြေညာခဲ့ပါတယ်။ GCBD ဟာ တရုတ်နိုင်ငံမှာရှိတဲ့ Apple data စင်တာသစ်တစ်ခုကို စီမံခန့်ခွဲသွားမှာ ဖြစ်ပြီး တရုတ်နိုင်ငံက သုံးစွဲသူတွေအတွက် iCloud အချက်အလက် အားလုံးကို သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။

အချက်အလက်အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ သုံးစွဲသူတွေအပေါ် သတိပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်လွှဲပြောင်းသွားမယ်လို့ သိရပါတယ်။ အဲဒီအချက်အလက်ကို လက်ရှိ အမေရိကန်ပေါ်လစီအတိုင်း မူလ encryption စံသတ်မှတ်ချက်တွေအတိုင်း ကာကွယ်သွားမှာဖြစ်ပြီး အထူးပြုလုပ်ဖန်တီးထားတဲ့ backdoor တွေ မရှိဘူးလို့ Apple က သုံးစွဲသူတွေကို ကတိပေးခဲ့ပါတယ်။

တရုတ်ပြည်မကြီးအတွင်းနေထိုင်တဲ့ သုံးစွဲသူအနေနဲ့ အချက်အလက် သိမ်းဆည်းထားတဲ့ တည်နေရာ ပြောင်းလဲတာကို တွေ့ရပေမယ့် iCloud feature တွေနဲ့ လုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မှု မရှိပါဘူးလို့ ဆိုပါတယ်။ သုံးစွဲသူရဲ့ အချက်အလက်အားလုံးကို တည်နေရာသစ်ဆီ ပြောင်းရွှေ့ဦးမှာ မဟုတ်ပေမယ့် လုပ်ဆောင်ချက်ကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်သွားမှာ ဖြစ်ပါတယ်။

အချက်အလက် ပြောင်းရွှေ့မှု မတိုင်ခင် လာမယ့်ရက်သတ္တပတ် ခုနစ်ပတ်အတွင်း သက်ဆိုင်တဲ့သုံးစွဲသူတွေဆီ Apple က အီးမေးလ်ပို့ အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။

အခုအပြောင်းအလဲကြောင့် တရုတ်အစိုးရအနေနဲ့ ဒေသတွင်းက Apple သုံးစွဲသူတွေကို အလွယ်တကူ တိတ်တဆိတ် စောင့်ကြည့်နိုင်မယ်လို့ ဝေဖန်သူတချို့က ပြောခဲ့ပါတယ်။ အချက်အလက်လွှဲပြောင်းမှု သဘောတူညီချက်တွေနဲ့ အခြေအနေတွေအရ Apple နဲ့ GCBD နှစ်ခုက အချက်အလက်ကို ဝေမျှထားပါတယ်။

Apple ဟာ တရုတ်နိုင်ငံရဲ့ ဒေသတွင်းစည်းမျဉ်းအတိုင်း အချက်အလက်တွေကို နိုင်ငံအတွင်ေးရွှ့ပြောင်းတဲ့ ပထမဆုံးကုမ္ပဏီကြီးတစ်ခု ဖြစ်လာပါတယ်။ အခြားနည်းပညာကုမ္ပဏီကြီးတွေလည်း Apple ရဲ့နည်းလမ်းအတိုင်း ပြုလုပ်လာဖွယ်ရှိပါတယ်။

စိုးထက်
Ref: 9to5Mac