တရုတ်နိုင်ငံရဲ့ 4G သုံးစွဲသူဦးရေ သန်း ၈၀၀ ကျော်ရှိ

တရုတ်နိုင်ငံမှာ 4G သုံးစွဲသူဦးရေ ၈၃၆ သန်းရှိတယ်လို့ ပြည်တွင်းအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ဒါဟာ ၂၀၁၆ ဒီဇင်ဘာလမှာ ကုန်ဆုံးတဲ့ သုံးလပတ်ထက် ၁၀.၈၅ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံက သုံးစွဲသူတွေဟာ တစ်လကို 1.28 GB data သုံးစွဲနေပြီး ဒါဟာ ၂၀၁၆ စတုတ္ထသုံးလပတ်ထက် ၂၈ ရာခိုင်နှုန်း တိုးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး 4G ကွန်ရက်ကို ပိုင်ဆိုင်ထားပေမယ့်လည်း ကွန်ရက်ကို ဆက်လက်တိုးချဲ့သွားဖို့ ဆန္ဒရှိနေတယ်လို့ စက်မှုလုပ်ငန်းနဲ့ အချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) က ပြောကြားခဲ့ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ၂၀၁၈ ခုနှစ်မှာ 4G base station ၂ သန်းကို ကျေးလက်ဒေသတွေမှာ တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ fixed-line broadband ကွန်ရက် သုံးစွဲသူဦးရေကတော့ ၂၀၁၇ ပထမသုံးလပတ်အကုန်မှာ သန်း ၃၁၀ ရှိခဲ့ပြီး ၈၀ ရာခိုင်နှုန်းက fiber broadband ထုတ်ကုန်တွေကို သုံးစွဲနေကြတယ်လို့ MIIT မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Ref: GSMArena