တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ပစ်ခတ်ဆော့ကစားနိုင်တဲ့ NOVA Legacy

ပစ်ခတ်ရတဲ့ ဂိမ်းတွေကို နှစ်သက်သူတွေအတွက် NOVA Legacy ဂိမ်းဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံ ဆော့ကစားရတဲ့ ဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် တစ်ခန်းနဲ့ တစ်ခန်း မတူတဲ့ရသကိုပေးသွားမှာဖြစ်ပါတယ်။ ကစားတဲ့အခါမှာ ဇာတ်လမ်းပုံစံ အခန်းတွေကို Offline အနေနဲ့ကစားနိုင်မှာဖြစ်ပါတယ်။ Player တွေအချင်းချင်း ပစ်ခတ်နိုင်ဖို့ ကတော့ Online ဖွင့်ပြီး သူငယ်ချင်းတွေနဲ့ အတူတူပစ်ခတ်ဆော့ကစားနိုင်မှာပါ။ မိမိလက်နက်တွေကို ကစားလို့ အနိုင်ရလာတဲ့ Glod တွေကနေတစ်ဆင့် ၀ယ်နိုင်သလို လက်နက်တွေကိုလည်း Upgrade လုပ်လို့ ရပါသေးတယ်။

ဂိမ်းရဲ့ ဂရပ်ဖစ်ပိုင်းနဲ့ရုပ်ထွက်ပိုင်းကောင်းမွန်တဲ့ ဒီဂိမ်းကို ကစားလိုသူတွေအတွက် Filesize 24.8 MB နဲ့ Play Store နှင့် apkpure.com မှာ အခမဲ့ Download လုပ်ကာကစားနိုင်မှာဖြစ်ပါတယ်။