December 12, 2017

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူကျောင်းသားတွေအတွက်ပြုလုပ်မယ့် နိုင်ငံတကာပညာရေး ဆွေးနွေးပွဲ

မြန်မာနိုင်ငံမှ ဆယ်တန်းဖြေဆို အောင်မြင်ထားသော ကျောင်းသားကျောင်းသူတွေအတွက် နိုင်ငံတကာ ပညာရေးနဲ့ ပတ်သက်တဲ့ ဟောပြောပွဲကို ဇွန်လ ၂၄ ရက်၊ မနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ Novotel Hotel Pyay Room မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

ဒီဟောပြောပွဲမှာ နိုင်ငံတကာမှာ ပညာဆက်လက်သင်ယူ လိုသူတွေအနေဲ့ မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်စေဖို့အတွက် နိုင်ငံတကာ တက္ကသိုလ်တွေမှာ သင်ကြားလျက်ရှိတဲ့ ဘာသာရပ်တွေအကြောင်းနဲ့ တက္ကသိုလ်တွေ အကြောင်းကို ဟောပြောဆွေးနွေး သွားမှာဖြစ်ပါတယ်။ မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပြီး တက်ရောက်လို သူတွေအနေဲ့ Crown Education ဖုန်း – ဝ၉- ၂၆၀၀၀၆၀၅၀ ကို ဆက်သွယ်ကာ အမည်စာရင်း ပေးသွင်းတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

-သန္တာ