September 26, 2017

ဆစ်ဒနီနည်းပညာတက္ကသိုလ်၏ စီးပွားရေးဆိုင်ရာထူးချွန်ဆုကို မြန်မာကျောင်းသားတစ်ဦး ရရှိ

သြစတြေးလျနိုင်ငံ ဆစ်ဒနီနည်းပညာ တက္ကသိုလ် (UTS:INSEARCH ) ရဲ့စီးပွားရေးဆိုင်ရာ ထူးချွန်ဆုကို မြန်မာကျောင်းသား တစ်ဦးဖြစ်တဲ့ မောင်ခွန်မင်းအောင်က ရရှိခဲ့ပါတယ်။ ဒီဆုကို ပထမနှစ်စီးပွားရေး ဒီပလိုမာသင်တန်းမှာ GPA အမှတ်အများဆုံး ရရှိခဲ့တဲ့အတွက် ပေးအပ်ခြင်းဖြစ်ပါတယ်။

“ကျွန်တော် တကယ့်ကို ဝမ်းသာပါတယ်၊ ကျွန်တော့်အနေနဲ့ နောင်အနာဂတ်မှာ UTS:INSEARCH ကနေ ပညာသင်ယူကောင်း သင်ယူကြမယ့် မြန်မာနိုင်ငံမှ အခြား ကျောင်းသူ၊ ကျောင်းသားတွေအတွက် စံပြတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် လုပ်နိုင်တယ်ဆိုရင် သူတို့လည်း လုပ်နိုင်ပါတယ်”လို့ မောင်ခွန်မင်းအောင်က ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း UTS:INSEARCH က ပညာရေးထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် သြစတြေးလျ ဒေါ်လာ ၂၁၀ ,၀၀၀ ကျော် တန်ဖိုးရှိဆုများကို ချီးမြှင့်ပေးလျက်ရှိပါတယ်။

“ဒီကျောင်းမှာ ပညာသင်ယူနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ကျောင်းသင်ရိုးညွှန်းတမ်းတွေကတစ်ဆင့် အသိပညာ တိုးပွားလာမှာသာမကဘဲ တက္ကသိုလ်နဲ့ အနာဂတ်သက်မွေးလုပ်ငန်းတွေမှာပါ ထူးချွန်ဖို့၊ လိုအပ်တဲ့ ကျွမ်းကျင်တတ်မြောက် မှုတွေကိုလည်း ဖွံ့ဖြိုးလာစေဖို့အတွက် သူတို့အနေနဲ့ တည်ဆောက်နိုင်မှာဖြစ်ပါတယ်“ လို့ UTS:INSEARCH ပညာရေးဌာနမှူး Tim Laurence က ပြောကြားခဲ့ပါတယ်။

မောင်ခွန်မင်းအောင်အနေနဲ့ သြစတြေးလျနိုင်ငံရှိ ဆစ်ဒနီ နည်းပညာတက္ကသိုလ် (UTS:INSERCH) သို့ စီးပွားရေးပညာရပ် သင်ယူရန်နဲ့ ဒီဂရီဘွဲ့ပညာရေးအစီအစဉ် တက်ရောက်ရန် ရွေးချယ်မှုတွေကို မြန်မာနိုင်ငံရှိ ပညာရေးကိုယ်စားလှယ်ရုံး AVSS မှ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။