ဆက္ေက်ာ္သက္ေတြကို လူမႈကြန္ရက္အေၾကာင္း ပုိ႔ခ်ေပးမယ့္ Youth Portal ကို Facebook မိတ္ဆက္

[Zawgyi]

Facebook အေနနဲ႔ လူမႈကြန္ရက္ဝန္ေဆာင္မႈကို ဆယ္ေက်ာ္သက္ေတြ ဘယ္လိုအသုံးျပဳသင့္သလဲဆိုတဲ့ ညႊန္ၾကားခ်က္တခ်ိဳ႕ ေဖာ္ျပေပးမယ့္ Youth Portal သစ္တစ္ခုကို ျဖန္႔ခ်ိလိုက္ပါတယ္။ Youth Portal က Facebook မွာ လုံၿခဳံေအာင္ ဘယ္လိုေနမလဲဆိုတာအျပင္ သုံးစြဲသူအခ်က္အလက္ေတြကို ဘယ္လိုအသုံးျပဳေနလဲ ဆိုတာေတြကို နားလည္ေအာင္ ေျပာျပေပးမွာ ျဖစ္ပါတယ္။

Facebook ဟာ ဒီလအေစာပုိင္းမွာ newsfeed အတြင္း ဆယ္ေက်ာ္သက္ေတြအတြက္ အႀကံျပဳခ်က္ေတြကို စတင္ျပေပးခဲ့တယ္လို႔ ကုမၸဏီက ေျပာပါတယ္။

Portal အတြင္းက က႑မ်ားစြာထဲမွာ တစ္စုံတစ္ေယာက္ကို unfriend ဒါမွမဟုတ္ block ဘယ္လိုလုပ္မလဲဆိုတဲ့ အေျခခံအႀကံျပခ်က္ေတြ ထည့္သြင္းထားပါတယ္။ သတင္းအခ်က္အလက္ေတြကို ဂ်ာနယ္လစ္ format နဲ႔ျပသထားၿပီး Z မ်ိဳးဆက္ (၁၉၉၅ ကေန ၂၀၀၀ ခုႏွစ္အတြင္း ေမြးဖြားသူေတြ) ေတြအေနနဲ႔ အရင္မ်ိဳးဆက္ေတြလို အင္တာနက္ အသုံးျပဳတဲ့ နည္းလမ္းမမွားယြင္းဖို႔ ကူညီေပးသြားမွာ ျဖစ္ပါတယ္။

Facebook ရဲ႕အခ်က္အလက္ေပၚလစီနဲ႔ဆက္စပ္တဲ့ သတင္းအခ်က္အလက္ေတြကုိ Youth Portal မွာ စုစည္းေပးထားပါတယ္။ Facebook က အခ်က္အလက္ေတြကို စုစည္းၿပီး ဘယ္လိုအသုံးျပဳလဲဆိုတာကိုလည္း ေဖာ္ျပထားပါတယ္။

Youth Portal ဟာ သတင္းအခ်က္အလက္ကုိ ေဖာ္ျပေပးတဲ့ စာမ်က္ႏွာပဲျဖစ္ပါတယ္။ Youth Portal ဟာ Facebook နဲ႔ ဆိုက္ဘာအႏိုင္က်င့္မႈ၊ အနာတရျဖစ္ေအာင္ ျပဳလုပ္ေနတာကုိေတာ့ တိုက္႐ိုက္ မဖယ္ရွားေပးႏိုင္ပါဘူး။ ဒါေပမဲ့ Facebook နဲ႔သက္ဆိုင္တဲ့ အခ်က္အလက္ေတြကို တစ္ေနရာတည္းမွာ စုစည္းေပးထားပါတယ္။

စုိးထက္
Ref: TechCrunch

===============

[Unicode]

Facebook အနေနဲ့ လူမှုကွန်ရက်ဝန်ဆောင်မှုကို ဆယ်ကျော်သက်တွေ ဘယ်လိုအသုံးပြုသင့်သလဲဆိုတဲ့ ညွှန်ကြားချက်တချို့ ဖော်ပြပေးမယ့် Youth Portal သစ်တစ်ခုကို ဖြန့်ချိလိုက်ပါတယ်။ Youth Portal က Facebook မှာ လုံခြုံအောင် ဘယ်လိုနေမလဲဆိုတာအပြင် သုံးစွဲသူအချက်အလက်တွေကို ဘယ်လိုအသုံးပြုနေလဲ ဆိုတာတွေကို နားလည်အောင် ပြောပြပေးမှာ ဖြစ်ပါတယ်။

Facebook ဟာ ဒီလအစောပိုင်းမှာ newsfeed အတွင်း ဆယ်ကျော်သက်တွေအတွက် အကြံပြုချက်တွေကို စတင်ပြပေးခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Portal အတွင်းက ကဏ္ဍများစွာထဲမှာ တစ်စုံတစ်ယောက်ကို unfriend ဒါမှမဟုတ် block ဘယ်လိုလုပ်မလဲဆိုတဲ့ အခြေခံအကြံပြချက်တွေ ထည့်သွင်းထားပါတယ်။ သတင်းအချက်အလက်တွေကို ဂျာနယ်လစ် format နဲ့ပြသထားပြီး Z မျိုးဆက် (၁၉၉၅ ကနေ ၂၀၀၀ ခုနှစ်အတွင်း မွေးဖွားသူတွေ) တွေအနေနဲ့ အရင်မျိုးဆက်တွေလို အင်တာနက် အသုံးပြုတဲ့ နည်းလမ်းမမှားယွင်းဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

Facebook ရဲ့အချက်အလက်ပေါ်လစီနဲ့ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို Youth Portal မှာ စုစည်းပေးထားပါတယ်။ Facebook က အချက်အလက်တွေကို စုစည်းပြီး ဘယ်လိုအသုံးပြုလဲဆိုတာကိုလည်း ဖော်ပြထားပါတယ်။

Youth Portal ဟာ သတင်းအချက်အလက်ကို ဖော်ပြပေးတဲ့ စာမျက်နှာပဲဖြစ်ပါတယ်။ Youth Portal ဟာ Facebook နဲ့ ဆိုက်ဘာအနိုင်ကျင့်မှု၊ အနာတရဖြစ်အောင် ပြုလုပ်နေတာကိုတော့ တိုက်ရိုက် မဖယ်ရှားပေးနိုင်ပါဘူး။ ဒါပေမဲ့ Facebook နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားပါတယ်။

စိုးထက်
Ref: TechCrunch