October 21, 2017

ဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင် ဥပဒေမူကြမ်း အကြံပြုချက်ပေးပို့နိုင်

ဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင် ဥပဒေမူကြမ်း နဲ့ပတ်သက်ပြီး အကြံပြုချက်ပေးပို့နိုင်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဲဒီ Myanmar Communications Regulatory Commission- MCRC ဥပဒေမူကြမ်း ကို ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဒေါင်းလုပ် ရယူနိုင်ပြီး အကြံပြုချက် တွေပေးပို့နိုင်မှာဖြစ်ပါတယ်။ လွတ်လပ်တဲ့ မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်တစ်ရပ်ဖြစ်ပေါ်လာ ရေးအတွက် ပြုစုထားရှိတဲ့ အဆိုပါဥပဒေမူကြမ်းအပေါ် အများပြည်သူပါဝင်အကြံပြုနိုင်ရေးဖိတ်ခေါ် တာလို့ဆိုပါတယ်။