September 26, 2017

ဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင် ဥပဒေမူကြမ်း (အင်္ဂလိပ်ဘာသာ) အကြံပြုနိုင်

ဆက်သွယ်ရေးကြီးကြပ်မှု ကော်မရှင် ဥပဒေမူကြမ်း (အင်္ဂလိပ်ဘာသာ) အတွက် အကြံပြုချက်တွေ ပေးပို့နိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆက်သွယ်ရေး ကြီးကြပ်မှုကော်မရှင် ဥပဒေ (မူကြမ်း) မြန်မာဘာသာကို၂၀၁၇ ခုနှစ် ဧပြီလ ၅ ရက်က ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမူကြမ်းအတွက် အင်္ဂလိပ်ဘာသာပြန်ဆိုချက် (unofficial working translation) ကို အကြံပြုဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ အကြံပြုချက်တွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနကို ပေးပို့နိုင်ပြီး အင်္ဂလိပ်ဘာသာမူကြမ်းကို အဆိုပါဝက်ဘ်ဆိုက်မှာ ရယူနိုင်ပါတယ်။