August 22, 2017

စင်ကာပူနိုင်ငံ SIM တွင် Diploma in Management Studies ဘာသာရပ်ကို ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုဖြင့် တက်ရောက်နေသူ

စင်ကာပူနိုင်ငံ SIM တွင် Diploma in Management Studies ဘာသာရပ်ကို ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုဖြင့် တက်ရောက်နေသော မနှင်းဧကရီရဲ့Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံးပြီးဆုံးခဲ့တဲ့ ပညာ အရည်အချင်းနှင့်အခုတက်ရောက်မယ့် ကျောင်းနဲ့ ဘာသာရပ်ကို ပြောပြပေးပါ။

မြန်မာနိုင်ငံမှာ “O” Level ပြီးဆုံးအောင်မြင်ခဲ့ပြီး အခု Singapore Institute of Management (SIM) ရဲ့ Diploma in Management Studies ဘာသာရပ်ကို တက်ရောက် သင်ကြားနေပါတယ်။

Singapore Institute of Management (SIM) မှာ Diploma in Management Studies ဘာသာရပ်ကို ရွေးချယ်ရတဲ့ အကြောင်းအရင်း။ Management Skills ကို လေ့လာသင်ယူချင်တဲ့ စိတ်အားထက်သန်မှုက အရမ်းများလို့ Diploma in Management Studies ကို သင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ပညာသင်ဆုဘယ်နှစ်ရာခိုင်နှုန်းရခဲ့လဲ။ ဘယ်လိုလျောက်ထားဖြစ်ခဲ့တာလဲ။

၁၀၀ ရာခိုင်နှုန်း ပညာသင်ဆု ရခဲ့တယ်။ “O” Level result နဲ့ Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန် ဆောင်မှုကိုသွားပြီးစုံစမ်း မေးမြန်းတော့ (SIM) ရဲ့ ပညာသင်ဆု Program ကို လျှောက်ဖို့အတွက် (MSI) က အကြံပြုပြီး အားပေး
လို့ လျှောက်ခဲ့တာပါ။

၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုရဖို့အတွက် ဘာတွေလိုအပ်လဲ။ ကျောင်းလျှောက်ဖို့အတွက် ဘာတွေလိုအပ်လဲ။

၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုလျှောက်မယ်ဆိုရင် “O”Level(သို့) ဆယ်တန်းအောင်ပြီးသား အမှတ် စာရင်း လိုတယ်။ စေတနာ့ ၀န်ထမ်းလုပ်ဆောင်မှု အထက်တန်းပညာရေး စာသင်နှစ်တစ်လျှောက် ကျောင်းအတွင်း၊ ကျောင်းပြင်ပ လှုပ်ရှားမှုတွေကို အသိအမှတ်
ပြုလက်မှတ်တွေ ယူထားပြီး ပညာသင်ဆုလျှောက်တဲ့အခါ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။

၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုက တစ်နှစ်စာအတွက်လား၊ Diploma Course တစ်ခုလုံးအ တွက်လား ။ Diploma Course ပြီးဆုံးဖို့အတွက် သင်တန်းကာလ ဘယ်လောက်ကြာလဲ။

Diploma Course တစ်ခုလုံးကို (SIM) က အပြည့်အ၀ ပညာသင်ဆုပေးတယ်။ Diploma Course က တစ်နှစ်ခွဲကြာတယ်။

စင်ကာပူ ပညာရေးစနစ်လမ်းကြောင်းကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

စင်ကာပူ ပညာရေးစနစ်ကအဆင့်မြင့်ပြီး အာရှမှာ အကောင်းဆုံးတစ်ခုဖြစ်တယ်။

ဒီပလိုမာပြီးတဲ့အခါ ညီမလေးရှေ့ဆက်လျှောက်မယ့် ပညာရေးလမ်းကြောင်းကို ပြောပြပေးပါ။

Diploma Course ပြီးတဲ့အခါ နောက်ထပ်ဘွဲ့တန်းကို (SIM)မှာပဲ ဆက်တက်ဖို့ ရည်ရွယ်ထားပါတယ်။

စင်ကာပူနိုင်ငံမှာ ကျောင်းသွားတက်တဲ့အခါ ကြုံတွေ့ရမယ့်အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်လို့ ပြင်ဆင်ထားလဲ။

သမီးက (MIS) International School မှာ ကျောင်းတက်လာခဲ့တဲ့အတွက် နိုင်ငံခြားသားဆရာတွေ၊ နိုင်ငံခြားကျောင်းသားတွေနဲ့ ပတ်ဝန်းကျင်မှာ အမြဲထိတွေ့နေရတဲ့အတွက် ဘာသာစကား အခက်အခဲမရှိဘူး။ စင်ကာပူနိုင်ငံရဲ့ Public Transportation ကို
ဘယ်လိုအသုံးပြုမယ်၊ မတူညီတဲ့ ယဉ်ကျေးမှုတွေကို နားလည်လက် ခံနိုင်ရမယ်၊ အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံနိုင်ရမယ်၊ ဖြစ်နိုင်ရင် ကျောင်းမဖွင့်ခင် စောထွက်ပြီး ကျောင်းကို အရင်ကြိုတင်သွားပြီးတော့ လေ့လာထားသင့်တယ်။

ညီမလေးရဲ့ ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်ရည်မှန်း ချက်ကို ပြောပြပေးပါ။

SIM ကနေကျောင်းပြီး သွားရင် Singapore မှာ နှစ်အနည်းငယ်လောက် လုပ်ငန်းအတွေ့ အကြုံယူမယ်။ ပြီးရင် မြန်မာနိုင်ငံကို ပြန်လာမယ်။ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါ အလုပ်ကို ကြိုးကြိုးစားစာ လုပ်မယ်လို့ ရည်ရွယ်ထားတယ်။ SIM မှာ သင်ထားတဲ့ အသိပညာ ဗဟုသုတနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အရှိန်အဟုန်နဲ့ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ ကူညီဖို့အစီအစဉ်ရှိတယ်။ နိုင်ငံခြားမှာ ပညာသင်ဖို့ စဉ်းစားနေတဲ့သူတွေကိုအတွေ့အကြုံတွေကို မျှဝေပေးမယ်။ (MIS) International School မှာ ပညာသင်ကြားခဲ့တဲ့ တစ်လျှောက် ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုတွေကို အလေးထားပြီး နေ့စဉ်သင်ယူတယ်။ ပုံမှန်စာလုပ်ခဲ့တယ်။ တစ်ခါမှ ပျက်ကွက်တာ မရှိဘူး။ ကျောင်းအားလပ်တဲ့ အချိန်တွေမှာ အင်္ဂလိပ်စာ အရည်အချင်း Level တိုးတက်အောင် အင်္ဂလိပ်ဝတ္ထုရှည်တွေကို အမြဲတမ်းဖတ်တယ်။ အင်္ဂလိပ်သီချင်းတွေကို နားထောင်တယ်၊ အင်္ဂလိပ်စာနဲ့ ပတ်သတ်တာတွေကို မျက်ခြေမပြတ်လေ့လာတယ်။ ကိုယ့်ကိုကိုယ် Independent ဖြစ်အောင် အမြဲပြင်ဆင်တယ်။ မိဘတွေကလည်း တစ်ယောက်ထဲ ရပ်တည်လုပ်ကိုင်နိုင်အောင်၊ စဉ်းစားဆုံးဖြတ်နိုင်အောင် ငယ်ငယ်ကတည်းက သင်ပေးထားတယ်။

-သန္တာ