November 17, 2017

စင်ကာပူနိုင်ငံ Dimensions International College မှ ပေးအပ်မည့် ပညာသင်ဆုများ

UK .Cardiff Metropolitan University မှ ပေးအပ်သော MBA  ( Master of Business Administration )ကို စင်ကာပူ Dimensions International College တွင် တက်ရောက်ပြီး ၄၀ ရာခိုင်နှုန်း ပညာသင်ဆု ကိုလျှောက်ထားနိုင်မည့်အပြင် Diploma in Hotel Management ဘာသာရပ်အတွက်လည်း ၅၀ ရာခိုင်နှုန်း ပညာသင်ဆုကိုလျှောက်ထားနိုင်မည်ဖြစ်သည်။

Dimensions International College သည် ၁၉၈၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူတွင်  Campus ( ၃ ) ခု ဖြင့် ရပ်တည်လျက်ရှိသောကျောင်းဖြစ်သည်။ ထို့အပြင် စင်ကာပူ အစိုးရမှ ပေးအပ်ထားသောEduTrus ( 4 ) years ရရှိထားသော ကျောင်းဖြစ်ပြီး Singapore Quality Class Star, Singapore Service Class အစရှိသော awards များလည်းရရှိထားသောကျောင်းဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံမှ စင်ကာပူတွင် Master တက်ရောက် လိုသူများအတွက်  ၄၀ ရာခိုင်နှုန်း partial Scholarship ရရှိနိုင်မည်ဖြစ်သည်။

Cardiff Metropolitan University

Cardiff Metropolitan University သည် UK ရှိ Top University တွင် အပါအ၀င်ဖြစ်ပြီး  နိုင်ငံပေါင်း ၁၄၀ မှ ကျောင်း သားများသင်ယူလျက်ရှိသည်။ ထို့ အပြင် အဆိုပါ University သည် research and Business ကိုအဓိကဦးစားပေးသော University ဖြစ်သောကြောင့် ကျောင်းသားများလက်တွေ့ လုပ်ငန်းခွင်တွင် အလွန်အသုံးဝင်သည် ။

ထို့အပြင်Dimensions International College မှ ပေးအပ်မည့် Diploma in Hotel Management ကို ၅၀ ရာခိုင်နှုန်းပညာသင်ဆု ဖြင့်လည်းကောင်း၊ Cardiff Metropolitan University တို့မှလည်း MBA ကိုတက်ရောက်လိုသောကျောင်းသားများအနေဖြင့် မည်သည့် မေဂျာမဆိုဘွဲ့ တစ်ခုရထားရန် လိုအပ်ပြီး IELTS 6.0  လိုအပ်သည်။  IELTS အမှတ်မရှိသေးသောကျောင်းသားများအနေဖြင့် Placement tests ကိုF.A.M.Education Center တွင် အခမဲ့ ဖြေဆိုနိုင်မည်ဖြစ်သည်။ MBA ကိုတက်ရောက်လိုသော ကျောင်းသားများ အနေဖြင့်   Duration မှာ ၁၂ လ ကြာမြင့်မည်ဖြစ်သည်။ ထို့အပြင် MBA ကို (General အပြင် Specialization ရွေးချယ်လိုသောကျောင်းသားများအနေဖြင့်လည်း  MBA (Human Resource Management), Engineer ကျောင်းသားများ နှင့် Project Management ကိုမှ စိတ်ဝင်စားသော ကျောင်းသားများအတွက် MBA ( Project Management ) အစရှိသည် တို့ကိုရွေးချယ်နိုင်မည် ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့်  F.A.M.E ( Consultancy & Services ) အမှတ် ၁၂၄ ၊၁-ဘီ ၊၂၁လမ်း ၊ လသာမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၉ ၇၃၀၈၁၁၃၁၊ ၀၉၅၀၄၀၆၆၃ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။