June 23, 2018

ဂိမ္မာတိုင္းအတြက္ အေကာင္းဆံုး Gaming Mouse (၈) မ်ိဳး

[ Zawgyi ]

ေအာက္ေဖာ္ျပပါ ထုတ္ကုန္ေတြကေတာ့ high-end customizable ေတြကေန wireless နဲ႔ ဘတ္ဂ်က္ေတြအထိ ေစ်းကြက္ထဲမွာ ရရိွႏိုင္တဲ့ အေကာင္းဆံုး gaming mouse ေတြ ျဖစ္ပါတယ္။

(1) Razer DeathAdder Elite Gaming Mouse

From $60

ဘက္စံုအေကာင္းဆံုး

Razer DeathAdder Elite မွာ ultra sensitive optical sensor တစ္ခုနဲ႔ 16,000 dpi ပါဝင္ၿပီး တိက်မႈက ၉၉.၄ ရာခိုင္ႏႈန္းရိွပါတယ္။ ကိုယ္ထည္က ေပါ့ပါးၿပီး programmable ခလုတ္ ၇ ခုနဲ႔ RGB lighting ပါဝင္ပါတယ္။ ကိုင္တြယ္အသံုးျပဳရာမွာ သက္ေသာင့္သက္သာရိွၿပီး မေတာ္တဆ click လုပ္မိတာမ်ိဳး မျဖစ္ေစႏိုင္ပါဘူး။

Razer ဟာ ဒီ mouse အတြက္ customization option ေတြကို အလြယ္တကူသံုးႏိုင္တဲ့ software နဲ႔ ေထာက္ပံ့ေပးထားပါတယ္။

(2) SteelSeries Rival 600

From $80

ပ႐ိုဂိမ္မာမ်ားအတြက္ အေကာင္းဆံုး

SteelSeries ရဲ႕ ဒီ gaming mouse က optical sensor ႏွစ္ခုပါဝင္တဲ့ ပထမဆံုး mouse ျဖစ္ပါတယ္။ Sensor တစ္ခုက သမား႐ိုးက် လႈပ္ရွားမႈအတြက္ ျဖစ္ၿပီး က်န္တစ္ခုက mouse ကို မလိုက္တဲ့အခါမွာ သိရိွေစဖို႔အတြက္ ျဖစ္ပါတယ္။ အဲ့ဒီ ထပ္ေဆာင္း sensor ဟာ mouse ကို စားပြဲေပၚကေန မလိုက္တဲ့အခါမွာ cursor ေရြ႕မသြားေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ဒါ့အျပင္ ဒီ mouse မွာ စိတ္ႀကိဳက္ျပင္ဆင္သတ္မွတ္ႏိုင္တဲ့ RGB lighting system နဲ႔ weight system ပါဝင္ပါတယ္။ ညာသန္သမားမ်ားသာ အသံုးျပဳႏုိင္ၿပီး အလြန္တိက်ကာ သက္ေသာင့္သက္သာရိွတဲ့ mouse တစ္ခု ျဖစ္ပါတယ္။

(3) HyperX Pulsefire

From $40

ဘတ္ဂ်က္အတြက္ အေကာင္းဆံုး

တန္ဖိုးနဲ႔ ထိုက္တန္တဲ့ HyperX Pulsefire gaming mouse ကို ဘယ္သန္ေရာ ညာသန္သမားေတြပါ အသံုးျပဳႏိုင္ပါတယ္။ Programmable ခလုတ္ ေျခာက္ခု၊ အလြယ္တကူသံုးႏိုင္မယ့္ software နဲ႔ adjust လုပ္ႏိုင္တဲ့ optical sensor တို႔ပါဝင္ပါတယ္။ RGB lighting မပါဝင္ေပမယ့္လည္း တိက်မႈရိွၿပီး ဂိမ္းကို အခ်ိန္ၾကာျမင့္စြာကစားတဲ့အခါမွာေတာင္ သက္ေသာင့္သက္သာရိွေစပါတယ္။

Logitech G903 Gaming Mouse

From $119

ႀကိဳးမဲ့စနစ္အတြက္ အေကာင္းဆံုး

Logitech ရဲ႕ high-end G903 gaming mouse ကို ဂိမ္မာေတြ ႀကိဳက္ၾကပါလိမ့္မယ္။ Wireless နဲ႔ wired mode ေတြထဲမွာ ပ႐ိုအဆင့္ စြမ္းေဆာင္ရည္နဲ႔ ရရိွႏိုင္ၿပီး ခလုတ္နဲ႔ မီးေရာင္ေတြကို software တစ္ခုကေန စိတ္ႀကိဳက္သတ္မွတ္ထားႏိုင္ပါတယ္။ ဘက္ထရီနဲ႔ နာရီ ၂၀ ေက်ာ္ၾကာ ကစားႏိုင္ပါတယ္။

SteelSeries Sensei 310 Gaming Mouse

From $40

ဘယ္သန္သမားမ်ားအတြက္ အေကာင္းဆံုး

SteelSeries ရဲ႕ Sensei mouse မွာပါဝင္တဲ့ high-sensitivity sensor ဟာ ၿပိဳင္ပြဲအဆင့္ စြမ္းေဆာင္ရည္ကို ေပးစြမ္းႏိုင္ပါတယ္။ ဒါ့အျပင္ ပါဝင္တဲ့ software ကလည္း sensitivity ကို ခ်ိန္ညိႇေပးႏိုင္ပါတယ္။ ေခၽြးစိုဒဏ္ခံႏိုင္ၿပီး RGB lighting နဲ႔ ျပင္ဆင္သတ္မွတ္ႏိုင္တဲ့ ခလုတ္ေတြ ပါဝင္ပါတယ္။ mouse ရဲ႕ ဒီဇိုင္းေၾကာင့္ ဘယ္သန္ေရာ ညာသန္ကစားသမားေတြပါ အသံုးျပဳႏိုင္ပါတယ္။

Logitech G502 Gaming Mouse

From $49

G502 ဟာ သက္ေသာင့္သက္သာရိွၿပီး programmable ခလုတ္ ၁၁ ခု ေထာက္ပံ့ေပးထားပါတယ္။ Scroll wheel က ေခ်ာမြတ္ၿပီး customization option အခ်ိဳ႕ ေထာက္ပံ့ေပးထားပါတယ္။ ဥပမာအေနနဲ႔ DPI mode ကိုေျပာင္းၿပီး scrolling speed ကို ခ်ိန္ညိႇႏိုင္သလို mouse ရဲ႕ weight ကိုလည္း ေျပာင္းလဲႏိုင္ပါတယ္။ RGB lighting system ကိုလည္း ျပင္ဆင္ေျပာင္းလဲႏိုင္ၿပီး အျခား Logitech gadget ေတြနဲ႔ sync လုပ္ႏိုင္ပါတယ္။

Corsair Gaming M65 Pro Gaming Mouse

From $55

Corsair M65 Pro ကေတာ့ first-person shooter ဂိမ္းေတြအတြက္ အသင့္ေတာ္ဆံုး gaming mouse ျဖစ္ပါတယ္။ ကိုယ္ထည္ကို အလူမီနီယံနဲ႔ျပဳလုပ္ထားေပမယ့္ လက္ထဲမွာကိုင္တြယ္အသံုးျပဳတဲ့အခါ ေလးလံျခင္းမရိွပါဘူး။ ဒါ့အျပင္ လက္ထဲမွာ ကိုင္ထားတဲ့အခါ ၿမဲၿမံေစတဲ့အတြက္ battle ဆိုင္တဲ့အခါ လက္ထဲကေန mouse လြတ္ထြက္သြားတာမ်ိဳး မျဖစ္ေစႏိုင္ပါဘူး။ ေရြ႕လ်ားမႈေတြက ေခ်ာေမြ႕ၿပီး programmable ခလုတ္ ၈ ခု ပါဝင္ပါတယ္။

Razer naga Hex V2 Gaming Mouse

From $49

Razer Naga Hex V2 ဟာ MOBA ဂိမ္းေတြအတြက္ ရည္ရြယ္ထုတ္လုပ္ထားတဲ့ wired gaming mouse တစ္ခု ျဖစ္ပါတယ္။ High-sensitive laser sensor တစ္ခု၊ mechanical thumb wheel နဲ႔ ျပင္ဆင္သတ္မွတ္ႏိုင္တဲ့ ခလုတ္ ၇ ခု ပါဝင္ပါတယ္။ ဒါ့အျပင္ ဂိမ္မာရဲ႕ ဆႏၵရိွသလိုသံုးႏိုင္မယ့္ lighting effect ေတြလည္း ပါဝင္ပါတယ္။ Dota 2 နဲ႔ Leagues of Legends ကစားသမားေတြက ဒီ mouse ကို မျဖစ္မေန စဥ္းစားသင့္ပါတယ္။

Ref: BestProducts

====================

[ Unicode ]

ဂိမ်မာတိုင်းအတွက် အကောင်းဆုံး Gaming Mouse (၈) မျိုး
====================

အောက်ဖော်ပြပါ ထုတ်ကုန်တွေကတော့ high-end customizable တွေကနေ wireless နဲ့ ဘတ်ဂျက်တွေအထိ စျေးကွက်ထဲမှာရရှိနိုင်တဲ့ အကောင်းဆုံး gaming mouse တွေ ဖြစ်ပါတယ်။

(1) Razer DeathAdder Elite Gaming Mouse

From $60

ဘက်စုံအကောင်းဆုံး

Razer DeathAdder Elite မှာ ultra sensitive optical sensor တစ်ခုနဲ့ 16,000 dpi ပါဝင်ပြီး တိကျမှုက ၉၉.၄ ရာခိုင်နှုန်းရှိပါတယ်။ ကိုယ်ထည်က ပေါ့ပါးပြီး programmable ခလုတ် ရ ခုနဲ့ RGB lighting ပါဝင်ပါတယ်။ ကိုင်တွယ်အသုံးပြုရာမှာ သက်သောင့်သက်သာရှိပြီး မတော်တဆ click လုပ်မိတာမျိုး မဖြစ်စေနိုင်ပါဘူး။

Razer ဟာ ဒီ mouse အတွက် customization option တွေကို အလွယ်တကူသုံးနိုင်တဲ့ software နဲ့ ထောက်ပံ့ပေးထားပါတယ်။

(2) SteelSeries Rival 600

From $80

ပရိုဂိမ်မာများအတွက် အကောင်းဆုံး

SteelSeries ရဲ့ ဒီ gaming mouse က optical sensor နှစ်ခုပါဝင်တဲ့ ပထမဆုံး mouse ဖြစ်ပါတယ်။ Sensor တစ်ခုက သမားရိုးကျ လှုပ်ရှားမှုအတွက် ဖြစ်ပြီး ကျန်တစ်ခုက mouse ကို မလိုက်တဲ့အခါမှာ သိရှိစေဖို့အတွက် ဖြစ်ပါတယ်။ အဲ့ဒီ ထပ်ဆောင်း sensor ဟာ mouse ကို စားပွဲပေါ်ကနေ မလိုက်တဲ့အခါမှာ cursor ရွေ့မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ဒီ mouse မှာ စိတ်ကြိုက်ပြင်ဆင်သတ်မှတ်နိုင်တဲ့ RGB lighting system နဲ့ weight system ပါဝင်ပါတယ်။ ညာသန်သမားများသာ အသုံးပြုနိုင်ပြီး အလွန်တိကျကာ သက်သောင့်သက်သာရှိတဲ့ mouse တစ်ခု ဖြစ်ပါတယ်။

(3) HyperX Pulsefire

From $40

ဘတ်ဂျက်အတွက် အကောင်းဆုံး

တန်ဖိုးနဲ့ ထိုက်တန်တဲ့ HyperX Pulsefire gaming mouse ကို ဘယ်သန်ရော ညာသန်သမားတွေပါ အသုံးပြုနိုင်ပါတယ်။ Programmable ခလုတ် ခြောက်ခု၊ အလွယ်တကူသုံးနိုင်မယ့် software နဲ့ adjust လုပ်နိုင်တဲ့ optical sensor တို့ပါဝင်ပါတယ်။ RGB lighting မပါဝင်ပေမယ့်လည်း တိကျမှုရှိပြီး ဂိမ်းကို အချိန်ကြာမြင့်စွာကစားတဲ့အခါမှာတောင် သက်သောင့်သက်သာရှိစေပါတယ်။

Logitech G903 Gaming Mouse

From $119

ကြိုးမဲ့စနစ်အတွက် အကောင်းဆုံး

Logitech ရဲ့ high-end G903 gaming mouse ကို ဂိမ်မာတွေ ကြိုက်ကြပါလိမ့်မယ်။ Wireless နဲ့ wired mode တွေထဲမှာ ပရိုအဆင့် စွမ်းဆောင်ရည်နဲ့ ရရှိနိုင်ပြီး ခလုတ်နဲ့ မီးရောင်တွေကို software တစ်ခုကနေ စိတ်ကြိုက်သတ်မှတ်ထားနိုင်ပါတယ်။ ဘက်ထရီနဲ့ နာရီ ၂၀ ကျော်ကြာ ကစားနိုင်ပါတယ်။

SteelSeries Sensei 310 Gaming Mouse

From $40

ဘယ်သန်သမားများအတွက် အကောင်းဆုံး

SteelSeries ရဲ့ Sensei mouse မှာပါဝင်တဲ့ high-sensitivity sensor ဟာ ပြိုင်ပွဲအဆင့် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ပါဝင်တဲ့ software ကလည်း sensitivity ကို ချိန်ညှိပေးနိုင်ပါတယ်။ ချွေးစိုဒဏ်ခံနိုင်ပြီး RGB lighting နဲ့ ပြင်ဆင်သတ်မှတ်နိုင်တဲ့ ခလုတ်တွေ ပါဝင်ပါတယ်။ mouse ရဲ့ ဒီဇိုင်းကြောင့် ဘယ်သန်ရော ညာသန်ကစားသမားတွေပါ အသုံးပြုနိုင်ပါတယ်။

Logitech G502 Gaming Mouse

From $49

G502 ဟာ သက်သောင့်သက်သာရှိပြီး programmable ခလုတ် ၁၁ ခု ထောက်ပံ့ပေးထားပါတယ်။ Scroll wheel က ချောမွတ်ပြီး customization option အချို့ ထောက်ပံ့ပေးထားပါတယ်။ ဥပမာအနေနဲ့ DPI mode ကိုပြောင်းပြီး scrolling speed ကို ချိန်ညှိနိုင်သလို mouse ရဲ့ weight ကိုလည်း ပြောင်းလဲနိုင်ပါတယ်။ RGB lighting system ကိုလည်း ပြင်ဆင်ပြောင်းလဲနိုင်ပြီး အခြား Logitech gadget တွေနဲ့ sync လုပ်နိုင်ပါတယ်။

Corsair Gaming M65 Pro Gaming Mouse

From $55

Corsair M65 Pro ကတော့ first-person shooter ဂိမ်းတွေအတွက် အသင့်တော်ဆုံး gaming mouse ဖြစ်ပါတယ်။ ကိုယ်ထည်ကို အလူမီနီယံနဲ့ပြုလုပ်ထားပေမယ့် လက်ထဲမှာကိုင်တွယ်အသုံးပြုတဲ့အခါ လေးလံခြင်းမရှိပါဘူး။ ဒါ့အပြင် လက်ထဲမှာ ကိုင်ထားတဲ့အခါ မြဲမြံစေတဲ့အတွက် battle ဆိုင်တဲ့အခါ လက်ထဲကနေ mouse လွတ်ထွက်သွားတာမျိုး မဖြစ်စေနိုင်ပါဘူး။ ရွေ့လျားမှုတွေက ချောမွေ့ပြီး programmable ခလုတ် ၈ ခု ပါဝင်ပါတယ်။

Razer naga Hex V2 Gaming Mouse

From $49

Razer Naga Hex V2 ဟာ MOBA ဂိမ်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ wired gaming mouse တစ်ခု ဖြစ်ပါတယ်။ High-sensitive laser sensor တစ်ခု၊ mechanical thumb wheel နဲ့ ပြင်ဆင်သတ်မှတ်နိုင်တဲ့ ခလုတ် ရ ခု ပါဝင်ပါတယ်။ ဒါ့အပြင် ဂိမ်မာရဲ့ ဆန္ဒရှိသလိုသုံးနိုင်မယ့် lighting effect တွေလည်း ပါဝင်ပါတယ်။ Dota 2 နဲ့ Leagues of Legends ကစားသမားတွေက ဒီ mouse ကို မဖြစ်မနေ စဉ်းစားသင့်ပါတယ်။

Ref: BestProducts