September 24, 2017

ချန်ပီယံလိဂ်ဗိုလ်လုပွဲ လုံခြုံရေးအတွက် ယူကေရဲများက facial recognition scanner များ အသုံးပြုသွားမည်

ဇွန်လ ၃ ရက် ကာဒစ်ဖ်မှာကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဗြိတိန်ရဲတွေက မျက်နှာကိုမှတ်မိနိုင်မယ့် facial recognition စနစ်သစ်တစ်ခု မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

ဒီစနစ်သစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲနေ့မှာ South Wales ရဲတပ်ဖွဲ့က ကာဒစ်ဖ်ရဲ့ ပင်မဘူတာရုံနဲ့ Principality ကွင်းဘေးပတ်လည်ဧရိယာတွေမှာ စမ်းသပ်အသုံးပြုသွားမယ်လို့ Motherboard က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီစနစ်ဟာ ရဲတပ်ဖွဲ့ရဲ့ database ထဲမှာ သိမ်းဆည်းထားတဲ့ အလိုရှိသူ ၅၀၀,၀၀၀ နဲ့ကိုက်ညီမယ့် မျက်နှာတွေကို စစ်ဆေးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီစမ်းသပ်မှုအတွက် အေဂျင်စီက စတာလင်ပေါင် ၁၇၇,၀၀၀ (ဒေါ်လာ ၂၂၅,၀၀၀) ပေးချေရမှာ ဖြစ်ပါတယ်။

Ref: TheVerge